News @ M-Media

Tag: MAS

  • မလေးရှားမှ ဘေဂျင်းသို့ ထွက်ခွာလာသော ခရီးသည်တင်လေယာဉ် တစ်စင်း အဆက်အသွယ် ပြတ်တောက်နေ

    မတ် ၈ ၊ ၂၀၁၄
    M-Media

    MasRelative080314e
    မလေးရှားလေကြောင်းခရီးစဉ် MAS ၏ လူ ၂၃၉ ဦးပါဝင် တင်ဆောင်လာသော 777-200 ဘိုးအင်းအမျိုးအစား MH370 လေယာဉ်မှာ ထိန်းချုပ်ရေးစခန်းမှ မည်သည့် အဆက်အသွယ်ပြု မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

    ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘေဂျင်းသို့ ဦးတည် ပျံသန်းလာသည့် ၎င်းလေယာဉ်မှာ ထွက်ခွာပြီး ၂ နာရီအကြာ ဒေသ စံတော်ချိန် နံနက် ၂း၄၀ နာရီ ဗီယက်နမ် လေကြောင်း ပိုင်နက်ထဲတွင် ဆက်သွယ်မှုပြတ်တောက်သွားကြောင်း၊ တရုတ်လေကြောင်း အာဏာပိုင်များက ထိုလေယာဉ်သည် တရုတ်လေကြောင်း ပိုင်နက်တွင်းသို့ ၀င်ရောက်လာမှု မရှိကြောင်း စင်ဟွာသတင်းဌာနက ပြောကြားသည်။

    လေယာဉ်ပေါ်တွင် ရင်ခွင်ပိုက်ကလေးငယ် ၂ ဦး၊ နိုင်ငံ(၁၄) နိုင်ငံမှ ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦးပါဝင်သည်။ ၎င်းတို့အနက် ၁၅၈ ဦးမှာ တရုတ်နိုင်ငံသားများဖြစ်သည်ဟု တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ကြေငြာသည်။

    လတ်တစ်လောတွင် မည်သည့်သတင်းမျှ ထပ်မံမရသေးကြောင်း မလေးရှားလေကြောင်းပြောဆိုခွင့်ရသူမှ ဆိုသည်။

    AFP
    လေယာဉ်ပေါ်တွင် ပါသွားသည့် ခရီးသည် တစ်ဦး၏ မိသားစုဝင် တဦး ဘေဂျင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ငိုကြွေးနေစဉ် (PHOTO: REUTERS )

  • မလေးရှား MAS နှင့် MAI လေကြောင်းလိုင်းတို့ အကျိုးတူ ပူးပေါင်းရေး စာချုပ်သစ် လက်မှတ်ရေးထိုး

    ဇန်နဝါရီ ၂၅၊ ၂၀၁၄
    M-Media
    mas-a380-1-web
    ကွာလာလမ်ပူ။    ။ မလေးရှားလေကြောင်း MAS – Malaysia Airlines နှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း ပို့ဆောင်ရေး (MAI) တို့သည် လက်ရှိ ရန်ကုန်ခရီးစဉ် ၁၄ ကြောင်းမှသည် ၁၉ ကြောင်းအထိ တိုးမြှင့်နိုင်ရန် အကျိုးတူပူးပေါင်းရေး စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုလိုက်သည်။ ၎င်းမှာ မြန်မာ့လေကြောင်းအတွက် MAS မှ သယ်ယူပေးမည့် ကွာလာလမ်ပူ-ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ယင်းသဘောတူအစီအစဉ် စတင်သက်ဝင်မည်ဖြစ်ပြီး ကြိုတင်လက်မှတ်များကို ဖေဖော်ဝါရီလ ၁၀ နေ့မှ စတင်မှာကြားနိုင်ကြောင်း သိရသည်။

    သဘောတူညီချက်များ၌ MAS မှ စင်္ကာပူ၊ လန်ကာဝီ၊ ဘန်ကောက် နှင့် ပီနန်ခရီးစဉ်များကိုလည်း မြန်မာ့လေကြောင်းအတွက် ခွင့်ပြုပေးမည်ဟုလည်း ပါဝင်သည်။

    “ ဒါဟာ ၂၀၁၄ မလေးရှားခရီးသွားနှစ်မှာ နိုင်ငံရပ်ခြားခရီးသည်များ တိုးပွားရရှိရေးဈေးကွက်ကို ဦးစားပေးတဲ့အနေနဲ့ လေကြောင်းခရီးစဉ်ဆိုင်ရာ စပျိုးခြေလှမ်းသစ်တွေထဲက တစ်ခုဖြစ်ပါတယ် ” ဟု MAS အမှုဆောင်အရာရှိချုပ် Ahmad Jauhari က ပြောကြားသည်။

    ဤအကျိုးတူပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင်နိုင်ရန် ရန်ကုန်သို့ အသွားအပြန်ခရီးစဉ်ကို ချွေတာရေး ခရီးစဉ် အတွက် RM 464 နှင့် စီးပွားရေးခရီးစဉ်အတွက် RM1401 နှုန်းထားဖြင့် စတင်ဆောင်ရွက်ပေးတော့မည်ဖြစ်သည်။

    မလေးရှားလေကြောင်းလိုင်းတွင် လတ်တစ်လော၌ ကမ္ဘာတစ်ဝှမ်းတိုက်ရိုက်ပျံသန်းမှုခရီးစဉ် ၆၀ အထက်ရှိနေပြီး၊ မိမိ၏လုပ်ငန်းလက်တွဲဖော်များနှင့် နောက်ထပ်ခရီးစဉ် ၈၀၀ ကို နိုင်ငံပေါင်း ၁၅၀ ကျော်တွင် တိုးချဲ့ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိသည်။

    Ref: The Star