ဇွန် ၂၂ ၊ ၂၀၁၆
M-Media
မေးမြန်းသူ-သီဟ
.
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ က ထုတ်ပြန်ပေးခဲ့ပါတယ်။
.
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၆၃၆,၂၃၇) ဦးရှိပြီး (၁၉၀,၃၈၈) ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း (၂၉.၉၂) % ရှိခဲ့တယ်လို့ သိရပါတယ်။ အောင်မြင်သူများ အနက် သိပ္ပံဘာသာတွဲတွင် တနိုင်ငံလုံးအမှတ်အများဆုံး (၁၀) ဦးတွင် အမှတ်ပေါင်း(၅၅၅) မှတ်ဖြင့် နဝမ အဆင့်(၉) ရရှိခဲ့သော မောင်ချစ်ထွန်းနိုင်ကို M-Media မှ တွေ့ ဆုံမေးမြန်းခဲ့ပါတယ်။
.
သိပ္ပံတွဲ အမှတ်အများဆုံး ၁၀ ဦး တွင် ရန်ကုန်တိုင်းမှ ၉ ဦးပါဝင်ခဲ့ပြိး မောင်ချစ်ထွန်းနိုင်တဦးသာ မန္တလေးတိုင်းမှ ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။
.
M-Media- ညီလေး နာမည်နဲ့ မွေးသက္ကရာဇ်လေးကို ပြောပြပေးပါ။ မိဘတွေရဲ့ အမည်နဲ့ မွေးချင်းမောင်နှမ ဘယ်၂ ယောက်၇ှိပါလဲ။
ဖြေ။ ။ မောင်ချစ်ထွန်းနိုင် ၂၃-၁၂-၁၉၉၉ မှာ မွေးပါတယ်။ အဖေနာမည်က ဦးသန်းထွန်း နဲ့  အမေနာမည်ကတော့ ဒေါ်သီတာပါ ညီမတစ်ယောက်ရှိပါတယ် မောင်နှမနှစ်ယောက်ပါ။
.
M-Media- ၁၀ တန်းမှာ တက်ရောက်ခဲ့တဲ့ ကျောင်း အမည်လေး ပြောပြပေးပါ။
ဖြေ။ ။ . CAE ကိုယ်ပိုင်ကျောင်းပါ (The Conqueror Academy of Education )
.
M-Media- ညီလေးက ဘာသာစုံ ဂုဏ်ထူးရဖို့ အစကတည်းက ရည်မှန်းထားပါသလား။
ဖြေ။ ။ ဟုတ်ကဲ့ အစကတည်းက ရည်မှန်းထားခဲ့ပေမယ့် လူသားဆိုတာ ဘာမှမစွမ်းနိုင်ဘူး ဘုရားသခင်ရဲ့ အစီအမံ ကံတရားကိုတော့လက်ခံရမှာပဲ ဆိုတဲ့  ခံယူချက် မျိုးတော့ထားပါတယ်။
.
M-Media- အမှတ်စာရင်းတွေရော သိရပြီလား။ နည်းနည်းလောက် ပြောပြပေးပါဦး။
ဖြေ။ ။ မြန်မာစာ ၇၅
အင်္ဂလိပ်စာ ၈၄
သင်္ချာ ၉၉
ဓာတုဗေဒ ၉၉
ရူပဗေဒ ၉၉
ဇီဝဗေဒ ၉၉
အမှတ်ပေါင်း ၅၅၅ မှတ်ပါ။ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ သိပ္ပံတွဲ တနိုင်ငံလုံး အမှတ်အများဆုံးမှာ နံပါတ်(၉) ရပါတယ်။
.
M-Media- Top 10 ဝင်တဲ့ ခံစားမှုလေး ပြောပြပေးပါအုံး။
ဖြေ။ ။ ဘဝရဲ့ အချိုးအကွေ့ တစ်ခုမှာ ထူးခြားတဲ့အောင်မြင်မှုလေးရတဲ့  အတွက် ဝမ်းသာမိပါတယ်။
.
M-Media- စာကျက်နည်းလေးကိုလေး မျိုးဆက်သစ်တွေအတွက် မျှဝေပေးပါဦး။
ဖြေ။ ။ စာကျက်နည်းကတော့အထွေအထူးမဟုတ်ပါဘူး ခြောက်ဘာသာရတဲ့ Top ten ရတဲ့သူတွေဟာလည်း သာမန်လူတွေပါပဲ အဓိကအချက်ကတော့ ကြိုးစားဖို့ ပါပဲ တစ်နေ့ ကို ၆ နာရီလောက်ပဲ အိပ်ချိန်ထားပါတယ် အားလပ်တဲ့အချိန်ဖြစ်ဖြစ် စာကျက်ချိန်ဖြစ်ဖြစ် အချိန်မရွေး စာလုပ်ဖြစ်ပါတယ် ကျက်စာ ငြီးငွေ့ ရင် တွက်စာ တွက်စာငြီးငွေ့ ရင်ဖတ်စာ ဆိုပြီး ပြောင်းပြောင်းလုပ်ရင် စာလုပ်ရတာ မငြီးငွေ့ တော့ပါဘူး စာကျက်နည်းရယ်လို့တော့ လျှို့ ဝှက်ချက်ကြီးရှိနေတာမဟုတ်ပါဘူး အချိန်ကိုစက္ကန့်နဲ့ အမျှတန်ဖိုးထားနိုင်ရင် သေချာပေါက်အောင်မြင်မှာပါ။
.
M-Media- ၁၀တန်း မတိုင်ခင် ပညာရေးအခြေအနေနဲ့ ကျောင်းမှာ ထူးချွန်မှုလေးတွေကို ပြောပြပေးပါဦး။
ဖြေ။ ။ အတန်းစဉ်လိုက်မှာ ပထမတွေချည်းပဲတော့မဟုတ်ပေမယ့် နှစ်စဉ် ထူးချွန်ဆုတွေ ရခဲ့ပါတယ် ထူးထူးခြားခြားအနေနဲ့ကတော့ အဋ္ဌမတန်းမှာ မန္တလေးတိုင်း သင်္ချာထူးချွန်တတိယနဲ့  နဝမတန်း တစ်နိုင်ငံလုံးအဆင့် သင်္ချာအိုလံပစ် ဒုတိယဆုရခဲ့ပါတယ်။
.
M-Media- အနာဂတ် ရည်မှန်းချက်က ဘာလဲ။ ဘယ်တက္ကသိုလ် ဆက်တက်ဖို့ စဉ်းစားထားပါလဲ။
ဖြေ။ ။ အနာဂတ်ရည်မှန်းချက်ကတော့ ကွန်ပျူတာပညာရှင်တစ်ယောက်ဖြစ်ချင်ပါတယ် တက္ကသိုလ်ကတော့ Y.I.T မှာ အဆောင်နေပြီး နေဖို့ စဉ်းစားထားပါတယ်။
.
M-Media- ကျောင်းစာ အပြင် တခြား ဝါသနာပါတာ ဘာတွေ ၇ှိပါလဲ။
ဖြေ။ ။ တခြား ဝါသနာပါတာကတော့ စာဖတ်တာပါပဲ ဒီဝါသနာကပဲ ကျောင်းစာကို အထောက်အပံ့ဖြစ်စေတယ်လို့  ထင်မိပါတယ်။
.
M-Media- ညီလေး ရဲ့ Role Model ဘယ်သူပါလဲ။
ဖြေ။ ။ လူ့ အဆင့်အတန်းခွဲခြားမှု ဘာသာရေး ခွဲခြားမှုတွေကို တိုက်ဖျက်ခဲ့တဲ့  ကိုယ်ကျိုးမဖက်ဘဲ လူ့လောကကြီးအတွက်ပဲ အကျိုးပြုကြောင်းကို ကိုယ့်ရဲ့  နေထိုင်စားသောက်ပုံနဲ့ ပါ သက်သေပြခဲ့တဲ့ မဟတ္တမဂန္ဓီပါ။
.
M-Media- အခု Top 10 ဝင်တယ်ဆိုတော့ နိုင်ငံတော်က ဆုတွေဘာတွေ ချီးမြှင့်ဖို့ ဆက်သွယ်လာပြီလား
ဖြေ။ ။ . အောင်စာရင်းထွက်တာ မကြာသေးတော့ မဆက်သွယ်လာသေးပါဘူး
.
M-Media- ထူးချွန်လူငယ်တယောက် အနေနဲ့ တိုင်းပြည်တည်ဆောက်ရေးမှာ ဘယ်လိုကဏ္ဍမျိုးကနေ ပါဝင်ဖို့ စိတ်ကူးထားပါသလဲ။
ဒီ IT ခေတ်ကြီးမှာ နိုင်ငံတော်ရဲ့ နည်းပညာပိုင်းဖွံ့ ဖြိုးတိုးတက်ဖို့  နည်းပညာ ကျွမ်းကျင်သူ တစ်ယောက်အနေနဲ့ ပါဝင်ထမ်းဆောင်ဖို့ ရည်မှန်းထားပါတယ်။
.
M-Media- နောက်ပြီး ညီငယ်က မွတ်စလင်မ် တယောက်ဖြစ်တာမို့ အဘက်ဘက်က အားနည်းနေတယ့် မြန်မာမွတ်စလင်မ် လူအဖွဲ့အစည်းအတွက် ဘယ်လို ပါဝင်တည်ဆောက်သွားဖို့ စိတ်ကူးထားပါလဲ ။
ဖြေ။ ။ ဒါကတော့ ကျွန်တော့လို့ ၁၆နှစ်အရွယ်လူငယ်တစ်ယောက်အနေနဲ့  ဖြေရခက်တဲ့မေးခွန်းပါပဲ မွတ်စလင်မ်တစ်ယောက်အနေနဲ့  ကျွန်တော်တတ်တဲ့ ပညာနဲ့  မြန်မာမွတ်စလင်မ်အဖွဲ့ အစည်းရဲ့  လိုအပ်တဲ့  ပညာရေး လူမှုရေး ကျန်းမာရေး ငြိမ်းချမ်းရေး ကိစ္စတွေမှာ တစ်တပ်တစ်အား ပါဝင်တည်ဆောက်သွားပါမယ်
.
Tag: Muslims Youth
-
အထက်မြန်မာပြည်မှ တဦးထဲသော Top 10 ဝင်သူ မောင်ချစ်ထွန်းနိုင်နှင့် တွေ့ဆုံခြင်း
-
Top 10 ဝင်ဖို့ ၇ မှတ်အလိုနဲ့ ၆ ဘာသာဂုဏ်ထူးရှင် မောင်မျိုးမင်းသိန်းနှင့် တွေ့ဆုံခြင်း
ဇွန် ၁၄ ၊ ၂၀၁၆
M-Media
မေးမြန်းသူ-သီဟ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ က ထုတ်ပြန်ပေးခဲ့ပါတယ်။
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၆၃၆,၂၃၇) ဦးရှိပြီး (၁၉၀,၃၈၈) ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း (၂၉.၉၂) % ရှိခဲ့တယ်လို့ သိရပါတယ်။ အောင်မြင်သူများ အနက် အထက(၂) ဗန်းမော် နှင့် ရန်ကုန်မြို့ အောင်အကယ်ဒမီကိုယ်ပိုင် စာသင်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အမှတ်ပေါင်း (၅၄၈) မှတ်ရရှိပြီး ဘာသာစုံ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ မောင် မျိုးမင်းသိန်းကို M-Media မှ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
M-Media- ညီလေးရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ မိဘများ နဲ့ နေရပ်ဇာတိလေး မိတ်ဆက်ပေးပါအုံး။
ဖြေ- နာမည်က မောင်မျိုးမင်းသိန်းပါ။ ၁၀-၂-၂၀၀၀ မှာ မွေးပါတယ်။ အဖေက ဦးလှသိန်း အမေကဒေါ်ရီရီချစ်ပါ ၊ မိဘ နှစ်ပါးစလုံးက အငြိမ်းစား ကျောင်းဆရာ/ဆရာမတွေပါ။ ဇာတိက ကချင်ပြည်နယ်ဗန်းမော်မြို့ ဖြစ်ပါတယ်။
M-Media- ဂုဏ်ထူး (၆)ဘာသာ ထွက်အောင် အခြေခံ ခိုင်အောင် ဘယ်အချိန်ကတည်းက စပြီး ကြိုးစားခဲ့ရသလဲ ညီလေး အတွေ့အကြုံကို ပြောပြပါ။
ဖြေ- ငယ်ငယ်ကတည်းကကြိုးစားခဲ့ပါတယ်။ အထူးသဖြင့်၆တန်းလောက်ကစပြီး ရည်ရွယ်ချက်ခိုင်ခိုင်မာမာနဲ့ ဇွဲရှိရှိကြိုးစားခဲ့ပါတယ်M-Media- ဘာသာစုံ ဂုဏ်ထူးထွက်အောင် ဘယ်လိုပုံစံ စာကျယ်ခဲ့သလဲဆိုတာ မျိုးဆက်သစ်တွေကို မျှဝေပေးပါအုံး။
ဖြေ- အဓိကတော့ စာကို သူအချိန်နဲ့ သူကျက်ပါတယ်။ နှစ်စကတည်းက ၆ ဘာသာ ဂုဏ်ထူးမှန်းထားတယ်ဆိုတော့ နှစ်ကတည်းက အချိန်ကို သေချာသတ်မှတ်တယ်။ သေချာ ပိုင်းခြားတယ်။ တပတ်စာ၊ တလစာ Time Tables တွေဆွဲပါတယ်။ revision အတွက်Schedule တွေ ဆွဲပါတယ်။ စားချိန်၊ အိပ်ချိန်၊ စာကျက်ချိန်ကို သေချာ ပိုင်းခြားပြီး သတ်မှတ်ခဲ့ပါတယ်။
M-Media- အနာဂတ် ရည်မှန်းချက်က ဘာလဲ။
ဖြေ- အနာဂတ်ရည်မှန်းချက်က ဆရာဝန်တယောက်ဖြစ်ဖို့ပါ။ ဆရာဝန်တယောက်ဖြစ်ဖို့ ဆိုတာထပ် Professional ဆရာဝန် တယောက်ဖြစ်ဖို့ပါ။
M-Media-ငယ်စဉ်ကနေ အတန်းစဉ်အလိုက် ရရှိခဲ့တဲ့ ထူးချွန်ဆုတွေရှိလား?၊
ဖြေ- အထက(၂) ဗန်းမော်ကျောင်းကနေ ၇ တန်းမှာ ပဉ္စမ ဆု ရပါတယ်။ ၈ တန်းမှာ ဆဌမ ဆုရပါတယ်။ ၉ တန်းမှာတော့ တမြို့နယ်လုံးမှာ ပထမဆုရပါတယ်။
M-Media-အခုလို ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်တဲ့အတွက် ဘယ်လိုပီတိမျိုးကိုခံစားရပါသလဲ။
ဖြေ- အရမ်းကို ပျော်ပါတယ်။ အဓိက ကတော့ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။ နောက်ပြိးကတော့ ကျနော် ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်လို့ ပျော်နေတဲ့ မိဘတွေ ကို တွေ့ရလို့ အရမ်းပဲ ပီတိ ဖြစ်မိပါတယ်။
M-Media- လက်ရှိ မြန်မာ့ ပညာရေး စနစ်ကို ဘယ်လိုဝေဖန် အကြံပြု ပြောကြားလိုပါသလဲ။
ဖြေ- အခု အစိုးရအသစ်တက်ပြီးနောက်ပိုင်း သူငယ်တန်းက စ ပြောင်းလဲပြီးလုပ်နေတာဖြစ်လို့ Next Generation အတွက်ကောင်းပါတယ်။ နောက်ပြီး ၁၀ တန်းကျောင်းသားတွေ အတွက်လဲ ဒီနှစ်တော့ မပါဘူး။ နောက်နှစ်တွေက စပြီး တက္ကသိုလ်တွေမှာ အမှတ်နဲ့ ခွဲတာ မဟုတ်ဘဲ ဝင်ခွင့်ဖြေပြီး တက်ရောက်နိုင်မှာ ဖြစ်လို့ အရမ်းကိုကောင်းပါတယ်။
M-Media-ထူးချွန်လူငယ်တယောက်အနေနဲ့ အနာဂတ်မှာ တိုင်းပြည်တိုးတက်အောင် ဘယ်လို့ အခန်းကဏ္ဍကနေ ပါဝင်ပေးဆပ်ဖို့ စိတ်ကူးပါသလဲ။
ဖြေ- တိုင်းပြည်တပြည်တိုးတက်ဖို့အတွက်က စီးပွားရေး၊ ကျန်းမာရေး ၊ စည်းလုံး ညီညွတ်ဖို့ အားလုံးလိုအပ်ပါတယ်။ ကျနော်ရည်မှန်းချက်က ဆရာဝန်ယောက် ဖြစ်ဖို့ ဆိုတော့ ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားပါ့မယ်။ ပညာတတ်လူငယ်တွေ အများကြီးပေါ်ထွန်း လာစေချင်ပါတယ်။M-Media- မွတ်စလင်မ် လူငယ်တယောက်အနေနဲ့ Community အတွက်ရော ဘယ်လိုအကျိုးပြုအလုပ်တွေ လုပ်သွားမယ်လို့စဉ်းစားထားပါသလဲ။
ဖြေ- ကိုယ်ကျွမ်းကျင်ရာ လိမ္မာရာ အတတ်ပညာနဲ့ Community အတွက် လုပ်ပေးသွားမယ်လို့ စဉ်းစားထားပါတယ်။ မျိုးဆက်သစ်တွေအတွက်လဲ တတ်နိုင်သလောက်ကူညီပေးသွားပါ့မယ်။M-Media- ဖြည့်စွက်ပြောချင်တာလေးရှိပါသလား။
ဖြေ- ရည်မှန်းချက်ရှိသူအားလုံး သေချာကြိုးစားစေချင်ပါတယ်။ ကြိုးစားတဲ့နေရာမှ စိတ်ဓါတ်ကျနိုင်တဲ့ အခြေအနေ အမျိုးမျိုး ကြုံရနိုင်ပါတယ်။ အဲလို အခြေအနေမှာ လည်း စိတ်ဓါတ်မကျဘဲ တင်းထားစေချင်ပါတယ်။ နောက်ပြီး မိမိတို့ ကိုးကွယ်ရာ အလိုက် ဘုရား၊တရား အမြဲသတိရကျစေချင်ပါတယ်။M-Media – အခု လို ဖြေကြားပေးတဲ့ ညီလေး မျိုးမင်းသိန်းကို M-Media က အထူးပဲ ကျေးဇူးတင်ပါတယ်။
ဖြေ-ဟုတ်ကဲ့ ကျနော်လဲ ကျေးဇူးတင်ပါတယ်။
-
ဥာဏ်ကြီးရှင် မွတ်စ်လင်မ် ကျောင်းသားတစ်ဦး IG မှတ်တမ်းကို ကျော်ဖြတ်
စက်တင်ဘာ၊ ၈ ရက်၊ ၂၀၁၃
M-Mediaအစ္စလမ္မဘာဒ်။ ။ ပါကစ္စတန်မှ မွတ်စ်လင်မ်ကျောင်းသား တစ်ဦးသည် ကျောင်းစာမေးပွဲ ၄၇ ခုအား grade A (၀ါ) A* အဆင့်ဖြင့် အောင်မြင်ခဲ့သောကြောင့် ပါကစ္စတန်နိုင်ငံ၏ အထူးချွန်ဆုံးကျောင်းသားအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။
“ လူအများက ၃ နှစ်လောက်အချိန်ပေးရတဲ့ O-levels ကို ကျွန်တော်က တစ်နှစ်ထဲနဲ့ အောင်မြင်အောင် ဖြေဆိုခဲ့ပါတယ်။
အဲ့ဒီလို ပြီးမြောက်အောင်မြင်ခဲ့တဲ့ အတွက် ကျွန်တော့်ဆီမှာ စာသင်နှစ် ၂ နှစ်စာ အချိန်ပို ကျန်ရှိနေခဲ့တယ်။ အဲံဒီ ၂ နှစ်အတွင်း အများနဲ့မတူတစ်မူ ထူးခြားတဲ့ တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ စဉ်းစားနေပါတယ်။
အခြားသောကျောင်းသားများထက် ပိုမိုသာလွန်လိုတဲ့ အတွက် ဘာသာရပ် အမြောက်အများကို ရယူဖြေဆိုခဲ့ခြင်းဖြစ်ပါတယ် ” ဟု BBC သို့ စက်တင်ဘာလ ၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဟာရွန်း တာရစ်ခ်(Haroon Tariq) က ပြောကြားခဲ့ပါသည်။ပါကစ္စတန်၊ ခိုင်ဘာ ပါခ်တွန်ခုဝါ (Khyber Pakhtunkhuwa) ပြည်နယ်မှလာရောက်ခဲ့သူ အသက် ၁၈ နှစ်အရွယ် ကျောင်းသား ဟာရွန်း၏ စိတ်ဝင်စားဖွယ် ဇာတ်လမ်းသည် လွန်ခဲ့သော ၃ နှစ်ခန့် ၂၀၁၀ ခုနှစ်တွင် သူ့ဇာတိပြည်နယ်တွင်း ပက်ရှဝါ(Peshawar) စစ်သင်တန်းကျောင်းတက်စဉ် ပထမဆုံးဖြေဆိုသည့် စာမေးပွဲမှ စတင်ခဲ့သည်။
သူ့ဖခင်၏စစ်တပ်ရေးရာတာဝန်အရ အစ္စလာမ္မဘာဒ်သို့ပြောင်းရွှေ့လာသောအခါ၊ Froebels International School သို့ဝင်ရောက်ပြီးသည့်နောက် ဟာရွန်းသည် O-levels နှင့် GCSEs များကို ဖိဖိစီးစီး လုပ်ဆောင်ခဲ့သည်။
သုံးနှစ်တာကာလအတွင်း ဟာရွန်းသည် O-level နှင့် A-level ရှိ ဘာသာရပ် ၅၀ ကျော်ကို လေ့လာခဲ့ပြီး၊ O-level တွင် A အဆင့် ၃၈ ခု၊ O-level နှင့် A-level စာမေးပွဲနှစ်ရပ်ပေါင်းတွင် စုစုပေါင်း A အဆင့် ၄၇ ခုရရှိခဲ့ပါသည်။
ထိုစာမေးပွဲများမှာ သီးခြားစာစစ်ဌာနနှစ်ခုဖြစ်သော Cambridge International Examinations နှင့် Edexcel တို့မှ ကိုင်တွယ်ကြပ်မတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ O-level မှတ်တမ်းသစ်သည် ယခင်ကမ္ဘာ့မှတ်တမ်းဝင် A အဆင့် ၂၈ ခု စာရင်းအား ရိုက်ချိုးကျော်ဖြတ်သွားပြီဖြစ်သည်။
သူလေ့လာခဲ့သည်များ၌ လူသားနှင့် လူမှုဇီဝ၊၊ အစ္စလာမ်ဘာသာရေး နှင့် ယဉ်ကျေးမှု၊ ရူပဗေဒ၊ ဓာတုဗေဒ နှင့် ကမ္ဘာ့ဖွံဖြိုးရေး အပါအ၀င် လူသားဆိုင်ရာ၊ သိပ္ပံဆိုင်ရာဘာသာရပ်များ ဖြစ်ကြသည်။
“ ၂၀ ရာစုနှစ်ခေတ်၊ ကမ္ဘာ့စစ်ပွဲတွေ၊ စစ်အေးကာလ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးရာတုန်းက အဖြစ်အပျက်တွေဟာ အလွန်ကို စိတ်ဝင်စားစရာကောင်းပါတယ် ” ဟု ဟာရွန်းက ဆိုသည်။ လက်ရှိကျောင်းက သူ့အား ကျောင်းလခထောက်ပံ့နေသလို စကောလားရှစ်ပ်လည်း ရရှိမည်ဖြစ်ကြောင်းသိရသည်။
၁၉၈၀ ခုနှစ်မှစတင်ကာ GCSE O-level သည် ဗြိတိန်တွင် မှေးမှိန်သွားခဲ့သော်လည်း၊ ပါကစ္စတန်အပါအ၀င် နိုင်ငံတကာရှိ သန်းပေါင်း များစွာသောကျောင်းသားများက ဖြေဆိုနေရဆဲ စာမေးပွဲပင်တစ်ခုဖြစ်သည်။
စံပြစာရင်းဝင်
ဟာရွန်း၏စံချိန်သစ်သည် ပါကစ္စတန်နိုင်ငံအား ကမ္ဘာနိုင်ငံများအလယ် ဂုဏ်တက်စေခဲ့၍ သူ့ကျောင်းမှဆရာများအတွက်လည်း ဂုဏ်ယူစရာဖြစ်စေခဲ့ပါ၏။
“ အနာဂတ်ပါကစ္စတန်နိုင်ငံအတွက် အရည်အချင်းရှိလူငယ်တစ်ဦးအဖြစ် ယခုလို အရေးပါတဲ့အခန်းကဏ္ဍက ပါဝင် ပုံဖော်ပေးနိုင်ခြင်းဟာ အလွန်ကိုဂုဏ်သိက္ခာရှိတယ်လို့ ခံစားရပါတယ် ” ဟု ကျောင်းအုပ်ကြီး ရှမီနာ ကာမလ်(Shahmina Kamal) မှ News Tribe သို့ ပြောကြားခဲ့ပါသည်။
“ အောင်မြင်မှုဆိုတာ စိတ်အားထက်သန်မှုမှရရှိခဲ့ခြင်းဖြစ်တယ်လို့ ကျွန်မက ကျောင်းသားတွေကို အမြဲ ပြောလေ့ရှိပါတယ်။ သူတို့ဟာ ကိုယ်လုပ်နိုင်မယ်လို့ထင်ထားတာထက် ပိုပြီးလုပ်နိုင်တယ်ဆိုတဲ့ အသိတရားနဲ့အတူ မိမိကိုယ်ကို ယုံကြည်ချက်ရှိဖို့ လိုအပ်ပါတယ် ” ဟု စာစစ်ဌာနမှူး စာဟာ ပိရ်ဇဒါ(Sahar Pirzada) ကလည်း News Tribe သို့ ပြောပြခဲ့သည်။
“ ယခုလို ပညာရေးဆိုင်ရာ ကမ္ဘာသိမှတ်တမ်းဝင် ထူးချွန်ကျာင်းသားများကို မွေးထုတ်ပေးနိုင်တဲ့အတွက် ကျွန်တော်တို့အဖို့ ပြည့်ပြည့်၀၀ကျေနပ်သွားပါပြီ ” ဟု ကျောင်းအုပ် က ဆိုသည်။
ရှမီနာကာမလ်က ဟာရွန်းနှင့်အခြားကိုယ်ပိုင်လေ့လာရေးကျောင်းသားများအတွက် ကျောင်းတော်မှ မည်ကဲ့သို့ ထိန်းကျောင်းကူညီခဲ့သည့်အကြောင်းကို ရှင်းလင်းဆွေးနွေးသွားခဲ့သည်။
“ ကျောင်းသားတိုင်းက သူတို့အားထုတ်မှုအလျောက် ထိုက်တန်ရာ ခံစားရတာလို့ မြင်ပါတယ်။ မျှော်လင့်ချက်ထားရှိတဲ့ ကျောင်းသားတိုင်းအတွက် ကျွန်မတို့က ပံပိုးကူညီဖို့အဆင်သင့်ပါ။ ကျွန်မမှာ သူ့အပြင် အခြားကျောင်းသားများလည်း ရှိပါတယ်။ ကျွန်မကိုယ်တိုင်ရော အခြားဆရာ၊ ဆရာမတွေပါ ၀ိုင်းဝန်းကူညီပံပိုးနေကြတဲ့ ကျောင်းသားတွေပေါ့။ အကူအညီလိုအပ်တဲ့ မည်သည့်ကျောင်းသားကိုမဆို သူတို့အတွက် ကျွန်မတို့ကျောင်းတော်က လမ်းကြောင်းဖော်ပေးစမြဲပါဘဲရှင် ” ဟု ရှမီနာက ဆိုသည်။
ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့ပြီးနောက်တွင် ဟာရွန်းသည် အင်ဂျင်နီယာဘာသာရပ်အားသင်ယူရန် ဗြိတိန်တက္ကသိုလ် သို့တက်ရောက်မည်ဟု စိတ်ကူးရည်မှန်းထား၏။
“ လာမည့်အနာဂတ်မှာ အင်ဂျင်နီယာပညာကို ကျွန်တော် သင်ယူလေ့လာချင်ပါတယ်။ ဒါပေမယ့်လည်း ဆော့ဖ်ဝဲ အင်ဂျင်နီယာလား၊ လေကြောင်းသိပ္ပံ အင်ဂျင်နီယာလား ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး ” ဟု သူက ပြောကြားခဲ့ပါသည်။