News @ M-Media

Tag: Man U

  • အနာဂတ်အတွက် ဆုံးဖြတ်ပြီးဖြစ်သည်ဟု အီဗရာဟီမိုဗစ်ပြော

    အနာဂတ်အတွက် ဆုံးဖြတ်ပြီးဖြစ်သည်ဟု အီဗရာဟီမိုဗစ်ပြော

    မေ ၂၆၊ ၂၀၁၆
    M-Media

    man u 2

    – မန်ယူသို့ ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်နေသည့် ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်က မိမိအနေဖြင့် အနာဂတ်အတွက် ဆုံးဖြတ်ချက် ချထားပြီး၊ မည်သည့်အသင်းတွင် ကစားမည်ဆိုသည်ကို ရွေးချယ်ပြီးဖြစ်သည်ဟု ပြောကြားလိုက်သည်။

    အီဗရာဟီမိုဗစ်မှာ ပီအက်စ်ဂျီအသင်းနှင့် သက်တမ်းကုန်းဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး ခေါ်ယူမည့်အသင်းအနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရရှိနိုင်မည်ဖြစ်သည်။ လက်ရှိတွင် မန်ယူမှာ အီဗရာဟီမိုဗစ်အား ငွေကြေးအမြောက်အမြားဖြင့် ခေါ်ယူမည်ဟု သတင်းထွက်နေသည်။

    ၎င်းကမူ မိမိအနေဖြင့် နောက်ထပ်ကစားရမည်အသင်းကို သိရှိထားသည်ဟု ပြောကြားခဲ့သော်လည်း မည်သည့်အသင်းဟု မထုတ်ဖေါ်ခဲ့ပေ။

    “အနာဂတ်အတွက် ရေးပြီးသားပါ။ ကျွန်တော် ရွေးချယ်မှု ပြုလုပ်ပြီးပါပြီ။ ယူရိုမတိုင်ခင် စာချုပ်ချုပ်ဖို့ ကိစ္စက ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ မီဒီယာတွေ ရေးတာကို ဖတ်ရတာ ကြိုက်ပါတယ်။ ပျော်စရာကောင်းတယ်လေ။ အင်္ဂလန်၊ အီတလီနဲ့ တစ်ခြားနိုင်ငံတွေလို နိုင်ငံတိုင်းက ကျွန်တော့်ကို စိတ်ဝင်စားနေပါတယ်။ မက်မောစရာကောင်းတဲ့ ကမ်းလှမ်းမှုတွေရှိပြီး အခြားကမ်းလှမ်းမှုတွေလည်း ရှိပါတယ်။ အခုအချိန်အထိ ဘာမှမဖြစ်သေးပါဘူး။ ဥရောပချန်ပီယံရှစ်က ရှိသေးတယ်လေ” ဟု အီဗရာဟီမိုဗစ်က ပြောကြားခဲ့သည်။

    Ref : Goal

  • မန်ယူနှင့် မော်ရင်ဟို ကောင်းမွန်သော လက်တွဲမှုဖြစ်မည်ဟု အန်ဆယ်လော့တီ ပြော

    မန်ယူနှင့် မော်ရင်ဟို ကောင်းမွန်သော လက်တွဲမှုဖြစ်မည်ဟု အန်ဆယ်လော့တီ ပြော

    မေ ၂၅၊ ၂၀၁၆
    M-Media

    morinho

    – မန်ယူနည်းပြသစ်အဖြစ် မော်ရင်ဟိုဖြစ်လာပါက ကောင်းမွန်သော လက်တွဲမှု ဖြစ်လိမ့်မည်ဟု ဘိုင်ယန်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    ဗန်ဂါးလ်အား တနင်္လာနေ့က ထုတ်ပယ်ခဲ့ပြီးနောက် မန်ယူမှာ ပရီးမီးယားလိဂ် ၃ ကြိမ် ရယူထားသည့် မော်ရင်ဟိုအား လာမည့် ရက်အနည်းငယ်အတွင်း ခန့်အပ်တော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ မော်ရင်ဟို အသုံးပြုသည့် ကစားပုံကြောင့် ၎င်းမှာ မန်ယူတွင် အံဝင်ခွင်ကျဖြစ်မည်မဟုတ်ဟု ဝေဖန်မှုများ ရှိနေသော်လည်း အန်ဆယ်လော့တီကမူ မော်ရင်ဟိုအား ထောက်ခံခဲ့သည်။

    “မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်အကြောင်းကို ကောင်းကောင်းကြီးသိထားတာကြောင့် မန်ယူနဲ့ သူဟာ ကောင်းမွန်တဲ့ လက်တွဲမှု ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ပါ။ မန်ယူက လက်ရှိအချိန်မှာ လွန်ခဲ့တဲ့ ၂ နှစ် ဗန်ဂါးလ်လက်ထက် သူတို့လုပ်ခဲ့တာထက် ပိုကောင်းတဲ့အနေအထားမျိုး လိုအပ်နေပါတယ်” ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

    Ref: Goal

  • ထုတ်ပယ်ပြီးနောက် ဗန်ဂါးလ်ကို မန်ယူ ချီးကျူး

    ထုတ်ပယ်ပြီးနောက် ဗန်ဂါးလ်ကို မန်ယူ ချီးကျူး

    မေ ၂၄၊ ၂၀၁၆
    M-Media

    Vangal

    – ဗန်ဂါးလ်အား အသင်းမှ ထုတ်ပယ်ခဲ့ပြီးနောက် အသင်းတွင် ၎င်းတာဝန်ယူသည့်အချိန် ပြောင်မြောက်သည့် အားထုတ်မှုများအတွက် မန်ယူအမှုဆောင် ဒုတိယဥက္ကဌ အဒ် ၀ုဒ်ဝါ့ဒ်က ချီးကျူးပြောဆိုလိုက်သည်။

    FA ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ဝင်ခွင့် မရမှု၊ စွဲမက်ဖွယ် ခြေစွမ်းရအောင် အသင်းအား မတည်ဆောက်နိုင်မှုတို့ကြောင့် မန်ယူမှာ ဗန်ဂါးလ်ကို ယမန်နေ့တွင် အသင်းမှ ထုတ်ပယ်ခဲ့သည်။ ထိုကိစ္စအတွက် အသင်းက ထုတ်ပြန်သော ကြေငြာချက်တွင်မူ ၀ုဒ်ဝါ့ဒ်မှာ ဗန်ဂါးလ်ကို ချီးကျူးခဲ့သည်။

    “အသင်းအတွက် FA ဖလား ၁၂ ကြိမ်ဆိုတဲ့ မှတ်တမ်းတစ်ခုကို ရယူပေးနိုင်ခဲ့တာနဲ့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြောင်မြောက်တဲ့ အားထုတ်မှုတွေအတွက် လူးဝစ်နဲ့ သူ့ရဲ့အဖွဲ့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ သူဟာ ဒီမှာရှိနေတဲ့ ကာလတစ်လျှောက်လုံးမှာ ပရော်ဖက်ရှင်နယ်ပီသစွာနဲ့ ဂုဏ်သိက္ခာရှိစွာ ပြုမူနေထိုင်ခဲ့ပါတယ်။ ပြီးတော့ စွမ်းရည်အမြင့်ဆုံးကို ပြသဖို့ ယုံကြည်မှုတွေရှိနေတဲ့ လူငယ်ကစားသမားတွေကိုလည်း အမွေပေးခဲ့ပါတယ်။ သူ့အနေနဲ့ အနာဂတ်မှာ အကောင်းဆုံးဖြစ်မယ်လို့ အသင်းကလူတိုင်း ဆန္ဒပြုပါတယ်” ဟု ၀ုဒ်ဝါ့ဒ်က ပြောကြားခဲ့သည်။

    ဗန်ဂါးကလည်း မိမိ၏ သက်တမ်းအတွင်း ထောက်ခံအားပေးခဲ့သည့် အသင်းကို ကျေးဇူးတင်ကြောင်း၊ အသင်းရည်မှန်းချက်များကို မဖြည့်ဆည်းနိုင်ခဲ့သော်လည်း အုတ်မြစ်ကောင်းတစ်ခု ချပေးနိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း ထုတ်ပတ်ခံရပြီးနောက် ထုတ်ပြန်သော ၎င်း၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: Goal

  • အနာဂတ်အတွက် မဆွေးနွေးချင်သေးဟု ဗန်ဂါးလ်ပြော

    အနာဂတ်အတွက် မဆွေးနွေးချင်သေးဟု ဗန်ဂါးလ်ပြော

    မေ ၂၂၊ ၂၀၁၆
    M-Media

    man U

    – လာမည့်ရာသီတွင် မော်ရင်ဟိုမှာ မန်ယူ၏ နည်းပြဖြစ်လာမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း လူးဝစ်ဗန်ဂါးလ်ကမူ ၎င်းအနေဖြင့် အနာဂတ်ကို မစဉ်းစားသေးဟု ပြောကြားခဲ့သည်။

    မန်ယူဘုတ်အဖွဲ့မှာ ရာသီကုန်တွင် ဗန်ဂါးလ်နေရာအား အစားထိုးချင်နေသည်ဟု ရာသီအစကတည်းက သတင်းထွက်ပေါ်ခဲ့ပြီး ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟိုမှာ မန်ယူနည်းပြနေရာအတွက် ရေပန်းစားခဲ့သည်။ ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်အား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရကာ FA ဖလားကို ဆွတ်ခူးနိုင်ခဲ့သော်လည်း မန်ယူတာဝန်ရှိသူများ၏ ရပ်တည်ချက်မှာ မပြောင်းလဲဟု သိရသည်။

    ဗန်ဂါးလ်ကမူ ထိုကိစ္စအတွက် မပြောချင်ဟု ဆိုသည်။

    “ကျွန်တော် ဖလားတစ်လုံးယူပေးခဲ့ပြီးပါပြီ။ မီဒီယာသမားတွေက ကျွန်တော့်ကို လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက အသင်းကနေ ထုတ်ထားတာကြောင့် ဒီကိစ္စကို ကျွန်တော် မီဒီယာမှာ မပြောချင်ပါဘူး။ ထွက်ခွာဖို့ကိစ္စအတွက်လည်း မပြောချင်ပါဘူး” ဟု ဗန်ဂါးလ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ အကူအပြောင်းကာလတစ်ခုကို ဖြတ်သန်းနေပြီး၊ ကစားသမားများကို အနားပေးရမည်ဖြစ်ကြောင်း၊ ဖာဂူဆန်နောက်ပိုင်း မန်ယူကို ဖလားရအောင် ပထမဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြဖြစ်လာသည့်အတွက် ဂုဏ်ယူမိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • ဂိုးသွင်းရခြင်းမှာ အပျော်ရွှင်ဆုံးအလုပ်ဟု မာရှယ်ပြော

    ဂိုးသွင်းရခြင်းမှာ အပျော်ရွှင်ဆုံးအလုပ်ဟု မာရှယ်ပြော

    မေ ၂၁၊ ၂၀၁၆
    M-Media

    martial

    – ဂိုးသွင်းရခြင်းမှာ မိမိလုပ်ရမည့်အလုပ်ဖြစ်ပြီး ထိုသို့လုပ်ရသည့်အတွက်လည်း ပျော်ရွှင်မိသည်ဟု မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူး အန်သိုနီမာရှယ်က ပြောကြားလိုက်သည်။

    မိုနာကိုမှ ပေါင် ၃၆ သန်းဖြင့် မန်ယူသို့ ရောက်ရှိလာခဲ့သည့် မာရှယ်မှာ ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲအားလုံး၌ ၁၇ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ အသက် ၂၀ အရွယ်သာရှိသေးပြီး ယခုနှစ် အသင်းတွင် ဂိုးသွင်းအများဆုံးဖြစ်ခဲ့သည့် မာရှယ်ကို တိုက်စစ်မှူး ရူနီကလည်း ချီးကျူးခဲ့သည်။

    မာရှယ်ကမူ မိမိထံမှ ဂိုးများကို ပိုမိုမြင်တွေ့ရဖွယ်ရှိနေသည်ဟု ဆိုသည်။

    “ဂိုးသွင်းတယ်ဆိုတာ ကျွန်တော်လုပ်တဲ့အလုပ်ပါ။ ကျွန်တော့်ကို ပျော်ရွှင်မှုအပေးဆုံးအလုပ်လည်း ဖြစ်ပါတယ်။ ဂိုးသွင်းရပြီဆိုရင် ကျွန်တော့်စိတ်ထဲမှာ တစ်အားပျော်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲဒီအပျော်ကို အပြင်ကို အလွန်အကျွံထုတ်ပြောတတ်သူ မဟုတ်ပါဘူး။ ဂိုးသွင်းရင် မပျော်ဘူးလားဆိုရင်တော့ အဲလို မဟုတ်ပါဘူး။ ဂိုးသွင်းတာဟာ ကျွန်တော့်ကို ပျော်ရွှင်မှု အပေးနိုင်ဆုံးပါ” ဟု မာရှယ်က ပြောကြားခဲ့သည်။

    Ref: Goal