News @ M-Media

Tag: Man U

  • မန်ယူ၏ နံပါတ် ၇ ဂျာစီက ဖိအားမဟုတ်ဟု ဘက်ခမ်းပြော

    မန်ယူ၏ နံပါတ် ၇ ဂျာစီက ဖိအားမဟုတ်ဟု ဘက်ခမ်းပြော

    နိုဝင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    dpay

    – မန်ယူအသင်း၏ နံပါတ် ၇ အင်္ကျီမှာ ကွင်းလယ်လူ မန်ဖစ် ဒီပေးအတွက် ၀န်ထုတ်ဝန်ပိုးထက် လေးစား အားကျစရာဖြစ်မည်ဟု မိမိယုံကြည်ကြောင်း ဂန္တ၀င်ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားလိုက်သည်။

    မန်ယူ၏ နံပါတ် ၇ ဂျာစီအား အဲရစ်ကန်တိုနာ၊ ဂျော့ဂ်ျဘတ်စ်၊ ခရစ္စတီယာနို ရော်နယ်ဒိုနှင့် ဘက်ခမ်းတို့ပါအ၀င် ကစားသမားကောင်းများ ၀တ်ဆင်ခဲ့သည့် သမိုင်းရှိသည်။ နယ်သာလန်ကွင်းလယ်လူ ဒီပေးမှာ မန်ယူသို့ ရောက်ရှိပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းကို ရရှိခြင်းမရှိသေးဘဲ ၎င်းဝတ်ဆင်သည့် နံပါတ် ၇ ဂျာစီ၏ ဖိအားကြောင့် ဖြစ်နိုင်သည်ဟု ဝေဖန်မှုများ ရှိနေသည်။

    “အဲဒီဂျာစီက ခြိမ်းခြောက်မှုလို့ ကျွန်တော် မထင်ပါဘူး။ ဒါက ဂုဏ်ယူစရာတစ်ခုပါ။ နံပါတ် ၇ ဂျာစီကို ၀တ်ဆင်ခွင့်ရတဲ့အခါ အတိတ်မှာ ဒီဂျာစီက ဘယ်သူဝတ်ခဲ့တာ၊ ဒါမှမဟုတ် အဲဒီကစားသမားက ဘယ်လိုအောင်မြင်ခဲ့တာတွေဟာ ကိစ္စမရှိပါဘူး။ ဒီအင်္ကျီဝတ်ဆင်ရတာဟာ ထူးခြားပါတယ်။ ဒါပေမယ့် ကျွန်တော့် ကိုယ်ပိုင်အမြင်အရတော့ ဒါဟာ ဖိအားဖြစ်တယ်လို့ မထင်ပါဘူး။ ကျွန်တော့်အတွက်တော့ ဒါဟာ လေးစားအားကျစရာ ဖြစ်ပါတယ်” ဟု ဘက်ခမ်းက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုဂျာစီမှာ မိမိ၏ ဂျာစီမဟုတ်ဘဲ ဂျော့ဘတ်စ်၊ ဘရိုင်ယန် ရော့ဘ်ဆန်၊ အဲရစ်ကန်တိုနာတို့ ၀တ်ဆင်ခဲ့သည့် ဂျာစီသာဖြစ်ကြောင်း၊ ၎င်းတို့ကြောင့် မိမိမှာ ထိုအင်္ကျီကို ၀တ်ဆင်လိုခြင်းသာ ဖြစ်ကြောင်း ဘက်ခမ်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ပရီးမီးယားလိဂ်မှာ နည်းစနစ်ပိုင်းတွင် စီးရီးအေကို မယှဉ်နိုင်ဟု မန်ယူနောက်ခံလူဆို

    ပရီးမီးယားလိဂ်မှာ နည်းစနစ်ပိုင်းတွင် စီးရီးအေကို မယှဉ်နိုင်ဟု မန်ယူနောက်ခံလူဆို

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    dar

    – ကြံ့ခိုင်မှုပိုင်းတွင် ပရီးမီးယားလိဂ်က ပိုမိုသာလွန်သော်လည်း နည်းစနစ်ပိုင်းတွင်မူ စီးရီးအေကို မယှဉ်နိုင်ဟု မန်ယူနောက်ခံလူ မက်တီယို ဒါရ်မီယန်က ပြောကြားလိုက်သည်။

    အီတလီကစားသမား ဒါရ်မီယန်မှာ ယခုနှစ်ဘောလုံးရာသီအစပိုင်းက တိုရီနိုအသင်းမှ မန်ယူသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ် ၁၂ ပွဲတွင် ၁၁ ပွဲတိတိ ပါဝင်ကစားခွင့်ရရှိထားသည်။

    “အင်္ဂလန်မှာ အတွေ့အကြုံသစ်ဟာ အကောင်းဆုံးနည်းလမ်းတဲ့ စတင်ခဲ့ပြီး ဒီလိုပဲ ဆက်သွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ တစ်ခြားနိုင်ငံတစ်ခုက တစ်ခြားလိဂ်တစ်ခုမှာ ကစားရတာဟာ နေရာတိုင်းမှာ တိုးတက်မှုကို ရရှိစေပါတယ်။ ပရီးမီးယားလိဂ်မှာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပိုသာပြီး နည်းစနစ်ပိုင်းမှာတော့ စီးရီးအေလောက် မကောင်းပါဘူး။ အီတလီနဲ့နှိုင်းယှဉ်ရရင် အဲဒီမှာက အာဟာရဘက်ကို သိပ် အာရုံမစိုက်ပါဘူး” ဟု ဒါရ်မီယန်က ပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူမှာ ဗန်ဂါးလ်၏ဒဿန မလိုဟု စခိုးလ် ဝေဖန်

    မန်ယူမှာ ဗန်ဂါးလ်၏ဒဿန မလိုဟု စခိုးလ် ဝေဖန်

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    van

    – မန်ယူအသင်း လက်ရှိလိုအပ်နေသည်မှာ ဂိုးများဖြစ်ပြီး ဗန်ဂါးလ်၏ ဘောလုံးဒဿနမဟုတ်ဟု မန်ယူကွင်းလယ်လူဟောင်း ပေါစခိုးလ်က ဝေဖန်ပြောကြားလိုက်ပြီး ၎င်းတို့နှစ်ဦးအကြား စကားစစ်ထိုးမှုကို အရှိန်မြှင့်တင်လိုက်သည်။

    မန်ယူနှင့်အတူ ပရီးမီးယားလိဂ်ဖလားကို ၁၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သည့် စခိုးလ်မှာ ပြီးခဲ့သည့်လက ဗန်ဂါးလ်၏ နည်းစနစ်များကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီး ဗန်ဂါးလ်ကလည်း စခိုးလ်အား တုန့်ပြန်မှုများ ပြုလုပ်ခဲ့သည်။

    “၁၃ လရှိပါပြီ။ ဘာမှ လောက်လောက်လားလား မဖြစ်သေးပါဘူး။ ဒါပေမယ့် လူးဝစ်(ဗန်ဂါးလ်)က ကျွန်တော်ပြောလည်း နားထောင်မှာ မဟုတ်တာကြောင့် ဘာမှသိပ်မပြောတာ ကောင်းပါတယ်။ ဘောလုံးဒဿနပိုင်းကို ပြောကြတယ်။ ကျွန်တော့်အတွက်တော့ မန်ယူက အဲဒီဒဿနတွေ မလိုဘူးဗျ။ ပရိတ်သတ်တွေက တိုက်စစ်နဲ့ ဂိုးတွေကိုပဲ မြင်ချင်ကြတာပါ။ ဒါက မန်ယူရဲ့ ကစားပုံပါပဲ” ဟု ယမန်နေ့က ပြုလုပ်ခဲ့သည့် ပရဟိတပွဲတစ်ခုတွင် စခိုးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဖာဂူဆန်က မိမိလက်တွဲခဲ့သမျှတွင် အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရော်နယ်ဒို ဖွင့်ဟ

    ဖာဂူဆန်က မိမိလက်တွဲခဲ့သမျှတွင် အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရော်နယ်ဒို ဖွင့်ဟ

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    fergi

    – မိမိအလုပ်တွဲလုပ်ဖူးခဲ့သမျှ နည်းပြထဲတွင် မန်ယူဂန္တ၀င်နည်းပြ ဆာ အဲလက်စ်ဖာဂူဆန်က အကောင်းဆုံးနည်းပြ ဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    အသက် ၁၈ နှစ်အရွယ် ရော်နယ်ဒိုကို ၂၀၀၃ ခုနှစ်က စပို့တင်းလစ္စဘွန်းမှနေ၍ ဖာဂူဆန်က ပေါင် ၁၂.၂သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရော်နယ်ဒိုကလည်း အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ ၎င်းကစားခဲ့သည့် ၆ ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား ၃ လုံးနှင့် ချန်ပီယံလိဂ်ဖလား ၁ လုံး ရရှိခဲ့သည်။

    ရော်နယ်ဒိုမှာ မော်ရင်ဟိုနှင့် အန်ဆယ်လော့တီတို့ကဲ့သို့ ၀ါရင့် နည်းပြများလက်အောက်တွင်လည်း ကစားခဲ့ပြီး ဖာဂူဆန်အား မည်သည့်အတွက်ကြောင့် ပို၍နှစ်သက်ကြောင်းကို ရှင်းပြခဲ့သည်။

    “(ဖာဂူဆန်) ကျွန်တော့်အပေါ်မှာ ကောင်းမွန်ခဲ့တာတွေအတွက် ကျွန်တော် ကျေးဇူးတင်ရမှာပါ။ ချန်ပီယံလိဂ်ရဲ့ အရေးကြီးပွဲတစ်ခုမှာ ကျွန်တော်က “နည်းပြကြီးခင်ဗျာ။ ကျွန်တော့်အဖေကို ကျွန်တော် သွားတွေ့ဖို့ လိုအပ်နေတယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ အဓိကကစားသမားဖြစ်ပြီး အရေးပါသူတစ်ဦးလည်း ဖြစ်ပါတယ်”

    “ဖာဂူဆန်က “နားထောင် မင်းရဲ့ ကိုယ်ပိုင်ဘ၀မှာ မိသားစုဟာ မင်းဘ၀ရဲ့ အရေးပါတဲ့အရာတစ်ခုပဲ။ ဒါ့ကြောင့် ၃ ရက်၊ လေးရက်၊  ၅ ရက် မင်းကြိုက်သလောက် သွားနိုင်တယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ဒီကိစ္စကို ကျွန်တော့် ရင်ထဲမှာ သိမ်းထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော့်ဘ၀မှာ အရေးအကြီးဆုံးအချိန်ဖြစ်ခဲ့ပြီး သူ (ဖာဂူဆန်) က ကျွန်တော့်နဲ့အတူ မျှဝေခံစားခဲ့တယ်လေ။ ဒါ့ကြောင့် ကျွန်တော့်ဟာ သူ့ကို လေးစားရတာဖြစ်ပြီး သူကတော့ ကျွန်တော် တွေ့ဆုံဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံး နည်းပြပါပဲ” ဟု ရော်နယ်ဒိုက ယမန်နေ့တွင်ပြုလုပ်သည့် ITV ရုပ်သံနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

    Ref: Goal

  • မာရှယ်မှာ ကမ္ဘာ့အကောင်းဆုံးဖြစ်လာမည်ဟု နဗီးလ်ပြော

    မာရှယ်မှာ ကမ္ဘာ့အကောင်းဆုံးဖြစ်လာမည်ဟု နဗီးလ်ပြော

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    martial

    – မန်ယူတွင် ခြေစွမ်းပြနေသည့် လူငယ်ကွင်းလယ်ကစားသမား အန်သိုနီ မာရှယ်မှာ တစ်ချိန်တွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်လာလိမ့်မည်ဟု နောက်ခံလူဟောင်း ဖီလ်းနဗီးလ်က ပြောကြားလိုက်သည်။

    အသက် ၁၉ နှစ်သာ ရှိသေးသည့် မာရှယ်မှာ ယခုနှစ်နွေရာသီတွင် မိုနာကိုမှ လူငယ်စံချိန်တင်ပြောင်းရွှေကြေး ပေါင် ၃၆ သန်းဖြင့် မန်ယူသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ပထမဆုံး ပရီးမီးယားလိဂ် ၂ ပွဲတွင် ၃ ဂိုးအထိ သွင်းယူပေးခဲ့သည်။

    “မန်ယူကို သူက စစ်မှန်တဲ့ လျင်မြန်မှုနဲ့ တန်ပြန်တိုက်စစ် သွက်လက်မှုကို ယူဆောင်လာခဲ့ပါတယ်။ ပြီးတော့ သူဟာ သန်မာတယ်၊ မြန်လည်းမြန်ပါတယ်။ လူးဝစ်ဗန်ဂါးလ်ပေးခဲ့တဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး လူတွေက မေးခွန်းထုတ်ကြတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ အပြစ်ပြောစရာမရှိတဲ့ အရောင်းအ၀ယ်တစ်ခုကို လုပ်လိုက်တာပါပဲ။ သူရဲ့ကစားပုံဟာ ပရီးမီးယားလိဂ်နဲ့လည်း လိုက်ဖက်ပါတယ်။ နောက်ပြီး သူဟာ ဒီထက်ပိုကောင်းလာဖို့ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ငယ်သေးတယ်။ ပြီးတော့ သင်ယူနေဆဲဖြစ်ပြီး နောက်ထပ် တိုးတက်လာဦးမှာပါ။ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာမယ်လို့တောင် ကျွန်တော်ထင်ပါတယ်”
    ဟု ဖီးလ်နဗီးလ်က ပြောကြားခဲ့သည်။

    Ref: Goal