News @ M-Media

Tag: Man U

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၂၈၊ ၂၀၂၀
    M-Media

    ကိုဗစ်စည်းမျဉ်းနှင့်အညီ ပရိတ်သတ် ၂ သောင်းကျော်လက်ခံရန် မန်ယူပြင်ဆင်ထား

    ခပ်ခွာခွာနေထိုင်ရေးအပါအဝင် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ လူ ၂၃၅၀၀ လောက် ကြည့်ရှုနိုင်အောင် အိုးထရက်ဖို့ကွင်းကို မန်ယူအသင်းက ပြင်ဆင်ထားပါတယ်။

    ပရီးမီးယားလိဂ်မှာ အောက်တိုဘာကစပြီး ပရိတ်သတ်တွေဝင်ရောက်ခွင့်ပေးဖို့ အစောပိုင်းက စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်ကူးစက်မှု ပြန်တက်လာတာကြောင့် ဒါကို ယူကေအစိုးရက ရွှေ့ဆိုင်းလိုက်ပြီး နောက်ထပ် ၆ လလောက်အထိ ဒီအတိုင်းသွားမယ်လို့ သတင်းထွက်နေတာပါ။

    အသင်းတာဝန်ရှိသူ အမျိုးသမီး ကိုလက်တီ ရိုချီက စားသောက်ဆိုင်၊ ​လေယာဉ်နဲ့ ရုပ်ရှင်ရုံတွေလိုနေရာမျိုးမှာ လူစုခွင့်ပေးထားပြီး ဘောလုံးပြိုင်ပွဲမှာ ပရိတ်သတ်ဝင်ခွင့်မပေးတဲ့ အစိုးရရဲ့ဆုံးဖြတ်ချက်ကို နားမလည်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ညီအောင် ကွင်းကိုပြင်ဆင်ထားပြီး ​ပရိတ်သတ်တွေကိုလက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကိုဗစ်စစ်ဆေးမှုနည်းလမ်းကို ရော်နယ်ဒိုဝေဖန်

    ပြိုင်ပွဲမကစားခင် အချိန်မီ ရလဒ်မထွက်တဲ့ ကိုဗစ်စစ်ဆေးရေးစနစ်ကို ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဝေဖန်လိုက်ပါတယ်။

    အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုဟာ ကိုဗစ်တွေ့တာကြောင့် အောက်တိုဘာ ၁၃ ရက်နေ့ကတည်းက သီးခြားနေထိုင်နေရတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒုတိယအကြိမ်စစ်ဆေးခဲ့ပြီး အချိန်မီအဖြေမထွက်တာကြောင့် ဒီကနေ့ကစားမယ့် ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပွဲစဉ် အသင်းရဲ့လူစာရင်းမှာ ပါဝင်လာခြင်းမရှိပါဘူး။

    ရော်နယ်ဒိုကတော့ မိမိဟာ ကျန်းမာနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပြီး ရလဒ်အချိန်မီမထွက်တဲ့အတွက် စိတ်ပျက်ရတယ်လို့ ဆိုပါတယ်။

    ရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း မက်ဆီနဲ့ ထိပ်တိုက်တွေ့ဆုံရမယ့်အခွင့်အရေးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

    Ref : BBC

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၆၊ ၂၀၂၀
    M-Media

    ပါတေးကို အာဆင်နယ်က ခေါ်ယူခဲ့မှုအတွက် အက်သလက်တီကို ဒေါသထွက်

    အသက် ၂၇ နှစ်အရွယ် ဂါနာကွင်းလယ်လူ သောမတ်စ် ပါတေးကို အာဆင်နယ်အသင်းက ခေါ်ယူသွားမှုအတွက် အက်သလက်တီကိုမက်ဒရစ်အသင်းက မကျေမနပ်ဖြစ်နေပြီး၊ နည်းပြ ဆီမြွန်နီလည်း ဒေါသအိုး ပေါက်ကွဲခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိနေတဲ့ ပါတေးကို လာလီဂါစည်းမျဉ်းအရ လျော်ကြေးပေးကာ ပေါင် ၄၅ သန်းနဲ့ အာဆင်နယ်က မနေ့မှာ ခေါ်ယူခဲ့တာပါ။

    အက်သလက်တီကိုက ကစားသမားဟာ စာချုပ်ကို တစ်ဖက်သက်ရပ်ဆဲသွားတာ ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အာဆင်နယ်နည်းပြ အာတီတာက အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ပြီးတဲ့နောက် ဒီလို အဆင်မြင့်ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပိုချက်တီနိုကို မန်ယူက ဆက်သွယ်နေသည်ဟု သတင်းထွက်

    လက်ရှိ အသင်းလက်မဲ့ဖြစ်နေတဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူဖို့ မန်ယူက ဆက်သွယ်နေတယ်လို့ ကောလဟာလ ထွက်လာပါတယ်။

    ရာသီအစ အသင်းရဲ့စွမ်းဆောင်ရည်ကို မန်ယူတာဝန်ရှိသူတွေက မနှစ်မြို့ဘဲ ပိုမိုတိုးတက်တာမျိုး မြင်ချင်နေတာပါ။ အမှုဆောင် ဒုတိယဥက္ကဌ အဒ်ဝုဒ်ဝါ့ဒ်ဟာ ပိုချက်တီနိုကို အလွန်ကြိုက်နှစ်သက်သူတစ်ဦး ဖြစ်ပါတယ်။

    အသက် ၄၈ နှစ်အရွယ် ပိုချက်တီနိုဟာ စပါးအသင်းက ထွက်ခွာခဲ့ပြီးနောက်ပိုင်း အသင်းကြီးတစ်ချို့က ကမ်းလှမ်းမှုကို ပယ်ချထားသူပါ။ အခွင့်အရေးရရင် မန်ယူကို နည်းပြချင်တယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုထားဖူးပါတယ်။

    ပရီးမီးယားလိဂ်၏ နွေရာသီအပြောင်းအရွှေ့စားရိတ် ပြီးခဲ့သည့်နှစ်ကထက် လျော့ကျ

    ပရီးမီးယားလိဂ်ရဲ့ အခုနှစ်နွေရာသီအပြောင်းအရွှေ့ သုံးစွဲမှုဟာ ပေါင် ၁.၂၁၈ ဘီလီယံရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် ပေါင် ၁၅၈ သန်း လျော့သွားတာပါ။

    ဒါပေမယ့် ဥရောပ ဘောလုံးပြိုင်ပွဲတွေမှာ အပြောင်းအရွှေ့အတွက် ငွေကြေးအများဆုံးသုံးတဲ့ လိဂ်တစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

    မနေ့က အပြောင်းအရွှေ့နောက်ဆုံးနေမှာ ပရီးမီးယားလိဂ်အသင်းတွေဟာ ကစားသမား ၁၂ ဦးအထိ ခေါ်ယူခဲ့ပါတယ်။

    ဥရောပက ဘောလုံးပြိုင်ပွဲအားလုံးဟာ အခုနှစ်မှာ ကစားသမားတွေခေါ်ယူမှု နည်းခဲ့ပြီး ကိုဗစ်ကပ်ရောဂါကြောင့်ဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေ ကသုံးသပ် ခဲ့ပါတယ်။

    Ref: BBC

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၅၊ ၂၀၂၀
    M-Media

    မှားယွင်းသည့်သမိုင်းကို ရေးခဲ့မိပြီဟု ကလော့ပ်ပြော

    လီဗာပူးလ်ဟာ မှားယွင်းတဲ့ သမိုင်းမှတ်တိုင်တစ်ခုကို ရေးထိုးလိုက်မိပြီလို့ နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။

    ချန်ပီယံဖြစ်ခဲ့တဲ့ မနှစ်က ဖေဖော်ဝါရီလရောက်မှ ရှုံးပွဲတွေ့ခဲ့တဲ့ လီဗာပူးလ်ဟာ ရာသီသစ်ရဲ့ ၄ ပွဲမြောက်ဖြစ်တဲ့ မနေ့မှာ အက်စတွန်ဗီလာကို ၇ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    ကလော့ပ်ကတော့ ဦးဆောင်ဂိုး ပေးလိုက်ရပြီးကတည်းက အသင်းဟာ အခြေပျက်သွားပြီး နောက်ပိုင်းမှာ အမှားတွေ ဆက်တိုက်လုပ်မိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

    ဆိုးလ်ရှားကို စာနာနေတဲ့ မော်ရင်ဟို

    Soccer Football – Premier League – Manchester United v Tottenham Hotspur – Old Trafford, Manchester, Britain – October 4, 2020 Manchester United manager Ole Gunnar Solskjær with Tottenham Hotspur manager Jose Mourinho after the match Pool via REUTERS/Carl Recine EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club /league/player publications. Please contact your account representative for further details.

    မနေ့ကပွဲမှာ အသင်းရဲ့ ကစားပုံဟာ အင်မတန်ချီးကျူးစရာကောင်းခဲ့ပြီး ညဘက် အိပ်ပျော်မှာမဟုတ်တဲ့ ပြိုင်ဘက်အသင်း နည်းပြ ဆိုးလ်ရှားရဲ့အခြေအနေကို စာနာသနားမိတယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

    စပါးဟာ မနေ့က မန်ယူကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ၂၈ မိနစ်မှာ မန်ယူက တစ်ယောက်လျော့သွားပေမယ့် ဒီအရင်ကတည်းက မိမိတို့ဟာ ကစားပုံအသာနဲ့ အနိုင်ရခဲ့တာလို့ မော်ရင်ဟိုက ဆိုပါတယ်။

    မနေ့ကပွဲဟာ အသင်း၊ အသင်းသားတွေနဲ့ သူ့အတွက် သမိုင်းဝင်နိုင်ပွဲဖြစ်ပြီး အိုးထရက်ဖို့မှာ ချယ်ဆီး၊ ရီးယဲလ်မက်ဒရစ် အသင်းတွေနဲ့လည်း မန်ယူကို အနိုင်ယူဖူးတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မနေ့က စပါးနဲ့ပွဲဟာ မိမိသက်တမ်းမှာ အဆိုးဝါးဆုံး ရှုံးနိမ့်မှု ဖြစ်တယ်လို့ ဆိုးလ်ရှားက ဖွင့်ဟပါတယ်။

    ကိုဗစ်ကြောင့် နာပိုလီအသင်း ၃ ဂိုးပြတ်အရှုံးပေးရဖွယ်ရှိနေ

    ကစားသမား ၂ ဦး ကိုဗစ်ကူးစက်နေတဲ့ နာပိုလီအသင်း ရောက်မလာတာကြောင့် မနေ့ကစားမယ့် ဂျူဗင်တပ်စ်နဲ့ နာပိုလီတို့ရဲ့ စီးရီးအေပွဲစဉ်ကို ရပ်ဆိုင်းလိုက်ရပါတယ်။

    ဒေသရဲ့ ကျန်းမာရေးအာဏာပိုင်က နာပိုလီတစ်သင်းလုံး ခရီးမသွားဖို့ အမိန့်ထုတ်လိုက်တာပါ။ အီတလီ ကျန်းမာရေးဝန်ကြီးဌာနဲ့ ဘောလုံးအဖွဲ့ချုပ်တွေ သဘောတူညီချက်အရ ပိုးမရှိတဲ့ ကစားသမား အနည်းဆုံး ၁၃ ဦးရှိရင် ကစားပေးရမှာဖြစ်ပြီး၊ ကစားသမား ၁၀ ဦး ပိုးရှိနေပြီဆိုရင်တော့ ပွဲကို ပြန်ကစားခွင့် တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။

    စီးရီးအေစည်းကမ်းအရ မနေ့ကအဖြစ်အပျက်မှာ ဂျူဗင်တပ်စ်အသင်းကို ၃ ဂိုး ပြတ်နဲ့ အနိုင်ပေးရမှာ ဖြစ်ပါတယ်။ အားကစားရေးရာ တရားသူကြီးရဲ့ မနက်ဖြန်ထုတ်ပြန်ချက်ကို ကြည့်ပြီး လိုအပ်သလို တုန့်ပြန်သွားမယ်လို့ ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ပါတယ်။

    Ref: BBC, Goal

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၄၊ ၂၀၂၀
    M-Media

    ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို မန်ယူက ခေါ်ယူမည်

    မန်ယူအသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ကာဗာနီကို ခေါ်ယူဖို့အတွက် အလွန်နီးစပ်နေပြီလို့ သတင်းတွေ ထွက်လာပါတယ်။

    အသက် ၃၃ နှစ်အရွယ် ကဗာနီဟာ ပြီးခဲ့တဲ့ ဇွန်လက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းပြည့်သွားခဲ့တာပါ။ လက်ရှိ မန်ယူနဲ့ ကာဗာနီတို့ ဆွေးနွေးနေပြီး ၂ နှစ်စာချုပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။

    ကာဗာနီဟာ ဒီကနေ့မှာ အင်္ဂလန်ကိုလာရောက်ပြီး အပြောင်းအရွှေ့ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က နာပိုလီကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကာဗာနီဟာ ပီအက်စ်ဂျီမှာ ၃၀၁ ပွဲကစား ဂိုး ၂၀၀ သွင်းခဲ့ပြီး၊ ကလပ်အသင်းပွဲအားလုံးမှာ ၅၅၆ ဂိုး သွင်းထားပါတယ်။

    နိုင်ငံပွဲတွေမှာတော့ ၁၁၆ ပွဲကစား ဂိုး ၅၀ သွင်းထားပါတယ်။

    ချန်ပီယံဘွဲ့အတွက် ဝေဖန်မှုများကို ဂွါဒီယိုလာ တုန့်ပြန်

    ၃ ပွဲလောက်ကစားပြီးတာနဲ့ ချန်ပီယံလမ်းကြောင်းကနေ သွေဖီသွားပြီဆိုတဲ့ ပြောကြားချက်တွေဟာ သိပ်ကို စောလွန်းနေတယ်လို့ မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက တုန့်ပြန်လိုက်ပါတယ်။

    မနေ့က လိဒ်နဲ့ပွဲမှာ ၁ ဂိုးစီ သရေကျခဲ့ပြီး ရာသီအစ ၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် လက်စတာနဲ့ပွဲမှာလည်း ၅ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    မနေ့ကပွဲအပြီး မန်စီးတီးရဲ့ ချန်ပီယံဘွဲ့ စိန်ခေါ်နိုင်စွမ်းကို ဘောလုံးကျွမ်းကျင်သူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

    ဂွါဒီယိုလာက မိမိတို့အခြေအနေကို သိပြီး အသင်းရဲ့ ကစားပုံကို ကျေနပ်ကြောင်း၊ ဒါပေမယ့် အကောင်းဆုံးအနေအထားကို မရောက်သေးကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စပါးနည်းပြဟောင်းက မော်ရင်ဟိုကို ဝေဖန်

    ချယ်ဆီးကို ကိုင်တွယ်စဉ်က ဆာလာဟ်နှင့် ဒီဘရိုင်းတို့ကို လက်လွှတ်လိုက်ရတဲ့အမှားမျိုး စပါးမှာလည်း မော်ရင်ဟိုက ထပ်မှားတော့မယ်လို့ စပါးနည်းပြဟောင်း တင်မ်ရှားဝုဒ်က သတိပေးလိုက်ပါတယ်။

    အသက် ၂၄ နှစ်သာရှိသေးတဲ့ ကွင်းလယ်လူ ဒယ်လီအလီကို မော်ရင်ဟိုက ရောင်းထုတ်တော့မယ်လို့ သတင်းတွေထွက်နေတာပါ။

    မော်ရင်ဟိုဟာ ချယ်ဆီးမှာတုန်းကလည်း ဆာလာဟ်နဲ့ ဒီဘရိုင်းတို့ကို ကောင်းကောင်းမသုံးကြည့်ဘဲ ရောင်းထုတ်လိုက်ပြီး ဒီကစားသမားနှစ်ယောက်စလုံးဟာ နောက်ပိုင်းမှာ နာမည်ကျော်တွေ ဖြစ်လာပါတယ်။

    တင်ရှားဝုဒ်က လိဂ်ဝမ်းကနေ ပေါင်း ၅ သန်းနဲ့ရောက်လာတဲ့ အလီဟာ တစ်နှစ်အတွင်းမှာပဲ ၂၅ သန်းတန်တဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ကြောင်း၊ နေရာမှန်သာ ကစားရမယ်ဆိုရင် ဂိုးသွင်းကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC, Goal

    mmFootballNews

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၂၈၊ ၂၀၂၀
    M-Media

    ပင်နယ်တီစည်း ကျယ်ကျယ်လိုချင်သည့် ဆိုလ်ရှားဟု မောရင်ဟို စကားနာထိုး

    မန်ယူနည်းပြဟာ ဂိုးစည်း ပိုကျယ်ကျယ်လိုချင်သူတစ်ဦး ဖြစ်တယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

    နောက်ဆုံးမိနစ် ပင်နယ်တီနဲ့ ၃ မှတ်ရခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲအပြီးမှာ ဆိုးလ်ရှားက မော်ရင်ဟိုရဲ့ ဂိုးတိုင်တွေ အတိအကျတိုင်းရမယ်ဆိုတဲ့စကားကို ဟာသပြောခဲ့ပါတယ်။

    မော်ရင်ဟိုက ဆိုးလ်ရှားဟာ ၁၈ ဂိုက်ဂိုးစည်းကို ၂၂ ဂိုက်အထိချဲ့ကာ ပင်နယ်တီပိုရချင်သူလို့ နယူးကာဆယ်ကို ၁ ဂိုစီး သရေကျပြီးတဲ့နောက်မှာ ပြန်တုန့်ပြန်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ်အသင်းများက အသင်းငယ်များကို ကူညီပံ့ပိုးမည်

    ပရီးမီးယားလိဂ် ကလပ်တွေက အောက်တန်းမှာရှိတဲ့ အသင်းငယ်လေးတွေကို ငွေရေးကြေးရေး ကူညီပံ့ပိုးပေးမယ့် သဘောတူညီချက်တစ်ခု မကြာခင် ရရှိတော့မှာ ဖြစ်ပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် ကွင်းအတွင်း ပရိတ်သတ်တွေ ၀င်ရောက်ကြည့်ရှုခွင့်ပေးမယ့် အစီအစဥ်ကို ရပ်ဆိုင်းထားရတဲ့အချိန် ပထမတန်း၊ ဒုတိယတန်းလို အမှတ်ပေးပြိုင်ပွဲတွေက အသင်းငယ်လေးတွေဟာ ဘဏ္ဏာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

    ဗြိတိန် ယဥ်ကျေးမှု၀န်ကြီး အိုလီဗာ ဒိုဒန်က ပရီးမီယားလိဂ် အသင်းတွေဟာ ဘောလုံးလောကတစ်ခုလုံးကို ဖေးမဖို့ လိုအပ်လာပြီလို့ ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ် တာ၀န်ရှိသူတွေနဲ့ အဂ်လိပ် အမှတ်ပေးဘောလုံးပြိုင်ပွဲ တာ၀န်ရှိသူတွေဟာ လက်ရှိမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး လာမယ့်ရက်ပိုင်းအတွင်း ကြေငြာမှာ ဖြစ်ပါတယ်။

    အသင်းသစ်နဲ့ ပထမဆုံးပွဲမှာ စံချိိန်တစ်ခု ယူနိုင်ခဲ့တဲ့ ဆွာရက်ဇ်

    အက်သလက်တီကိုတိုက်စစ်မှူးသစ် ဆွာရက်ဇ်ဟာ မနေ့က ဂရာနာဒါကို အနိုင်ရတဲ့ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီး အသလက်တီကို သမိုင်းတစ်လျှောက် ပွဲဦးထွက်မှာ ၂ ဂိုးသွင်းကာ အသင်းဖော်တွေဂိုးရအောင် ဖန်တီးပေးနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

    ဆွာရက်ဇ်ကတော့ ကစားသမားတစ်ဦးအနေနဲ့ အပြောင်းအလဲလုပ်ဆောင်ဖို့ အရေးကြီးကြောင်း၊ အက်သလက်တီကိုဟာ အလွန်ထူးခြားတဲ့ ကြိုဆိုမှုမျိုးနဲ့ ကြိုဆိုခဲ့ပြီး ဒါက မိမိကို အားဖြစ်စေကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ဘာစီလိုနာမှာ တတိယမြောက် ဂိုးအများဆုံးသွင်းတဲ့ ကစားသမားအဖြစ် မှတ်တမ်းရေးထိုးခဲ့တဲ့ ဆွာရက်ဇ်ဟာ သောကြာနေ့ကမှ အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းလာတာ ဖြစ်ပါတယ်။

    Ref : BBC, Goal