News @ M-Media

Tag: Man U

  • ရူနီ၏ ဂိုးသွင်းစံချိန်သစ်အတွက် Nike က အထူးဖိနပ်ထုတ်လုပ်

    ရူနီ၏ ဂိုးသွင်းစံချိန်သစ်အတွက် Nike က အထူးဖိနပ်ထုတ်လုပ်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၇
    M-Media

    – မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီ၏ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာမှုကို ဂုဏ်ပြုသည့်အနေဖြင့် Nike ကုမ္ပဏီက အထူး ဘောလုံးကန်ဖိနပ်တစ်ရံကို ထုတ်လုပ်လိုက်သည်ဟု သိရသည်။

    Hypervenom WR250 အမည်ပေးထားပြီး ကလပ်နှင့် နိုင်ငံအသင်းများတွင် ရူနီဝတ်ဆင်သော ဂျာစီအရောင် အနီနှင့်အဖြူကို ပေါင်းစပ်ထားသည်။ ရွန်နီ၏ စံချိန်တင်ဂိုးအရေအတွက် ၂၅၀ ကို ဖော်ပြရန်အတွက် ထိုနံပါတ်နှင့် သရဖူတစ်ခုကို ပေါင်းစပ်၍ အထူးလိုဂိုတစ်ခု ပြုလုပကာ ဖိနပ်၏လျှာတွင် ရိုက်နှိပ်ထားသည်။

    ရူနီဝတ်ဆင်သည့် ကျောနံပတ်ကို WR10 အဖြစ် ဖိနပ်၏ ဘေးဖက်တွင် ရိုက်နှိပ်ထားပြီး၊ ဖိနပ်ကြိုးထိပ် အကွပ်ကိုလည်း အဖြူရောင်၊ အနီရောင်များဖြင့် ဖန်တီးထားသည်။ ဖိနပ်နှစ်ဖက်ကို ဘေးတိုက်ယှဉ်ထားပါက စိန့်ဂျော့ဂ်ျ လက်ဝါးကပ်တိုင်ပုံ ပေါ်လာမည်ဖြစ်သည်။

    ယမန်နေ့က စတုတ်စီးတီးအသင်းနှင့်ပွဲတွင် ရူနီမှာ နောက်ဆုံးမိနစ်တွင် အသင်းအတွက် အရေးပါသည့် ချေပဂိုး ၁ ဂိုးကို သွင်းယူပေးခဲ့ပြီး ထိုဂိုးမှာ မန်ယူအတွက် ရူနီ၏ ၂၅၀ မြောက်ဂိုးလည်း ဖြစ်သည်။ ထို့ကြောင့် ဆာ ဘော့ဘီချာလ်တန်၏ စံချိန်ကိုချိုးကာ ရူနီမှာ မန်ယူအသင်း၏ ဂိုးအများဆုံးသွင်းသူ ကစားသမား ဖြစ်လာခဲ့သည်။

    ရူနီကမူ မိမိအနေဖြင့် ထိုကဲ့သို့စံချိန်မျိုး ရလိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ခဲ့ကြောင်း၊ ရှေ့ဆက်၍ ဂိုးများများ သွင်းချင်ကြောင်း ပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူတွင် မည်သူ့အတွက်မှ နေရာပုံသေမရှိဟု ဟာရဲရားပြော

    မန်ယူတွင် မည်သူ့အတွက်မှ နေရာပုံသေမရှိဟု ဟာရဲရားပြော

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    mn-u

    – မိမိအနေဖြင့် အနာဂတ်မန်ယူအသင်းတွင် နေရာတစ်နေရာ ရရှိရန်အတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အသင်းတွင် မည်သူအတွက်မှ နေရာပုံသေရှိမနေဟု ကွင်းလယ်လူ အန်ဒရေ ဟာရဲရားက ပြောကြားလိုက်သည်။

    မော်ရင်ဟိုလက်အောက်တွင် ဟာရဲရားမှာ အသင်း၏ အဓိကအစိတ်အပိုင်း ဖြစ်လာခဲ့ပြီး ကစားပုံ တက်လာသောအသင်းတွင် ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် ပါဝင်ခွင့် ရလာခဲ့သည်။

    မန်ယူသို့ လွန်ခဲ့သည့် ၂ နှစ်ခွဲအရင်က ရောက်လာခဲ့သည့် အသက် ၂၇ နှစ်အရွယ် ဟာရဲရားက ကမ္ဘာ့ထိပ်တန်းကစားသမားများကို ခေါ်ယူနိုင်စွမ်း ရှိနေသည့် မန်ယူတွင် မည်သူ၏နေရာမှ မသေချာဟု ပြောကြားခဲ့သည်။

    “အသင်းက ဘယ်လိုကစားသမားမျိုးကိုမဆို ခေါ်ယူနိုင်တဲ့အစွမ်း ရှိနေတယ်။ ဒါ့ကြောင့် အသင်းမှာ ဆက်ကစားချင်ရင်တော့ ကစားသမားတစ်ယောက်ဟာ အမြဲတမ်း စွမ်းဆောင်မှု အမြင့်ဆုံးမှာ ရှိနေရမှာပါ။ လွယ်တော့မလွယ်ဘူးပေါ့လေ။ ဒါပေမယ့် ကျွန်တော် လုပ်နိုင်မယ်လို့ထင်တယ်။ အဲဒီအတွက်လည်း တိုက်ပွဲ ၀င်သွားမှာပါ” ဟု ဟာရဲရားက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း ကစားသမားဘ၀ စတင်ခဲ့သည့် လာလီဂါနှင့် ပရီးမီးယားလိဂ်တို့၏ ကွာခြားချက်မှာ အမြန်နှုန်းဖြစ်သည်ဟုလည်း ဖွင့်ဟခဲ့သည်။

    Ref: Goal

  • အီဗရာဟီမိုဗစ်မှာ စံပြဖြစ်သည်ဟု မော်ရင်ဟိုပြော

    အီဗရာဟီမိုဗစ်မှာ စံပြဖြစ်သည်ဟု မော်ရင်ဟိုပြော

    ဒီဇင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    movic

    – တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို အသင်းမှ ချန်လှပ်ထားရန် မဖြစ်နိုင်ဟု မန်ယူနည်းပြ ဂျိုဆေးမော်ရင်ဟိုက ပြာကြားလိုက်ပြီး မိုဗစ်မှာ အသင်းသားများအတွက် စံပြဖြစ်သည်ဟု ဆိုသည်။

    မိုဗစ်မှာ မန်ယူအသင်းနှင့် နောက်ဆုံး ၈ ပွဲတွင် ၈ ဂိုး သွင်းထားနိုင်ပြီး ၎င်း၏ ထိုသွင်းဂိုးများက မန်ယူအသင်း ယူရိုပါဖလားနှင့် EFL ဖလားတို့တွင် နောက်တစ်ဆင့်တက်ရောက်ရန် အထောက်အကူဖြစ်စေခဲ့သည်။

    မော်ရင်ဟိုကမူ အသက် ၃၅ နှစ်အရွယ် မိုဗစ်ကို ချီးကျူးခဲ့သည်။ မိုဗစ်ကို လာမည့်တစ်ပတ်တွင် ချန်ထားမလားဟု မေးမြန်းရာတွင်

    “သူက ထူးခြားဆန်းကျယ်တာတွေ လုပ်နေပါတယ်။ (စနေနေ့မှာလဲ) သူ ပါမှာပါ။ ကဏ္ဍတိုင်းမှာ သူ့ရဲ့ ရိုးသားမှုက စံပြပါပဲ။ သူဟာ အင်မတန်ပရော်ဖက်ရှင်နယ် ပီသပါတယ်။ ဘောလုံးသမားတွေအတွက် အင်မတန်ခက်ခဲတဲ့ ဒီနေ့ခေတ်လို အချိန်မှာတောင်မှ သူဟာ သူ့ရဲ့ မိသားစုဘ၀ကို သီးသန့်ထားပါတယ်။ သူဟာ နေရာတိုင်းမှာ စံနမယူနာယူစရာကောင်းတ့ ကစားသမားပါ။ သူရယ်၊ အသက် ၃၅ နှစ်ရှိပြီဖြစတဲ့ ကာရစ်တို့ရယ်ရှိနေရင် လူငယ်တွေဟာ သူတို့ကိုကြည့်ပြီး ပိုမကောင်းလာနိုင်စရာ မရှိပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • ဆွီဒင်အကောင်းဆုံးဘောလုံးသမားဆုကို မိုဗစ် ၁၀ ကြိမ်ဆက် ရရှိ

    ဆွီဒင်အကောင်းဆုံးဘောလုံးသမားဆုကို မိုဗစ် ၁၀ ကြိမ်ဆက် ရရှိ

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    movic

    – ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ပေးအပ်ချီးမြှင့်သည့် ၂၀၁၆ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်က ရရှိခဲ့ပြီး ထိုဆုကို ၁၀ နှစ်ဆက်တိုက် ရရှိခဲ့ခြင်းလည်းဖြစ်သည်။

    အသက် ၃၅ နှစ်အရွယ်ရှိ မိုဗစ်မှာ ၂၀၀၅ ခုနှစ်တွင် ဆွီဒင်၏ တစ်နှစ်တာအကောင်ဆုံး ဘောလုံးသမားဆုကို စတင် ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ဖက်ဒရစ် လွန်းဘတ်ကို လွှဲပေးခဲ့ရသော်လည်း ၂၀၀၇ ခုနှစ်မှစ၍ ယခုနှစ်အထိ ၁၀ ကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့သည်။

    ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲတွင် ဆွီဒင်အသင်း ထွက်ခဲ့ရပြီးနောက်ပိုင်း မိုဗစ်က နိုင်ငံတကာကစားသမားဘ၀မှ အနားယူခဲ့ပြီဟု ကြေငြာခဲ့သည်။ ဆွီဒင်ဘောလုံးအချုပ်ကမူ မိုဗစ်အား ဂုဏ်ပြုသည့်အနေဖြင့် စတော့ဟုမ်းရှိ Friends Arena ဘောလုံးကွင်းရှေ့တွင် မိုဗစ်၏ ရုပ်တုတစ်ခုကို စိုက်ထူရန် ဆောင်ရွက်နေသည်။

    “အိပ်မက်လို့ ခံစားရပါတယ်။ လူတော်တော်များများကတော့ ဘာ့ကြောင့် သူချည်းပဲ ဖြစ်နေတာလဲဆိုပြီး တွေးကြမှာပေါ့လေ။ ဒါပေမယ့် နိုင်ငံအသင်းအတွက် ၁၅ နှစ်လောက်၊ ကလပ်အသင်းအတွက် နှစ် ၂၀ လောက် ကြိုးစားအားထုတ်ပြီးခဲ့တဲ့နောက်မှာ အသိအမှတ်ပြုခံရတယ်လို့ပဲ ခံစားမိပါတယ်။ တစ်ချို့က သေဆုံးသွားပြီးတဲ့အခါမှာ ဒီလို အသိအမှတ်ပြုခံရတာမျိုးပါ။ ကျွန်တော်ကတော့ အသက်ရှင်လျက် ကြုံတွေ့ရပါတယ်။ ကျွန်တော် သေဆုံးသွားလည်း ဒီရုပ်ထုကြီးက ထာဝရ ရှိနေမှာ ဖြစ်ပါတယ်” ဟု မိုဗစ်က ဆုရရှိမှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူ-အာဆင်နယ်ပွဲကြည့်ရန် ကျောင်းသားနှစ်ဦးက အိုးထရက်ဖို့တွင် ခိုး၍ ညအိပ်ခဲ့

    မန်ယူ-အာဆင်နယ်ပွဲကြည့်ရန် ကျောင်းသားနှစ်ဦးက အိုးထရက်ဖို့တွင် ခိုး၍ ညအိပ်ခဲ့

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    mu

    – စနေနေ့က ကစားခဲ့သည့် မန်ယူနှင့် အာဆင်နယ်ပွဲကို ကြည့်ရှုရန်အတွက် နိုင်ငံခြားကျောင်းသားနှစ်ဦးမှာ အိုးထရက်ဖို့ ကွင်းအတွင်း မည်သူမှမသိအောင် အိပ်စောင့်ခဲ့သည်ဆိုသည့်သတင်း ထွက်ပေါ်လာပြီးနောက် အိုးထရက်ဖို့ကွင်း၏ လုံခြုံရေးအတွက် ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။

    အမည်ဖော်ပြခြင်းမရှိခဲ့သည့် အဆိုပါ ကျောင်းသား ၂ ဦးမှာ သောကြာနေ့က အိုးထရက်ဖို့ဒ်ကွင်းသို့ လာရောက်လည်ပတ်သည့်အဖွဲ့နှင့် လိုက်ပါလာခဲ့ကာ ထိုအဖွဲ့အပြန်တွင် လိုက်ပါမသွားဘဲ ကွင်းအတွင်း နေခဲ့ခြင်းဖြစ်သည်။ ထို့နောက် မန်ယူ-အာဆင်နယ်ပွဲ ကြည့်ရန်အတွက် လုံခြုံရေးများကို ရှောင်ရှားကာ၊ ၂ ဒီဂရီ ဆဲလ်စီးယက်စ်အောက်ရှိသည့် အပူချိန်ကို အာခံကာ ကွင်းအတွင်း ညအိပ်ခဲ့ကြသည်။

    “အိုးထရက်ဖို့ဒ်မှာ ဘောလုံးပွဲကြည့်ဖို့အတွက် လူတွေက ဘယ်လိုမဆို အကြံအဖန်ထုတ်ကြမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမယ့် ဒီလူတွေကတော့ တော်တော်လွန်ပါတယ်။ သူတို့တွေရှိနေတာကို ပရိတ်သတ်တွေမလာခင် ရှာနိုင်ခဲ့တာက ကျွန်တော်တို့မှာ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိဘူးဆိုတဲ့ ယုံကြည်မှုကို ရရှိစေပါတယ်” ဟု မန်ယူအသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါ နိုင်ငံခြားကျောင်းသားနှစ်ဦးကို ပွဲမကစားမည့် မနက်ပိုင်းတွင် အိမ်သာ၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သော်လည်း ဖမ်းဆီးရန် ငြင်းဆန်ခဲ့သည်။

    ၂၀၁၅-၂၀၁၆ ဘောလုံးရာသီကလည်း အိုးထရက်ဖို့ဒ်ကွင်းတွင် ဗုံးထောင်ထားသည်ဟု ခြိမ်းခြောက်မှုရှိခဲ့သောကြောင့် မန်ယူမှာ မျက်နှာပျက်ခဲ့ရသည်။

    Ref: Goal