News @ M-Media

Tag: Man U

  • တနင်္ဂနွေနေ့ ဘောလုံးသတင်း

    တနင်္ဂနွေနေ့ ဘောလုံးသတင်း

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media

    ၂၀၀၅ ခုနှစ်တွင် လီဗာပူးလ် ချန်ပီယံလိဂ်ဖလား ရရှိစဉ်က

    မန်ယူအသင်း တစ်ဖက်သက်ဝေဖန်ခံရဟု မော်ရင်ဟိုပြော
    ==============
    အသင်းနဲ့ကစားသမားတွေဟာ လိုတာထက်ပိုပြီး ဝေဖန်ခံရတယ်လို့ မန်ယူနည်းပြ ဂျိုဆေးမော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ မန်ယူဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ အဆင့် ၂ နဲ့ ရာသီသိမ်းဖို့ရှိနေပြီး မနေ့က FA ဖလား ဆီမီးဖိုင်နယ်မှာလည်း စပါးကိုအနိုင်ကစားကာ ဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။ မော်ရင်ဟိုကတော့ ဒီအောင်မြင်မှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ မမြင်ခဲ့ရတဲ့ အောင်မြင်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

    ဘာစီလိုနာဗိုလ်ချုပ် အင်နီယေစတာ တရုတ်စူပါလိဂ်ပြောင်းမည်
    ================
    ရာသီကုန်ရင် တရုတ်စူပါလိဂ်ကို သွားမယ်လို့ သတင်းထွက်နေတဲ့ ဘာစီလိုနာကွင်းလယ်လူ အန်ဒရေ အင်နီယေစတာကို သူ့အသင်းလာခဲ့ဖို့ ရီးယဲလ်ဘက်တစ်နည်းပြက ဖိတ်ခေါ်လိုက်ပါတယ်။ လက်ရှိ ဘက်တစ်ဟာ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေတာပါ။ အသက် ၃၃ အရွယ် အင်နီယေစတာဟာ လာမယ့်ရက်ပိုင်းအတွင်း ဘာစီလိုနာက သူ့ရဲ့အနာဂတ်အကြောင်း ထုတ်ဖော်ပြောဆိုဖို့ ရှိနေပါတယ်။

    လီဗာပူးလ်အသင်း ၂၀၀၅ ကံကြံမ္မာမျိုး ထပ်ကြုံမည်ဟု ကွင်လယ်လူဟောင်း သုံးသပ်
    ==================
    လီဗာပူးလ်ရဲ့ လက်ရှိအနေအထားက ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ်ရခဲ့တုန်းက ပုံစံအတိုင်း ဖြစ်နေတယ်လို့ ကွင်းလယ်လူဟောင်း ဂါစီယာက ပြောကြားလိုက်ပါတယ်။ လီဗာပူလ်းဟာ အခုနှစ် ချန်ပီယံလိဂ် စတင်ကစားကတည်းက ဗိုလ်စွဲမယ့်စာရင်းမှာ တစ်ပေးခြင်းမခံရပေမယ့် လက်ရှိမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီး အင်္ဂါနေ့မှာ ရိုးမားနဲ့ ပထမအကျော့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဂါဇီယာကတော့ လီဗာပူးလ်ဟာ ဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေပြီး လူတွေ အံ့အားသင့်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    မန်ယူတွင် အံဝင်ဖို့ခက်သည်ဟု ဆန်းချက်ဇ်ဖွင့်ဟ
    ===========
    မန်ယူလိုအသင်းကြီးမှာ အံဝင်ခွင်ကျဖြစ်အောင်ကစားရတာ ခက်ခဲတယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အလက်ဇစ်ဆန်းချက်ဇ်က ပြောကြားလိုက်ပါတယ်။ ဆန်းချက်ဇ်ဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ မော်ရင်ဟိုရဲ့ မန်ယူကို ရောက်ရှိလာတာဖြစ်ပြီး ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပါတယ်။ မနေ့က စပါးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိတဲ့ FA ဖလား ဆီးမီးဖိုင်နယ်မှာ ဆန်းချက်ဇ်ဟာ ၁ ဂိုးသွင်းယူပေးခဲ့ပြီး ဒီအတွက် ပျော်ရွှင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    Ref : Goal

  • ကမ္ဘာတစ်ဝှမ်း ဆင်းရဲသူများကို ကူညီနိုင်မည့် အစီအစဉ်ကို မန်ယူကွင်းလယ်ကူ မာတာ စတင်

    ကမ္ဘာတစ်ဝှမ်း ဆင်းရဲသူများကို ကူညီနိုင်မည့် အစီအစဉ်ကို မန်ယူကွင်းလယ်ကူ မာတာ စတင်

    သြဂုတ် ၁၇၊ ၂၀၁၇
    M-Media

    ဘိုင်ယန်မြူးနစ်အသင်း၏ ဂျာမနီနောက်ခံလူ ဟမ်းမဲလ်

    – ကမ္ဘာတစ်ဝှမ်းမှ ဆင်းရဲနွမ်းပါးသူများကို ကူညီထောက်ပံ့ရန်အတွက် လုပ်ခလစာ၏ ၁ ရာခိုင်နှုန်း လှူဒါန်းမည့် မာတာ၏ အစီအစဉ်တွင် ဘိုင်ယန်မြူးနစ်၏ ဂျာမန်ကစားသမား ဟမ်းမဲလ် ပါဝင်လာခဲ့သည်ဟု သိရသည်။

    အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့သို့ သွားရောက်စဉ် အလွန်အမင်း ဆင်းရဲမွဲတေသည့် အခြေအနေများကို မြင်တွေ့ခဲ့ရပြီးနောက် မာတာမှာ ယခုလအစောပိုင်းတွင် ထိုအစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး ထိပ်တန်းကစားသမားများ ပါဝင်ရန်လည်း တိုက်တွန်းခဲ့သည်။

    “ကျွန်တော်တို့ကမ္ဘာကြီး တိုးတက်ဖို့ ဘောလုံးအားကစားနည်းအတွက် ဒါဟာ အခွင့်အလမ်းတစ်ခုပါပဲ။ ဒီအစီအစဉ်မှာ ကျွန်တော် ပါဝင်ချင်ပါတယ်” ဟု ဟမ်းမဲလ်က ပြောကြားခဲ့သည်။

    အသက် ၂၈ နှစ်အရွယ် နောက်ခံလူ ဟမ်းမဲလ်မှာ ၂၀၁၆ ခုနှစ် မေလက ဘိုင်ယန်သို့ ရောက်ရှိလာခဲ့သူဖြစ်သည်။

    “ဘောလုံးက တိုးတိုးပြီးရရှိနေတဲ့ အကျိုးအမြတ်တွေကို ပိုမိုနက်ရှိုင်းတဲ့ ရည်ရွယ်ချက်မှာ အသုံးပြုဖိ့အတွက် ကျွန်တော်တို့ ပိုလုပ်ရမယ်လို့ ထင်ပါတယ်။ ၁ ရာခိုင်နှုန်းလောက် လှူတာကနေ ကျွန်တော်တို့ဟာ ဘောလုံးနဲ့ ကမ္ဘာတစ်ဝှမ်းက လူမှုဘ၀အခြေအနေတွေအကြား ပေါင်းကူးနိုင်မှာပါ” ဟု ဟမ်းမဲလ်က ဆိုသည်။

    မာတာမှာ streetfootballworld အဖွဲ့က ဦးစီးနေသည့် Common Goal အကူအညီပေးရေး အစီအစဉ်အတွက် ရန်ပုံငွေများကို ရှာဖွေနေပြီး ကစားသမား ၁၁ ယောက်က လုပ်ခလစာ၏ ၁ ရာခိုင်နှုန်းကို ပုံမှန် လှူဒါန်းသွားမည့် Common Goal starting Xl အဖွဲ့ကို ဖွဲ့စည်းရန် ရည်ရွယ်နေသည်။

    ဟမ်းမဲလ်မှာ မာတာ၏အစီအစဉ်တွင် ပထမဆုံး ပါဝင်လာသည့် ကစားသမားဖြစ်ပြီး မာတာကလည်း ဟမ်းမဲလ်ကိုချီးကျူးခဲ့သည်။

    Ref: BBC

  • ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းအား မော်ရင်ဟိုငြင်းဆို

    ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းအား မော်ရင်ဟိုငြင်းဆို

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းများကို မန်ယူနည်းပြ ဟိုဆေး မော်ရင်ဟိုက ငြင်းပယ်လိုက်ပြီး မဖြစ်နိုင်သော ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

    စပိန်တွင် အခွန်ရှောင်သည်ဟု စွပ်စွဲခံရမှုအတွက် ရော်နယ်ဒိုမှာ မကျမနပ်ဖြစ်နေပြီး ရီးယဲလ်မှ ထွက်ခွာရန် စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်နေကာ ၂၀၀၉ ခုနှစ်က ပေါင် သန်း ၈၀ ဖြင့် ထွက်ခွာသွားသည့် မန်ယူသို့ ပြန်လာမည်ဟု ရေပန်းစားနေသည်။

    သို့သော်လည်း ရော်နယ်ဒိုကို ခေါ်ယူရန်မှာ စီးပွားရေးဆိုင်ရာ အကြောင်းအရင်းများကြောင့် မဖြစ်နိုင်ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    “မဖြစ်နိုင်တဲ့ ကစားသမားအတွက် အချိန်ကုန်ခံနေမှာ မဟုတ်ပါဘူး။ ရော်နယ်ဒိုဟာ ရီးယဲအတွက် ရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး စီးပွားရေးအရလည်း တော်တော် အရာရောက်ပါတယ်။ ရော်နယ်ဒို ရီးယဲလ်က ထွက်နိုင်တယ်ဆိုတဲ့အတွေးမျိုး တွေးရလောက်တဲ့ အကြောင်းတရား ဘာမှမရှိပါဘူး” ဟု မော်ရင်ဟိုက ဆိုသည်။

    ထို့ပြင် ရီးယဲလ်တိုက်စစ်မှူးတစ်ဦးဖြစ်သူ မိုရာတာကိုလည်း ခေါ်ယူသွားမည်မဟုတ်ကြောင်း မန်ယူနည်းပြက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: BBC

  • အဲဗာတန်သို့ ပြန်လာရခြင်းကို ပျော်ရွှင်သည်ဟု ရူနီပြော

    ဇူလိုင် ၉၊ ၂၀၁၇
    M-Media

    – အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာသည့်အတွက် ပျော်ရွှင်မိပြီး၊ အသင်းမှာ ရှေ့ဆက် အောင်မြင်နိုင်မည်ဟု အဲဗာတန်သို့ ရောက်ရှိလာသည့် အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    မန်ယူက အဲဗာတန်တိုက်စစ်မှူး လူကာကူကို ပေါင် ၇၅ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် အသက် ၃၁ နှစ်အရွယ် ရူနီ၏ အနာဂတ်မှာ မသေချာတော့ဘဲ အဲဗာတန်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခြင်းဖြစ်ကာ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့သည်။

    “အသင်းဟောင်းကို ပြန်ရောက်လာတဲ့အတွက် ၀မ်းသာပါတယ်။ ကောင်လေးတွေနဲ့တွေ့ဖို့၊ လေ့ကျင်ခန်းဆင်းဖို့ ကွင်းထဲဝင်ကစားဖို့ မစောင့်နိုင်တော့ပါဘူး” ဟု ရူနီက ပြောကြားခဲ့သည်။

    ထို့ပြင် အဲဗာတန်အသင်းမှာ ရှေ့ဆက်သွားကာ အောင်မြင်နိုင်မည်ဟု ခံစားရကြောင်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

    “ကျွန်တော် အားပေးတဲ့အသင်း၊ ကျွန်တော့်ကို မြေတောင်မြှောက်ပေးတဲ့အသင်း ဆိုတာကြောင့်ပဲ ဒီကို ရောက်လာတာမဟုတ်ပါဘူး။ အသင်းဟာ ရှေ့ဆက်အောင်မြင်နိုင်မယ်လို့ ကျွန်တော် ထင်မြင်ယူဆတာကြောင့် ရောက်လာခဲ့တာ ဖြစ်ပါတယ်”

    ၂၀၀၄ ခုနှစ်က အဲဗာတန်အသင်းမှ ပြောင်းရွှေ့လာခဲ့သည့် ရူနီမှာ မန်ယူအသင်းအတွက် ၅၅၉ ပွဲကစားကာ ၂၅၃ ဂိုး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ် ၅ ကြိမ်၊ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တစ်ကြိမ်၊ FA ဖလား တစ်ကြိမ် ရရှိခဲ့သည်။

    မန်ယူနည်းပြ မော်ရင်ဟိုက ရူနီကိုယ်တိုင် ထွက်ခွာခွင့်တောင်းသောကြောင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

  • ချယ်ဆီးကိုကျော်ကာ လူကာကူကို မန်ယူက ခေါ်ယူနိုင်

    ချယ်ဆီးကိုကျော်ကာ လူကာကူကို မန်ယူက ခေါ်ယူနိုင်

    ဇူလိုင် ၆၊ ၂၀၁၇
    M-Media

    – အဲဗာတန်အသင်းတိုက်စစ်မှူး လူကာကူကို ပေါင် ၇၅ သန်းဝန်းကျင်ဖြင့် မန်ယူက ခေါ်ယူရန် သဘောတူညီချက် ရခဲ့ပြီဟု နှစ်ဖက်အသင်း တာဝန်ရှိသူများက အတည်ပြုခဲ့ပြီး ချယ်ဆီးအသင်းကို ကျော်ဖြတ်ကာ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် အဲဗာတန်အသင်းအတွက် ၂၅ ဂိုးသွင်းယူပေးခဲ့သည့် အသက် ၂၄ နှစ်အရွယ် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို ခေါ်ယူရန် မန်ယူက နွေရာသီအပြောင်းအရွှေ့ကာလ တစ်လျှောက်လုံးတွင် ချယ်ဆီးနှင့် အပြိုင်ကြိုးစားခဲ့သည်။

    လက်ရှိတွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း မပြုရသေးဟု အဲဗာတန်အသင်းက ပြောကြားခဲ့သော်လည်း မန်ယူအသင်း၏ ရာသီကြိုခြေစမ်းပွဲအဖြစ် တနင်္ဂနွေနေ့ အမေရိကန်သို့ မသွားရောက်မီ ရောက်လာဖွယ် ရှိနေသည်။

    လူကာကူမှာ ၂၀၁၁ ခုနှစ်က အန်ဒါလက်ခ်ျအသင်းမှ ချယ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီး မော်ရင်ဟိုလက်ထက် ၂၀၁၄ ခုနှစ်တွင် ပေါ ၂၈ သန်းဖြင့် အဲဗာတန်သို့ ရောက်ရှိခဲ့သည်။

    အဲဗာတန်အသင်း၏ သမိုင်းတစ်လျှောက် အမြင့်ဆုံး ကမ်းလှမ်းမှုကို ပြီးခဲ့သည့်နှစ်တွင် လူကာကူက ပယ်ချခဲ့ပြီး မိမိအနေဖြင့် ယခုအဆင့်တွင် ဆက်နေရန် ဆန္ဒမရှိတော့ကြောင်း၊ တိုးတက်မှုကို ရှာဖွေလိုကြောင်း ပြောကြားခဲ့သည်။

    Ref: BBC