News @ M-Media

Tag: MalaysianEmbassyYangon

  • ဆီးဂိမ်းတွင် လာရောက်ကြမည့် မလေးနိုင်ငံသားများ အတွက် မလေးရှားသံရုံးမှ ခရီးသွားခြင်းနှင့် ပတ်သက်ပြီး အကြံဥာဏ်ပေးသွားမည်

    ဆီးဂိမ်းတွင် လာရောက်ကြမည့် မလေးနိုင်ငံသားများ အတွက် မလေးရှားသံရုံးမှ ခရီးသွားခြင်းနှင့် ပတ်သက်ပြီး အကြံဥာဏ်ပေးသွားမည်

    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    Myanmar-Sea-Games-2013-250
    ဒီဇင်ဘာ ၁၁-ရက်နေ့မှ ၂၂-နေ့ရက်နေ့ အထိ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် မလေးရှားနိုင်ငံသားများအား ခရီးသွားခြင်းနှင့်ပက်သက်ပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ အကြံဥာဏ် ပေးသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားခရီးသွားလုပ်ငန်းနှင့် မရင်းနှီးသေးသည့် နိုင်ငံတစ်ခု ဖြစ်သည့်အတွက် ခရီးသွားလမ်းညွှန်မှု ဆိုင်ရာအကြံပေးမှုများလိုအပ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် ဒေါက်တာ အဟ်မဒ် ဖိုင်ဇယ်က ပြောကြားခဲ့သည်။

    “ဒီကိစ္စနဲ့ ပတ်သက်ပြီး သံရုံးရဲ့ ၀ဘ်ဆိုဒ်မှာမကြာခင်က တင်ထားပါတယ်” ဟု ဆီးဂိမ်းအကြိုအဖြစ် မြန်မာနိုင်ငံသို့ ယမန်နေ့က လာရောက်ခဲ့သည့် မလေးရှား မီဒီယာအဖွဲ့အား မလေးရှားသံရုံးမှ တည့်ခင်းဧည့်ခံသော ညစာစားပွဲတွင် ဖိုင်ဆယ်က ပြောကြားခဲ့သည်။

    ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်၍ ပြင်ဆင်ထားမှုများအပေါ် မြန်မာ့ဆီးဂိမ်း ကျင်းပရေးကော်မတီက ယခုအချိန်အထိ မလေးရှားသံရုံးအား အကြောင်းကြားခြင်းမရှိသေးဟု ဖိုင်ဇယ်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့်နေရာတွေမှာ ကျင်းပနေတဲ့အချိန် လုံခြုံရေးကို မြန်မာအစိုးရအနေနဲ့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ပါလိမ့်မယ်။ မြန်မာနိုင်ငံကိုလာရောက်ကြသူတွေက နိုင်ငံရဲ့ဥပေဒနဲ့ ယဉ်ကျေးမှုတွေကို လေးစားရပါမယ်။ ပြီးတော့ လာရောက် လည်ပတ်သူတွေဟာ ပြိုင်ပွဲကျင်းပရာ နေရာတွေဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ငွေဆောင်စတဲ့ နေရာတွေကိုပဲ လည်ပတ်လို့ရမှာဖြစ်ပြီး တခြားနေရာတွေကို သွားလို့မရပါဘူး” ဟု ဖိုင်ဇယ်က ထပ်လောင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင်ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ကစားနည်းပေါင်း ၃၃-မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ် ၄၆၀ ချီးမြှင့်မည်ဖြစ်သည်။
    Ref : bernama

  • ငှက်အော်စမ်းလူငယ် သင်တန်းကျောင်းသို့ မလေးသံအမတ်ကြီး သွားရောက်လှူဒါန်း

    ဇွန်- ၁၆၊ ၂၀၁၃
    M-Media
    မောင်ပုည

    05
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Dr. Ahmad Faisal Muhammad, နှင့် သံရုံးအဖွဲ့ဝင်များဟာ ယနေ့ ဇူလိုင်လ-၁၆ရက်နေ့မှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာရှိတဲ့ ဌက်အော်စမ်းလူငယ်သင်တန်းကျောင်း သို့ သွားရောက်ပြီး အလှူငွေနှင့် ပစ္စည်းများလှူဒါန်းပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

    အဆိုပါ လူငယ်သင်တန်းကျောင်းဟာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးလက်အောက်ခံဖြစ်ပြီး အသက်၅ နှစ် မှ ၁၈ နှစ်ကြားလူငယ် ၄၂၀ကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ၊သင်တန်းကျောင်းမှာ ယောကျာ်းလေး သီးသန့်ဖြစ်ပြီး လေ့လွင် ကလေးငယ်များနှင့် ပြစ်မှု ကျူးလွန်သဖြင့် ပြစ်ဒဏ်ကျခံရသည့် အသက်မပြည့်သေးသော ကလေးငယ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်များနှင့် အခြေခံပညာရပ်များကို သင်ကြားပေးနေသည့် သင်တန်းကျောင်းဖြစ်ပါသည်။

    More Photo

    08