News @ M-Media

Tag: Man U

  • မန်ယူနောက်တန်းတွင် တစ်ဦးချင်းစွမ်းရည်ပိုင်း ပြဿနာရှိနေသည်ဟု ဗန်ဂါးလ်ပြော

    မန်ယူနောက်တန်းတွင် တစ်ဦးချင်းစွမ်းရည်ပိုင်း ပြဿနာရှိနေသည်ဟု ဗန်ဂါးလ်ပြော

    မေ ၁၁၊ ၂၀၁၆
    M-Media

    manu

    – ၀က်စ်ဟမ်းအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် မိမိအသင်းခံစစ်၏ တစ်ဦးချင်းစွမ်းရည်များတွင် ပြဿနာရှိနေသည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ထိုပွဲတွင် မန်ယူမှာ ၁ ဂိုးအရှုံးမှ ပထမပိုင်းတွင် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိအောင် ကစားနိုင်ခဲ့သော်လည်း နောက်တန်းမှာ ၀က်စ်ဟမ်း ကွင်းလယ်နှင့် တိုက်စစ်ကစားသမားများ၏ တစ်ဦးချင်းစွမ်းရည်များကို မယှဉ်နိုင်ခဲ့ဘဲ ဂိုးများပြန်ပေးရကာ ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

    ထိုအရှုံးကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မရေရာတော့ဘဲ မန်စီးတီး၏ ခြေချော်မှုကို စောင့်ကြည့်ရမည်ဖြစ်သည်။

    “ပွဲမစခင်မှာ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့ဟာ တစ်ဦးချင်းကစားပုံတွေမှာ မသေသပ်တာကြောင့် သူတို့ ဂိုးတွေ သွင်းနိုင်ခဲ့တာပါ။ ကျွန်တော်တို့မှာ တစ်ဦးချင်းစွမ်းရည်နဲ့ပတ်သက်ပြီး အခက်ခဲရှိပါတယ်။ ဂိုးအရှေ့ မီတာ ၆၀ အကွာအဝေးမှာ ကျွန်တော်တို့ ပြစ်ဒဏ်ဘောတွေ တော်တော်များများ ပေးခဲ့ရပါတယ်။ ဒါဟာ ပြဿနာတစ်ခုပါပဲ။ သူတို့က တစ်ဦးချင်းပိုင်း ကောင်းမွန်ခဲ့ပြီး ကျွန်တော်တို့ မယှဉ်နိုင်ခဲ့ပါဘူး” ဟု ဗန်ဂါလ်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • လက်ကျန်ပွဲများ ရှုံး၍မရဟု ဗန်ဂါးလ်ပြော

    လက်ကျန်ပွဲများ ရှုံး၍မရဟု ဗန်ဂါးလ်ပြော

    မေ ၇၊ ၂၀၁၆
    M-Media

    van gal

    – ရာသီပြီးဆုံးကာနီး ယခုအချိန်တွင် မိမိတို့အသင်းအနေဖြင့် နောက်ထပ်ရှုံးပွဲကို လက်ခံ၍မရတော့ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ရာသီတစ်လျှောက်လုံး ရုန်းကန်ခဲ့ရသည့် မန်ယူမှာ လက်ရှိအချိန်တွင် FA ဖလား ဖိုင်နယ်သို့ ရောက်ရှိနေကာ ခရစ္စတယ်ပဲလေ့စ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။ ထို့ပြင် ပရီးမီးယားလိဂ်တွင် စတုတ္ထနေရာမှ မန်စီးတီးနှင့် တစ်ပွဲလျော့ ၄ မှတ်အကွာဖြင့် ပဉ္စမနေရာတွင် ရှိနေသောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း မျှော်လင့်ချက် ရှိနေသေးသည်။

    ထို့ကြောင့် ပရီးမီးယားလိဂ် လက်ကျန် ၃ ပွဲကို မန်ယူအသင်းအနေဖြင့် အမှားခံ၍ မရဘဲ ဗန်ဂါးကလည်း အရှုံးနှင့်ကြုံတွေ့ပါက ပြန်လည်၍ ကုစားနိုင်မည်မဟုတ်ဟု ဆိုသည်။

    “အားကစားမှာ အရှုံး၊ အနိုင်ဆိုတာ ရှိစမြဲပါ။ ဒါက လက်ခံရခက်တဲ့ အမှန်တရားပါပဲ။ လက်ကျန် ပွဲတိုင်းကို ကျွန်တော်တို့ နိုင်ရပါမယ်။ ကျွန်တော်တို့အသင်းက လူတိုင်းမှာရှိနေတဲ့ ဖိအားက ကြီးပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်သာမကဘဲ FA ဖလားကိုလည်း ကျွန်တော် ရချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ FA ဖလားဟာ အင်္ဂလန်မှာ အရေးပါတဲ့ ဖလားမို့လို့ပါပဲ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • လာမည့်နှစ်တွင် မန်ယူ၌ ဆက်ရှိနေမည်ဟု ဗန်ဂါးလ်ပြော

    လာမည့်နှစ်တွင် မန်ယူ၌ ဆက်ရှိနေမည်ဟု ဗန်ဂါးလ်ပြော

    မေ ၁၊ ၂၀၁၆
    M-Media

    van gal 2

    – ရာသီအဆုံးတွင် အသင်းမှာ မည်သည့်အခြေအနေကို ရောက်ရှိသည်ဖြစ်စေ မိမိမှာ လာမည့်နှစ်တွင် မန်ယူအသင်း၌ ဆက်ရှိနေမည်ဟု နည်းပြဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေပြီး FA ဖလား နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိနေသည့် မန်ယူနှင့် ဗန်ဂါးလ်တို့၏ အနာဂတ်မှာ မသေချာ မရေရာသေးဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ ထို့ပြင် လာမည့်နှစ်တွင် မော်ရင်ဟိုမှာ မန်ယူအသင်း၏ နည်းပြဖြစ်မည်ဟုလည်း ရေပန်းစားနေသည်။

    သို့သော်လည်း ဗန်ဂါးလ်က အနာဂတ်အတွက် စိုးရိမ်ခြင်းမရှိဘဲ အောင်မြင်မှုမှာ အချိန်ပေးရမည်ဟု ဆိုသည်။

    “ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူတို့က ကျွန်တော့်ကို ခန့်အပ်ခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။ အောင်မြင်မှုလမ်းကြောင်းဟာ ၃ နှစ်လောက်ဖောက်မှ ဖြစ်မယ်လို့ ကျွန်တော်တို့ သိခဲ့ကြပါတယ်။ ကျွန်တော်က ၂ နှစ်ပဲ စာချုပ်ချုပ်ချင်တာပါ။ အသင်းက ၃ နှစ်စာချုပ်စေချင်တယ်။ ကျွန်တော် လက်ခံလိုက်တယ်။ ဒါ့ကြောင့် နောက်နှစ်မှာ ခင်ဗျားတို့ ကျွန်တော့်ကို ထပ်တွေ့ရအုံးမှာပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည့် ၆ လတာကာလအတွင်း မိမိမှာ သီတင်းပတ်တိုင်းတွင် အထုတ်ခံရမည်ဟု ပြောဆိုခံခဲ့ရကြောင်း၊ သို့သော်လည်း အသင်း၌ဆက်ရှိနေခဲ့ပြီး ထိုကဲ့သို့ အခြေအနေမျိုးကို ယခင်ကလည်း ကြုံတွေ့ရဖူးကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

    Ref: Goal

  • ကစားသမားခေါ်ယူမှုတွင် မိမိတို့မှာ လက်စတာထက် ခက်ခဲမည်ဟု မန်ယူနည်းပြပြော

    ကစားသမားခေါ်ယူမှုတွင် မိမိတို့မှာ လက်စတာထက် ခက်ခဲမည်ဟု မန်ယူနည်းပြပြော

    ဧပြီ ၃၀၊ ၂၀၁၆
    M-Media

    man u 2

    – အရည်အသွေးမြင့်ကစားသမားများ ခေါ်ယူရာတွင် မိမိတို့အသင်းမှာ လက်စတာစီးတီးအသင်းထက် ပိုမို၍ ခက်ခဲမည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ မနက်ဖြန်တွင် လက်စတာအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်ပြီး ထိုပွဲတွင် လက်စတာအနိုင်ရပါက အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။ ဗန်ဂါးလ်မှာလည်း ၂၀၀၉ ခုနှစ်က အသင်းငယ် အေဇက် အလ်ခမာအသင်းကို ဒတ်ခ်ျအမှတ်ပေးဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    မန်ယူတွင် ၂ ရာသီ၌ ပြောင်းရွှေ့ကြေး ပေါင်း သန်း ၁၀၀ ကျောက် သုံးစွဲခဲ့ရသည့် ဗန်ဂါးလ်က အသင်းငယ်များမှာ အသင်းကြီးများထက်ပို၍ အရည်အသွေးမြင့်ကစားသမားများကို ခေါ်ယူရာတွင် လွယ်ကူသည်ဟု ပြောကြားခဲ့သည်။

    “အေဇက် ဒါမှမဟုတ် လက်စတာတို့လို အသင်းငယ်လေးတွေဟာ ကစားသမားတွေကို ၀ယ်ယူရာမှာ ပိုပြီးတော့ လွယ်ပါတယ်။ မန်ယူလိုအသင်းမျိုးတောင် အဲဒီလောက်မလွယ်ပါဘူး။ ဈေးအများကြီးပေးရတယ်။ အေးဂျင့်ကိုလည်း ပေးရသေးတယ်။ နောက်မှ ကစားသမားကို ရတာပါ။ အသင်းငယ်တွေမှာ ကစားသမားအပြောင်းအရွှေ့အတွက် ဖိအားလည်းနည်းတယ်။ ကစားရတဲ့ ကစားသမားတွေအတွက်လည်း ဖိအားနည်းပါတယ်။ ဒါဟာ ခြားနားမှုပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် လက်စတာအသင်းကိုလည်း ၎င်းက ထည့်သွင်းချီးကျူးခဲ့ပြီး ရာသီကုန်တွင် ချန်ပီယံဖြစ်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူအတွက် လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့သည်ဟု ဗန်ဂါးလ်ပြော

    မန်ယူအတွက် လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့သည်ဟု ဗန်ဂါးလ်ပြော

    ဧပြီ ၂၅၊ ၂၀၁၆
    M-Media

    Van gal

    – မိမိလိုချင်သော အရည်အသွေးကို မပိုင်ဆိုင်သည့် လူစာရင်းနှင့် မိမိလုပ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးခဲ့သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ရာသီပြီးဆုံးရန် လေးပွဲ အလိုတွင် မန်ယူမှာ အဆင့် ၅ နေရာတွင် ရှိနေပြီး FA တွင် နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိနေသည်။ မန်ယူအသင်း၏ စွမ်းဆောင်ရည်မှာ ရှိသင့်သည်ထက် နိမ့်ပါးနေသောကြောင့် ဗန်ဂါးလ်မှာ တစ်ရာသီလုံး ဖိအားဒဏ်ကို ခံစားခဲ့ရပြီး၊ ၎င်းကမူ ကစားသမားများက လျင်မြန်မှု၊ ဖန်တီးနိုင်မှုတို့ မရှိသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

    “အရင်ကလည်း ကျွန်တော် အားလုံး ပြောပြီးပါပြီ။ ပြီးတော့ အပြောင်းအရွှေ့ကာလမှာလည်း ကျွန်တော် ဒါပဲ ပြောခဲ့ပါတယ်။ ကစားသမားတွေဆီကနေ ကျွန်တော်လိုချင်တဲ့ စွမ်းဆောင်ရည်မျိုး အမြဲတမ်းမရတာကြောင့် ကျွန်တော့်ကို ဝေဖန်မှုတွေဟာ စိတ်အနှောက်အယှက်ဖြစ်စရာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဒီအခြေအနေမှာ ရှိနေပါတယ်။ အဆင့် ၄ နေရာအတွက် တိုက်ပွဲဝင်နေတယ်။ FA ဖလားမှာလည်း ကျွန်တော်တို့ နောက်ဆုံး ဗိုလ်လုပွဲကို ရာက်နေပါတယ်” ဟု ဗန်ဂါးလ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal