News @ M-Media
Tag: Man U
  • တိုက်စစ်မှူးတစ်ဦးအား အံ့သြဖွယ်ခေါ်ယူနိုင်သည်ဟု ဗန်ဂါးလ်ပြော
    တိုက်စစ်မှူးတစ်ဦးအား အံ့သြဖွယ်ခေါ်ယူနိုင်သည်ဟု ဗန်ဂါးလ်ပြော
    ဇူလိုင် ၁၈၊ ၂၀၁၅
    M-Media
    man u
    – တိုက်စစ်မှူးများဖြစ်သော ၀ိန်းရူနီ၊ ဂျာဗီယာ ဟာနန်ဒက်ဇ်၊ ဂျိမ်းစ်ဝီလ်ဆင်တို့နှင့်ပတ်သက်၍ ကျေနပ်သော်လည်း တိုက်စစ်မှူးတစ်ဦးကို အံ့သြဖွယ် ခေါ်ယူနိုင်ရှိသည်ဟု မန်ယူနည်းပြ လူးဝစ် ဗန်ဂါးလ်က အရိပ်အမြွက် ပြောကြားလိုက်သည်။
    ရာသီအကြို ခြေစမ်းပွဲဖြစ်ပြီး အမေရိကန်နိုင်ငံ စီယက်တဲလ်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ဗန်ဂါလ်းမှာ ရူနီနှင့် လူငယ်တိုက်စစ်မှူး ဂျိမ်းစ်ဝီလ်ဆင်တို့ကို ပွဲထုတ်ခဲ့သည်။
    မန်ယူမှာ တိုက်စစ်မှူးဗန်ပါစီအား တူရကီကလပ် ဖီနာဘာချီသို့ ရောင်းချခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အက်ဒီဆင် ကာဗာနီ၊ ဘိုင်ယန်ရှေ့တန်းလူ လီဝန်ဒေါ့စကီးတို့ကဲ့သို့ တိုက်စစ်မှူးများကို ခေါ်ယူရန် ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။
    ဗန်ဂါးလ်ကမူ မိမိအနေဖြင့် အသင်း၏ တိုက်စစ်အခြေအနေအတွက် စိုးရိမ်မှုမရှိဟု အခိုင်အမာ ပြောကြားခဲ့သော်လည်း စက်တင်ဘာ ၁ ရက်နေ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်တွင် တိုက်စစ်မှူးတစ်ဦးအား ခေါ်ယူသွားနိုင်သည်ဟု ဆိုသည်။
    “ကျွန်တ်ာတို့မှာ ရူနီရှိတယ်။ သူက တိုက်စစ်မှူးနေရာမှာ ကစားနိုင်ပါတယ်။ ဟာနန်ဒက်ဇ်လည်း ဖြစ်နိုင်တယ်၊ ၀ီလ်ဆင်လည်း ဖြစ်နိုင်တယ်။ ပြီးတော့ သြအံ့စရာတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါဟာ လုပ်ငန်းစဉ်တစ်ခုပါ။ ကျွန်တော်ဟာ ဒီနေရာနဲ့ပတ်သက်လို့ မစိုးရိမ်ပါဘူး” ဟု ဗန်ဂါလ်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်ရာသီတွင် ရီးယဲလ်မက်ဒရစ်သို့ အငှားချထားခြင်း ခံခဲ့ရသည့် မက္ကဆီကိုတိုက်စစ်မှူး ဟာနန်ဒက်ဇ်မှာ အိုးထရက်ဖို့ဒ်၌ ဆက်ရှိနေမည်ဖြစ်ပြီး ဗန်ပါစီနှင့် ဖယ်လ်ကာအိုတို့ ထွက်ခွာသွားပြီးနောက်ပိုင်း အသင်းတွင် ပြန်လည်ပါဝင်ခွင့်ရဖွယ် ရှိနေသည်။
    Ref: Goal
  • မန်ယူမှာ ရာသီသစ်တွင် အထနှေး၍မရဟု ရွိုင်ယန်ဂစ်ပြော
    မန်ယူမှာ ရာသီသစ်တွင် အထနှေး၍မရဟု ရွိုင်ယန်ဂစ်ပြော
    ဇူလိုင် ၁၇၊ ၂၀၁၅
    M-Media
    mu
    – လာမည့် ပရီးမီးယားလိဂ်ရာသီတွင် မိမိတို့အသင်းမှာ ပိုမိုကောင်းမွန်စွာဖြင့် စတင်ရန်လိုအပ်သည်ဟု မန်ယူလက်ထောက်နည်းပြ ရွိုင်ယန်ဂစ်က ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ် နွေရာသီတွင် မန်ယူအသင်းမှာ ပြောင်းရွှေ့ကြေး အမြောက်အများ သုံးစွဲခဲ့သော်လည်း ရာသီအစ ၁၀ ပွဲတွင် ရမှတ် ၁၃ မှတ်သာ ရရှိခဲ့ပြီး ရာသီကုန်တွင် အဆင့် ၄ နေရာဖြင့် ရာသီသိမ်းခဲ့သည်။
    ယခုနှစ်အပြောင်းအရွှေ့တွင်လည်း ဗန်ဂါးလ်မှာ ပြောင်းရွှေ့ကြေးအများအပြားဖြင့် ရှဝိုင်းစတိုင်ဂါ၊ မမ်ဖစ်ဒီပေးနှင့် မော်ဂန်ရှနိုက်ဒါလင်တို့အား ခေါ်ယူခဲ့သည်။ ရွိုင်ယန်ဂစ်ကမူ အသင်းအား ရာသီအသစ်၌ အောင်မြင်စေချင်နေသည်။
    “လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ချယ်ဆီးအသင်းဟာ တော်တော်ဝေးဝေးသွားနိုင်တာကို ခင်ဗျား တွေ့ခဲ့မှာပါ။ ပြီးတော့ ကျွန်တ်ေတို့ရဲ့ စဉ်းစားပုံကို ပြောင်းလဲရမှာဖြစ်ပြီး အဲဒီနောက်မှာ ကျွန်တော်တို့ ရာသီအစ အထမနှေးရအောင် လုပ်ရပါမယ်။ စိန်ခေါ်သူတွေနဲ့ ပြိုင်ဘက်တွေအားလုံးက ထက်ထက်မြက်မြက်နဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်” ဟု ရွိုင်ယန်ဂစ်က Manchester Evenig News သို့ ပြောကြားခဲ့သည်။
    ထို့ပြင် ဗန်းဂါးလ်က ရမှတ် ၃၀ တွင် ၁၂ မှတ်သာရခြင်းမှာ မလုံလောက်ကြောင်း ထိုကဲ့သို့ အထနှေးမှုမှာ ခက်ခဲပြီး ပိုမိုကောင်းမွန်သည့်ပုံစံဖြင့် ရာသီသစ်အား စတင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ဂစ်က ဆိုသည်။
    “ဒီရက်တွေမှာတော့မဟုတ်ပါဘူး။ ဖာဂူဆန်အရင်က ပြောခဲ့ဖူးတာက “နောက်ပိုင်းမှ ကစားတာပေါ့လို့ မျှော်လင့်လို့ မရဘူး။ ထိပ်ဆုံးရောက်နေရမယ်၊ ရာသီအစ ပထမဆုံးပွဲကတည်းက အဆင်သင့်ဖြစ်နေရမယ်” တဲ့။ ဒါမျိုး ကျွန်တော်တို့ လုပ်ရမှာပါ”
    Ref: Goal
  • ဒဏ်ရာမှ ကျော်လွန်ခဲ့ပြီဟု ရှဝိုင်းစတိုင်ဂါပြော
    ဒဏ်ရာမှ ကျော်လွန်ခဲ့ပြီဟု ရှဝိုင်းစတိုင်ဂါပြော
    ဇူလိုင် ၁၄၊ ၂၀၁၅
    M-Media
    mu
    – ဒဏ်ရာကြောင့် ဘွန်ဒစ်လီဂါတွင် ခြေစွမ်းမပြနိုင်ခြင်းကို ကျော်လွှားနိုင်ခဲ့ပြီး မန်ယူအသင်းမှာလည်း လာမည့်နှစ်တွင် ပရီးမီးယားလိဂ်ကို ဆွတ်ခူးရရှိနိုင်သည်ဟု အသင်း၏ ကွင်လယ်လူသစ် ရှဝိုင်းစတိုင်ဂါက ပြောကြားလိုက်သည်။
    အသက် ၃၀ အရွယ်ရှိ ရှဝိုင်းစတိုင်ဂါကို မန်ယူက ပြီးခဲ့သည့် သီတင်းပတ်တွင် ကမ်းလှမ်းခဲ့ပြီးနောက် ယမန်နေ့က မန်ယူနှင့် ၃ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
    ၎င်းမှာ ဒဏ်ရာပြဿနာများကြောင့် ယမန်နှစ်က ဘိုင်ယန်မြူးနစ်အသင်းတွင် ၁၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။ သို့သော်လည်း မိမိမှာ ဒဏ်ရာပြဿနာမှ ကျော်လွန်ခဲ့ပြီဟု ရှဝိုင်းစတိုင်ဂါက ဆိုသည်။
    “အားလုံးအေးဆေးပါပဲ။ မန်ယူအတွက် ကျွန်တော် အကောင်းဆုံး ပေးဆပ်ဖို့ကိုပဲ စဉ်းစားနေပါတယ်။ ပြီးတော့ ဒီကိုရောက်လာတာ တကယ့်ကို ပျော်ပါတယ်။ တကယ်တော့ ကမ္ဘာ့ဖလားပွဲမှာ ကျွန်တော် ခက်ခဲခဲ့ပြီး အောက်တိုဘာလကုန်လောက်အထိ ဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရှဝိန်းစတိုင်ဂါက MUTV သို့ ပြောကြားခဲ့သည်။
    ထို့ပြင် နောက်ပိုင်းတွင် ဘိုင်ယန်အသင်းနှင့် အချိန်ကောင်းများရခဲ့ကြောင်း၊ ယခုအချိန်တွင် မိမိမှာ ကောင်းဆုံးဖြစ်နေသည်ဟု ခံစားရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    “ကျွန်တော်ဟာ ဆုဖလားတွေရဖို့ ဒီကိုရောက်လာခဲ့တာပါ။ ပြီးတော့ ဆုဖလားရရှိခြင်းဆိုတာ မန်ယူက အသားကျနေတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ကျွန်တော်ဟာ မန်ယူဂျာစီဝတ်ပြီး ကစားဖို့ စိတ်အားထက်သန်နေပါတယ်”
    Ref : Goal
  • မန်ယူသို့ ပြောင်းရွှေ့ရန် ရှဝိုင်းစတိုင်ဂါ သဘောတူ
    မန်ယူသို့ ပြောင်းရွှေ့ရန် ရှဝိုင်းစတိုင်ဂါ သဘောတူ
    ဇူလိုင် ၁၁၊ ၂၀၁၅
    M-Media
    sws
    – ဘိုင်ယန်မြူးနစ်အသင်း၏ ဂျာမန်အလယ်တန်းလူ ရှဝိုင်းစတိုင်ဂါမှာ မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီလိုက်သည်ဟု သိရသည်။
    မန်ယူက ဘိုင်ယန်အား ကြာသာပတေးနေ့တွင် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဘိုင်ယန်တွင် ဗန်ဂါးလ်နှင့် လက်တွဲခဲ့ရခြင်းက ရှဝိုင်းစတိုင်းဂါ မန်ယူသို့ ပြောင်းရွှေ့ရန် လက်ခံရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည်။
    ယခုလက်ရှိတွင် ဘိုင်ယန်နှင့် မန်ယူတို့၏မှာ ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းရန် ကျန်ရှိနေသေးပြီး ဘိုင်ယန်က ပေါင် ၁၅ သန်းခန့် လိုချင်နေကာ အသက် ၃၀ အရွယ်ရှိပြီး ဘိုင်ယန်နှင့် ၁၂ လတာ စာချုပ်သက်တမ်း ကျန်ရှိနေသည့် ရှဝိုင်းစတိုင်ဂါအတွက် ထိုဈေးမှာ များလွန်းနေသည်ဟု မန်ယူက ယူဆနေသည်။ သို့သော်လည်း ဘိုင်ယန်က ဈေးအား ညှိနှိုင်းဖွယ် ရှိနေသည်။
    မန်ယူမှာ ယမန်နေ့အစောပိုင်းက ပေါင် ၂၅ သန်းဖြင့် ခေါ်ယူထားသည့် ဒက်ခ်ျ တိုက်စစ်မှူး မမ်ဖစ် ဒီပေးကို ပထမဆုံး မိတ်ဆက်ခဲ့သည်။
    “ကျွန်တော် ဒီမှာ ဂိုးတွေသွင်းနိုင်မယ်လို့ ထင်ပါတယ်။ တကယ်ပါ။ ကျွန်တော် ဒီအတွက် အလုပ်လုပ်မှာဖြစ်ပြီး ဒီလိုလုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီကိုလာပြီး အလုပ်လုပ်ဖို့၊ ဂိုးတွေသွင်းဖို့နဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်လှုပ်ရှားပါတယ်။ ကျွန်တော်ဟာ
    တိုက်စစ်မှူးတစ်ယောက် ဖြစ်တာကြောင့် ဂိုးတွေ သွင်းရပါမယ်” ဟု ဒီပေးက ပြောကြားခဲ့သည်။ ၎င်းမှာ မန်ယူ၏ အမေရိက ခရီးစဉ်သို့ သွားရောက်ပူးပေါင်းမည်ဖြစ်သည်။
    Ref: Dailymail
  • တိုက်စစ်မှူးဗန်ပါစီ ဖီနာဘာချီသို့ရောက်ရန် နီးစပ်နေ
    တိုက်စစ်မှူးဗန်ပါစီ ဖီနာဘာချီသို့ရောက်ရန် နီးစပ်နေ
    ဇူလိုင် ၁၀၊ ၂၀၅
    M-Media
    as
    – တူရကီကလပ် ဖီနာဘာချီမှာ တိုက်စစ်မှူး ဗန်ပါစီအား ခေါ်ယူရန် မန်ယူအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး ယခုသီတင်းပတ်အဆုံးတွင် အပြောင်းအရွှေ့ ဖြစ်လာနိုင်သည်ဟု သိရသည်။
    ဖီနာဘာချီနှင့် ဗန်ပါစီတို့မှာ တစ်ပတ်လုပ်ခ ပေါင် ၂၄၀၀၀၀ ဖြင့် ၃ နှစ်စာ ချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ပြီးနောက် ပြောင်းရွှေ့ကြေး ပေါင် ၄.၇ သန်းဖြင့် ခေါ်ယူနိုင်ရန် မန်ယူနှင့် ဖီနာဘာချီတို့ ယမန်နေ့က ဆေးနွေးမှုများ စတင်ပြုလုပ်ခဲ့သည်။
    အသက် ၃၁ နှစ်အရွယ်ရှိ ဗန်ပါစီမှာ တနင်္ဂနွေနေ့တွင် တူရကီသို့ သွားရောက်ရန်ရှိနေပြီး နောက်ထပ် ၂၄ နာရီအကြာတွင် လက်မှတ်ထိုးပွဲ ပြုလုပ်ရန် ရှိနေသည်။
    မန်ယူတွင်ဆက်နေရေးအတွက် လွတ်လပ်စွာ ဆုံးဖြတ်နိုင်သော်လည်း နည်းပြဗန်းဂါးလ်နှင့် ဆက်ဆံရေးမှာ တင်းမာနေပြီး ရာသီအကြို လေ့ကျင့်မှုသို့ ရောက်ရှိလာခဲ့ပြီးနောက် ဗန်ပါစီမှာပထမနေရာအတွက် အားမခံချက်မရှိဟု အသိပေးခြင်း ခံခဲ့ရကြောင်း သတင်းများက
    ဖော်ပြကြသည်။
    ဖီနာဘာချီမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က မန်ယူတောင်ပံကစားသမားဟောင်း နာနီအား ခေါ်ယူထားနိုင်ခဲ့သည်။
    မန်ယူအသင်းကလည်း ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါအား ခေါ်ယူရန်အတွက် ကမ်းလှမ်းထားပြီး အပျော်ခရီးထွက်နေသည့် ရှဝိုင်းစတိုင်ဂါ ပြန်ရောက်ပါက ဆွေးနွေးမှုများ ပြုလုပ်မည်ဟု ဘိုင်ယန်မြူးနစ် စီအီးအို ကာလ်း-ဟိန့်ဇ် ရမ်မီနစ်ဂီက ယမန်နေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
    Ref: Dialymail