News @ M-Media

Tag: Man U

  • ၃၀ ပြည့်သော်လည်း နောက်ထပ်နှစ်များစွာ ကစားနိုင်မည်ဟု ရူနီယုံကြည်နေ

    ၃၀ ပြည့်သော်လည်း နောက်ထပ်နှစ်များစွာ ကစားနိုင်မည်ဟု ရူနီယုံကြည်နေ

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    ronney

    – လာမည့် စနေနေ့တွင် အသက် ၃၀ ပြည့်မည်ဖြစ်သော်လည်း မိမိအနေဖြင့် လာမည့်နှစ်အတော်ကြာ ထိပ်တန်းအဆင့်တွင် ဆက်လက်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    အသက် ၁၆ နှစ်အရွယ် ၂၀၀၂ ခုနှစ်က အဲဗာတန်အသင်းနှင့် ပွဲထွက်ခွင့်ရရှိခဲ့သော ရူနီမှာ အနိမ့်အမြင့် အတက်အကျများဖြင့် ပရီးမီးယားလိဂ်တွင် ကျင်လည်ခဲ့ရသည်မှာ ၁၄ နှစ် ရှိလာခဲ့ပြီဖြစ်သည်။

    “ရုပ်ပိုင်းဆိုင်ရာအရ ကျွန်တော်ဟာ အဆင်ပြေပြီး၊ အသက် ၃၀ ပြည့်မွေးနေ့ဆိုတာ လူတစ်ယောက်ရဲ့ဘ၀မှာ ကြီးကျယ်တဲ့ မွေးနေ့တစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော့် ဘောလုံးသမားဘ၀အတွက်ဆိုရင်တော့ ကျွန်တော်ဟာ တော်တော်ငယ်သေးပြီး နောက်ထပ် နှစ်အတော်များများ ကစားလို့ရပါသေးတယ်” ဟု ရူနီက ပြောကြားခဲ့သည်။

    Ref: Goal

  • နည်းပြနှင့် အသင်းသားများ၏ အမြင်ကိုသာ အလေးထားသည်ဟု ရူနီပြော

    နည်းပြနှင့် အသင်းသားများ၏ အမြင်ကိုသာ အလေးထားသည်ဟု ရူနီပြော

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    rn

    – အခြားသူများ၏ ဝေဖန်မှုထက် နည်းပြနှင့် အသင်းသားများ၏ အထင်အမြင်များကိုသာ အာရုံစိုက်သည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    အင်္ဂလန်အသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့သည့် ၀ိန်းရူနီမှာ ပရီးမီးယားလိဂ်တွင် ဂိုးရရန် ရုန်းကန်နေရပြီး ယမန်နေ့က ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အဲဗာတန်အသင်းနှင့်ပွဲတွင် တတိယဂိုး သွင်းပေးနိုင်ခဲ့သည်။ ထိုဂိုးမှာ အဝေးကွင်းတွင် ၁၁ လအတွင်း ရူနီ၏ ပထမဆုံးဂိုးဖြစ်ပြီး အသင်းဟောင်းအဲဗာတန်အား ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံး သွင်းနိုင်သည့် ဂိုးလည်း ဖြစ်သည်။

    ပွဲအပြီးတွင် ၎င်း၏ ဂိုးမိုးခေါင်မှုကို ကျော်ဖြတ်ရန် စဉ်းစားခဲ့သလားဟု မေးမြန်းရာ ရူနီက “ဒါဟာ သတင်းမီဒီယာက ဘယ်လိုစဉ်းစားလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သူတို့ကြိုက်သလို သူတို့ ပြောနေကြတာပဲ။ ကျွန်တော် အရေးစိုက်တာက နည်းပြနဲ့ အသင်းသားတွေရဲ့ အမြင်ကိုပါပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Dailymail

  • မန်ယူမှာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ကို ဆွတ်ခူးနိုင်မည်ဟု မာရှယ်ပြော

    မန်ယူမှာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ကို ဆွတ်ခူးနိုင်မည်ဟု မာရှယ်ပြော

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    mu

    – ယခုနှစ်အတွင်း မန်ယူအသင်း ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့တွင် ဗိုလ်စွဲနိုင်ရန်အတွက် မိမိအနေဖြင့် ကူညီနိုင်မည်ဟု ယုံကြည်ကြောင်း အသင်း၏ လူငယ်ကွင်းလယ်လူ အန်သိုနီ မာရှယ်က ပြောကြားလိုက်သည်။

    မန်ယူမှာ ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် မန်စီးတီးအသင်းနှင့် ၂ မှတ်ကွာဟနေပြီး၊ ချန်ပီယံလိဂ် အုပ်စု B ၂ ပွဲ ကစားပြီးချိန်တွင် ၃ မှတ်ရရှိထားကာ ကျန်အသင်းများနှင့် အမှတ်တူနေသည်။

    “ကျွန်တော်တို့ ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် နှစ်ခုစလုံး ရနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ နှစ်ခုစလုံးပါ။ (ဥရောပ) ထိပ်တန်း ၅ သင်းမှာ ကျွန်တော်တို့လည်း ပါပါတယ်” ဟု မာရှယ်က ပြောကြားခဲ့သည်။

    လူငယ်ကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းဖြင့် မန်ယူက ခေါ်ယူခဲ့သည့် မာရှယ်မှာ ပွဲထွက်ကစားသည့်ပွဲမှာတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ စုစုပေါင်း ၄ ဂိုး သွင်းပေးထားနိုင်သည်။

    Ref: Goal

  • ထိပ်တန်းကစားသမားဖြစ်ချင်လျှင် ကျင့်ဝတ်နှင့် အာရုံစူးစိုက်မှု ရှိရမည်ဟု ဖာဂူဆန်ပြော

    ထိပ်တန်းကစားသမားဖြစ်ချင်လျှင် ကျင့်ဝတ်နှင့် အာရုံစူးစိုက်မှု ရှိရမည်ဟု ဖာဂူဆန်ပြော

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    fergi

    – ကမ္ဘာ့အဆင့်ကစားသမား ဖြစ်ချင်သူများအနေဖြင့် မှန်ကန်သည့် အလုပ်ကျင့်ဝတ်နှင့် အာရုံစူးစိုက်မှု ရှိရမည်ဖြစ်ပြီး  အသင်းအား မိမိ၏ပြောကြားခဲ့သော စကားတိုင်းတွင် ထိုသဘောထားများ ပါဝင်ခဲ့သည်ဟု မန်ယူနည်းပြဟောင်း ဖာဂူဆန်က ပြောကြားလိုက်သည်။

    “အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုက အ၀တ်လဲခန်းထဲမှာ ကိုယ့်ရဲ့ အမူအကျင့်ကို တိုးတက်အောင် လုပ်တာပါပဲ။ ကျွန်တော့်အသင်းမှာ တချို့တွေက ဒါမျိုးရှိကြပါ။ ဒါပေမယ့် ကျွန်တော့်ကိုယ် ကျွန်တော်လည်း ကြည့်ပါတယ်။ ဘယ်တော့မှအရှုံးမပေးဘူး။ ဆုံးဖြတ်ချက်ပြတ်သားတယ်၊ ကျင့်ဝတ်ရှိတယ်။ ကျွန်တော်ဟာ ကျင့်ဝတ်၊ အာရုံစူးစိုက်မှုတွေနဲ့အတူ အမြဲတမ်း အသင်းကို စကားပြောပါတယ်။ စကားပြောတိုင်းမှာလည်း ဒါတွေနဲ့ပဲ ကျွန်တော် အဆုံးသတ်ပါတယ်။ ဘာ့ကြောင်လည်းဆိုတော့ အကောင်းဆုံးကစားသမားဟာ အလုပ်နဲ့ဆိုင်တဲ့ ကျင့်ဝတ်မျိုးမရှိဘူးဆိုရင် ကစားသမားကောင်း ဖြစ်မှာမဟုတ်ပါဘူး”

    အိုးထရက်ဖို့ဒ်၌ ၂၇ နှစ်တာကာလအတွင်း ဖလားပေါင်း ၄၉ လုံး ရရှိခဲ့သည့် ဖာဂူဆန်မှာ မန်ယူအတွက် ကစားပေးပြီး အသက်အရွယ်ကြီးရင့်သွားကာ ထိပ်တန်းခြေစွမ်း မပြနိုင်တော့သည့် ကစားသမားများ အကြောင်းကိုလည်း ပြောကြားခဲ့ပြီး ၎င်းတို့မှာ အသင်း၌ ဆက်နေချင်ကြသော်လည်း မိမိက ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပင် ပြောဆိုကာ အခြားအသင်းသို့ ပြောင်းရွှေ့စေခဲ့ကြောင်း၊ ထို့အတွက် ထိုကစားသမားများမှာလည်း ပြောင်းရွှေ့ကြေးမှ အမြတ်များရကာ ပျော်ရွှင်ကြကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူနှင့်စာချုပ်ပြည်လျှင် ဗန်ဂါးလ် အနားယူတော့မည်

    မန်ယူနှင့်စာချုပ်ပြည်လျှင် ဗန်ဂါးလ် အနားယူတော့မည်

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    mu

    – မိမိမှာ မန်ယူဂန္တ၀င်နည်းပြ ဖာဂူဆန်၊ အာဆင်နယ်မှ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါးတို့နှင့် ပုံစံခြင်းမတူဘဲ မိမိ၏ကတိကို တည်သွားမည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရာသီက မန်ယူသို့ ရောက်ရှိလာခဲ့သည့် ဗန်ဂါးလ်မှာ ၂၀၁၇ ခုနှစ် အသင်းနှင့် စာချုပ်ပြည့်လျှင် နည်းပြဘ၀မှ အနားယူသွားရန် အစီအစဉ်ရှိသည်ဟု ယခင်က ပြောကြာခဲ့ဖူးပြီး ထိုစကားအတိုင်း လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

    “ကျွန်တော်က ဖြစ်ချင်တာတွေကို သတ်မှတ်ထားပါတယ်။ ကလပ်အသင်းတွေ နိုင်ငံအသင်းတွေက ကျွန်တော့်ကိုလိုချင်တဲ့အတွက် ကျွန်တော် အရမ်း ကံကောင်းပါတယ်။ အာဆင်ဝင်းဂါးနဲ့ ဖာဂူဆန်ကတော့ အခြားပုံစံတစ်မျိုးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်က အမြဲတမ်း များများလိုချင်တာပါ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေကို အမြဲတမ်း ပိုပိုသာသာချထားပါတယ်။ အခုလည်း အဲဒီလိုမျိုးပါပဲ။ ကျွန်တော်နားမှာပါ။ ကျွန်တော်ပြောတာကိုပဲ အမြဲတမ်း လုပ်ပါတယ်”

    Ref: Goal