News @ M-Media

Tag: Myamar Muslim

  • လားရှိုး စစ်ဘေးရှောင်ပြည်သူများအတွက် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကူအညီများ ပေးပို့

    လားရှိုး စစ်ဘေးရှောင်ပြည်သူများအတွက် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကူအညီများ ပေးပို့

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    ls 2

    – မကြာသေးမီက ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ လားရှိုးမြို့တွင် လာရောက်ခိုလှုံနေရသည့် စစ်ဘေးရှောင်ပြည်သူများအား မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ၁၆ ဘီးကားတစ်စီးဖြင့် ထောက်ပံ့ရေးပစ္စည်းများကို နိုဝင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့မှ ပေးပို့ခဲ့သည်ဟု သိရသည်။

    အ၀တ်အထည်များ၊ အသင့်စား အစားအသောက်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အိပ်ယာ၊ ခြင်ထောင်၊ စောင်၊ မီးဖိုဆောင်သုံးပစ္စည်းများနှင့် အခြားသော အသုံးအဆောင်ပစ္စည်းများစွာ ပါဝင်သည့် အဆိုပါ ထောက်ပံ့ရေးကားမှာ ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့တွင် လာရှိုးမြို့သို့ ရောက်ရှိမည် ဖြစ်သည်။

    ls 4

    စစ်ဘေးရှောင်ပြည်သူများအတွက် ထိုထောက်ပံ့ရေးပစ္စည်းများကို မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ လားရှိုးမြို့တာဝန်ခံ ဒေါက်တာ ဦးတင်အောင်မှ စစ်ဘေးရှောင်ပြည်သူများကို လက်ခံထားရှိရာ လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းတိုက်မှ မန်ဆူ ဆရာတော်အား သွားရောက်လှူဒါန်းမည်ဟု သိရသည်။

    အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို အနယ်နယ်အရပ်ရပ်မှ အစ္စလာမ်ဘာသာဝင်များ၊ မွတ်စလင် စီးပွားရေးလုပ်ငန်းရှင်များက ပါဝင်လှူဒါန်းထားခြင်းဖြစ်သည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှာ သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့သည့် ရေဘေးသင့်မှုကြောင့် အတိဒုက္ခရောက်ခဲ့ကြသော ပြည်သူများအတွက်လည်း အကူအညီများ ပေးပို့ခဲ့သည်။