News @ M-Media
Tag: Man U
  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၆၊ ၂၀၁၈
    M-Media
    ပါကစ္စတန်မိုင်းတွင်း ပြိုကျမှု
    ပါကစ္စတန်မိုင်းတွင်းပေါက်ကွဲမှုကြောင့် ၁၆ ဦးသေဆုံး
    ============
    ပါကစ္စတန်နိုင်ငံက ကျောက်မီးသွေးတွင်းတစ်ခုမှာ ဓာတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် မိုင်းတွင်း ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၆ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝတဲ့ ဘာလိုချစ္စတန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကတော့ ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်မိုင်းတွင်းတွေဟာ ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေ ညံ့ဖျင်းမှု၊ လေ၀င်လေထွက်မကောင်းမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ဇောလေ့ရှိပါတယ်။
    မန်ယူနည်းပြဟောင်း ဖာဂူဆန် ခွဲစိပ်ကုသမှု ခံယူရ
    =============
    မန်ယူရဲ့ ဂန္တ၀င်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဟာ ဦးနှောက်မှာ သွေးခဲမှုကြောင့် မန့က အရေးပေါ် ခွဲစိပ်ကုသမှုတွေ လုပ်ခဲ့ရတယ်လို့ မန်ယူအသင်းက ကြေငြာခဲ့ပါတယ်။ ခွဲစိပ်မှုအောင်မြင်ခဲ့ပေမယ့် လက်ရှိ အထူးကြပ်မတ်ကုသဆောင်မှာ ဆက်လက်ကုသနေရပါတယ်။ အသက် ၇၆ နှစ်အရွယ်ရှိတဲ့ ဖာဂူဆန်ဟာ မန်ယူအသင်းကို ၁၉၈၆ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နည်းပြခဲ့ပြီး ပရီးမီးယားလိဂ် ၁၃ ကြိမ်၊ FA ဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ် ၂ ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။
    ယူထားသည့်ဒေတာများပြန်ပေးရန် Cambridge Analytica ကို ဗြိတိန်တရားရုံး အမိန့်ပေး
    ================
    Cambridge Analytica က ရယူထားတဲ့ အမေရိကန်မဲပေးသူတစ်ယောက်ရဲ့ အချက်အလက်တွေကို ပြန်ပေးဖို့အတွက် ယူကေ သတင်းအချက်အလက် မဟာမင်းကြီးရုံး (ICO) က သောကြာနေ့မှာ အမိန့်ပေးလိုက်ပါတယ်။ Cambridge Analytica ဟာ အမေရိကန်ပြည်သူ သန်းပေါင်း ၂၄၀ လောက်ရဲ့ အချက်အလက်တွေကို ရယူကာ ၂၀၁၆ ရွေးကောက်ပွဲမှာ အသုံးချခဲ့တာပါ။ ICO ရဲ့ အခုလိုဆုံးဖြတ်မှုဟာ အချက်အလက်ခိုးယူခံရတဲ့ ကျန်တဲ့သူတွေအတွက် လမ်းကြောင်းတစ်ခု ပေါ်လာတာဖြစ်ပါတယ်။ Cambridge Analytica နဲ့ သူ့ရဲ့ မိခင်ကုမ္ပဏီ SCL Elections Ltd တို့က သူတို့ဟာ လုပ်ငန်းပိတ်သိမ်းဖို့ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
    တိုင်းပြည်မျက်နှာကြည့်ဖို့ အမတ်လောင်းများကို မလေးဝန်ကြီးချုပ်ဟောင်းတိုက်တွန်း
    ==============
    မေလ ၉ ရက်နေ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သူတွေအနေနဲ့ အာဏာအတွက်မဟုတ်ဘဲ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့စိတ်ဓာတ် ထားရှိကြဖို့ မလေးဝန်ကြီးချုပ်ဟောင်း အဘ်ဒူလာ အဟ်မဒ် ဘာဒါဝီက သတိပေးလိုက်ပါတယ်။ ဘာဒါဝီဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ၀န်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပေမယ့် ၀န်ကြီးချုပ်ဟောင်း မဟာသီရဲ့ ဝေဖန်မှုကိုခံခဲ့ရသူပါ။ အဲဒီတုန်းက မဟာသီဟာ လက်ရှိဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကို ထောက်ခံခဲ့ပြီး အခုအချိန်မှာတော့ နာဂျစ်ရဲ့ပြိုင်ဘက် ဖြစ်လာပါတယ်။
    Ref: Aljazeera, CNA
  • သောကြာနေ့ ဘောလုံးသတင်းများ
    သောကြာနေ့ ဘောလုံးသတင်းများ
    မေ ၄၊ ၂၀၁၈
    M-Media
    ရိန်းဂျားပရိတ်သတ်များကို ပျော်အောင်လုပ်ပေးမည်ဟု ဂျရတ်ကတိပြု
    ===============
    ရိန်းဂျားအသင်းပရိသတ်တွေကို ပျော်အောင်လုပ်ပေးသွားမယ်လို့ နည်းပြသစ် အင်္ဂလန်ကွင်းလယ်လူဟောင်း စတီဗင်ဂျရတ်က ပြောကြားလိုက်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျရတ်ဟာ စကော့တလန်ကလပ် ရိန်းဂျားအသင်းနဲ့ ဒီနေ့မှာ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ ပထမဆုံး ဖုန်းခေါ်မှုကို ရကတည်းက ထူးထူးခြားခြား ခံစားခဲ့ရပြီး၊ သမိုင်းကြောင်းကောင်းကာ ကြီးကျယ်တဲ့ ဒီလိုအသင်းမျိုးကို ကိုင်တွယ်ဖို့ အခွင့်အရေးဟာ နှစ်ခါမရနိုင်ဘူးလို့လည်း ဂျရတ်က ဆိုပါတယ်။
    =============
    အင်္ဂလန်အသင်း အိမ်ကွင်းဖြစ်တဲ့ ၀င်ဘလေကွင်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဇူလိုင်လ ၁၈ ရက်နေ့ လွှတ်တော်မှာ ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစားကော်မတီ DCMS က ဆွေးနွေးဖို့ ရှိနေပါတယ်။ ဖူလ်ဟမ်းအသင်းပိုင်ရှင် ရှာဟစ်ခန်းက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ထံကနေ ၀င်ဘလေကွင်းကို ပေါင် သန်း ၉၀၀ နဲ့ ၀ယ်ယူဖို့ ကမ်းလှမ်းထားတာပါ။ DCMS ရဲ့ ဥက္ကဌဖြစ်တဲ့ ဒါမိန်း ကိုလင်က ၀င်ဘလေကွင်းဟာ ပြည်သူ့ပိုက်ဆံ တစ်စိတ်တစ်ပိုင်း ပါဝင်တာကြောင့် ရောင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေ သိရှိဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။ FA ကလည်း လွှတ်တော်မှာဆွေးနွေးမယ့်ကိစ္စကို ကြိုဆိုခဲ့ပါတယ်။
    မော်ရင်ဟိုကို မန်ယူတိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ် ဝေဖန်
    ==================
    မော်ရင်ဟိုရဲ့ မန်ယူက နည်းစနစ်တွေဟာ ပေါက်ကရတွေဖြစ်နေတယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်က ဝေဖန်လိုက်ပါတယ်။ မော်ရင်ဟိုဟာ တိုက်စစ်ထက် ခံစစ်ကို ဦးစားပေးလွန်းတဲ့အတွက် ဝေဖန်မှုတွေကို ခံနေရပြီး FA ဖလားမှာ အောင်မြင်မှုရနေပေမယ့် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို စိန်ခေါ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ထုတ်ခံနေရပါတယ်။ မန်ယူနဲ့အတူ ဖလား ၃ လုံးရခဲ့ဖူးတဲ့ ဒွိုက်ယော့ခ်က မော်ရင်ဟိုရဲ့နည်းစနစ်ဟာ မန်ယူပုံစံနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။
    မန်စီးတီးကွင်းလယ်လူ ယာယာတိုးယေး ရာသီကုန်လျှင် အသင်းမှထွက်မည်
    ===========
    ကွင်းလယ်ဖန်တီးရှင် ယာယာတိုးယေးဟာ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ယာယာတိုးယေးဟာ ၂၀၁၀ ခုနှစ်မှာ ဘာစီလိုနာကနေ ပေါင် ၂၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ဂွါဒီယိုလာကတော့ ဗုဒ္ဓဟူးနေ့ကစားမယ့် ဘရိုက်တန်နဲ့ပွဲမှာ ကစားသမားတစ်ယောက် ရရှိနိုင်မယ့် အကောင်းဆုံး နှုတ်ဆက်ပွဲနဲ့ တိုးယေးကို နှုတ်ဆက်သွားမယ်လို့ ဆိုပါတယ်။
    Ref: BBC,Goal
  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ
    ကြာသာပတေးနေ့ ဘောလုံးသတင်းများ
    မေ ၃၊ ၂၀၁၈
    M-Media
    မန်ယူနောက်ခံလူဟောင်း ရီယို ဖာဒီနန်
    အကောင်းဆုံးပေးဆပ်ပြီး လမ်းခွဲချင်သည်ဟု ၀င်းဂါးပြော
    ============
    အသင်းကို အကောင်းဆုံးပေးဆပ်ပြီး လမ်းခွဲချင်တယ်လို့ အာဆင်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ ၂၂ နှစ်တာ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ၀င်းဂါးဟာ ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ အက်သက်လက်တီကိုနဲ့ ယူရိုပါ ဆီမီးဖိုင်နယ် ဒုတိအကျော့ သတင်းစာရှင်းလင်းပွဲမှာ ၀င်းဂါးက
    လာမယ့်ရာသီ ဘာလုပ်ရမလဲဆိုတာ မသိသေးဘဲ လက်ရှိအလုပ်ကိုသာ အကောင်းဆုံး ဆောင်ရွက်ရမယ်လို့ ယုံကြည်ကြောင်း၊ နောက်ဆုံးအချိန်အထိ အာဆင်နယ်အတွက် အာရုံစိုက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    အန်ထော်နီ မာရှယ် မန်ယူမှ ထွက်မည်
    ===========
    ဆန်းချက်ဇ်ရောက်ပြီးနောက်ပိုင်း မန်ယူမှာ ရုန်းကန်လာရတဲ့ တိုက်စစ်မှူး အန်ထော်နီ မာရှယ်က လာမယ့်နွေရာသီမှာ အသင်းပြောင်းဖို့အတွက် ပြင်ဆင်နေပါတယ်။ ၂၀၁၅ ခုနှစ်က ပေါင် ၄၃ သန်းနဲ့ မန်ယူကို ရောက်လာတဲ့ မာရှယ်ဟာ အသင်းနဲ့ စာချုပ် ၁၄ လ ကျန်ရှိနေသေးတာပါ။ လက်ရှိမှာ ဘိုင်ယန်နဲ့ ဂျူဗင်တပ်စ်တို့ဟာ မာရှယ်ကို စောင့်ကြည့်နေကြပြီး မာရှယ်ကလည်း အသင်းရှာဖို့အတွက် သူ့အေးဂျင့်ကို ပြောကြားထားပါတယ်။
    ဟယ်ရီကိန်းမှာ ပြီးပြည့်စုံသောကစားသမားဟု ကလင်းစမန်းပြော
    =============
    စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့ ဂျာမနီတိုက်စစ်မှူးဟောင်း ယာဂန် ကလင်းစမန်းက ပြောကြားလိုက်ပါတယ်။ ကလင်းစမန်းဟာ စပါးအသင်းမှာ လာရောက်ကစားဖူးပြီး ၁၉၉၄-၉၅ ရာသီက ၂၉ ဂိုးသွင်းယူပေးခဲ့ကာ အသင်းရဲ့ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ ကလင်းစမန်းက ဟယ်ရီကိန်းကို လေးစားအားကျကြောင်း၊ ဂိုးသွင်းနိုင်သလို၊ ဖန်တီးပေးနိုင်သူလည်းဖြစ်ကြောင်း၊ စပါးအကယ်ဒမီက ထွက်လာတဲ့အတွက် ဂုဏ်ယူမိကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ဖာဒီနန်၏ လက်ဝှေ့လိုင်စင်လျှောက်ထားမှု ပယ်ချခံရ
    =====================
    မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ရဲ့ လက်ဝှေ့လိုင်စင်လျှောက်ထားမှုကို လက်ခံမှာမဟုတ်ဘူးလို့ ဗြိတိသျှ ဘောင်ဆင်အဖွဲ့ချုပ် BBBofC က ပြောကြားလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဘောလုံးလောကကနေ အနားယူခဲ့တဲ့ ဖာဒီနန်ဟာ ပြီးခဲ့နှစ် စက်တင်ဘာလမှာ လက်ဝှေ့လောကထဲ ၀င်ရောက်ခဲ့ပါတယ်။ ဒီလို ငြင်းပယ်ခံရမှုအတွက် အလွန်အမင်း နာကျင်ရတယ်လို့ ဖာဒီနန်က ပြောပါတယ်။
    Ref: BBC, Goal
  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ
    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ
    မေ ၂၊ ၂၀၁၈
    M-Media
    နယူးကာဆယ် ယူနိုက်တက်
    ရိုးမားကွင်းထဲ လမ်းလျှောက်မ၀င်ရန် လီဗာပူးလ်အသင်းက သတိပေးချက်ထုတ်ပြန်
    ================
    ဒီနေ့မနက်ပွဲမှာ ရိုးမားကွင်းထဲကို ဘယ်လိုအခြေအနေမျိုးမှာမှ လမ်းလျှောက်မသွားဘဲ၊ ကြိုပို့ကားကိုသာစီးကြဖို့ လီဗာပူးလ်အသင်းက ပရိတ်သတ်တွေကို သတိပေးထားပါတယ်။ ရိုမားနဲ့ လီဗာပူးလ်တို့ဟာ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ဒုတိယကျော့ပွဲစဉ်အဖြစ် ရိုးမားရဲ့ စတာဒီယို အိုလင်ပီကိုကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ပထမကျော့ လီဗာပူးလ်က ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မတိုင်ခင် အန်ဖီးလ်ကွင်းရှေ့မှာ နှစ်ဖက်ပရိတ်သတ်တွေ တိုက်ခိုက်မှုဖြစ်ခဲ့တာကြောင့် ဒုတိယအကျော့အတွက် စိုးရိမ်မှု ရှိနေပါတယ်။ အီတလီရဲတပ်ဖွဲ့ကတော့ လီဗာပူးလ်ပရိတ်သတ်တွေရဲ့လုံခြုံရေး အာမခံတယ်လို့ ပြောကြားထားပါတယ်။
    နယူးကာဆယ်ယူနိုက်တက် ၀ယ်သူရှာနေဆဲ
    ===========
    မိမိတို့အသင်းဟာ ရောင်းချမယ့်အနေအထားမှာပဲ ဆက်ရှိနေတယ်လို့ ပရီးမီးယားလိဂ်ကလပ်ဟောင်း နယူးကာဆယ်အသင်းက အတည်ပြုပြောဆိုခဲ့ပါတယ်။ အသင်းပိုင်ရှင် မိုက်အက်ရှ်လေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက အသင်းကို ရောင်းဖို့ စီစဉ်နေတာဖြစ်ပြီး ပေါင်း သန်း ၂၅၀ နဲ့ ရောင်းဖို့အတွက် စီးပွားရေးသမား အမျိုးသမီး အေမန်ဒါ စတာဗီလေနဲ့ ဆွေးနွေးမှုကို ဇန်န၀ါရီမှာ ရပ်တန့်ခဲ့ပါတယ်။ ဒါပေမယ့် အေမန်ဒါက ၀ယ်ယူဖို့ စိတ်ဝင်စားနေဆဲပဲလို့ ဆိုပါတယ်။ မိုက်အက်ရှ်လေဟာ ၂၀၀၇ ခုနှစ်မှာ နယူးကာဆယ်ကို ပေါင် ၁၃၄.၄ သန်းနဲ့ ၀ယ်ခဲ့တာပါ။
    လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟ်ကို ဂယ်ရီနဗီလ်း စိန်ခေါ်
    ==================
    လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ရဲ့ ခြေစွမ်းဟာ တစ်ရာသီသာခံမယ့် ခြေစွမ်းလားဆိုတာ စောင့်ကြည့်ချင်တယ်လို့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီလ်က ပြောကြားလိုက်ပါတယ်။ ဆာလာဟာ အခုရာသီမှာ လီဗာပူးလ်အတွက် ၄၈ ပွဲကစား ၄၃ ဂိုး သွင်းပေးထားပြီး PFA နဲ့ FWA တို့က ရွေးချယ်တဲ့ အကောင်းဆုံးဘောလုံးသမား ဆုတွေကိုလည်း ရရှိထားပါတယ်။ နဗီးလ်ကတော့ ဆာလာဟ်ဟာ နောက်နှစ် ဂိုး ၂၀ သွင်းမယ်ဆိုရင် တကယ်ကောင်းတဲ့ ကစားသမားလို့ ပြောလို့ရမှာဖြစ်ပြီး ၄၀၊ ၄၃ ဂိုးလောက် သွင်းမယ်ဆိုရင်တော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ဂိုးအရေအတွက်ကို မှီနိုင်မယ်လို့ ဆိုပါတယ်။
    မိမိကို သက်တမ်းမတိုးလျှင် မှားမည်ဟု မန်ယူကို ဖယ်လိုင်နီ သတိပေး
    =============
    သူ့ကို သက်တမ်းမတိုးဘူးဆိုရင် မန်ယူအသင်းဟာ ပေးဆပ်ရလိမ့်မယ်လို့ ကွင်းလယ်လူ မာရိုနီ ဖယ်လိုင်နီက သတိပေးလိုက်ပါတယ်။ ဒဏ်ရာကြောင့် အသင်းမှာ ရုန်းကန်နေရတဲ့ ဖယ်လိုင်နီဟာ မန်ယူနဲ့ အခုရာသီကုန်မှာ စာချုပ်ပြည့်မှာ ဖြစ်ပေမယ့် နှစ်ဖက် ဆွေးနွေးမှုတွေက အဆင်မပြေပါဘူး။ နည်းပြ မော်ရင်ဟိုက သဘောတူညီချက် မကြာမီ ရတော့မယ်လို့ ပြောကြားထားပေမယ့် ဖယ်လိုင်နီကတော့ အသင်းဟာ သူ့ကို သက်တမ်းမတိုးချင်ကြောင်း၊ ဒီလိုသာ ဆုံးဖြတ်မယ်ဆိုရင် အသင်းဟာ မှားယွင်းမှာဖြစ်ကြောင်း၊ သူတိုကိုယ်တိုင်လည်း ဆုံးဖြတ်ချက် မချရသေးကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: BBC, Goal
  • တနင်္လာနေ့ ဘောလုံးသတင်း
    တနင်္လာနေ့ ဘောလုံးသတင်း
    ဧပြီ ၂၃၊ ၂၀၁၈
    M-Media
    မန်စီးတီးအသင်းဘတ်စ်ကားကို လီဗာပူးလ်ပရိတ်သတ်များ နှောက်ယှက်ခဲ့မှု
    လာမည့်နွေရာသီ လူအနည်းငယ်သာဝယ်မည်ဟု မော်ရင်ဟိုဖွင့်ဟ
    ================
    လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ အသင်းအတွက် အခြေခံလောက်ပဲ ကစားသမားတွေ ၀ယ်ယူသွားမယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့နှစ်ခုမှာ ပေါ့ဘာကို ပေါင် ၈၉ သန်း၊ လူကာကူကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူမှုတွေအပါအ၀င် ငွေကြေးတော်တော်များများသုံးစွဲကာ အသင်းကို ဖြည့်တွင်း မှုတွေ လုပ်ခဲ့တာပါ။ လာမယ့် နွေရာသီမှာတော့ အသင်းက ထွက်ဖို့ရှိနေတဲ့ ကာရစ်နဲ့ ဖယ်လိုင်နီတို့နေရာမှာသာ အစားထိုးဖို့ လိုအပ်မယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။
    ရိုးမားပရိတ်သတ်များကို လေးစားရန် လီဗာပူးလ်နည်းပြ ကလော့ပ် ပန်ကြား
    ===================
    မနက်ဖြန်မှာကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရိုးမား ပရိတ်သတ်တွေကို လေးစားကြဖို့ လီဗာပူးလ်ပရိတ်သတ်တွေကို နည်းပြ ယာဂန်ကလော့ပ်က ပန်ကြားလိုက်ပါတယ်။ အခုလအစောပိုင်း မန်စီးတီးနဲ့ ကွာတားဖိုင်နယ် ပထမအကျော့ ကစားရာမှာ လီဗာပူးလ်ပရိတ်သတ်တွေဟာ သံဘူးတွေ၊ ပုလင်းတွေ၊ မီးရှူးမီးပန်းတွေနဲ့ မန်စီးတီးအသင်းကားကို ပစ်ပေါက်မှုတွေရှိခဲ့တာကြောင့် မာဆေးဆိုက်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ယူအီးအက်ဖ်အေကလည်း လီဗာပူးလ်ကို စည်းကမ်းပိုင်ဆိုင်ရာ အရေးယူဖို့ စီစဉ်နေပါတယ်။
    FA က စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ပြန်တောင်းပန်
    ======================
    FA ဖလား ဆီးမီးဖိုင်နယ်အပြီး Twitter က ပို့စ်မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို စော်ကားသလိုဖြစ်တဲ့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပြန်လည်တောင်းပန်လိုက်ပါတယ်။ မန်ယူနောက်ခံလူ စမောလင်းက ‘ဟယ်ရီကိန်း’ လို့ ပြောကြားထားတဲ့ ဗီဒီယိုကို FA က သူတို့ရဲ့စာမျက်နှာမှာ What’s in your pocket? (မင်းခါးပိုက်ထဲမှာ ဘယ်သူ့ကိုပိုက်ထားလဲ) ဆိုတဲ့ စာသားနဲ့ တင်ခဲ့တာပါ။ ဒါဟာ ဟယ်ရီကိန်းကို စော်ကားသလိုဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ခဲ့တာကြောင့် FA က နှစ်သင်းစလုံးကို တောင်းပန်ခဲ့ပါတယ်။
    အသင်းအောင်မြင်ဖို့ အဓိကဟု ဆာလာဟ်ဖွင့်ဟ
    =============
    PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိထားတဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က သူ့ရဲ့ ရည်မှန်းချက်ဟာ အသင်းနဲ့အတူ အောင်မြင်မှုရဖို့ ဖြစ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်နေတာကြောင့် ဗိုလ်စွဲဖို့ မျှော်လင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဆာလာဟ်ဟာ ပရီးမီးယားလိဂ်မှာ ၃၁ ဂိုး သွင်းထားပြီး ရော်နယ်ဒို၊ ဆွာရက်ဇ်နဲ့ ရှီးယားရားတို့ရဲ့ တစ်နှစ်အတွင်း ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီကာ စံချိန်သစ်တင်ဖို့လည်း နီးစပ်နေပါတယ်။
    Ref: Goal, BBC