News @ M-Media

Tag: Minister of Home Affairs

  • သင်္ဃန်းကျွန်းရှိ အစ္စလာမ် ဘာသာရေး ဝတ်ပြုကျောင်းများအား ပြည်ထဲရေး ညွှန်ကြားချက်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့

    သင်္ဃန်းကျွန်းရှိ အစ္စလာမ် ဘာသာရေး ဝတ်ပြုကျောင်းများအား ပြည်ထဲရေး ညွှန်ကြားချက်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့

    အောက်တိုဘာ ၂၃၊ ၂၀၁၆
    M-Media
    မိုးစက်
    M-Media
    ရန်ကုန်။    ။ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းရှိ အစ္စလာမ်ဘာသာရေး ဝတ်ပြုကျောင်း အချို့ အား ပြည်ထဲရေးဝန်ကြီး ညွှန်ကြားချက်ဖြင့်ဆိုပြီး အောက်တိုဘာလ ၂၁ ရက် ညက ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

    ဗလီအကျယ်အဝန်း၊ ဗလီ၏သက်တမ်းကာလ၊ ဗလီ၏အထပ်၊ ည အိပ်ဧည့်သည် ရှိ/မရှိ တို့ကို မေးမြန်းခဲ့ပြီး  ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ လဝကမှတာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် ရပ်ကွက်အတွင်း တာဝန်ရှိသူများမှ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်လို့ သိရှိရပါတယ်။ ။

    “သူတို့ဝင်စစ်တဲ့ ဗလီတိုင်းကို ဂေါပကတွေက ကြည်ဖြူစွာပဲ လက်ခံပြီး စစ်ဆေးခံပါတယ်။ ရုံးလုပ်ထုံး လုပ်နည်းအရ သူတို့လုပ်စရာရှိတာတွေ လုပ်သွားတယ်။ ပြည်ထဲရေး ညွှန်ကြားချက်ကြောင့် လာစစ်တယ်လို့ပဲ ပြောသွားတယ်” ဟု ရပ်ကွက်ရှိ ပြည်သူတစ်ဦးက M-Media ကို ပြောပါတယ်။

    လာရောက်စစ်ဆေးသည့် တာဝန်ရှိသူများမှ မသကာင်္စရာလူများတွေ့လျှင် အာဏာ ပိုင်များကို ချက်ချင်းအကြောင်းကြားရန် နှင့် ရခိုင်ပြည်နယ် တောင်ကုတ်မှ ဧည့်သည်အဝင်အထွက် ရှိမရှိကိုလည်း ရဲမှူးမှ သက်ဆိုင်ရာ ဂေါပကအဖွဲ့ကို မေးမြန်းခဲ့ကြောင်း သိရပါတယ်။