News @ M-Media

Tag: Man U

  • ပေါ့ဘာ၏ ခြေစွမ်းမပြနိုင်မှုအား မော်ရင်ဟို ကာကွယ်

    ပေါ့ဘာ၏ ခြေစွမ်းမပြနိုင်မှုအား မော်ရင်ဟို ကာကွယ်

    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    pb

    – ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မန်ယူသို့ ရောက်ရှိလာခဲ့သော်လည်း ခြေစွမ်းမပြနိုင်သေးသည့် ပေါ့ဘာအား နည်းပြမော်ရင်ဟိုက ကာကွယ်ပြောဆိုလိုက်ပြီး ၎င်း၏ တန်းဖိုးကို မေ့ထားရန်လည်း တိုက်တွန်းခဲ့သည်။

    ပေါ့ဘာမှာ ၂၀၁၂ ခုနှစ်က မန်ယူမှ ဂျူဗင်တပ်စ်သို့ ထွက်ခွာပြီးနောက် ယခုနွေရာသီတွင် ပေါင် ၈၉ သန်းဖြင့် မန်ယူသို့ ပြန် ရောက်လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်လက ဆောက်သက်တမ်နှင့် ပွဲဦးထွက်တွင် ခြေစွမ်းပြနိုင်ခဲ့သည်။ သို့သော်လည်း မန်စီးတီး၊ ယူရိုပါတွင် ဖီယင်နုတို့အား ရှုံးနိမ့်ခဲ့သည့်ပွဲများတွင် ၎င်း၏ ခြေစွမ်းမှာ ထိပ်တန်းအဆင့် မရှိခဲ့သောကြောင့် ဝေဖန်မှုများကို ခံနေရသည်။

    သို့သော်လည်း မော်ရင်ဟိုကမူ ပေါ့ဘာ၏ တန်ဖိုးမှာ အသင်း၏ အမြတ်နှင့်ယှဉ်လျှင်လည်းကောင်း၊ အခြားသော အသင်းနှင့်လည်းကောင်း နှိုင်းယှဉ်ပါက ကြီးမားသည့် ပမာဏမဟုတ်ဟု ဆိုသည်။

    “မန်ယူက ပေါ့ဘာအတွက် ပေးတာထက်ကို ပိုပြီး ပေါင် သန်း ၂၀၊ ၃၀၊ ၄၀ ပေးတဲ့ အသင်းတွေရှိပါတယ်။ အသင်းရဲ့အမြတ်၊ ကျွန်တော်တို့ပေးတာနဲ့ နှိုင်းယှဉ်ရင် မန်ယူက သုံးတာထက် အခြားအသင်းတွေက ပေါင်း သန်း ၂၀၊ ၃၀၊ ၄၀ လောက် ပိုသုံးနေတာကို ခင်ဗျားတို့ မြင်လာမှာပါ။ ပေါ့ဘာအနေနဲ့ အဲဒီတန်ဖိုးကြီးကို မေ့ထားပြီးတော့ ဘောလုံးမှာပဲ အာရုံစိုက်စေချင်ပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    မန်ယူမှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း စံချိန်တင်အမြတ်ငွေ ၅၁၅.၃ သန်း ရရှိခဲ့သည်။

    Ref: Goal

  • မော်ရင်ဟိုနှင့် ပြဿနမာရှိဟု ရှဝိုင်းစတိုင်ဂါ ပြော

    မော်ရင်ဟိုနှင့် ပြဿနမာရှိဟု ရှဝိုင်းစတိုင်ဂါ ပြော

    သြဂုတ် ၃၀၊ ၂၀၁၆
    M-Media

    man u

    – အသင်းမှ ချန်လှပ်ခံရခြင်းမှာ နည်းပြမော်ရင်ဟိုနှင့် ပြဿနာရှိ၍ မဟုတ်ဟု မန်ယူအသင်း၏ ကွင်းလယ်လူ ဘက်စတီယန် ရှဝိုင်းစတိုင်ဂါက ပြောကြားလိုက်ပြီး၊ ပုံမှန်နေရာရရန် ကြိုးစားသွားမည်ဟု ဆိုသည်။

    ၂၀၁၅ ခုနှစ် ဇူလိုင်လက မန်ယူသို့ရောက်ရှိခဲ့သည့် ရှဝိုင်းစတိုင်ဂါမှာ နည်းပြသစ် မော်ရင်ဟို၏ လက်အောက်တွင် နေရာမရဘဲ အရန်အသင်းနှင့်သာ လေ့ကျင့်ခန်းဆင်းနေရသည်။ မော်ရင်ဟို၏ ထိုလုပ်ရပ်ကြောင့် ဝေဖန်မှုများ ဖြစ်လာခဲ့ပြီး ၎င်းတို့နှစ်ဦးအကြား ပြဿနာရှိနေသည်ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း အသက် ၃၂ နှစ်အရွယ် ရှဝိုင်းစတိုင်ဂါက ထိုသတင်းကို ငြင်းဆိုခဲ့သည်။

    “ကျွန်တော့်ရဲ့ အန္တိမအိပ်မက်က မန်ယူမှာ ကစားရဖို့ဖြစ်ပြီ၊ အသင်းရဲ့ရည်မှန်းချက်တွေအတွက် ကူညီပေးဖို့ပါ။ ဂျိုဆေးမော်ရင်ဟိုနဲ့ ပုဂ္ဂိုလ်ရေးအရ ကျွန်တော် ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော့်စွမ်းရည်ကို ကျွန်တော်ယုံတယ်။ အခွင့်အရေး ရမယ်ဆိုရင် မန်ယူကို ကျွန်တော် ကူညီနိုင်ပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာလောက်မှာ ဘယ်လိုဖြစ်မလဲ၊ တိုးတက်လာမလားဆိုတာကို ကျွန်တော် စောင့်ကြည့်ရမယ်။ ကျွန်တော် ဘောလုံးကစားတာကို ရပ်သွားမှာ မဟုတ်ပါဘူး” ဟု ရှဝိုင်းစတိုင်ဂါက ပြောကြားခဲ့သည်။

    ထို့ပြင် ပီယာလို၊ ဒေးဗစ်ဗီလာ၊ စတီဗင်ဂျရတ်တို့ရှိရာ အမေရိကန်မေဂျာလိဂ်သို့ အနာဂတ်တွင် ပြောင်းရွှေ့နိုင်ခြေ ရှိနေပြီး လက်တလောတွင် ဆုံးဖြတ်ချက် ချမည်မဟုတ်သေးဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ပေါ့ဘာက မန်ယူအားရွေးချယ်မှုအကြောင်းအရင်းကို အေးဂျင့် ဖွင့်ဟ

    ပေါ့ဘာက မန်ယူအားရွေးချယ်မှုအကြောင်းအရင်းကို အေးဂျင့် ဖွင့်ဟ

    သြဂုတ် ၂၈၊ ၂၀၁၆
    M-Media

    pogba

    – ဂျူဗီတိုက်စစ်မှူး ပေါ့ဘာအနေဖြင့် ရီးယဲလ်မက်ဒရစ်၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး မန်ယူအား ရွေးချယ်ခဲ့မှုမှာ အိမ်ပြန်လိုသည့် စိတ်ဆန္ဒကြောင့်ဖြစ်သည်ဟု ၎င်း၏ အေးဂျင် မီနို ရိုင်အိုလာက ပြောကြားလိုက်သည်။

    အသက် ၂၃ နှစ်အရွယ်ရှိ ပေါ့ဘာမှာ ရီးယဲလ်မက်ဒရစ်သို့ ရောက်ရှိမည်ဟု စောစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ဆုံး မန်ယူသို့ရောက်ရှိခဲ့သည်။ ရိုင်အိုလာကမူ ရီးယဲလ်မက်ဒရစ်အပါအ၀င် အခြားသော ကလပ်အသင်း ၅ သင်း၊ ၆ သင်းခန့်က ပေါ့ဘာအား ကမ်းလှမ်းခဲ့သည်ဟု အတည်ပြုခဲ့သည်။

    သို့သော်လည်း ပေါ့ဘာကမူ ၂၀၁၂ ခုနှစ်က လူငယ်အသင်းမှနေ၍ ထွက်ခွာခဲ့ရသည့် မန်ယူအသင်းသို့ ပြန်သွားချင်သည့် စိတ်ဆန္ဒ ပြင်းပြနေခဲ့သည်ဟုလည်း ဆိုသည်။

    “သူဘာလိုချင်လဲဆိုတာ ကျွန်တော့်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ မန်ယူက သူ့အတွက် ဌာနေပါပဲ။ မိုင်ယာမီမှာ ဖြစ်ခဲ့တာအားလုံးနဲ့ပတ်သက်ပြီး သူ့ကို မခြွင်းမချန် ကျွန်တော် အသိပေးခဲ့တယ်။ ဇီဒိန်းကလည်း သူ့ကိုလိုချင်ပြီး နောက်ထပ် လိုချင်တဲ့အသင်း ၅ သင်း ၆ သင်းလောက်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရိုင်အိုလာက ပြောကြားခဲ့သည်။

    ထို့ပြင် မော်ရင်ဟိုမှာ ချယ်ဆီးအား ကိုင်တွယ်စဉ်အခါကတည်းက ပေါ့ဘာကို ခေါ်ယူချင်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ပရိသတ်တွေကို ရေခဲမုန့်လုပ်ကြွေးတဲ့ ပေါ့ဘာ

    ပရိသတ်တွေကို ရေခဲမုန့်လုပ်ကြွေးတဲ့ ပေါ့ဘာ

    သြဂုတ် ၁၆၊ ၂၀၁၆
    M-Media

    pgba

    – ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်စ်ကနေ မန်ယူကို ရောက်လာခဲ့တဲ့ ပေါ့ဘာကို စောင့်မျှော်နေတဲ့ ပရိတ်သတ်တွေရဲ့ဆန္ဒဟာ အခုတစ်ပတ်မှာ ပြည့်ဝသွားခဲ့ပါတယ်။

    ဒါပေမယ့် ပေါ့ဘာကို တွေ့ခဲ့ရတာဟာ ဘောလုံးကွင်းမှာမဟုတ်ဘဲ ရေခဲမုန့်ဆိုင်မှာဖြစ်ပြီး သူ့ရဲ့ အားလပ်ရပ်မှာ ရေခဲမုန့်လုပ်သူအဖြစ် အသုံးတော်ခံခဲ့တာ ဖြစ်ပါတယ်။

    Instagram မှာတော့ သူ ရေခဲမုန့်လုပ်နေတဲ့ပုံကို လွှင့်တင်ထားပြီး “အားလပ်ရပ် ရေခဲမုန့် – ဘယ်သူစားချင်လဲ” လို့ အင်္ဂလိပ်ဘာသာတစ်ဝက်၊ အီတလီဘာသာတစ်ဝက်နဲ့ ရေးသားခဲ့ပါတယ်။

    ပေါ့ဘာဟာ ကိုပါအီတလီယာဖိုင်နယ်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘုန်းမောက်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပါဝင်ခွင့် မရခဲ့ဘဲ လာမယ့်သောကြာနေ့ ဆောက်သက်တမ်နဲ့ပွဲမှာမှ ပွဲထွက်ရဖို့ ရှိနေပါတယ်။

    မန်ယူက ပေါ့ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်း ၈၉.၅ သန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ကာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

    Ref: Goal

  • ပေါ့ဘာမှာ ဆယ်စုနှစ်တစ်ခုအထိ မန်ယူတွင် တောက်ပမည်ဟု မော်ရင်ဟိုပြော

    ပေါ့ဘာမှာ ဆယ်စုနှစ်တစ်ခုအထိ မန်ယူတွင် တောက်ပမည်ဟု မော်ရင်ဟိုပြော

    သြဂုတ် ၉၊ ၂၀၁၆
    M-Media

    pogba

    – မန်ယူအသင်းအနေဖြင့် ပေါ့ဘာအတွက် ကုန်ကျခဲ့သည့် ပြောင်းရွှေ့ကြေးကို ပြန်ရမည်ဖြစ်ပြီး ပေါ့ဘာမှာလည်း လာမည့် ၁၀ စုနှစ်တစ်ခုအထိ မန်ယူတွင် တောက်ပနေလိမ့်မည်ဟု နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ပေါ့ဘာမှာ ဂျူဗင်တပ်အသင်းမှ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၁၀ ဖြင့် မန်ယူသို့ ရောက်ရှိလာခဲ့ပြီး စာချုပ်ကိုလည်း ယနေ့မနက်တွင် အပြီးသတ်နိုင်ခဲ့သည်။ အသက် ၂၃ နှစ်အရွယ်ရှိ ပေါ့ဘာမှာ မန်ယူမှ လူငယ်ဘ၀တွင် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ဂျူ ဗင်တပ်စ်အသင်းတွင် ၄ နှစ်ကစားက စီးရီးအေဖလား ၄ လုံး ရရှိခဲ့သည်။

    မော်ရင်ဟိုကမူ ပေါ့ဘာအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိနေသည်။

    “နောက်ထပ် ဆယ်စုနှစ်တစ်ခုလောက်၊ ဒါမှမဟုတ် ဒီထက်ပိုပြီးတော့ အသင်းရဲ့ နှလုံးသည်းပွတ်ဖြစ်လာနိုင်တဲ့အခွင့်အရေး သူ့ဆီမှာ ရှိနေပါတယ်။ ပေါလ် (ပေါ့ဘာ) ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး အနာဂတ် ကျွန်တော်တည်ဆောက်ချင်တဲ့ မန်ယူအသင်းမှာ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ သူက လျင်မြန်တယ်။ သန်မာတယ်၊ ဂိုးတွေသွင်းနိုင်တယ်။ သူ့ထက် အတွေ့အကြုံပိုရှိသူတွေထက် ပိုပြီးတော့ ပွဲကို သုံးသပ်နိုင်ပါတယ်။ အသက် ၂၃ နှစ်သာ ရှိသေးတာကြောင့် ဒီမှာ နောက်ထပ်နှစ်ပေါင်းမျာစွာ သူ့ရဲ့ ကိုယ်ပိုင်နေရာတစ်ခုကို ရယူဖို့ သူ့မှာ အခွင့်အရေး ရှိနေပါတယ်။ သူဟာငယ်သေးပြီး ဆက်လက် တိုးတက်နေမှာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal