News @ M-Media

Tag: Man U

  • ဂိုးမရသည့်အသင်းအတွက် ဗန်ဂါးလ် စိုးရိမ်နေ

    ဂိုးမရသည့်အသင်းအတွက် ဗန်ဂါးလ် စိုးရိမ်နေ

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    mu

    – ကစားပုံကောင်းသော်လည်း မိမိတို့အသင်း၏ ဂိုးပေါက်ပျောက်မှုအတွက် စိုးရိမ်လာသည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် လိဂ်ဖလား စတုတ္ထအဆင့်ပွဲတွင် ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အား ခြေအသာဖြင့် ကစားနိုင်ပြီး ဂိုးသွင်းခွင့်အချို့ ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ ပွဲချိန်အတွင်း ဂိုးမရှိသရေကျခဲ့ပြီး ပင်နယ်တီတွင် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် မန်ယူအသင်း ဂိုးပေါက်ပျောက်သည့် အချိန်မှာ ၂၃၈ မိနစ်အထိ ရှိလာပြီဖြစ်သည်။

    “အခွင့်အရေးတွေ လွဲချော်တာနဲ့ ပတ်သက်ပြီး တကယ့်ကို စိုးရိမ်ပါတယ်။ ဘောလုံးမှာ အရေးအကြီးဆုံးက ဂိုးရဖို့ပါပဲ။ ကျွန်တော်တို့ ဂိုးမရှိသရေကျတာ ၂ ပွဲရှိနေပြီး အဲဒီနှစ်ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့ရမှာပါ။ ဂိုးအရှေ့မှာ၊ ဂိုးသမားတွေအရှေ့မှာ ကျွန်တော်တို့ အခွင့်အရေး လွယ်လွယ်ရခဲ့ပါတယ်။ ဒါကို အဆုံးမသတ်နိုင်ဘူးဆိုရင်တော့ ပွဲကိုနိုင်ဖို့ တော်တော်လေး ခက်ခဲသွားပါပြီ။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ရခဲ့တာကြောင့် ကံမကောင်းဘူးလို့ ခင်ဗျား ပြောလို့ရပါတယ်။ ဒါပေမယ့် ကံဆိုတာ အလုပ်ပါပဲ။ ကျွန်တော်တို့ ဂိုးမရခဲ့တဲ့အတွက် ကံကောင်းအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဘောလုံးမှာ ဒါကို ပြောင်းလဲနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်”
    ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ပရီးမီးယားလိဂ် ထိပ်သီးအသင်းများဖြစ်သော ချယ်ဆီး၊ အာဆင်နယ်နှင့် မန်ယူတို့မှာ ယခုစတုတ္ထအဆင့် လိဂ်ဖလားတွင် ပြိုင်ဘက်များအား အသီးသီးရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရပြီဖြစ်သည်။

    Ref: Dailymail

  • ရူနီအတွက် အမှတ်တရပွဲကို မန်ယူ ကျင်းပပေးမည်

    ရူနီအတွက် အမှတ်တရပွဲကို မန်ယူ ကျင်းပပေးမည်

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    rn

    – အသင်းတွင် ၁၂ နှစ်ကြာ ပေးဆပ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် မန်ယူအသင်းမှာ လာမည့်နှစ် သြဂုတ်လ ၃ ရက်နေ့တွင် တိုက်စစ်မှူး ၀ိန်းရူနီအတွက် အမှတ်တရ ဂုဏ်ပြုဘောလုံးပွဲ စီစဉ်ပေးရန် ရှိနေသည်ဟု သိရသည်။

    မကြာသေးမီက အင်္ဂလန်အသင်း၏ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာသူ ရူနီမှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများ မပြနိုင်သေးသော်လည်း မန်ယူအသင်း၏ ဂိုးအများဆုံးသွင်းယူသော ကစားသမားဖြစ်ရန် နီးစပ်နေပြီဖြစ်သည်။

    “ဒီအမှတ်တရပွဲကို တကယ်ဖြစ်လာအောင် ဆောင်ရွက်ရာမှာ ပါဝင်တဲ့သူတိုင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ နောက်ပြီး ကျွန်တော် ကျေးဇူးအတင်ချင်ဆုံးကတော့ အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ကျွန်တော့်အတွက် မယုံကြည်နိုင်လောက်တဲ့ အားပေးမှုကို ပေးအပ်ခဲ့တဲ့ ပရိတ်သတ်တွေပါပဲ။ ဒီပွဲဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုအတွက် အထူးပွဲလေးဖြစ်မှာပါ။ ဒါပေမယ့် ပါဝင်သူတွေအားလုံးအတွက် ပျော်ရွှင်စရာ ညလေးတစ်ည ဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်မိပြီး အံ့သြစရာ တစ်ခု၊ နှစ်ခုလောက်လည်း ကျွန်တော်တို့ စီစဉ်ပေးသွားမှာပါ” ဟု ရူနီက ပြောကြားခဲ့သည်။

    Ref: Goal

  • အသင်းမှာ လျင်မြန်မှုနှင့် ဖန်တီးနိုင်စွမ်း လိုသေးသည်ဟု မန်ယူနည်းပြပြော

    အသင်းမှာ လျင်မြန်မှုနှင့် ဖန်တီးနိုင်စွမ်း လိုသေးသည်ဟု မန်ယူနည်းပြပြော

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    mu

    – မိမိ၏ အသင်းတွင် လျင်မြန်မှုနှင့် ဖန်တီးနိုင်စွမ်း ပိုမိုလိုအပ်နေပြီး ထိုအတွက် လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့တွင် လူအင်အားဖြည့်တင်းရမည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် နွေရာသီတွင် ဗန်ဂါးလ်မှာ မမ်ဖစ် ဒီပိုင်း၊ အန်သိုနီမာရှယ်တို့ဖြင့် အသင်းတိုက်စစ်အား ဖြည့်တင်းခဲ့သော်လည်း အိန်ဂျယ် ဒီမာရီယာ၊ ရော်ဘင်ဗန်ပါစီ၊ ဖယ်လ်ကာအိုနှင့် နာနီတို့ အသင်းမှ ထွက်ခွာသွားသောကြောင့် အ၀င်အထွက် မကာမိခဲ့ပေ။

    “ကျွန်တော်တို့ဟာ လျင်မြန်မှုနဲ့ တိုက်စစ်ပိုင်းမှာ ဖန်းတီးနိုင်စွမ်းရှိတဲ့ ကစားသမားတွေ လိုအပ်တယ်လို့ ကျွန်တော်ပြောဖူးပါတယ်။ ဘယ်ကစားသမားမျိုးကို ကျွန်တော်ဝယ်ခဲ့သလဲဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ထပ်ပြီး လိုအပ်ပါသေးတယ်။ ကျွန်တော်လိုချင်တဲ့ ကစားသမားအားလုံးကလည်း ဒီကို လာချင်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    မန်ယူမှာ ယနေ့ညတွင် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဗန်ဂါးလ်က မန်စီးတီးမှာ မိမိတို့ထက်ပို၍ ရေပန်းစားနေသည်ဟု စောစောပိုင်းတွင် ပြောကြားထားသည်။

    Ref: Goal

  • ပရီးမီးယားလိဂ် ဆောင်းရာသီအနားမပေးမှုကို ဗန်ဂါးလ် ပြစ်တင်

    ပရီးမီးယားလိဂ် ဆောင်းရာသီအနားမပေးမှုကို ဗန်ဂါးလ် ပြစ်တင်

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    mu

    – အင်္ဂလိပ်ဘောလုံးလောကတွင် ဆောင်းရာသီ အနားပေးမှုမရှိခြင်းက ဆိုးရွားသည့် ကိစ္စတစ်ခု ဖြစ်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ဝေဖန်လိုက်ပြီး ယခုနှစ် ဆောင်းရာသီအပြောင်းအရွှေ့တွင် ကစားသမားများ ထပ်မံ ဖြည့်တင်းသွားမည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။

    ဥရောပလိဂ်ပြိုင်ပွဲများတွင် ပရီးမီးယားလိဂ်မှာ ဆောင်းရာသီနားချိန်မပေးသည့် တစ်ခုတည်းသော လိဂ်ပြိုင်ပွဲဖြစ်ပြီး ဘောလုံးသမားများ ပင်ပန်းနွမ်းနယ်မှုကြောင့် ထိုကဲ့သို့ အနားပေးရန် အသင်းများမှ တောင်းဆိုမှုများလည်း နောက်ပိုင်းတွင် မြင့်တက်လာခဲ့သည်။

    “ဆောင်းရာသီနားချိန်မရှိဘူး။ ဒီယဉ်ကျေးမှုဟာ အဆိုးဝါးဆုံးကိစ္စတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ အင်္ဂလိပ်ဘောလုံးလောကအတွက် မကောင်းပါဘူး။ ကလပ်အသင်းတွေ၊ နိုင်ငံအသင်းတွေအတွက်လည်း မကောင်းပါဘူး။ ဒါကို ပြောင်းလဲသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။ အင်္ဂလန်အသင်းဟာ ပြိုင်ပွဲတွေမှာ အောင်မြင်မှုမရတာ ဘယ်လောက်ကြာပြီလဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကစားသမားတွေဟာ ရာသီအဆုံးမှာ မောပမ်းနွမ်းနယ်နေလို့ ဖြစ်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • အမှားလုပ်ခဲ့သော်လည်း မာရှယ်ကို ဗန်ဂါးလ် ချီးကျူး

    အမှားလုပ်ခဲ့သော်လည်း မာရှယ်ကို ဗန်ဂါးလ် ချီးကျူး

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    martial

    – ယနေ့မနက် ချန်ပီယံလိဂ်ပွဲတွင် မကျူးလွန်သင့်သည့်အမှားကို ကျူးလွန်ခဲ့သည့် မာရှယ်အား မိမိအနေဖြင့် ခွင့်လွှတ်ပြီးခဲ့ပြီဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားခဲ့ပြီး စွမ်းဆောင်ရည်အတွက်လည်း ချီးကျူးခဲ့သည်။

    စီအက်စ်ကေအေ အသင်းနှင့် ၁ ဂိုး စီသရေကျခဲ့သည့် ထိုပွဲတွင် စီအစ်က်ကေအေ ရရှိခဲ့သည့် ဦးဆောင်ဂိုးမှာ မာရှယ်က ဧရိယာအတွင်း လက်ဖြင့် တမင်တားခဲ့ခြင်းကြောင့် ပေးခဲ့ရသည့် ပင်နယ်တီမှ ပြန်ထွက်လာသော ဘောလုံးကို ဒွမ်ဘီယာက ပိတ်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် မာရှယ်ကပင် အသင်းအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့သည်။

    “မာရှယ်လို တုန့်ပြန်မှုမျိုးက ရူးနှမ်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဖြစ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့အားလုံးဟာ လူသားတွေဖြစ်ကြတယ်။ စိတ်ဆိုးတယ်ဆိုတာ မှန်ကန်တဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ ဘောလုံးပိုင်ဆိုင်မှုမှာ ကျွန်တော်တို့ သိပ်နှေးတာကြောင့် စိတ်ပျက်ကောင်းစိတ်ပျက် ကြပါလိမ့်မယ်” ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မာရှယ်မှာ ပြိုင်ဘက်များကို ဒုက္ခပေးနိုင်ပြီး၊ အသက် ၁၉ နှစ်အရွယ် လူငယ်ကစားသမားဖြစ်သော်လည်း အဆင့်တစ်ခုတွင် ရှိနေကြောင်း ချီးကျူးပြောဆိုခဲ့သည်။

    Ref: Goal