News @ M-Media

Tag: Man U

  • ပရီးမီးယားလိဂ်တွင် မန်ယူ လမ်းမချော်သေးဟု ကာရစ် ယူဆ

    ပရီးမီးယားလိဂ်တွင် မန်ယူ လမ်းမချော်သေးဟု ကာရစ် ယူဆ

    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    karrick

    – ရာသီအစ ထင်သလောက်ခြေစွမ်းမပြနိုင်သော်လည်း မန်ယူအသင်းမှာ ပရီးမီးယားလိဂ်ပြေးလမ်းမှ ထွက်သွားပြီဟု ပြောရန် စောလွန်းနေသေကြောင်း ကွင်းလယ်လူ ကာရစ်က ပြောကြားလိုက်သည်။

    အီဗရာဟီမိုဗစ်နှင့် ပေါ့ဘာတို့ ရောက်ရှိလာခဲ့သော်လည်း မော်ရင်ဟို၏ မန်ယူမှာ ၁၁ ပွဲကစားပြီးချိန်တွင် အဆင့် ၆ နေရာ၌ ရပ်တည်နေပြီး ဇယားကို ဦးဆောင်နေသည့် လီဗာပူးလ်နှင့် ၈ မှတ် ကွာဟနေပြီဖြစ်သည်။ သို့သော် မန်ယူကွင်းလယ်လူ ကာရစ်ကမူ မန်ယူအား မှတ်ချက်ပေးရန် စောလွန်းနေသေးသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ ထိန်တန်းစိန်ခေါ်မှုမျိုးကို လိုချင်တာပါ။ ဖြတ်သန်းရာ လမ်းတစ်လျှောက်မှာ အတက်အကျတစ်ချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ ဖလားဆွတ်ခူနိုင်မှု ဆိုတာကြီးကို စွန့်လွှတ်လိုက်ပြီလို့တော့ ပြောလို့မရပါဘူး။ ဒါမျိုးပြောဖို့ သိပ်စောလွန်းနေသေးပြီး ကျွန်တော်တို့မှာလည်း စွမ်းရည်အပြည့် ရှိနေပါတယ်။ တော်တ်ာလေးကောင်းမွန်တဲ့ အသင်းဖြစ်ပြီး ဘာမဆိုပေးဆပ်မယ့် အသင်းပါ” ဟု ကာရစ်က ပြောကြားခဲ့သည်။

    မန်ယူမှာ လာမည့်စနေနေ့တွင် အာဆင်နယ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ကာရစ်ကမူ အာဆင်နယ်တွင် ကစားသမားကောင်းများစွာ ရှိနေကာ၊ အလွန်အန္တရာယ်ပေးနိုင်သည့်အသင်းဖြစ်ကြောင်း မည်ကဲ့သို့ အန္တရာယ်ပေးနိုင်သည်ဆိုသည်ကို ရာသီအစတွင် ပြသခဲ့ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

    Ref: Goal

  • အီဗရာဟီမိုဗစ် အတုယူခဲ့သည့် ကစားသမားကို ကာပယ်လို ထုတ်ပြော

    အီဗရာဟီမိုဗစ် အတုယူခဲ့သည့် ကစားသမားကို ကာပယ်လို ထုတ်ပြော

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    ebra

    – မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်၏ အဆုံးသတ်စွမ်းရည် မယုံနိုင်အောင် ကောင်းမွန်မှုမှာ ဒက်ခ်ျနာမည်ကြီးတိုက်စစ်မှူး မာခရို ဗန် ဘက်စတန်၏ ဂိုးသွင်ဟန်များကို အတုယူခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဂျူဗင်တပ်စ်နှင့် အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုက ပြောကြားလိုက်သည်။

    ကာပယ်လိုနှင့် အီဗရာဟီမိုဗစ်မှာ ဂျူဗင်တပ်တွင် ၂ နှစ်ကြာ လက်တွဲခဲ့ဖူးပြီ ၂၀၀၄-၀၅ နှစ်၊ ၂၀၀၅-၀၆ ခုနှစ်များတွင် စီးရီးအေဖလား ၂ ကြိမ် ဆွတ်ခူးခဲ့ကာ အီဗရာဟီမိုဗစ်မှာလည်း ဥရောပ၏ ထိပ်တန်းတိုက်စစ်မှူးအဖြစ် ရပ်တည်နိုင်ခဲ့သည်။

    ကာပယ်လိုကာမူ မိုဗစ် ယနေ့အခြေအနေမျိုးသို့ ရောက်လာရန်အတွက် မိမိက ကူညီပေးခဲ့သည်ဟုဆိုသည်။

    “အီဗရာဟီမိုဗစ်ရဲ့ နည်းနစ်ပိုင်းက အံ့သြလောက်အောင် ကောင်းပါတယ်။ ကျွန်တော် ဂျူဗင်တပ်စ်ကို ပြောင်းတဲ့အချိန်မှာ သူ့ကိုခေါ်ဖို့ အသင်းကို ချက်ချက်တောင်းဆိုခဲ့တာပါ။ ဂျူဗင်တပ်ကိုမရောက်ခင် ရိုးမားမှာကတည်းက ကျွန်တော် ခေါ်ယူချင်တာပါ။ ဒါပေမယ့် တော့တီ၊ ကာဆာနို၊ ဘာတစ္စတူတာ၊ မွန်တဲလားနဲ့ ဒီဗက်ချီယိုတို့ ရှိနေလို့ပါ”

    “ဂျူဗင်တပ်နဲ့ ပထမနှစ်မှာ ကျွန်တော်ထင်တာထက် သူက ပျော့နေတယ်လို့ သတိပြုမိခဲ့တယ်။ ဘောလုံးကန်ရင်လည်း သိပ်မပြင်းဘူး။ ဂိုးသွင်းတာထက် ဖန်တီးပေးရတာကို သူက ပိုကြိုက်တာပါ။ ဂိုးရှေ့မှာ သူ့ကို ထက်မြက်တဲ့ တိုက်စစ်မှူးတစ်ယောက် ကျွန်တော်ဖြစ်စေချင်ပြီး အဆုံးသတ်ပိုင်းကိုလည်း တိုးတက်စေချင်ပါတယ်။ သူက ဗန် ဘက်စတန်နဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမှာ တူညီတယ်။ ဒါ့ကြောင့် အဆုံးသတ်ကောင်းဖို့ ဗန် ဘက်စတန်ရဲ့ ဗီဒီယိုတွေကို ကျွန်တော် ပြပါတယ်။ ဂိုးဧရိယာအတွင်းမှာ ဗန်ဘက်စတန်ရဲ့ လှုပ်ရှားမှုတွေ၊ သူ့ရဲ့ ဂိုးသွင်းမှုတွေကိုကြည့်ဖို့ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ အီဗရာကလည်း လိုက်ပြီး အတုယူနိုင်ခဲ့ပါတယ်။ ဒီရလဒ်တွေက ဒီနေ့ သက်သေဖြစ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ကာပယ်လိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အာဆင်နယ်ပွဲ လွဲသည့်အတွက် ပရိတ်သတ်ကို အီဗရာဟီမိုဗစ် တောင်းပန်

    အာဆင်နယ်ပွဲ လွဲသည့်အတွက် ပရိတ်သတ်ကို အီဗရာဟီမိုဗစ် တောင်းပန်

    နိုဝင်ဘာ ၇၊ ၂၀၁၆
    M-Media

    arsenal

    – အ၀ါကဒ် ၅ ကဒ်ထိကာ နိုဝင်ဘာ ၁၉ ရက်နေ့တွင် အာဆင်နယ်နှင့်ကစားမည့်ပွဲ၌ မပါဝင်နိုင်မှုအတွက် မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်က မန်ယူပရိတ်သတ်များကို တောင်းပန်လိုက်သည်။

    စနေနေ့က ဆွမ်ဆီးနှင့်ပွဲတွင် အ၀ါကဒ်ပြခံခဲ့ရသသည့် မိုဗစ်မှာ ယခုနှစ်ပရီးမီးယားလိဂ်တွင် အ၀ါကဒ် ၅ အထိ ရှိခဲ့ပြီး အိုးထရက်ဖို့ဒ်တွင်ကစားမည့် အာဆင်နယ်နှင့်ပွဲကို လွဲချော်မည်ဖြစ်သည်။

    မိုဗစ်ကမူ ထိုပွဲတွင် မပါဝင်နိုင်သည့်အတွက် စိတ်ပျက်ရသည်ဟု ဆိုသည်။

    “ပွဲတိုင်းကို မာမာထန်ထန်ကစားတော့ ကြမ်းတဲ့ပုံစံမျိုးပေါက်တယ်။ အ၀ါထိတယ်။ ကျွန်တော် သိပ်စိတ်ပျက်လွန်းတဲ့အတွက် ဘယ်လိုရှင်းပြရမှန်းတောင် မသိတော့ပါဘူး။ ဒိုင်လူကြီးအသံလည်း မကြားချင်ဘူး။ အင်္ဂလန်မှာ ဘောလုံးကစားရတာ ခက်တာဆိုတာ ဒါက ပြနေတာပါပဲ။ ရုပ်ပိုင်းကိုအားပြုတယ်။ ကျွန်တော်ကတော့ လက်ခံရမှာပါ။ ကျွန်တော်က ပရော်ဖက်ရှင်နယ် ဖြစ်ရမှာကိုး။ နောက်ပွဲ ပယ်ခံရတဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော် တကယ့်ကို ကစားချင်တဲ့ပွဲမှာမှ မပါဝင်နိုင်တာပါ။ ဒါပေမယ့် အသင်းဖော်တွေကို ကျွန်တော်ယုံတယ်။ ကျွန်တော်မပါလည်း ကောင်းအောင်လုပ်နိုင်မယ်ဆိုတာ ကျွန်တော် သိပါတယ်” ဟု မိုဗစ်က ပြောကြားခဲ့သည်။

  • ယူရိုပါတွင် မိုဗစ်နှင့် ရူနီတို့အား မခံချင်အောင် လုပ်ခဲ့သည်ဟု ဖီနာဘာချီနည်းပြ ပြော

    ယူရိုပါတွင် မိုဗစ်နှင့် ရူနီတို့အား မခံချင်အောင် လုပ်ခဲ့သည်ဟု ဖီနာဘာချီနည်းပြ ပြော

    နိုဝင်ဘာ ၆၊ ၂၀၁၆
    M-Media

    movic

    – မန်ယူအားအနိုင်ရရှိခဲ့သည့် ယူရိုပါပွဲတွင် မိမိတို့မှာ ပြိုင်ဘက်တိုက်စစ်မှူးနှစ်ဦးဖြစ်သည့် အီဗရာဟီမိုဗစ်နှင့် ၀ိန်းရူနီတို့ကို အဓိကထားကာ စိတ်ပျက်အောက် လုပ်ခဲ့သည်ဟု တူရကီကလပ် ဖီနာဘာချီနည်းပြ ဒစ် အက်ဗိုကတ်က ပြောကြားလိုက်သည်။

    ဗုဒ္ဓဟူးနေ့က တူရကီတွင်ကစားခဲ့သည့် အဆိုပါအုပ်စုပွဲစဉ်တွင် ဖီနာဘာချီအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး တိုက်စစ်မှူး မိုဗစ်မှာ အိမ်ရှင်နောက်ခံလူ ဆီမွန် ကေဂျာနှင့် အငြင်းအခုံဖြစ်ခဲ့သည်။ အက်ဗိုကတ်ကမူ မိမိ၏ ကစားသမားများမှာ ၎င်းစီစဉ်ထားသည့်အတိုင်း မန်ယူတိုက်စစ်မှူးများကို နှောက်ယှက်နိုင်ခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော်တို့ သူတို့ကို နည်းနည်းလောက် မခံချင်အောင်လုပ်ခဲ့ရပါတယ်။ သူ (အီဗရာဟီမိုဗစ်) နဲ့ ၀ိန်းရူနီလို ကစာသမားမျိုးဟာ နေရာလွတ်တွေရှာပြီး ကစားလေ့ရှိကြသူတွေပါ။ ဒါ့ကြောင့် သူတို့ ဘောလုံးရပြီဆိုရင် စိတ်ကိုဆွပေးပြီး နည်းနည်း တွန်းတွန်းတိုက်တိုက် လုပ်ရပါတယ်။ ဇလာတန်က ဒီလိုတုန့်ပြန်တာကို ကျွန်တော် မအံ့သြပါဘူး။ သူနဲ့ ရူနီတို့ ဒီလိုဖြစ်တတ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ လုပ်ချင်တာ ဒါပါပဲ။ ဒါပေမယ့် သူတို့က ကြီးကျယ်တဲ့ ကစားသမားတွေပါ” ဟု အက်ဗိုကတ်က ပြောကြားခဲ့သည်။

    သို့သော်လည်း အက်ဗိုကတ်ကမူ မော်ရင်ဟိုအား ချီးကျူးခဲ့ပြီး မော်ရင်ဟိုအနေဖြင့် မန်ယူအား လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ဆောင်ရွက်နိုင်မည်ကို မိမိအနေဖြင့် သံသယမရှိဟု ထပ်လောင်းပြောဆိုခဲ့သည်။

    Ref: Goal

  • နံပါတ် ၉ ဂျာစီ မ၀တ်ရသည့်အတွက် မာရှယ် စိတ်ထိခိုက်ခဲ့

    နံပါတ် ၉ ဂျာစီ မ၀တ်ရသည့်အတွက် မာရှယ် စိတ်ထိခိုက်ခဲ့

    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media

    martial

    – မန်ယူက တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို နံပါတ် ၉ ဂျာစီ ပေးလိုက်သည့်အတွက် မာရှယ်အနေဖြင့် ထိခိုက်နာကျင်ခဲ့ရသည်ဟု အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။

    မာရှယ်မှာ ၂၀၁၅ ခုနှစ်က မိုနာကိုမှ မန်ယူသို့ ရောက်ရှိလာပြီးနောက်ပိုင်း နံပါတ် ၉ ဂျာစီကို ၀တ်ဆင်ခွင့်ရခဲ့သော်လည်း အီဗရာဟီမိုဗစ်ရောက်လာပြီးနောက် နံပါတ် ၁၁ ဂျာစီကို ပြောင်းဝတ်ခဲ့ရသည်။ အေးဂျင့်ဖြစ်သူ ဖီးလစ် လမ်ဘိုလေးကမူ ၎င်း၏ကစားသမားမှာ ထိုအပြောင်းအလဲကြောင့် စိတ်ထိခိုက်ခဲ့သည်ဟု ဆိုသည်။

    “အမှန်ပြောရရင် မန်ယူက နံပါတ် ၉ ဂျာစီကို ပေးမ၀တ်တော့တာက သူ့ကို နာကျင်စေခဲ့ပါတယ်။ ဒီအတွက်လည်း သူက အံ့သြခဲ့ပြီး ရက်အနည်းငယ်လောက် စိတ်ဓာတ်ကျခဲ့ပါတယ်။ ဒါပေမယ့် သူက ပရော်ဖက်ရှင်နယ် ကစားသမားယောက်ဖြစ်ပြီး ဒီနေရာအတွက် ပြန်လည် တိုက်ပွဲဝင်ရမယ်ဆိုတာ သိပါတယ်” ဟု အေးဂျင့်က ဆိုသည်။

    မာရှယ်မှာ မော်ရင်ဟိုလက်အောက်တွင် အကောင်းဆုံးပုံစံရရန် ရုန်းကန်နေရပြီး၊ အသင်းတွင် မပျော်ရွှင်တော့ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

    သို့သော်လည်း လမ်ဘိုလေးကမူ ၎င်း၏ ကစားသမားမှာ အိုးထရက်ဖို့ဒ်တွင် ပျော်ရွှင်နေကြောင်း၊ မောင်ရင်ဟိုနှင့် ဆက်ဆံရေးဆိုးရွားနေသည်ဆိုသည့် သတင်းများမှာ မမှန်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal