News @ M-Media

Tag: Muslim Travel

  • စင်ကာပူမှာ မွတ်စလင်ခရီးသွားများ ကြိုက်နှစ်သက်ဆုံး နိုင်ငံတစ်ခု ဖြစ်နေ

    စင်ကာပူမှာ မွတ်စလင်ခရီးသွားများ ကြိုက်နှစ်သက်ဆုံး နိုင်ငံတစ်ခု ဖြစ်နေ

    မေ ၄၊ ၂၀၁၇
    M-Media

    – စင်ကာပူနိုင်ငံမှာ အိုအိုင်စီနိုင်ငံများ၏ အပြင်ဘက်တွင် ကမ္ဘာ့ မွတ်စလင်ခရီးသွားများအကြား လူကြိုက်အများဆုံး နိုင်ငံတစ်ခုအဖြစ် ၃ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်ဟု သိရသည်။

    မွတ်စလင်ခရီးသွားများ ကြိုက်နှစ်သက်သည့် နေရာများကို လေ့လာကာ ထုတ်ပြန်သော Mastercard- CrescentRating Global Muslim Travel Index အညွှန်းကိန်းတွင် စင်ကာပူမှာ ၂၀၁၆ ခုနှစ်အတွက် အလုံးစုံ ရပ်တည်မှုဇယား၌ အဆင့် ၁၀ နေရာတွင် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကထက် ၂ ဆင့် လျော့ကျသွားခြင်းဖြစ်သည်။

    အဆိုပါ အညွှန်းကိန်းအတွက် ကမ္ဘာ့ ခရီးသွားနိုင်ငံပေါင်း ၁၃၀ ကို ခရီးသွားများ လာရောက်မှု၊ ဆက်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်၊ ၀န်ဆောင်မှု စသည့် သတ်မှတ်ချက်လေးခုဖြင့် စစ်တမ်းကောက်ယူခြင်းဖြစ်သည်။

    သတ်မှတ်ချက်များတွင် မိသားစုအတွက် အဆင်ပြေမှု၊ လုံခြုံမှုနှင့် ဖော်ရွေမှုများကိုလည်း ကဏ္ဍခွဲများအဖြစ် ထည့်သွင်းထားသည်။

    မလေးရှားမှာ ၂၀၁၆ ခုနှစ်အတွင်း မွတ်စလင်ခရီးသွား အကြိုက်နှစ်သက်ဆုံး နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး မွတ်စလင်ခရီးသွားပေါင်း ၁၂၁ သန်း လာရောက်လည်ပတ်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ခရီးသွားများမှာ ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁၅၅ ဘီလီယံ သုံးစွဲခဲ့သည်။

    ၂၀၂၀ ခုနှစ်တွင် မွတ်စလင်များမှာ ကမ္ဘာ့ ခရီးသွားများ၏ ၁၀ ပုံ ၁ ပုံ ရှိလာမည်ဖြစ်ပြီး ဈေးကွက်မှာ ကန်ဒေါ်လာ ဘီလီယံ ၂၂၀ ရှိလာမည်ဖြစ်သည်။

    အာရှမှာ မွတ်စလင်ခရီးသွားများ အနှစ်သက်ဆုံး ဒေသတစ်ခုဖြစ်ပြီး အင်ဒိုနီးရှား၊ ထိုင်း၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှာ အညွှန်းကိန်းတွင် ထိပ်တန်းနေရာများ၌ ပါဝင်နေသည်။

    CrescentRating and HalalTrip လုပ်ငန်းမှ စီအီးအို ဖာဇဲလ် ဘဟာရ်ဒင်က မွတ်စလင်လူငယ် ခရီးသွားများမှာ ဈေးကွက်ကို ပုံဖော်မည်ဖြစ်ပြီး ဈေးကွက်မှာလည်း ဆက်လက် ကြီးထွားသွားဖွယ် ရှိနေသည်ဟု ကြေငြာချက်တွင် ပြောကြားခဲ့သည်။

    Ref: Straitstimes

  • မွတ်စလင်ခရီးသွားများအတွက် အဆင်ပြေဆုံးနိုင်ငံအဖြစ် စင်ကာပူ ၃ နှစ်ဆက် ရပ်တည်

    မွတ်စလင်ခရီးသွားများအတွက် အဆင်ပြေဆုံးနိုင်ငံအဖြစ် စင်ကာပူ ၃ နှစ်ဆက် ရပ်တည်

    မတ် ၆၊ ၂၀၁၅
    M-Media

    singapore

    – မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေထဲမှာ စင်ကာပူဟာ မွတ်စလင်ခရီးသွားတွေအတွက် အဆင်အပြေဆုံး နိုင်ငံအဖြစ် သုံးနှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပါတယ်။

    Global Muslim Travel Index လို့အမည်ပေးထားတဲ့ မွတ်စလင်ခရီးသွားတွေ အနှစ်သက်ဆုံး နိုင်ငံတွေစာရင်းကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့အထဲမှာ ဒီလိုဖော်ပြခဲ့တာဖြစ်ပြီး စင်ကာပူဟာ လုံခြုံတဲ့ ခရီးသွားလာရေး စနစ်၊ ၀တ်ပြုရာနေရာ အလွယ်တကူ ရရှိနိုင်မှုနဲ့ ဟာလာလ်အစားအသောက် ရွေးချယ်စရာ အများအပြား ရှိတာတွေကြောင့် မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေထဲမှာ မွတ်စလင် ခရီးသွားတွေအတွက် အဆင်အပြေဆုံး၊ မွတ်စလင်ခရီးသွားတွေ အနှစ်သက်ဆုံး နေရာတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

    ဒီစာရင်းမှာ မိသားစု ဖော်ရွေမှု၊ နေရာထိုင်ခင်း ရွေးချယ်ရယူနိုင်မှု စတာတွေအပါအ၀င် စံ ၉ ချက်ကို အခြေခံကာ နေရာပေါင်း ၁၀၀ လောက်ကို အဆင့်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ စင်ကာပူနိုင်ငံကို မွတ်စလင်ခရီးသွား ၃.၂ သန်းလောက် လာရောက်ခဲ့ပြီး စုစုပေါင်း အဆင့်သတ်မှတ်ချက်မှာ အဆင့် ၉ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

    မွတ်စလင်ခရီးသွားတွေ အကြိုက်နှစ်သက်ဆုံး ထိပ်တန်း ၅ နေရာကတော့ မလေးရှား၊ တူရကီ၊ ယူအေအီး၊ ဆော်ဒီအာရေဗျနဲ့ ကတာနိုင်ငံတို့ ဖြစ်ပါတယ်။ အဲဒီလေ့လာမှုအရ ပြီးခဲ့တဲ့နှစ်မှာ မွတ်စလင်ခရီးသွား ပမာဏဟာ ၁၀၈ သန်းလောက်ရှိပြီး ကန်ဒေါ်လာ ၁၄၅ ဘီလီယံလောက်သုံးစွဲခဲ့ပါတယ်။ ဒီပမာဏဟာ ကမ္ဘာ့ခရီးသွားစီးပွားရေးရဲ့ ၁၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။

    ၂၀၂၀ ကျရင် မွတ်စလင်ခရီးသွားအရေအတွက်ဟာ သန်း ၁၅၀ လောက်ရှိပြီး ဈေးကွက်တန်ဖိုးဟာလည်း ဒေါ်လာ ဘီလီယံ ၂၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

    မွတ်စလင်ခရီးသွားတွေရဲ့ အဲဒီစာရင်းကို ငွေကြေးကုမ္ပဏီဖြစ်တဲ့ MasterCard နဲ့ မွတ်စလင်ခရီးသွား
    အကြံပေးကုမ္ပဏီဖြစ်တဲ့ CrescentRating တို့ ပူးပေါင်းလေ့လာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    Ref: StraitsTime