News @ M-Media

Tag: Man U

  • မန်ယူ အဆင့် ၄ မ၀င်နိုင်ဟု ကွင်းလယ်လူဟောင်းပြော

    မန်ယူ အဆင့် ၄ မ၀င်နိုင်ဟု ကွင်းလယ်လူဟောင်းပြော

    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media

    man-u

    – ပွဲထွက်လူစာရင်း ၁၁ ယောက်တွင် အပြောင်းအလဲမလုပ်ပါက မန်ယူမှာ ယခုနှစ်တွင် အဆင့် ၄ မ၀င်နိုင်ဟု ကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်က ပြောကြားလိုက်သည်။

    စနေနေ့က ကစားခဲ့သည့် ဘန်လေနှင့်ပွဲတွင် မန်ယူမှာ စံချိန်တင် ဂိုးသွင်းခွင့်ရခဲ့သော်လည်း ဂိုးရခဲ့ခြင်းမရှိဘဲ ဂိုးမရှိသရေဖြင့် ပွဲပြီးဆုံးကာ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ခြင်း ဖြစ်သည်။ ဇယားတွင်လည်း ထိပ်ဆုံးမှ အသင်းများနှင့် ၈ မှတ် ကွာဟနေပြီး အဆင့် ၄ မှ ချယ်ဆီးနှင့်မူ ၇ မှတ် ကွာဟနေသည်။

    ဟားဂရေဗ့်ကမူ မန်ယူအနေဖြင့် ဆိုးရွားသည့် ပြဿနာအချို့ကို မဖြေရှင်းနိုင်ပါက ချန်ပီယံလိဂ် ၀င်ခွင့် လွဲချော်ဖွယ်ရှိသည်ဟု ဆိုသည်။

    “နောက်ခံလူ ၄ ယောက်က တော်တောင်လေးတောင့်တင်းတယ်လို့ ကျွန်တော်ထင်တယ်။ ဂိုးသမားကလည်း တစ်နိုင်ငံလုံးမှာ အကောင်းဆုံးပါ။ အသင်းလိုက်ဆိုရင်တော့ မန်ယူဟာ ပရီးမီးယားလိဂ်က ဘယ်အသင်းလောက်မဆို ကောင်းတယ်လို့ ကျွန်တော် အမှန်အကန်ယုံကြည်ပါတယ်။ ဒါပေမယ့် အခုလိုပုံမျိုးနဲ့တော့ ထိပ်ဆုံး ၄ သင်း မ၀င်နိုင်ပါဘူး” ဟု ဟားဂရေ့ဗ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မော်ရင်ဟိုမှာ ဂွါဒီယိုလာကို ယှဉ်နိုင်သည်ဟု ဖာဂူဆန်ပြော

    မော်ရင်ဟိုမှာ ဂွါဒီယိုလာကို ယှဉ်နိုင်သည်ဟု ဖာဂူဆန်ပြော

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    man-u

    – မန်ယူနည်းပြ မော်ရင်ဟိုမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် ယှဉ်နိုင်သည်ဟု မန်ယူဂန္တ၀င်နည်းပြဟောင်း ဖာဂူဆန်က ပြောကြားလိုက်ပြီး ယခုနှစ် ပရီးမီးယားလိဂ်ဆုဖလားအတွက်မူ မန်စီးတီးကို တစ်ပေးခဲ့သည်။

    ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးမှ မန်စီးတီးနှင့် ၆ မှတ် ကွာဟနေသော်လည်း မန်ယူမှာ ယနေ့မနက်က ကစားခဲ့သည့် FA ဖလားတွင် မန်စီးတီးအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဂွါဒီယိုလာ၏ အဆိုပါအရှုံးမှာ ပြိုင်ပွဲအားလုံးတွင် ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသည့် ရလဒ်လည်း ဖြစ်သည်။

    ဖာဂူဆန်ကမူ ပရီးမီးယားလိဂ်ပြေးလမ်းရှိ အသင်း ၅ သင်းတွင် မန်စီးတီးမှာ ချန်ပီယံဆုရရှိရန် အဖြစ်နိုင်ဆုံးဟု ပြောကြားခဲ့ကာ မော်ရင်ဟိုမှာ ဂွါဒီယိုလာအား စိန်ခေါ်နိုင်သည်ဟု ဆိုသည်။

    “ဂွါဒီယိုလာရဲ့ အရည်အချင်းကို ငြင်းချက်ထုတ်စရာ မလိုပါဘူး။ ကွန်တီကလည်း ချယ်ဆီးကို လမ်းကြောင်းပေါ် ပြန်တင်ပေးတယ်။ ဒါပေမယ့် မော်ရင်ဟိုဟာ ဂွါဒီယိုလာကို ယှဉ်နိုင်မှာပါ။ သူဟာ မတူညီတဲ့ ကလပ်အသင်းနှစ်ခုနဲ့ ချန်ပီယံလိဂ်ဖလားကို ယူခဲ့ပြီး နိုင်ငံ ၃ နိုင်ငံက အမှတ်ပေးဖလားတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာနဲ့ မော်ရင်ဟိုတို့ရဲ့ အတွေ့အကြုံ၊ ပြိုင်ဆိုင်မှုတွက စိတ်လှုပ်ရှားစရာကောင်းတဲ့ ယှဉ်ပြိုင်မှုမျိုး ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု ဖာဂူဆန်က Kicker သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ပေါ့ဘာမှာ စိတ်ရှုပ်နေပုံရသည်ဟု နဗီးလ်ပြော

    ပေါ့ဘာမှာ စိတ်ရှုပ်နေပုံရသည်ဟု နဗီးလ်ပြော

    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media

    pogba-2

    – အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ပေါ့ဘာမှာ စိတ်ရှုပ်ထွေးနေပုံရသည်ဟု မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပြီး မော်ရင်ဟိုမှာ မန်ယူအတွက် ဂုဏ်သိက္ခာများ ပြန်လည် ဆောင်ကျဉ်းပေးနိုင်မည်ဟု ဆိုသည်။

    မော်ရင်ဟိုမှာ ယမန်နေ့က မန်ယူနည်းပြအဖြစ် ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ပထမဆုံး သွားရောက် ရင်ဆိုင်ရခြင်းဖြစ်ပြီး ရလဒ်မကောင်းခဲ့ဘဲ ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် ပေါ့ဘာမှာလည်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိပြီးကတည်းက ထိုက်တန်သည့်ခြေစွမ်းကို ပြသနိုင်ခြင်း မရှိသေးပေ။

    “ပေါ့ဘာဟာ စိတ်ရှုပ်ထွေးနေတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ပြောင်းရွှေ့ကြေး မြင့်မားစွာနဲ့ပြောင်းလာတဲ့သူ့ကို မနေ့က ကျွန်တော်ကြည့်ရတာဟာ သူ့မှာ အခက်အခဲ ရှိနေပုံပါပဲ။ အန်ဖီးလ်မှာလည်း နံပါတ် ၁၀ နေရာကနေ ကစားခဲ့တာ အဆင်မပြေပါဘူး။ ဂျိုဆေးမော်ရင်ဟိုအနေနဲ့ အခုအချိန်မှာ သူ့ကို အသင်းနဲ့ အံကျဖြစ်အောင် နည်းလမ်းရှာဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလောက် ငွေကြေးအများကြီးနဲ့ ကစားသမားတစ်ဦးကို ခေါ်ထားပြီဆိုရင် သူ အံဝင်ဖို့တော့ တစ်နည်းနည်းနဲ့ လုပ်ဆောင်ရမှာပါ” ဟု ဂယ်ရီနဗီးလ်က ပြောကြားခဲ့သည်။

    ယခုအရှုံးမှာ မန်ယူအတွက် ပရီးမီးယားလိဂ် ၃ ပွဲမြောက်အရှုံးဖြစ်ပြီး ထိပ်ဆုံးမှ မန်စီးတီးနှင့် ၆ မှတ်အကွာ အဆင့် ၇ နေရာတွင် ရှိနေသည်။

    Ref : Goal

  • ပွဲတိုင်းအတွက် ရေကုန်ရေခန်း ပေးဆပ်သည်ဟု ပေါ့ဘာပြော

    ပွဲတိုင်းအတွက် ရေကုန်ရေခန်း ပေးဆပ်သည်ဟု ပေါ့ဘာပြော

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    pogba

    – မိမိ၏ ခြေစွမ်းနှင့်ပတ်သက်၍ ဝေဖန်မှုများကို မိမိအနေဖြင့် နားလည်ပြီး၊ အသင်းအတွက် အမြဲတမ်း ရေကုန်ရေခန်း ပေးဆပ်နေသည်ဟု မန်ယူအသင်း၏ ပြင်သစ်တိုက်စစ်မှူး ပေါ့ဘာက ပြောကြားလိုက်သည်။

    ပေါ့ဘာမှာ ယမန်နေ့က နယ်သာလန်အသင်းအား ပြင်သစ်က ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသော ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို အဝေးကန်ချက်ဖြင့် သွင်းယူပေးနိုင်ခဲ့သည်။ မန်ယူသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိပြီးကတည်းက ကလပ်နှင့် နိုင်ငံအသင်းတို့တွင် ခြေစွမ်းကောင်းများ မပြသနိုင်မှုအတွက် ပေါ့ဘာမှာ ဝေဖန်ခံနေရသည်။

    “ကျွန်တော် ပြင်သစ်အသင်းအတွက် ကစားတာဖြစ်ပြီး အဲဒီအသင်းက ပေါ့ဘာတစ်ယောက်တည်းနဲ့ ကစားတဲ့အသင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်ဦးကောင်းတစ်ယောက်ကောင်းအကြောင်း ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော် အသင်းအတွက် ကစားတယ်၊ အမြဲတမ်း ရေကုန်ရေခမ်းကစားပေးတာပါ” ဟု ပေါ့ဘာက Canal+ သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ဝေဖန်မှုများ ခံနေရသော်လည်း ပွဲများတွင်သာ အာရုံစိုက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်ကမူ ပေါ့ဘာအား ဝေဖန်မှုမှာ မဖြစ်သင့်သော်လည်း ဘောလုံးလောကမှာ ထိုကဲ့သို့ပင်ဖြစ်ကြောင်း ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့သည်။

    Ref : Goal

  • မန်ယူအသင်း ယခင်ကဲ့သို့ပြန်ဖြစ်ရန် အချိန်လိုသည်ဟု မော်ရင်ဟိုပြော

    မန်ယူအသင်း ယခင်ကဲ့သို့ပြန်ဖြစ်ရန် အချိန်လိုသည်ဟု မော်ရင်ဟိုပြော

    အောက်တိုဘာ ၁၊ ၂၀၁၆
    M-Media

    man-u

    – မန်ယူအသင်း ယခင်ကဲ့သို့ အသင်းကြီးတစ်သင်း ပြန်ဖြစ်လာရန်အတွက် အချိန်လိုအပ်သည်ဟု နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ရာသီအစ အဖွင့်လှခဲ့သော်လည်း ပြီးခဲ့သည့် တစ်ပတ်အတွင်း ၃ ပွဲဆက်ရှုံးခဲ့သည့် မန်ယူကြောင့် မော်ရင်ဟိုမှာ ဝေဖန်မှုများကို ခံခဲ့ရသည်။ ယခုလတွင် စတုတ်၊ လီဗာပူးလ်၊ ဖီနာဘာချီ၊ ချယ်ဆီး၊ မန်စီးတီးတို့နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး မန်ယူအတွက် အစမ်းသပ်ခံရမည့်ကာလလည်း ဖြစ်နေသည်။

    မော်ရင်ဟိုကမူ ကစားသမားများထံမှ ယခုထက် ပိုမိုကောင်းမွန်မှုကို မမြင်တွေ့ရမချင်း အရာအားလုံးကို မပြောနိုင်ဟု ဆိုသည်။

    “ကျွန်တော် အချိန်လိုတယ်။ ကစားသမားတွေကလည်း ကစားဖို့လိုပါတယ်။ သူတို့ဆီကနေ ထူးခြားတဲ့ အခြေအနေမျိုးတွေ မြင်ရဖို့ လိုအပ်ပါတယ်။ သူတိုနဲ့ပတ်သက်ပြီး ကျွန်တော် ပိုပြီး နားလည်ဖို့လည်း လိုပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal