News @ M-Media

Tag: Man U

  • ဗန်ဂါးလ်၏ နည်းစနစ်ပိုင်းကို မန်ယူကစားသမားများ ဝေဖန်ထောက်ပြခဲ့

    ဗန်ဂါးလ်၏ နည်းစနစ်ပိုင်းကို မန်ယူကစားသမားများ ဝေဖန်ထောက်ပြခဲ့

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    mu

    – ပြီးခဲ့သည့် ပရီးမီးယာလိဂ်ပွဲစဉ်တွင် နော်ဝစ်ခ်ျအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီးနောက် မန်ယူ၏ အဓိကကစားသမားများမှာ နည်းပြဗန်ဂါးလ်နှင့် ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်း၏ နည်းစနစ်များ၊ လေ့ကျင့်ရေးပုံစံများကို ဝေဖန်ကာ ပြောင်းလဲမှုများပြုလုပ်ရန် တိုက်တွန်းခဲ့ကြသည်ဟု သိရသည်။

    ထိုဆွေးနွေးမှုကို အသင်းခေါင်းဆောင် ရူနီ၊ မိုက်ကယ်ကာရစ်၊ ခရစ်စမောလင်းနှင့် ဂျူအန်မာတာတို့က ဦးဆောင်ခဲ့ပြီး ဗန်ဂါးလ်၏ ပြင်းထန်သော လေ့ကျင့်ရေးအစီအစဉ်များ၊ ပွဲကစားမည့်နေ့တွင် အသုံးပြုသည့် တင်းကျပ်သော နည်းစနစ်ပိုင်းဆိုင်ရာများကို ထောက်ပြ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

    အသင်းရှိ ကစားသမားများ ဒဏ်ရာပြဿနာနှင့် ကြုံတွေ့ရမှုမှာလည်း လိုအပ်သည်ထက်ပိုသည့် လေ့ကျင့်မှုများကြောင့်ဟု မန်ယူကစားသမားများက ယုံကြည်နေသည်။ စပိန်ကစားသမားများဖြစ်ကြသော မာတာနှင့် ဟာရဲရားတို့ကလည်း မန်ယူတွင် သတ်သတ်မှတ်မှတ်မရှိသော ၎င်းတို့၏ အခြေအနေက ယူရို ၂၀၁၆ ၀င်မည့် စပိန်လက်ရွေးစင်အသင်း နေရာအတွက်ပါ ခြိမ်းခြောက်နေသည်ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုဆွေးနွေးမှုကြောင့် အသင်းအား လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ပို့ဆောင်ရာတွင် မန်ယူကစားသမားများနှင့် ဗန်ဂါးလ်ဦးဆောင်သည့် နည်းပြအဖွဲ့တို့အကြား အတူတကွ လက်တွဲလုပ်ဆောင်သွားရန် သဘောတူညီချက် ရခဲ့သည်ဟု သိရသည်။

    Ref: Dailymail

  • ဖာဂူဆန်နှင့် ဗန်ဂါးလ်ကို နှိုင်းယှဉ်ခြင်းမပြုရန် မန်ယူနောက်ခံလူဟောင်း တိုက်တွန်း

    ဖာဂူဆန်နှင့် ဗန်ဂါးလ်ကို နှိုင်းယှဉ်ခြင်းမပြုရန် မန်ယူနောက်ခံလူဟောင်း တိုက်တွန်း

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    vna

    – ဖာဂူဆန်လက်ထက်က အသင်း၏ အခြေအနေများနှင့် လက်ရှိ အသင်းအခြေအနေအား နှိုင်းယှဉ်မှုမပြုရန် မန်ယူနောက်ခံလူဟောင်း ဖီးလ်နဗီးလ်က ပြောဆိုလိုက်ပြီး နည်းပြ လူးဝစ်ဗန်ဂါးလ်အား ထောက်ခံအားပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

    ခြေစွမ်းပြနိုင်ခြင်းမရှိသည့်မန်ယူမှာ နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲရရှိခြင်းမရှိဘဲ၊ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားသည်။ ထို့ကြောင့် နည်းပြဗန်ဂါးလ်မှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး ထုတ်ပယ်ခံရမည့်သတင်းများလည်း ထွက်ပေါ်နေသည်။ အကယ်၍ မန်ယူနည်းပြ အပြောင်းအလဲဖြစ်ပါက ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် နည်းပြ မော်ရင်ဟိုက မန်ယူနည်းပြဖြစ်ရန် ရေပန်းစားနေသည်။

    “အခုက ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မဟုတ်တော့ဘူးဗျ။ အဲဒီအချိန်တွေက ပြီးပြီ။ လက်တွေ့အခြေအနေကို ဆန်းစစ်ဖို့လိုပါတယ်။ အခုဟာက ဗန်ဂါးလ်ခေတ်ပါ။ ချင်းခြင်းပြောင်းလဲတာဟာ အဖြေမဟုတ်ပါဘူး” ဟု နဗီးလ်က BBC သို့ ပြောကြားခဲ့သည်။

    မန်ယူအသင်း ခြေစွမ်းမပြနိုင်မှုနှင့် ပတ်သက်၍လည်း ၎င်းက “ကျွန်တော်မန်ယူကစားသမားအဖြစ် ၉ နှစ်ကစားခဲ့တယ်။ သီတင်းပတ်တိုင်းက အမြဲတမ်းမကောင်းပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဗန်ဂါးလ်အား ပရိတ်သတ်များက ထုတ်ပယ်စေချင်ကြသည်ဟု စစ်တမ်းတစ်ခုက ဖော်ပြ

    ဗန်ဂါးလ်အား ပရိတ်သတ်များက ထုတ်ပယ်စေချင်ကြသည်ဟု စစ်တမ်းတစ်ခုက ဖော်ပြ

    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    vangal

    – မန်ယူနည်းပြ ဗန်ဂါးလ်၏ အနာဂတ်နှင့် ပတ်သက်၍ နာမည်ကြီးဘောလုံးဝဘ်ဆိုက် Goal က စစ်တမ်းကောက်ယူခဲ့ရာ ၈၆ ရာခိုင်နှုန်းက မန်ယူအနေဖြင့် ဗန်ဂါးလ်အား ထုတ်ပယ်သင့်သည်ဟု ဆန္ဒပြုခဲ့ကြသည်။

    နော်ဝစ်ခ်ျအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် စာဖတ်ပရိတ်သတ်များအကြား ထိုကဲ့သို့ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ မန်ယူမှာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲမရရှိခဲ့ဘဲ ထိုမှတ်တမ်းမှာ ဖလား ၃ လုံးရခဲ့သည့် ၁၉၉၈-၉၉ ဘောလုံးရာသီနောက်ပိုင်း အရှည်ကြာဆုံး နိုင်ပွဲပျောက်မှုလည်းဖြစ်သည်။

    ကြာသာပတေးနေ့က ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟိုကို မန်ယူနည်းပြသစ်အဖြစ် အစားထိုးရန် ရေပန်းစားနေသည်။ အဆိုပါ မဲပေးမှုတွင် မန်ချက်စတာမြို့မှ ပရိတ်သတ်များ၏ ၈၂ ရာခိုင်နှုန်းက အံ့သြစရာကောင်းလောက်အောင် ဗန်ဂါးလ်အား ထုတ်ပယ်ရန် ဆန္ဒပြုခဲ့ကြသည်။

    Ref: Goal

  • မန်ယူမှ ထွက်ရမည့်ကို ဗန်ဂါးလ်စိုးရိမ်နေပြီး၊ မော်ရင်ဟိုက ဗန်ဂါးလ်နေရာလိုချင်နေသည်ဟု သတင်းများထွက်နေ

    မန်ယူမှ ထွက်ရမည့်ကို ဗန်ဂါးလ်စိုးရိမ်နေပြီး၊ မော်ရင်ဟိုက ဗန်ဂါးလ်နေရာလိုချင်နေသည်ဟု သတင်းများထွက်နေ

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    Van

    – မိမိအနေဖြင့် ရာထူးမှ ထုတ်ပယ်ခြင်းခံရပါက ဂုဏ်သိက္ခာအား အလွန်အမင်း ထိခိုက်မည်ဖြစ်သည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲတွင် နိုင်ပွဲမရှိသေးဘဲ ချန်ပီယံလိဂ်တွင်လည်း ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ဗန်ဂါးလ်၏ အနာဂတ်အတွက် မေးခွန်းများလည်း မြင့်တက်လာခဲ့သည်။

    “အသင်းက ကျွန်တော့်ကို့ ထုတ်ပယ်တာမျိုးနဲ့တော့ ကျွန်တော့်နည်းပြအလုပ်ကို အဆုံးမသတ်ချင်ပါဘူး။ အထုတ်ခံရပြီးမှ ဘောလုံးလောကကိုနှုတ်ဆက်ရတာဟာ ကျွန်တော့်အတွက် တော်တော်လေး စိတ်ပျက်ဖွယ်ရာ ဖြစ်ပါလိမ့်မယ်။ မီဒီယာတွေ၊ အသင်းပရိတ်သတ်တွေရဲ့ ဖိအားထက် ကျွန်တော့်ဂုဏ်သိက္ခာကရှိတဲ့ ဖိအားဟာ ကျွန်တော့်အတွက် ပိုများတယ်လို့ ထင်ပါတယ်” ဟု ဗန်ဂါးလ်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    အားကစားမီဒီယာတစ်ခုဖြစ်သည့် ESPN ကလည်း မော်ရင်ဟိုမှာ မန်ယူအား နည်းပြချင်နေသည်ဟု ယမန်နေ့တွင် ဖော်ပြခဲ့သည်။ ချယ်ဆီးမှ ကြာသာပတေးနေ့တွင် အထုတ်ခံလိုက်ရသည့် မော်ရင်ဟိုမှာ အန်ဆယ်လော့တီ၊ ဂွာဒီယိုလာတို့နှင့်အတူ ဗန်ဂါးလ်၏နေရာကို အစားထိုးရန် ရေးပန်းစားလာခဲ့သည်။

    ထို့ပြင် ၎င်း၏ အေးဂျင့်မှာ မန်ယူနှင့်ပင် ဆွေနွေးနေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ ESPN ကမူ မော်ရင်ဟိုမှာ လာမည့်ရာသီအတွက် မန်ယူမှ ခိုင်မာသည့် ကမ်းလှမ်းမှုကို ရရှိခဲ့ပြီး၊ မော်ရင်ဟို၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းနေရကြောင်း အေးဂျင့်ဖြစ်သူမှတစ်ဆင့် သိရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

    Ref: Goal

  • မန်ယူမှာ မနှစ်ကထက် ပိုကောင်းလာသည်ဟု ဗန်ဂါးလ်ပြော

    မန်ယူမှာ မနှစ်ကထက် ပိုကောင်းလာသည်ဟု ဗန်ဂါးလ်ပြော

    ဒီဇင်ဘာ ၉၊ ၂၀၁၅
    M-Media

    man u – ချန်ပီယံလိဂ်အရှုံးအတွက် မိမိကိုယ်ကို မကာကွယ်ချင်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်ပြီး မိမိတို့အသင်းမှာ ယမန်နှစ်ကထက် ပိုကောင်းလာသည်ဟု ဆိုသည်။

    ယနေ့မနက်က ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွင် မန်ယူမှာ ဂျာမနီမြေ၌ ၀ုလ်ဖ်ဘာ့ဂ်အား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုတတိယသာ ရရှိခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် ဆုံးရှုံးခဲ့ရကာ ယူရိုပါလိဂ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

    “အခုအချိန်မှာ ချန်ပီယံလိဂ်က ထွက်ရတာအတွက် ကျွန်တော် ကာကွယ်လို့ မရပါဘူး။ ဒါပေမယ့် အချက်အလက်တွေအရတော့ ကျွန်တော်တို့ဟာ မနှစ်ကထက် ပိုကောင်းနေပါတယ်” ဟု ဗန်ဂါးလ်က ချန်ပီယံလိဂ်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    “ဒီရာသီ ကပီတယ်ဝမ်းဖလားမှာ ကျွန်တော်တို့ရောက်နေတဲ့အဆင့်၊ ချန်ပီယံလိဂ်အုပ်စုဝင်ခွင့်ရတာတွေကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ကျွန်တော်တို့ ဒီပွဲတွေအားလုံးကို ကောင်းကောင်းမွန်မွန်ကစားခဲ့ပြီး လိဂ်မှာလည်း အရမ်းကောင်းတဲ့အခြေအနေ ရှိနေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ကထွက်ခဲ့ရတဲ့အတွက် ကျွန်တော် စိတ်ပျက်မိပါတယ်”

    Ref: Goal