News @ M-Media

Tag: Man U

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၈၊ ၂၀၂၀
    M-Media

    FA နိုင်ပွဲရသည့်အသင်းကို အာဆင်နယ်နည်းပြ ချီးကျူး

    FA ဖလား ဘုန်းမောက်နဲ့ပွဲကို အနိုင်ကစားခဲ့တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို အလွန်ကျေနပ်မိတယ်လို့ အာဆင်နယ်နည်းပြအာတီတာက ပြောကြားလိုက်ပါတယ်။ လူငယ်တွေကို ဦးစားပေးအသုံးပြုခဲ့တဲ့ အာဆင်နယ်အသင်းဟာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ အာတီတာက အသင်းဟာ တာဝန်ယူစိတ်အပြည့်နဲ့ သတ္တိရှိရှိ ကစားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဆန်းချက် ခြစွမ်းပြန်ပြမည်ဟု ဆိုးလ်ရှားယုံကြည်နေ

    အသက် ၃၁ နှစ်အရွယ် ချီလီတိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ မန်ယူကို ပြန်ရောက်လာပြီး ခြေစွမ်းကောင်းတွေ ပြန်လည်ပြသလိမ့်မယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီက အာဆင်နယ်ကနေပြောင်းရွှေ့လာပြီးနောက်ပိုင်း ဆန်းချက်ဟာ မန်ယူအတွက် ၄၅ ပွဲကစားကာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အခုရာသီအစ အင်တာမီလန်ကို အငှားနဲ့ သွားရောက်ကစားခဲ့ပေမယ့် ဒဏ်ရာကြောင့် ၇ ပွဲသာကစားရပြီး ၁ ဂိုး သွင်းယူထားပါတယ်။ ကစားသမားသစ်တွေ ဝယ်ယူရေးမှာ ရုန်းကန်ရမှုတွေ ရှိနေတယ်လို့လည်း ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။

    ဒဏ်ရာကြောင့် ဆာဒီယိုမာနေး ၂ ပွဲနားရမည်

    လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ဝုလ်ဗ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရရှိတဲ့ ကြွက်သား စုတ်ပြဲဒဏ်ရာကြောင့် လာမယ့် ဝက်စ်ဟမ်းနဲ့ ဆောက်သက်တမ်အသင်းပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ၁၅ ဂိုး သွင်းယူပေးထားတဲ့ မာနေးဟာ ဖလားရရှိရေး ကြိုးပမ်းနေတဲ့ လီဗာပူးလ်ရဲ့ အဓိကကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ နည်းပြ ယာဂန်ကလော့ပ်ကတော့ မာနေးရဲ့ဒဏ်ရာဟာ မပြင်းထန်တဲ့အတွက် ကံကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Goal, BBC

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၁၊ ၂၀၂၀
    M-Media

    ပြဿနာအားလုံးဖြေရှင်းနိုင်သည့် ရော်နယ်ဒိုဟု ဂျူဗင်တပ်စ်နည်းပြ ချီးကျူး

    တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ ကစားသမား ဖြစ်တယ်လို့ ဂျူဗင်တပ်စ်နည်းပြ မောင်ရီဇီယို ဆာရီက ပြောကြားလိုက်ပါတယ်။ အခုတစ်ပတ် ပါးမားအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ရော်နယ်ဒိုဟာ ၂ ဂိုးစလုံး သွင်းပေးခဲ့သလို ‌အသင်းရဲ့ခံစစ်အတွက်လည်း ကူညီပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ စီးရီးအေ ၇ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကိုလည်း အဲဒီပွဲမှာ ရရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာလက်ရှိ စီးရီးအေကို ဦးဆောင်နေပြီး ဆာရီက ရော်နယ်ဒိုကို ချီးကျူးခဲ့ပေမယ့် အသင်းလိုက်ကစားပုံအတွက် စိတ်ပျက်ရတယ်လို့‌ ပြောဆိုခဲ့ပါတယ်။

    ကစားသမားများ၏ အပြုအမူကြောင့် မန်ယူကို FA က တရားစွဲ

    လီဗာပူးလ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲမှာ ကစားသမားတွေ ဒိုင်လူကြီးကို ၀ိုင်းအုံစောဒကတက်မှုအတွက် မန်ယူအသင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က တရားစွဲဆိုထားပါတယ်။ လီဗာပူးလ်တိုက်စစ်မှူး ဖာမီနို ဒုတိယဦးဆောင်ဂိုး သွင်းယူမှုမှာ နောက်ခံလူ ဗန်ဒိုက်ဟာ ဂိုးသမား ဒီဂီယာအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ မန်ယူကစားသမားတွေက ကွင်းလယ်ဒိုင် ခရေ့ဂျ် ပေါ်ဆန်ကို စောဒကတက်ခဲ့တာပါ။ ကွင်းလယ်ဒိုင်က VAR ကြည့်ကာ ဂိုးပေးမှုကို ပယ်ဖျက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း မန်ယူကစားသမားတွေဟာ ကစားသမားကျင့်ဝတ်နဲ့ မညီတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တယ်လို့ဆိုကာ FA က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ မန်ယူနောက်ခံလူဟောင်းဖြစ်ပြီး လက်ရှိမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က ဗန်ဒိုက်ဟာ ဒီဂီယာကို ပြစ်ဒဏ်ကျူးလွန်မှုမရှိဘဲ မန်ယူကစားသမားတွေရဲ့ ဖိအားကြောင့် ဒိုင်လူကြီးက ဂိုးမပေးခဲ့တာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    နေးမာလက်သစ်ဟု နာမည်ကြီးနေသူကို ရီးယဲလ်ခေါ်ယူ

    ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းက အသက် ၁၈ နှစ်အရွယ် ကွင်းလယ်တိုက်စစ်မှူး ရီနီ ဂျီးဆက်စ်ကို ရီးယဲလ်မက်ဒရစ်အသင်းက ကန်ဒေါ်လာ ၃၃ သန်းနဲ့ မနေ့မှာခေါ်ယူခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဆောင်းရာသီမှာ စျေးအကြီးဆုံးပေးပြီး ခေါ်ယူမှုလည်းဖြစ်ပါတယ်။ နေးမာလက်သစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဂျီးဆက်စ်ဟာ ဖလာမင်ဂိုအသင်းကြီးနဲ့ ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြကာ အသင်းနဲ့အတူ အမှတ်ပေးဖလား၊ ရှုံထွက်ဖလားတွေကို ရရှိခဲ့ပါတယ်။ ရီးယဲလ်ဟာ အလားအလာရှိတဲ့ လူငယ်သွေးသစ် ကစားသမားတွေအတွက် ဘရာဇီးလ်စျေးကွက်ကို အဓိကထားပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဘရာဇီးလ်လူငယ်ကစားသမား အနည်းဆုံး ၃ ဦးအထိ ခေါ်ယူထားပါတယ်။

    Ref: Goal, BBC

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၀၊ ၂၀၂၀
    M-Media

    အမှတ်ဖြတ်ထားသော်လည်း လီဗာပူးလ်နည်းပြ မပျော်နိုင်သေး

    အသင်း ပရီမီးယားလိဂ်ဖလား ရရှိတော့မယ်လို့ ပရိတ်သတ်တွေ ယုံကြည်လာတာကို မြင်ရတာ ပျော်ရွှင်မိပေမယ့် မိမိတို့ကတော့ အပြည့်အ၀ မပျော်နိုင်သေးဘဲ လက်ကျန် တစ်ပွဲချင်းစီကို အာရုံစိုက်သွားဖို့ လိုအပ်တယ်လို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ မန်ယူကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဒီ‌နေ့မနက်ပွဲမှာ ပရိတ်သတ်တွေက ‘ငါတို့ ပရီးမီးယားလိဂ်ဖလား ရတော့မယ်’ ဆိုတဲ့ သီချင်းကို ဆိုခဲ့‌ကြပါတယ်။ လီဗာပူးလ်ဟာ ရာသီပြီးဆုံးဖို့ ၁၆ ပွဲအလိုမှာ ၁၆ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ပြီး ပရီးမီးယားလိဂ်လို့ အမည်ပြောင်းပြီးနောက်ပိုင်း ပထမဆုံး ချန်ပီယံဖြစ်မယ့် အားအလာကောင်းကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။

    ချန်ပီယံလိဂ်ဝင်ခွင့်ကိုသာ အာရုံစိုက်တော့မယ့် မန်စီးတီး

    မန်စီးတီးအသင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ လာမယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရရေး ဖြစ်တယ်လို့ နည်းပြ ပက်ပ် ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မနေ့က ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂ ဂိုးစီသရေကျ‌ပြီးတဲ့နောက် လက်ရှိချန်ပီယံ မန်စီးတီးဟာ ပထမနေရာက လီဗာပူးလ်နဲ့ ၁၆ မှတ်အထိ ကွာဟသွားတာပါ။ ဂွါဒီယိုလာကတော့ အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် ကံမကောင်းခဲ့ဘူးလို့ ဆိုပါတယ်။

    မန်ယူ၏ လူခေါ်ယူမှုကို ဂယ်ရီနဗီးလ် ဝေဖန်

    မန်ယူအသင်းရဲ့ ကစားသမားခေါ်ယူမှု ပေါ်လစီကို နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဝေဖန်လိုက်ပြီး အဲဒီရဲ့အကျိုးဆက်ကို လာမယ့်ရာသီဝက်မှာ ခံစားရလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ပေါ့ဘာ၊ လူကာကူ၊ ဆန်းချက်ဇ်တို့လို နာမည်ကြီးကစားသမားတွေကို ခေါ်ယူအားဖြင့်ခဲ့ပေမယ့် မျှော်မှန်းထားသလောက် ခြေစွမ်းမပြနိုင်ကြပါဘူး။ ပြီးခဲ့တဲ့နွေရာသီကလည်း ပေါင် သန်း ၁၃၀ လောက် အသုံးပြုကာ ကစားသမားတွေ ခေါ်ယူခဲ့ပေမယ့် လက်ရှိ အမှတ်ပေးဇယားမှာ ထိပ်ဆုံးက လီဗာပူးလ်ထက် အမှတ် ၃၀ ကွာကာ၊ ချန်ပီယံလိဂ်ဝင်ခွင့်နေရာထက် ၅ မှတ်လျော့နည်းနေပါတယ်။ နဗီးလ်ကတော့ မန်ယူအသင်းဟာ နေရာပေါင်းစုံမှာ နောက်ပြန်သွားနေပြီး ဆိုးဆိုးဝါးဝါး အခြေအနေတွေနဲ့ ကြုံတွေ့ရမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၁၅၊ ၂၀၂၀
    M-Media

    ဘာကာနည်းပြဖြစ်လာရန် စိတ်ကူးပင်မယဉ်မိဟု စတီယန်ပြော

    ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်လာဖို့ စိတ်ကူးမယဉ်ခဲ့မိဘူးလို့ နည်းပြသစ် ကီကေး စတီယန်က ပြောကြားလိုက်ပါတယ်။ အသက် ၆၁ နှစ်အရွယ် ရီးယဲလ်ဘက်တစ်နည်း‌ပြဟောင်း စတီယန်ဟာ မနေ့က ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာပါ။ ဒုတိယတန်းအသင်း လက်စ် ပါးလ်မက်စ်နဲ့ လာလီဂါမှာ စွမ်းဆောင်ရည်ကောင်းပြသခဲ့တဲ့ စတီယန်ဟာ ရီးယဲလ်ဘက်တစ်နဲ့ ပထမဆုံးရာသီမှာပဲ ‌အဆင့် ၆ နဲ့ ယူရိုပါလိဂ်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ အခုလို အခွင့်အရေးပေးတဲ့အတွက် ဘာစီလိုနာအသင်းကို ကျေးဇူးတင်ပြီး စိန်ခေါ်မှုတွေအတွက် ‌စိတ်လှုပ်ရှားမိတယ်လို့လည်း စတီယန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ‌

    လုံခြုံရေးစိုးရိမ်မှုကြောင့် ပင်လယ်ကွေ့လေ့ကျင့်မှုအစီအစဉ်ကို မန်ယူပယ်ဖျက်

    နောက်လ ဆောင်းရာသီ အနားပေးချိန်မှာ ကာတာ ဒါမှမဟုတ် ဒူဘိုင်းကို သွားရောက်လေ့ကျင့်ဖို့ စီစဉ်ထားမှုကို လုံခြုံရေးအခြေအနေကြောင့် မန်ယူအသင်းက ဖျက်သိမ်းလိုက်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီနဲ့ နိုဝင်ဘာလတွေမှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကို သွားရောက်ကာ ‌လေ့ကျင့်ခဲ့သလို၊ ကာတာနိုင်ငံမြို့ ဒိုဟာမှာလည်း လေ့ကျင်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုအရှိ ပိုမိုမြင့်တက်မှုကြောင့် ပင်လယ်ကွေ့ဒေသမှာ လုံခြုံရေးအခြေအနေ စိုးရိမ်လာရတာပါ။ နည်းပြ ဆိုးရှားဟာ ပင်လယ်ကွေ့နိုင်ငံတွေအစား စပိန် ဒါမှမဟုတ် ပေါ်တူဂီကိုသွားရောက်လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။

    အာတီတာသာ အသင်းအတွက် သင့်တော်သည့်လူဟု အိုဇေးလ်ပြော

    နည်းပြဟောင်း အူနိုင်း အမ်မရီလက်ထက်မှာ အာဆင်နယ်အသင်းရဲ့ တန်ဖိုးတွေ ပျောက်ဆုံးခဲ့တယ်လို့ ကွင်းလယ်လူ အိုဇေးလ်က ဝေဖန်ပြောကြားလိုက်ပါတယ်။ အူနိုင်းရဲ့ ၁၈ လ နည်းပြသက်တမ်းမှာ အိုဇေးလ်ဟာ ပုံမှန်ကစားခွင့်မရခဲ့ဘဲ နည်းပြသစ် အာတီတာရဲ့ လက်ထက်ရောက်မှ ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အာတီတာလက်အောက်မှာ အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်၊ ပိုင်ဆိုင်မှုအသားပေးတဲ့ အသင်းရဲ့ ကစားပုံတွေ ပြန်ရလာပြီး ကစားသမားတွေအားလုံး ပျော်ရွှင်ကျေနပ်နေကြကြောင်း အာတီတာသာလျှင် အာဆင်နယ်အတွက် မန်ကန်တဲ့နည်းပြဖြစ်ကြောင်း အိုဇေးလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC, Daily Mail

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၉၊ ၂၀၂၀
    M-Media

    လူမျိုးရေးခွဲခြားမှုအတွက် လာဇီယိုအသင်း ဒဏ်ရိုက်ခံရ

    ဘရက်စီယာအသင်းတိုက်စစ်မှူး ဘာလော့တယ်လီကို ပရိတ်သတ်တွေက လူမျိုးရေးခွဲခြား စော်ကားမှုအတွက် လာဇီယိုအသင်းကို အီတလီဘောလုံးအဖွဲ့ချုပ်က ဒဏ်‌ငွေ ယူရို ၂ သောင်း ချမှတ်လိုက်ပါတယ်။ တနင်္ဂနွေနေ့ကပွဲမှာ ဘာလော့တယ်လီကို လာဇီယိုပရိတ်သတ်တွေက ၂ ကြိမ်တိုင်တိုင် လူမျိုးရေးခွဲခြား စော်ကားခဲ့ပြီး ပွဲကို ခေတ္တ ရပ်ဆိုင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ လာဇီယိုကတော့ လူမျိုးရေးခွဲခြားမှုကို ပရိတ်သတ်အချို့ကသာ လုပ်ဆောင်တာဖြစ်ပြီး ဒီလိုအပြုအမူတွေရှုတ်ချတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အီတလီဘောလုံးအဖွဲ့က ဒီကိစ္စ ဖြစ်ပွားမှု အသေးစိတ်ကို စစ်ဆေးကာ အရေးယူမှု ထပ်လုပ်ဖို့လည်း ရှိနေပါတယ်။

    မန်ယူနည်းပြနေရာကို ဂျူဗင်တပ်စ်နည်းပြဟောင်းက စိတ်ဝင်စား

    ဂျူဗင်တပ်စ်နည်းပြဟောင်း မက်စ် အယ်လီဂရီဟာ မန်ယူအသင်းရဲ့ နည်းပြရာထူးကို ‌စောင့်ကြည့်နေတယ် လို့ Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ပရိတ်သတ်တွေ ကျေနပ်စေမယ့် ရလဒ်တွေ ရရှိအောင် မစွမ်းဆောင်ပေးနိုင်တာကြောင့် မန်ယူနည်းပြ ဆိုးလ်ရှားဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။ အသက် ၅၂ နှစ်အရွယ် အလ်လီဂရီဟာ ပြီးခဲ့တဲ့နှစ် ဂျူဗင်တပ်စ်ကနေ ထွက်ခွာခဲ့ပြီးတဲ့နောက် အသင်းလက်မဲ့ဖြစ်နေပြီး အာဆင်နယ်က ဆက်သွယ်ခဲ့ပေမယ့် မန်ယူအခြေအနေကို စောငင့်ကြည့်နေတယ်လို့ဆိုကာ အယ်လီဂရီက ပယ်ချခဲ့ပါတယ်။ မန်ယူနည်းပြနေရာကို စပါးနည်းပြဟောင်း ပိုချက်တီနိုကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။

    Ref: BBC, Daily Mail