News @ M-Media

Tag: Man U

  • မန်ယူကွင်းလယ်လူပေါ့ဘာ တမန်တော်မြတ်ဗလီမှာ ၀ါဖြေ

    မန်ယူကွင်းလယ်လူပေါ့ဘာ တမန်တော်မြတ်ဗလီမှာ ၀ါဖြေ

    ဇွန် ၁၊ ၂၀၁၇
    M-Media

    – ပြီးခဲ့တဲ့ရက်အတွင်းက ဆော်ဒီအာရေဗျနိုင်ငံကို အွမ္မရာဟ်ခရီးစဉ်အတွက် ရောက်ရှိနေတဲ့ ကမ္ဘာ့ ကြေးအကြီးဆုံး မန်ယူကွင်းလယ်လူ ပေါ့ဘာဟာ မဒီနာမြို့က တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်မှာ ၀ါဖြေနေတဲ့ ဗီဒီယိုတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

    ပေါ့ဘာဟာ သူ အွမ္မရာဟ်သွားတဲ့ ခရီးစဉ်ပုံရိပ်တွေနဲ့ ဗီဒီယိုတွေကို သူ့ရဲ့ Instagram စာမျက်နှာမှာ လွှင်တင်လေ့ရှိပါတယ်။

    ခရီးစဉ် မစတင်မီ မန်ချက်စတာက သူ့ရဲ့အိမ်ရှေ့မှာ ရိုက်ထားတဲ့ ဗီဒီယိုမှာ ပေါ့ဘာက ဒီခရီးစဉ်ဟာ တစ်နှစ်တာအတွင်း သူရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပေါ့ဘာဟာ မိခင်ဖြစ်သူကြောင့် ငယ်ရွယ်စဉ်ကတည်းက အစ္စလာမ်သာသနာနဲ့ ထိတွေ့ခဲ့တာဖြစ်ပြီး၊ သာသနာကို လက်တွေ့လိုက်နာကျင့်သုံးသူအဖြစ် လူသိများပါတယ်။

    Ref: Al Arabiya

  • မန်ယူကွင်းလယ်လူပေါ့ဘာ မက္ကာသို့သွားရောက် အွမ္မရာ ပြုလုပ်

    မန်ယူကွင်းလယ်လူပေါ့ဘာ မက္ကာသို့သွားရောက် အွမ္မရာ ပြုလုပ်

    မေ ၂၈၊ ၂၀၁၇
    M-Media

    – မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ္ဘာ့ကြေးအကြီးဆုံး ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လ စတင်တဲ့ အချိန်မှာပဲ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ကို အွမ္မရာခရီးစဉ်အတွက် ရောက်ရှိနေတယ်လို့ သိရပါတယ်။

    အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘာသာရေးကျင့်စဉ်တစ်ခုဖြစ်တဲ့ အွမ္မရာပြုလုပ်ရာမှာ ၀တ်ဆင်ရတဲ့ အဖြူရောင်ခြုံထည်ကို ၀တ်ဆင်ထားပြီး မက္ကာကိုရောက်ရှိနေတဲ့ ပေါ့ဘာရဲ့ ဓာတ်ပုံတွေဟာလည်း စနေ့နေ့မှာ အင်တာနက် စာမျက်နှာပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။

    မန်ချက်စတာက သူ့အိမ်ရှေ့မှာ အထုပ်အပိုးတွေနဲ့ ရိုက်ကူးကာ Instagram စာမျက်နှာမှာ လွှင့်တင်ထားတဲ့ ဗီဒီယိုမှာဆိုရင် “ဒီဘောလုံးရာသီအတွက် ကျေးဇူးတော်ကို ချီးမွမ်းဖို့ ကျွန်တော် သွားတော့မှာပါ။ မန်ချက်စတာမှာ မကြာခင်ပြန်တွေ့ကြမယ်။ ဆုတောင်းမှုခရီး စတင်ပါပြီ” လို့ ပရိတ်သတ်တွေကို ပြောကြားခဲ့ပါ
    တယ်။

    ပေါ့ဘာကို ဘာသာရေးလေးစားသူတစ်ယောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သိရှိထားပါတယ်။

    နွေရာသီမှာ ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နဲ့ မန်ယူကို ရောက်လာတဲ့ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ၃ ရက်က ယူရိုပါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး ဒါဟာ သူ့ရဲ့ ကစားသမားဘ၀ သက်တမ်းတစ်လျှောက် ပထမဆုံး ဥရောပဖလား ဖြစ်ပါတယ်။

    Ref: Dailymail

  • ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားစာရင်းတွင် အီဘရာဟီမီုဗစ် ဒုတိယချိတ်

    ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားစာရင်းတွင် အီဘရာဟီမီုဗစ် ဒုတိယချိတ်

    မေ ၆၊ ၂၀၁၇
    M-Media

    – ဗြိတိန်သတင်းစာ Sunday Times မှ ယနေ့တွင် ထုတ်ပြန်သည့် ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားများ စာရင်းတွင် မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်က ဒုတိယနေရာသို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    ဆွီဒင်တိုက်စစ်မှူး မိုဗစ်မှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လက မန်ယူသို့ ရောက်ရှိလာပြိးနောက်ပိုင်း ဗြိတိန်တွင် ၀င်ငွေအများဆုံးရသည့် အားကစားသမားစာရင်း၌ ပါဝင်လာသူဖြစ်သည်။

    ယခု ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားစာရင်းတွင် ဖော်မြူလာဝမ်း ချန်ပီယံ လူးဝစ် ဟာမီလ်တန်က စတာလင်ပေါင်း ၁၃၁ သန်းဖြင့် ဦးဆောင်နေပြီး၊ မိုဗစ်က သန်း ၁၁၀ ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ဗြိတိန်၏ အချမ်းသာဆုံး ဘောလုံးသမား ၀ိန်းရီူက ၉၃ သန်းဖြင့် အဆင့် ၃ ၌ ရပ်တည်နေသည်။

    စတုတ္ထနေရာတွင် ဟာမီလ်တန်၏ အသင်းဖော် ကားမောင်းသမား ဂျန်ဆန် ဘက်တန်က ရှိနေသည်။

    အဆိုပါ စာရင်း၏ ထိပ်ဆုံး ၁၀ ယောက်တွင် ဘောလုံးလောကမှ ၅ ဦး – ကစားသမား ၃ ယောက်နှင့် နည်းပြ ၂ ယောက်- ပါဝင်ပြီး ဗြိတိန် တင်းနစ်အကျော်အမော် အန်ဒီမာရေး၊ ဂေါက်သီးသမား ရိုရီ မက်ရွိုင်း၊ ဘက်စကတ်ဘောကစားသမား လူအို ဒန်းတို့လည်း အသီးသီး ပါဝင်နေသည်။

    The Sunday Times sport rich list 2017

    1. Lewis Hamilton, motor racing, 2017 wealth £131m, up £25m

    2. Zlatan Ibrahimovic, football, 2017 wealth £110m, new entry

    3. Wayne Rooney, football, 2017 wealth £93m, up £11m

    4. Jenson Button, motor racing, 2017 wealth £86m, up £9m

    5. Rory McIlroy, golf, 2017 wealth £82m, up £26m

    6. Sir Andy Murray, tennis, 2017 wealth £77m, up £20m

    7. Jose Mourinho, football, 2017 wealth £61m, up £11m

    8. Gareth Bale, football, 2017 wealth £54m, up £20m

    9= Luol Deng, basketball, 2017 wealth £50m, up £7m

    9= Pep Guardiola, football, 2017 wealth £50m, new entry

    Ref : BBC

  • အာဆင်နယ်နှင့်ပွဲတွင် အဓိကကစားသမားများကို မန်ယူ အနားပေးမည်

    အာဆင်နယ်နှင့်ပွဲတွင် အဓိကကစားသမားများကို မန်ယူ အနားပေးမည်

    မေ ၅၊ ၂၀၁၇
    M-Media

    – ကစားသမားများ ပွဲပမ်းသည့်ဒဏ်ကို ရှောင်ရှားနိုင်ရန်အတွက် လာမယ့် တနင်္ဂနွေနေ့ အာဆင်နယ်အသင်းနှင့်ပွဲတွင် ကစားသမားအချို့ကို အနားပေးသွားမည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ယူရိုပါလိဂ် ဆီးမီးဖိုင်နယ် ပထမအကျော့တွင် မန်ယူမှာ ဆဲလ်တာဗီဂိုအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ပရီးမီးယားလိဂ်တွင် အဆင့် ၅ နေရာ၌ ရပ်တည်နေသည့် မန်ယူအတွက် လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ယူရိုပါလိဂ်က အကောင်းဆုံး အခွင့်အရေးဖြစ်နေသည်။

    မန်ယူမှာ ဧပြီ ၁ ရက်နေ့ကတည်းက ယနေ့အထိ ၁၀ ပွဲကစားထားရပြီး မော်ရင်ဟိုကမူ အာဆင်နယ်နှင့် အဝေးကွင်းပွဲတွင် ကစားသမားများကို အနားပေးသွားမည်ဟု ဆိုသည်။

    “မိနစ်တော်တော်များများ ကစားထားရတဲ့ ကစားသမားတွေဟာ ဒီတစ်ပတ်မှာ ကစားရမှာမဟုတ်ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    အကယ်၍ မန်ယူမှာ မေလ ၂၄ ရက်နေ့ စတော့ဟုမ်းတွင် ကစားမည့် ယူရိုပါလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ပါက ထိုပွဲမှာ ၎င်းတို့အတွက် ယခုနှစ်ဘောလုံးရာသီ ၆၄ ပွဲမြောက် ဖြစ်လာမည်ဖြစ်သည်။

    Ref: BBC

  • ဒဏ်ရာမှသက်သာပြီး ပိုမိုသန်မာလာသည်ဟု အီဘရာဟီမိုဗစ် ပြော

    ဒဏ်ရာမှသက်သာပြီး ပိုမိုသန်မာလာသည်ဟု အီဘရာဟီမိုဗစ် ပြော

    ဧပြီ ၃၊ ၂၀၁၇
    M-Media

    – မိမိ၏ ဒူးဒဏ်ရာမှာ ပျောက်သွားပြီဖြစ်ပြီး ပိုမို သန်မာသည်ဟု ခံစားရကြောင်း မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပြောကြားလိုက်သည်။

    အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ်သည့် မိုဗစ်မှာ ဧပြီ ၂၀ ရက်နေ့က အန်ဒါလက်ခ်ျအသင်းအား အနိုင်ရရှိခဲ့သည့် ယူရိုပါပြိုင်ပွဲတွင် ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့ပြီး အမေရိကန်၌ ခွဲစိတ်ကုသမှု ခံယူခဲ့သည်။

    မိုဗစ်ကမူ မိမိ၏ ဒဏ်ရာကို ကုသပြီးခဲ့ပြီဖြစ်ကာ ပိုမို သန်မာလာကြောင်း၊ မိမိကို အားပေးသည့် ပရိတ်သတ်များအား ကျေးဇူးတင်ကြောင်း၊ မကြာခင် ပွဲများကို ကစားနိုင်တော့မည်ဖြစ်ကြောင်း ၎င်း၏ Istagram စာမျက်နှာတွင် ယမန်နေ့က ရေးသားခဲ့သည်။

    အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာက မိုဗစ်မှာ ဒဏ်ရာမှ လုံးဝ သက်သာလာပြီး ၎င်း၏ ဘောလုံးသမားဘ၀ကို ခြိမ်းခြောက်နိုင်သည့် ဒဏ်ရာမျိုးမဟုတ်ဟု ပြောကြားခဲ့သည်။

    ယခုနှစ်ဘောလုံးရာသီအစက တစ်နှစ်စာချုပ်ဖြင့် မန်ယူသို့ ပြောင်းရွှေ့လာခဲ့သည့် မိုဗစ်မှာ အသင်းအတွက် ၂၈ ဂိုး သွင်းယူပေးထားသည်။ သို့သော်လည်း စာချုပ်သက်တမ်း ထပ်တိုးမည့်ကိစ္စနှင့်ပတ်သက်၍ သဘောတူထားခြင်း မရှိသေးပေ။

    Ref: BBC