News @ M-Media

Tag: Man U

  • ယခုနှစ်တွင် မန်ယူ ချန်ပီယံလိဂ်မရနိုင်ဟု ဗန်ဂါးလ်ပြော

    ယခုနှစ်တွင် မန်ယူ ချန်ပီယံလိဂ်မရနိုင်ဟု ဗန်ဂါးလ်ပြော

    ဒီဇင်ဘာ ၆၊ ၂၀၁၅
    M-Media

    vnagal

    – ယခုရာသီတွင် ချန်ပီယံလိဂ်၌ ဗိုလ်စွဲနိုင်သည့် စွမ်းဆောင်ရည်မျိုး မိမိတို့တွင်မရှိဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်ပြီး လာမည့်နွေရာသီတွင် လူအင်အားဖြည့်တင်းရန် လိုအပ်သည်ဟု ဆိုသည်။

    ချန်ပီယံလိဂ် အုပ်စု B တွင် ဒုတိယနေရာ ရရှိထားသော်လည်း မန်ယူမှာ နောက်တစ်ဆင့်တက်ရေးအတွက် မသေချာသေးဘဲ အင်္ဂါနေ့ ၀ုလ်ဖ်ဘာ့ဂ်အသင်းနှင့်ပွဲအား အနိုင်ရမှ သေချာမည်ဖြစ်သည်။ ဗန်ဂါးလ်ကမူ မိမိတို့အသင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ချန်ပီယံလိဂ် ဖလားအား စိန်ခေါ်နိုင်ခြင်းမရှိဟု ဆိုသည်။

    “အခုအချိန်မှာ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့လူစာရင်းကို တောင့်တင်းအောင်လုပ်နိုင်တဲ့ နောက်နှစ်လောက်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ တွေ့လာသမျှ ပြိုင်ဘက်တွေကို အနိုင်ကစားနိုင်ပေမယ့် ပုံမှန်ဆိုရင်တော့ ချန်ပီယံလိဂ်မှာဗိုလ်စွဲဖို့ လုံလောက်အောင် မကောင်းသေးပါဘူး။ ဒါပေမယ့် အရာရာတိုင်းကို ကြိုးစားသွားမှာပါ” ဟု ယမန်နေ့က ၀က်စ်ဘရွန်းအသင်းအား ဂိုးမရှိသရေကျခဲ့သည့် ပွဲအပြီးတွင် ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • အသင်းနှင့် ဆက်ဆံရေးမကောင်းပါက ထွက်ခွာမည်ဟု ဗန်ဂါးလ်ပြော

    အသင်းနှင့် ဆက်ဆံရေးမကောင်းပါက ထွက်ခွာမည်ဟု ဗန်ဂါးလ်ပြော

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    vnagal

    – ကစားသမားများနှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိတော့ဟု ခံစားရပါက အသင်းမှထွက်ခွာမည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်တွင် တတိယနေရာ ရှိနေသော်လည်း အသင်း၏ စွမ်းဆောင်ရည် မကောင်းမှု၊ ချန်ပီယံလိဂ်တွင် နောက်တစ်ဆင့်တက်ရေး မရေရာမသေချာ ဖြစ်နေမှုတို့ကြောင့် မန်ယူမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ဗန်ဂါးလ်မှာလည်း ဖိအားများနှင့် ရင်ဆိုင်နေရသည်။

    “ကျွန်တော့်ရဲ့အမြင်မှာ အရေးကြီးဆုံးကတော့ အသင်းသားတွေ၊ ၀န်ထမ်းတွေနဲ့ ဆက်ဆံရေးပါပဲ။ ဒီဆက်ဆံရေးက အရေးအကြီးဆုံးပါ။ ဒါမျိုးရှိနေတယ်လို့ ခံစားနေရသမျှ ကျွန်တော်ဟာ အလုပ်လုပ်နေမှာပါ။ အကောင်းဆုံး အလုပ်လုပ်သွားမှာပါ။ ဒါမျိုးမရှိဘူးလို့ ခံစားလာရရင်တော့ ကျွန်တော်ဟာ အရင်ဆုံးထွက်သွားမယ့် နည်းပြပါပဲ။ ကျွန်တော့်ရဲ့ အရင်ကလပ်အသင်းတွေနဲ့ အရင်အလုပ်တွေမှာ ကျွန်တော် ဒါကို သက်သေပြခဲ့ပြီးပါပြီ။ ပိုက်ဆံကိစ္စကြောင့် အလုပ်ထွက်ဖို့ဆုံးဖြတ်ချက်ချတဲ့ နည်းပြမျိုး မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲလိုနည်းပြမျိုးပါပဲ” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ရှင်းပြခဲ့သည်။

    Ref: Goal

  • ခြေစွမ်းမပြနိုင်လျှင် ရူနီကိုမရွေးဟု ဗန်ဂါးလ်ပြော

    ခြေစွမ်းမပြနိုင်လျှင် ရူနီကိုမရွေးဟု ဗန်ဂါးလ်ပြော

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    mu

    – အသင်းရှိ တိုက်စစ်မှူးရူနီ၏ ခြေစွမ်းမှာ လက်ခံနိုင်လောက်သည့် အဆင့်အတန်းတွင် မရှိပါက ၎င်းအား ရွေးချယ်မည်မဟုတ်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    အသင်းခေါင်းဆောင် ရူနီမှာ ယခုရာသီ ပရီးမီးယားလိဂ် ၁၁ ပွဲတွင် ၂ ဂိုးသာ သွင်းယူထားနိုင်ပြီး ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်း မရှိသောကြောင့် ဝေဖန်မှုများကို ခံနေရသည်။ ယနေ့တွင်ကစားမည့် လက်စတာစီးတီးနှင့်ပွဲတွင် ရူနီမှာ ပါဝင်မည်ဟု မျှော်လင့်ရပြီး ဗန်ဂါးလ်ကမူ ရူနီအား နေရာပေးမှုအတွက် ကာကွယ်ပြောကြားခဲ့သည်။

    “၀ိန်းဟာ တော်တော်လေး ကြိုးစားခဲ့ပါတယ်။ အသင်းကိုလည်း အများကြီး အကူအညီပေးခဲ့ပါတယ်။ သူနဲ့ပတ်သက်ပြီး ကျွန်တော် တော်တော်လေးကျေနပ်ပါတယ်” ဟု ပြောကြားခဲ့ပြီး၊ ရူနီမှာ နေရာပေးရန် တိုက်တန်လားဟု မေးမြန်းရာ ၎င်းက “တကယ် ထိုက်တန်တာပေါ့ဗျာ။ အဲဒီလိုမဟုတ်ရင် ချန်လှပ်ခံရမှာပေါ့။ အခုအချိန်မှာ သူဟာ အထောင်တိုက်စစ်မှူးနေရာမှာ မကစားပါဘူး။ မာရှယ်က အဲဒီနေရာမှာ ကစားနေတာပါ။ ဒါပေမယ့် နောက်ပွဲတွေမှာ သူအဲဒီနေရာမှာ ကစားရနိုင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal

  • ရူနီကို မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ပြင်းပြင်းထန်ထန် ဝေဖန်

    ရူနီကို မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ပြင်းပြင်းထန်ထန် ဝေဖန်

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    rooney

    – အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရသည့် မန်ယူတိုက်စစ်မှူး ရူနီမှာ ခေါင်းဆောင်မှုစွမ်းရည်မရှိဟု အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ရှုတ်ချလိုက်ပြီး WWE နပန်းပွဲတွင် နပန်းသမားအား ပါးရိုက်ခဲ့သည့်အတွက်လည်း ဝေဖန်လိုက်သည်။

    ယနေ့မနက်တွင် ပီအက်စ်ဗီအသင်းအား ဂိုးမရှိသရေ ကျခဲ့ပြီးနောက် ဗန်ဂါးလ်၏မန်ယူမှာ အုပ်စုအဆင့်မှ တက်ရေးအတွက် မသေချာတော့ပေ။ ရူနီမှာလည်း ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ မန်ယူအတွက် နောက်ဆုံးကစားခဲ့သည့် ၁၀ ပွဲတွင် ၂ ဂိုးသာ သွင်းယူထားနိုင်သည်။

    “၀ိန်းဟာ စိတ်တည်ငြိမ်မှုမရှိသလို၊ ခေါင်းဆောင်မှု အရည်အချင်းလည်း မရှိပါဘူး။ ဒါပေမယ့် သူတစ်ယောက်တည်း အပြစ်ရှိတာတော့ မဟုတ်ပါဘူး။ အိုးထရက်ဖို့ဒ်မှာ ၀ိန်းရဲ့ သမိုင်းကိုကြည့်ရင်တော့ မယုံနိုင်စရာပါပဲ။ ဂိုးသွင်းနှုန်းကလည်း သိပ်ကောင်းပါတယ်။ ဒါပေမယ့် အခုတော့ သူက အသင်းခေါင်းဆောင်ဖြစ်နေပြီး တာဝန်ခံနိုင်မှု ပိုရှိရပါမယ်။ ပြီးတော့ သူဟာ တော်တော်လေး ပိုလုပ်ရမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ကိန်းက ပြောကြားခဲ့သည်။

    ထို့ပြင် နပန်းသမားတစ်ဦးအား ပါးရိုက်မှုနှင့် ပတ်သက်၍လည်း ရွိုင်ကိန်းက “ကွင်းပြင်ပမှာ ဘာတွေလုပ်လဲ ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် ကစားသမားအချို့ကိုလောက်ပဲ မေးခွန်းထုတ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က သူ (ရူနီ) ဟာ နပန်းသမားတစ်ယောက်ပို ပါးရိုက်လိုက်တယ်။ ‘ဘာ့ကြောင့် သူ ဒီလို အဓိပ္ပါယ်မရှိတဲ့အလုပ်တွေလုပ်လဲ’ ဆိုပြီး ကျွန်တော် စဉ်းစားပါတယ်။ သူ့အတွက် ဘာမှ အကျိုးမရှိဘူးလေ” ဟု ဝေဖန်ပြောကြားခဲ့သည်။

    Ref: Goal

  • ဗန်ဂါးလ်ကို ၁၀ ရက်အတွင်း ၃ ကြိမ် အနိုင်ယူခဲ့ဖူးသည်ဟု လက်စတာနည်းပြပြော

    ဗန်ဂါးလ်ကို ၁၀ ရက်အတွင်း ၃ ကြိမ် အနိုင်ယူခဲ့ဖူးသည်ဟု လက်စတာနည်းပြပြော

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    van

    – စပိန်တွင် ရှိစဉ်အခါက ဗန်ဂါးလ်ကိုင်တွယ်သည့် အသင်းအား မိမိက ၁၀ ရက်အတွင်း ၃ ကြိမ် အနိုင်ယူခဲ့သည်ဟု လက်စတာစီးတီးအသင်းနည်းပြ ကလော်ဒီယို ရာနီရေးရီက ပြောကြားလိုက်သည်။

    လက်ရှိတွင် ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေသည့် လက်စတာစီးတီးအသင်းမှာ စနေနေ့တွင် မန်ယူအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။ ရာနီရေးနီမှာ ၁၉၉၉ ခုနှစ်က ဗလင်စီယာအား ကိုင်တွယ်နေသည့်အချိန် ဗန်ဂါးလ်ကိုင်တွယ်သည့် ဘာစီလိုနာအသင်းကို ၁၀ ရက်အတွင်း ၃ ပွဲတိတိ ဆက်တိုက် အနိုင်ယူနိုင်ခဲ့သည်။

    “ကျွန်တော် ကောင်းကောင်း မှတ်မိပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့ စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပထမအကျော့မှာ ဘာစီလိုနာကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ၂၄ ရက်နေ့မှာ မက်စ်တဲလားကွင်းမှာ ဒုတိယအကျော့ အဖြစ် ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ၂၇ ရက်နေ့မှာလည်း နျူးကမ့်က လာလီဂါပွဲမှာ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဖိုင်နယ်မှာ အက်သလက်တီကိုကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ကစားပြီး ရာသီအဆုံးမှာ ကျွန်တော်တို့ ဘုရင့်ဖလားကို ရရှိခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့အသင်းက တော်တော် တောင့်တင်းပါတယ်” ဟု ရာနီရေးရီက ပြောကြားခဲ့သည်။

    လက်စတာမှာ ပရီးမီးယားလိဂ် ၁၃ ပွဲတွင် တစ်ပွဲသာရှုံးထားပြီး မန်ယူအား ၁ မှတ်ဖြတ်ကာ ဇယားအား ဦးဆောင်ထားသည်။

    “ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ မန်ယူဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အင်အားကြီးအသင်း ဖြစ်တယ်။ ပြီးတော့ ဗန်ဂါးလ်ကလည်း အကောင်းဆုံးနည်းပြထဲက တစ်ဦးပါပဲ”

    Ref: Goal