News @ M-Media

Tag: Myanmar-Bangladesh

  • ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတချို့ကို မြန်မာအစိုးရ ပြန်လက်ခံတော့မည်

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတချို့ကို မြန်မာအစိုးရ ပြန်လက်ခံတော့မည်

    စက်တင်ဘာ ၁ ၊ ၂၀၁၄
    VOA (မြန်မာပိုင်း)

    6FC3F35E-FE3B-4619-85E1-E7A587B413B0_w640_r1_s
    ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲ ၂၄၅၁ ယောက်ကို လာမယ့် နှစ်လ အတွင်း မြန်မာအစိုးရက ပြန်လည် လက်ခံဖို့ ဘင်္ဂဘားဒေ့ရှ်အစိုးရနဲ့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြ ပါတယ်။

    မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေအထောက်အားရှိသူ ရိုဟင်ဂျာ ဒုက္ခသည် ၃၂,၀၀၀ ထဲက ပထမအသုတ်အဖြစ်နဲ့ ၂,၄၅၁ ယောက်ကို လာမယ့် ၂ လအတွင်း ပြန်လည်ခေါ်ယူနိုင်ရေး စတင်ဆောင်ရွက်ဖို့ မြန်မာအစိုးရဖက်က သဘောတူလိုက်ကြောင်း မြန်မာအစိုးရ ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး ဌာနာ ဒုတိယ၀န်ကြီး ဦးသန့်ကျော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Md Shahidul Haque က တွေ့ဆုံ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    သြဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်တဲ့ FOC ခေါ် ဘင်္ဂလားဒေ့ရှ် – မြန်မာ ၈ ကြိမ်မြောက် နိုင်ငံခြားရေးရုံး ညှိနှိုင်းဆွေးနွေးပွဲအတွင်း ဒီသဘောတူညီချက်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား အခုလို ထူးခြားတဲ့ သဘောတူညီမှု ရရှိလိုက်ပေမယ့် တခြား သဘောထား မတိုက်ဆိုင်တဲ့ အကြောင်းအရာတွေလည်း အများအပြား ရှိနေတုန်းပဲလို့ ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာပြည်ကို ပြန်ပို့မယ့် ရိုဟင်ဂျာတွေ နှစ်ဖက် ပြန်လည် စစ်ဆေးပြီးမှ ပြန်ပို့မှာဖြစ်ပြီး အဲဒီအထဲမှာ ၂၀၀၅ နှစ်နောက်ပိုင်း ရိုဟင်ဂျာတွေက မွေးဖွားတဲ့ သားသမီးတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

    တရားဝင်ပြုစုထားတဲ့ စာရင်းဇယားတွေအရ ၁၉၉၁ ခုနှစ်မှာ မြန်မာစစ် အစိုးရရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ၂,၅၀,၈၇၇ ယောက် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ၂,၃၆,၅၉၉ ယောက်ကို ကုလသမဂ္ဂရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံကို ပြန်ပို့ ခဲ့ပြီး ဖြစ်ပါတယ်။

    လက်ရှိမှာတော့ Cox’s Bazar ခရိုင်အတွင်းက ဒုက္ခသည်စခန်း ၂ ခုမှာ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၃၂,၀၀၀ လောက် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေက ကလေးမွေးဖွားမှုနှုန်း များလွန်းတာကြောင့် သူတို့ရဲ့ အရေအတွက်ဟာလည်း တဖြည်းဖြည်း များပြားလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရဖက်က အတည်ပြု ပြောဆိုခြင်း မရှိသေးပါဘူး။

    http://burmese.voanews.com/content/rohingya-refugee-bangaladesh-/2434263.html

  • ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် တိုက်ပွဲ၊ ဘာကြောင့်လဲ၊ ဘာတွေလဲ၊ ဘယ်သူတွေလဲ၊

    ဇွန်လ ၂၇ ရက်၊ ၂၀၁၄
    M-Media
    Bangladesh-Myanmar Border Skirmishes
    မကြာသေးခင်က နေပြည်တော်မှာ ပြုလုပ်ပြီးဆုံးသွားခဲ့တဲ့   နယ်ခြားစောင့်တပ်ဖွဲ့  ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးမှာ နှစ်နိုင်ငံလုံးက တည်ငြိမ်အေးချမ်းမှုကို ဆက်လက် ထိန်းသိမ်း တည်ဆောက်သွားမယ်လို့ ဖြေရှင်းနိုင်ခဲ့ကြလင့် ကစား မေးခွန်းများစွာ ထွက်ပေါ်လာနေဆဲပါ။

    ဒီလို ရင်ဆိုင်တိုက်ခိုက် အချင်းပွားမှုတွေ ဘာကြောင့် စတင်ခဲ့ရပါသလဲ။ ဘယ်အရာက မလိုလားအပ်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ဆက်ဖြစ်စေပါသလဲ။ ဒီပြသနာဟာ သီးခြားဖြစ်ပွားတဲ့ နယ်စပ် တင်းမာမှုသက်သက်ပဲလား၊ ဒါမှမဟုတ် မြန်မာဖက်က သေချာတွက်ချက်ပြီး လုပ်ယူတဲ့ စွန့်စားမှုတစ်ခုပဲလား။ နှစ်နိုင်ငံလုံး အတွက် မကြာခင်ကဖြစ်ပွားခဲ့တဲ့ ဒီလိုတိုက်ခိုက်ကြမှု အတွက် ပိုမိုကြီးမားတဲ့ ဂယက်ရိုက်ခတ်နိုင်မှု အလားအလာတွေက ဘာတွေဖြစ်လာနိုင်သလဲ။

    နယ်စပ်ပြသနာ စဖြစ်ရတာ ဘာကြောင့်လဲ

    အစိုးရနှစ်ဖက်လုံးက ဒီလိုနယ်စပ်တင်းမာမှုအတွက် မတူညီတဲ့ အကြောင်းပြချက်တွေ ထုတ်ပြကြပါတယ်။ မြန်မာနယ်ခြားစောင့်ရဲ (BGP) တွေက  မေလ ၂၈ ရက်နေ့က ခြုံခို တိုက်ခိုက်ခံခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်စစ်သားတစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒါကာဖက်က ခိုင်ခိုင်မာမာဆိုပါတယ်။ မြန်မာ နယ်ခြားစောင့်ရဲ (BGP) တွေရဲ့ ပစ်သတ်တာကိုခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် စစ်သားရဲ့အလောင်းကို ပြန်ပေးဖို့  ညှိနှိုင်းနေစဉ်မှာပဲ မြန်မာနယ်ခြားစောင့်ရဲ (BGP) တွေရဲ့ နောက်ထပ်တစ်ကြိမ် “အကြောင်းမဲ့ ရန်စတိုက်ခိုက်မှု”က နယ်စပ်တစ်လျှောက် သေနတ် ပစ်ဖောက်တိုက်ခိုက်မှု အသစ်တွေကို အစပျိုးပေးလိုက်တာ လို့ ဒါကာဖက်က အခိုင်အမာပြောဆိုပါသေးတယ်။

    ရိုဟင်ဂျာလူမျိုးတွေရဲ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ၁၉၈၀က တည်ထောင် ဖွဲ့စည်းခဲ့ကာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေထဲမှာ လှုပ်ရှားနေတယ်လို့ မြန်မာဖက်က စွပ်စွဲနေပေမယ့် သက်သေ အထောက်အထား တစ်စုံတရာမရှိတဲ့ RSO သောင်းကျန်းသူတွေက မြန်မာဖက်ကို ကျူးကျော် ၀င်ရောက်ဖို့ ကြိုးစားခဲ့လို့ ဒီလိုနယ်စပ် တိုက်ခိုက်မှုတွေ ဖြစ်ရတာလို့ မြန်မာဖက်က ဆန့်ကျင်ဖက် စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဝတ်စုံနဲ့ မတူတဲ့ အ၀ါရောင်ပြောက်ကြားဝတ်စုံ ၀တ်ဆင်ထားတာကြောင့် လူနှစ်ဦးကို မြန်မာ နယ်ခြားစောင့်တပ် က ပစ်ခတ်ခဲ့တယ်လို့ နေပြည်တော်က ရှင်းပြခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ မေလ ၁၇ က မြန်မာ နယ်ခြားစောင့်ကို RSO တွေက တိုက်ခိုက်သွားတာလို့ မြန်မာဖက်က သက်သေအထောက်အထားမဲ့ စွပ်စွဲပြောဆိုပြီး နယ်စပ်ပြသနာ တင်းမာအောင် ပြုလုပ်ထားချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အချုပ်အခြာအာဏာကို ထိပါးလာရင် သည်းခံမှာ မဟုတ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဖက်က တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကို တားဆီးဖို့ ဆောင်ရွက်သွားမယ်လို့ မြန်မာဖက်က ထုတ်ပြန်ခဲ့ပါတယ်။

    မကြာခင်ကဖြစ်ပွားခဲ့တဲ့ နယ်စပ်အကြမ်းဖက်မှုတွေဟာ ဒီဒေသတွင်း တရားဥပဒေစိုးမိုးမှု မရှိတာကို ထောက်ပြနေပါတယ်။ လူကုန်ကူးတာတွေ၊ လက်နက်နဲ့ မူးယစ်ဆေးဝါးမှောင်ခိုတာတွေ၊ ဓားမြတိုက်တာတွေစတဲ့ ရာဇ၀တ်မှုဆိုးတွေနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာ ကျော်ကြားလှပါတယ်။  ဒါ့ပြင် လက်လုပ်ဖောက်ခွဲပစ္စည်းတွေ နယ်စပ်ဒေသမှာရှိနေခြင်းက အိမ်နီးခြင်းနှစ်နိုင်ငံကြား ယုံကြည်မှုတွေကို ယုတ်လျော့နေစေပါတယ်။ အကျင့်ပျက်ခြစားမှုတွေဟာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လှိုက်စားနေတယ်၊ ပြီးတော့ နယ်စပ်ဒေသမှာနေထိုင်တဲ့လူတွေကို နှိပ်စက်ခေါင်း ပုံဖြတ်ကာ ငွေကြေးရယူကြတယ်လို့  နှစ်ဖက်နယ်ခြားစောင့်တပ်တွေက အပြန်အလှန် စွပ်စွဲကြပါတယ်။ ဒီလိုစွပ်စွဲမှုတွေကတဆင့် နယ်စပ်တင်းမာမှု အသေးစားတွေ ဖြစ်ပွားတတ်ကြပေမယ့် တစ်ခါတစ်ရံမှာတော့ ပြေလည်မှု မရနိုင်တဲ့ထိ ဦးတည်သွားစေပါတယ်။

    နယ်စပ်တင်းမာမှုသက်သက်ပဲလား၊ ဒါမှမဟုတ် သေချာတွက်ချက်ပြီး လုပ်ယူတဲ့ စွန့်စားမှုတစ်ခုပဲလား။

    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာ အခြေအနေရုတ်ချည်းပြောင်းလဲတတ်တယ်၊ ၀င်ထွက်ရလွယ်တယ်၊ နားလည်ရခက်တတ်တယ် စတဲ့အချက်တွေဟာ ဗြိတိသျှကိုလိုနီခောတ်ကာလကတည်းကပါ။ ရခိုင်ဒေသမှာ လွန်ခဲ့တဲ့နှစ်နှစ်ကဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးအကြမ်းဖက်မှုလှိုင်းဂယက်တွေက ဒီဒေသမှာ ဘာသာမတူသူတွေကို ခွဲခြားဆက်ဆံမှုတွေရှိလာစေခဲ့ပြီး နောက်ထပ်တဆင့်အနေနဲ့ မလိုလားအပ်တဲ့ နယ်စပ်တင်းမာမှုတွေထိ ဖြစ်လာစေ ခဲ့ပါတယ်။ မြန်မာအစိုးရဟာ ဒီနယ်စပ်ပြသနာကို “ဖန်တီး”ဖြစ်ပွားစေခဲ့ပြီး ပါဝါချိန်ခွင်လျှာကို လွှမ်းမိုးနိုင်စေရုံမျှသာမက ပြည်တွင်းနိုင်ငံရေး တိုးတက်ပြောင်းလဲလာမှုဖြစ်စဉ်တွေအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အာရုံစိုက်မှုကို လွှဲဖယ်နိုင်ခဲ့ပါတယ်။

    မြန်မာသတင်းစာတွေက ဘာသာကူးပြောင်းရေးဆိုင်ရာဥပဒေမူကြမ်း လေးချက်ကို စတင်ထုတ်ဝေတဲ့နေ့နဲ့ နယ်စပ်ပြသနာဖြစ်ပေါ်တဲ့နေ့တွေ တူညီနေတာက တော်ရုံတိုက်ဆိုင်နေတာတော့ မဟုတ်ပါဘူး။ ဒေသခံအာဏာပိုင်တွေဆီမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းချင်ရင် ထောက်ခံချက်တွေ အထပ်ထပ်ရယူဖို့ လိုအပ်တဲ့ ဒီဥပဒေကြမ်းကို မြန်မာပါလီမန်မှာ အတည်ပြုတော့မှာ ဖြစ်ပါတယ်။

    ဒီနယ်စပ်ပြသနာဟာ မတော်တဆဖြစ်ပွားတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲတွေ မတိုင်မီတိုင်းမှာ ၂၇၀ ကီလိုမီတာအရှည်ရှိတဲ့  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက် တင်းမာမှုတွေကို မြန်မာအစိုးရက တိုးမြှင့် လုပ်ဆောင်လေ့ရှိပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကလည်း ၂၀၁၀ ရွေးကောက်ပွဲအကြိုအဖြစ် နယ်စပ်ခြံစည်းရိုးတွေ တိုးမြှင့်ကာရံတာတွေ၊ တပ်အင်အားကို တိုးမြှင့်ချထားတာတွေလုပ်ကာ တူညီတဲ့အခြေအနေတွေကို ဖန်တီးလုပ်ဆောင်ဖူးပါတယ်။ ခုလည်း RSO တွေကို ဘင်္ဂလားဒေ့ခ်ျက လက်ခံထားတယ်ဆိုတဲ့ အမည်ကို ဆုတ်ကိုင်ပြီး မြန်မာနယ်ခြားစောင့်ရဲ (BGP) တွေရဲ့ လုပ်ရပ်ကို အပြတ်အသတ်ထောက်ခံကာ ၂၀၁၅ ရွေးကောက်ပွဲအတွက် အစိုးရအပေါ် အကောင်းမြင်ထောက်ခံစေချင်တဲ့ သဘောနဲ့ နယ်စပ်ပြသနာကို ပြန်လည်ဖန်တီးစေခဲ့ပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နောက်ဆုံးသန်းခေါင် စာရင်းကောက်ယူမှုမှာ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အထောက်အထားတွေကို ဖယ်ချခံခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်က တရားမ၀င်ခိုးဝင်လာသူတွေအဖြစ် ဘင်္ဂလီအမည်တပ် သတ်မှတ်ခံခဲ့ရပါတယ်။ နယ်စပ်သေနတ်ပစ်ဖောက်တိုက်ခိုက်မှုကို စတင်ရခြင်းဟာ မြန်မာရဲ့ ရိုဟင်ဂျာတွေ အပေါ်မှာ တာဝန်ရှိမှုကို ငြင်းဆိုလိုတဲ့ နောက်ထပ်ကြိုးပမ်းမှု တစ်ခုလည်းဖြစ်သလို တရားမ၀င်နေထိုင်ကြမှုတွေအတွက် အဖြေရှာပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဖက်မှာလည်း တာဝန် ရှိကြောင်း ပြသမှုတစ်ခုလည်း ဖြစ်ပါတယ်။

    နှစ်ဖက်အစိုးရတွေအပေါ် ပိုမိုကြီးမားတဲ့ ဂယက်ရိုက်ခတ်နိုင်မှု

    ဒါကာ နဲ့ နေပြည်တော် နှစ်ဖက်လုံးက နယ်စပ်ပြသနာဟာ သီးခြားဖြစ်ပွားတဲ့ နားလည်မှုလွဲမှားခြင်းသာ ဖြစ်တယ်၊ ဆက်လက်ပြီး ကြီးကြီးမားမား ထပ်ဖြစ်စရာမရှိဘူးလို့ ခိုင်ခိုင်မာမာဆိုခဲ့ကြပါပြီ။ နှစ်ဖက်အစိုးရတရားဝင်ထုတ်ပြန်ချက်တွေမှာ နယ်စပ်ဖြစ်ရပ်ကြောင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ကြပါတယ်။ မြန်မာဖက်က နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်တည်တံ့ရင်းနှီးမှုကို ပြသတဲ့အနေနဲ့ နယ်စပ်ကို တရားမ၀င်ဖြတ်ကျော်လာတဲ့ အတွက် ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည် ၃၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

    နိုင်ငံဖြတ်ကျော်မှုခင်းတွေ တားဆီးနှိမ်နင်းနိုင်ဖို့၊  နယ်စပ်ဒေသ တစ်လျှောက်မှာနေထိုင်ကြတဲ့  ဒေသခံပြည်သူများတွေကို နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းနဲ့ စပ်လျဉ်းတဲ့ အသိပညာပေး အစီအစဉ်တွေဆောင်ရွက်ကြနိုင်စေဖို့ အတွက် နယ်စပ် ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ကြဖို့ နှစ်နိုင်ငံလုံးက သဘောတူခဲ့ကြပါတယ်။

    ဒါ့ပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတာက ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေထဲမှာ လှုပ်ရှားနေတယ်လို့ မြန်မာဖက်က စွပ်စွဲနေပေမယ့် အထောက်အထားတစ်စုံတရာမရှိတဲ့ RSO သောင်းကျန်းသူတွေရဲ့ ပြသနာကြောင့် ဖြစ်ပါတယ်။ RSO အပါအ၀င် ဘယ်လို သောင်းကျန်းသူအုပ်စုမှ ဘင်္ဂလားဒေ့ရှ် ပိုင်နက်မှာ မရှိဘူးလို့ ဒါကာဖက်က ပြင်းပြင်းထန်ထန်ပယ်ချပြောဆိုခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်နယ်မြေ ဖက်ကနေ မြန်မာစစ်သားတွေကို ချောင်းမြောင်း တိုက်ခိုက်နေတာ RSO မဟုတ်ဘူး၊ RSO မရှိဘူးဆိုရင် ဘယ်သူတွေလဲလို့ မြန်မာဖက်က မေးခွန်းတန်ပြန်ထုတ်ခဲ့ပါတယ်။ ဒီပြသနာအတွက် အဖြေတစ်ခုရတဲ့ထိ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ နှစ်နိုင်ငံလုံးက ပြုလုပ်ကြရဦးမှာပါ။

    ဆွေမွန်

    Eurasiareview တွင် ဖော်ပြခဲသည့် Bangladesh-Myanmar Border Skirmishes: Who, What And Why – Analysis By Dibya Shikha ဆောင်းပါးအား ဆီလျော်အောင် ပြန်ဆိုပါသည်။

  • စည်သူအောင်မြင့် – ဘင်္ဂလားဒေ့ရှ် နယ်စပ်အရေး မြှောက်မပေးကြပါနဲ့

    ဇွန် ၄ ၊ ၂၀၁၄
    မဇ္ဈိမ
    ဆောင်းပါးရှင်-စည်သူအောင်မြင့်

    about BD and RSO
    ခုရက်ပိုင်း သတင်းတွေမှာ ဖုံးလွှမ်းနေတာက ဘင်္ဂလားဒေ့ရှ်နယ်စပ်ပြဿနာ အရေးအခင်းပါ။ အများစုသတင်းတွေကလည်း ရဲရဲတောက်မျိုးချစ်စိတ်တွေနဲ့ရေးတဲ့ သတင်းတွေပါ။ မသိရင်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်က တပ်တွေ အလုံးအရင်းနဲ့ နယ်စပ်မှာ လာချထား၊ မြန်မာဘက်ကလည်း တပ်တွေပို့၊ ရေတပ်က စစ်ရေးလေ့ကျင့် မနက်ြဖန် သန်ဘက်ခါပဲ နှစ်နိုင်ငံ စစ်ပွဲကြီးထဖြစ်တော့မလို ရေးကြ၊ သားကြပါတယ်။အနောက်ဘက် တံခါးကြီး ဘာဖြစ်တော့မယ် ညာဖြစ်တော့မယ် ဆိုကြပါတယ်။ တကယ် ဘာတွေ ဖြစ်နေသလဲ၊ ပြဿနာအတိုင်းအတာ ဘယ်လောက်ကြီးမားလဲ၊ ဒါဟာ စိတ်ပူစရာကောင်း သလားဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

    အခုနောက်ဆုံးဖြစ်တဲ့ ပြဿနာက ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံ နယ်နိမိတ်ထဲ ကျွံဝင်လာတဲ့ ယူနီဖောင်းဝတ် လက်နက်ကိုင် နှစ်ယောက်ကို မြန်မာတပ်ဖွဲ့တွေက ပစ်ခတ်လို့ တစ်ယောက်သေပြီး လက်နက်ပါ ကျန်ရစ်တဲ့ကိစ္စပါ။ သေဆုံးသူဟာ ရိုဟင်ဂျာ လက်နက်ကိုင်ဖြစ်နိုင်တယ်ဆိုပြီး မြန်မာဘက်က ယူဆပါတယ်။ နောက်တော့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တပ်သားနှစ်ယောက် ပျောက်နေတယ်ဆိုပြီး သိလာရပါတယ်။ နောက်ဆုံး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို အလောင်းလွှဲပြောင်းပေးတဲ့အခါ သူတို့ တပ်ဖွဲ့ဝင် အလောင်းဖြစ်တယ်ဆိုတာ အတည်ပြုပါတယ်။ ဒီလိုနဲ့ နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်းမှုဖြစ်စဉ် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလို့ ပြီးသွားပါတယ်။ သိပ်မကြာခင် ရက်ပိုင်းအတွင်း နှစ်ဖက် နယ်စပ် တာဝန်ရှိသူတွေ နယ်ခြားကိစ္စ တွေ့ဆုံဆွေးနွေးကြပါဦးမယ်။

    ရှေ့ပိုင်းဖြစ်ခဲ့တဲ့ ပြဿနာတစ်ခုမှာတော့ မြန်မာဘက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်လေးယောက် ကျဆုံးတဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း RSO ဖြစ်တယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ခြေကုပ်ယူပြီး မြန်မာဘက် ၀င်တိုက်တယ် စသဖြင့် အမျိုးမျိုး ပြောကြဆိုကြတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ တိုက်ပွဲမှာ ဒဏ်ရာရပြီး အသက်မသေ ကျန်ရစ်သူ ရဲဝန်ထမ်းတစ်ယောက် ကိုယ်တိုင် ပြန်ပြောတာက တစ်ဖက်က ရန်သူဟာ RSO ဖြစ်သလား၊ ဘာအဖွဲ့လဲဆိုတာ သိဖို့ ဝေးလို့ဘယ်လို ယူနီဖောင်းမျိုး ၀တ်ထားတယ် ဆိုတာတောင် မမြင်လိုက်ရဘူးလို့ ဆိုပါတယ်။ ပြောရရင် ပထမအရေးကြီး တစ်ချက်က သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိဘဲ ဟိုအဖွဲ့ဒီအဖွဲ့ ပြောလို့မရနိုင်ဘူး ဆိုတာပါ။

    ဘယ်လိုပဲဖြစ်ဖြစ် တချို့သော လက်နက်ကိုင် အင်အားစုအသေးလေးတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာ ခိုလှုံပြီး အရင်ကလည်း မြန်မာနယ်နိမိတ်ဘက် ၀င်တိုက်တာတွေ ရှိတယ်၊ ချောင်းမြောင်း လုပ်ကြံတာ ရှိတယ်၊ ခုလည်း ဒီလို ပြဿနာတွေ ရှိနေတယ်။ ဒါပေမဲ့ ဒါဟာ စိုးရိမ်ရလောက်တဲ့ ပြဿနာမဟုတ်၊ အရေးအကြီးဆုံးအချက်က မြန်မာနိုင်ငံဘက်အခြမ်းမှာ လုံးဝခြေကုပ်ရယူထားနိုင်ခြင်း မရှိသလို မြန်မာ့စစ်တပ်ကိုလည်း အံတုနိုင်တဲ့ အခြေအနေ လုံးဝရှိမနေဘူး ဆိုတာပါပဲ။ ဒါက မြန်မာစစ်တပ်ဘက်က အဆင့်မြင့် အရာရှိ တစ်ယောက် ကိုယ်တိုင်ပြောတာပါ။

    အခြားတစ်ဖက်ကဆိုရင်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကရော စစ်တပ်ကပါ ဘယ်လို လက်နက်ကိုင်အင်အားစုကိုမှ သူ့နိုင်ငံထဲ ခြေကုပ်ယူပြီး မြန်မာနိုင်ငံဘက် တိုက်ခိုက်တာ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ထပ်ခါတလဲ ပြောဆိုခဲ့ဖူးပါတယ်။ အခု နောက်ဆုံးမှာလည်း အဲဒီကတိစကား ပြောပါတယ်။ ဒီအတွက် ခုလိုပဲ တိုက်ပွဲ တွေဖြစ်ရင်၊ သောင်းကျန်းသူလို့ ထင်ရတဲ့ အလောင်းတွေကိုသာရခဲ့ရင် ဘင်္ဂလားဒေ့ရှ် အစိုးရကိုရော၊ စစ်တပ်ကိုပါ မြန်မာဘက်က ကောင်းကောင်း အရေးဆိုနိုင်ပါတယ်။

    လက်ရှိ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်မှာ ဖြစ်နေတာနဲ့ နှိုင်းယှဉ်ကြည့်နိုင်အောင် အရှေ့ဘက်နယ်စပ်ကို ကြည့်လိုက်စေချင်ပါတယ်။ ထိုင်းနယ်စပ်မှာဆိုရင် မြောက်ဖျားကနေ တောင်ဖျားအထိ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေ တန်းစီ နေရာယူထားကြ ပါတယ်။ နှစ်ပေါင်း များစွာကြာ အောင်အိမ်ကြက်ချင်း အိုးမည်းသုတ်ခွပ်သလို ဖြစ်နေတဲ့ အနေအထားအောက်မှာ လက်ခုပ်လက်ဝါးတီး အားပေးအားမြှောက် ပြုရင်း မြန်မာ့ သစ်တောနဲ့ သတ္တသယံဇာတတွေ ထုတ်ယူပါတယ်။ တရားမ၀င် ကုန်သွယ်မှုတွေ လုပ်ပါတယ်။ တိုင်းရင်းသား တပ်ဖွဲ့တွေ ကိုင်တဲ့ လက်နက်တွေအားလုံး ထိုင်းနိုင်ငံဘက်အခြမ်းက လာပါတယ်။ ကာလတချို့မှာ တိုင်းရင်းသားတပ်ဖွဲ့တွေဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ထိုင်းနိုင်ငံနယ်မြေ ကားလမ်းတွေ အသုံးပြုပြီး တပ်တွေ ရွှေ့ပြောင်းနိုင်ခဲ့ကြပါတယ်။

    တရုတ်နယ်စပ်ကရော ဘာထူးပါသလဲ။ ပိုတောင် ဆိုးတာတွေ့ကြရမှာပါ။ ၁၉၆၈ ဇန်န၀ါရီ ၁ ရက်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ အလံထောင်ပြီး ဗမာပြည်သား နည်းနည်း၊ တရုတ်ဘော်လံတီယာများများဟာ တရုတ်စစ်အကြံပေးတွေ ဦးစီးပြီး တရုတ်လက်နက်ခဲယမ်း မီးကျောက် အပြည့်အစုံနဲ့ တိုက်ပွဲကြီးတွေ ဆင်နွှဲခဲ့ပါတယ်။ လက်ရှိ “၀”နယ်၊ ၈၁၅ လို့ခေါ်တဲ့ ရှမ်းအထူးဒေသ(၄) မိုင်းလား နယ်မြေတွေဟာ အဲဒီပြဿနာရဲ့ ရလဒ်တွေပါပဲ။ ကိုးကန့် နယ်မြေကိုတော့ မြန်မာစစ်တပ် ပြန်သိမ်း လိုက်လို့ မရှိတော့ပါဘူး။

    လက်ရှိအစိုးရတပ်နဲ့ ကေအိုင်အေ ကချင်ပြည်လွတ်လပ်ရေးတပ်မတော် တိုက်ပွဲတွေမှာဆိုရင်လည်း ကေအိုင်အေဘက်က အသုံးပြုတဲ့ စစ်လက်နက်ခဲယမ်း အများစုဟာ တရုတ်ပြည်ဘက်က ၀ယ်ယူရတာတွေပါ။ အဲလောက်ဆို ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ တရုတ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ်သဘောထား နားလည်နိုင်ပါပြီ။

    တကယ်တော့ မြန်မာနိုင်ငံမှာ လိုအပ်နေတာ ကိုယ့်အမျိုးသားချင်း ကိုယ့်တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးပါ။ ကိုယ့်နိုင်ငံသားချင်း၊ ကိုယ့်နိုင်ငံထဲ အတူနေထိုင်ကြသူ အချင်းချင်းသင့်တင့် အေးချမ်းအောင်နေရေးပါ။ ဒါတွေ မတည်ဆောက်ထားနိုင်ရင် အိမ်နီးချင်းတွေကလည်း လေးစားမှာ မဟုတ်ပါဘူး။ အိမ်ကြက်ချင်းခွပ်နေကြတာကို ဘေးတီး မြှောက်ပင့်ပေးပြီး အင်အားချိနဲ့နေတာကို သဘောကျနေကြမှာ ပါပဲ။

    ဘင်္ဂလားဒေ့ရှ်နယ်စပ် ကိစ္စ ပြန်ကောက်ရရင် ပြီးခဲ့တဲ့နှစ်နှစ် ရခိုင်ပြည်နယ်မှာ အလွန်ဆိုးရွားတဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ ပဋိပက္ခကြီး ဖြစ်ပွားခဲ့ရတာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ မြှောက်ပေးလို့ မဟုတ်ပါဘူး။ ပြဿနာတွေတက် မီးတွေလောင်ကြတော့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရမီးလောင်ရာလေပင့် မလုပ်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အိမ်နီးချင်း နိုင်ငံအချင်းချင်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ရှိအောင်ပဲ ကြိုးစားသင့်ပါ တယ်။ ဒီအတွက် အနောက်တံခါးကြီး ဘာဖြစ်တော့မယ် ညာဖြစ်တော့မယ်၊ ဒီနေ့ နက်ဖြန် ဘင်္ဂလားဒေ့ရှ် နဲ့ပဲ စစ်ဖြစ်ရတော့မယ်ဆိုတဲ့ မဟုတ်မမှန် လုပ်ကြံရေးသားဖော်ပြ၊ သွေးထိုး မြှောက်ပင့် ပေးနေကြ၊ မြန်မာ့နိုင်ငံရေး လမ်းလွဲအောင် လုပ်နေကြတာကို မယုံကြည်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

    Link =>http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-60/item/22529-2014-06-04-01-58-07

    ဓါတ်ပုံအညွှန်း- ဆိုရှယ်မီဒီယာတွေ ဘင်္ဂလားဒေရှ် နှင့် ဖြစ်ပွားခဲ့သည့် ကိစ္စအား မဟုတ်မမှန် သွေးထိုးလှုံဆော်ရေးသားခဲ့မှုများ
    (အဆိုပါ အကောင့်များသည့် ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး ၊၊ သမ္မတဦးသိန်းစိန်ထောက်ခံသည့် ရေးသားမှုများ၊ မွတ်စလင် မုန်းတီး ဆန်ကျင်ရေး လှုံဆော်မှုများကို  အွန်လိုင်းစာမျက်နှာထပ်တွင် နှစ်နဲ့ ချီလုပ်ဆောင်နေသူများဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ )

  • ဘင်္ဂလား နဲ့ မြန်မာ စစ်ဖြစ်ဖို့ဆိုတာ ဒီအချက်တွေကြောင့် မဖြစ်နိုင်ဘူး

    ဇွန် ၁ ၊ ၂၀၁၄
    M-Media
    ရေးသူ- ရောဘတ်အယ်လ်ဟို့စ်
    bangladesh and myanmar
    မြန်မာနဲ့ ဘင်္ဂလား စစ်ဖြစ်ဖို့ ဖိန့်လုံးတွေ လှိမ့်လုံးတွေ နဲ့ လုပ်နေသူတွေအတွက် တစ်ခုေ တာ့ ပြောချင်တယ်။ ခင်ဗျားတို့ ဖိန့်နေသလို ဗမာနဲ့ ဘင်္ဂလား စစ်ဘယ်တော့မှ ဖြစ် မှာ မ ဟုတ်ဘူး။ ဒီမေးခွန်းမေးတဲ့ သူတွေကသာ အဟုတ်ထင်ယုံချင်ယုံ။ ကျူပ်တော့မယုံဘူး။ ဒီတော့ ဘင်္ဂလားနဲ့ စစ်ဖြစ်ရင် ဘယ် ဖက်ပါမလဲ ဆိုတဲ့ ပေါတောတော မေးခွန်းတွေ မေးတဲ့သူတွေ နဲ့ ဖြေတဲ့ သူတွေ အကုန် လုံး ကို အံ့သြမိပါတယ် လို့ပဲ တင်စားချီးမွှမ်းချင်တယ်။

    ၁။ တရုတ်ကြီးက သူ့ရဲ့ မဟာဗျူဟာမြောက် အိန္ဒိယသမုဒ္ဓရာ မိန်းထွက်ပေါက်ဖြစ်တဲ့ ရခိုင် နယ် စပ် လိုနေရာမှာ ဘယ်တော့မှ စစ်အဖြစ်ခံမှာ မဟုတ်ဘူး။ သူကိုယ်တိုင်က အိန္ဒိယကို ၀ိုင်းပတ် ပိတ်ဆို့ထားရေး မဟာပုလဲသွယ်ဆိုတဲ့ စီမံကိန်းတစ်ခုရှိတယ်။ ဒါကို လုပ်နေဆဲ သာ ဖြစ်ပြီး လက်စသတ်ဖို့က အများကြိး ပြင်ဆင်နေရဆဲ ကာလမှာ ဒီစီမံကိန်းအ တွက် အ သုံးတော်ခံတွေ ဖြစ်တဲ့ ဘင်္ဂလားရော၊ မြန်မာမှာပါ ကြီးကျယ်တဲ့ စစ်ရေး ပဋိပက္ခ တွေကို ခွင့်ြ ပုဖို့ မရှိဘူး။

    ဘင်္ဂလားရော၊ မြန်မာရော နှစ်နိုင်ငံစ လုံးက တရုတ်ပြည်ကြီးက သေဆိုသေ ရှင်ဆိုရှင် ကြိုက် သလို အမိန့်ပေးနိုင်တဲ့ အနေအထားမှာ အခု ရောက်နေတယ်။

    ၂။ မြန်မာရော ဘင်္ဂလားရော နှစ်နိုင်ငံစလုံးကလည်း လုံးဝ စစ်အဖြစ်ခံမှာ မဟုတ်ဘူး။ ဘာ လို့လည်း ဆိုတော့ သူတို့နှစ်နိုင်ငံစလုံး ရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ ဘင်္ဂလားပင်လယ်ေ အာ် ထဲက အဓိက ပြောရရင် သဘာဝ ဓါတ်ငွေ့သိုက် တွေက ရကာစ မြိုးမြိုးမြတ်မြတ် အကျိုး အ မြတ် အဖူးအငုံလေးတွေ ကို အထိခံမှာ မဟုတ်ဘူး။

    ဒီကဏ္ဍတွေမှာ တကယ်တမ်းရင်းနှီးမြုပ်နှံ ထားကြတာက နိုင်ငံတကာ က ကုမ္ပဏီကြီးတွေ၊ပါ။ အခုလို အလှုပ်အရှားလေး ဖြစ်သွားတာ လောက် နဲ့တင်ကို ဒီကုမ္ပဏီကြီးတွေရဲ့ စတော့ ရှယ် ယာဈေးကွက် အနေအထားတွေမှာ ထိခိုက် မှုလေးတွေ ရှိလာတယ်။ ဒီကုမ္ပဏီ ကြီးတွေက ဒီနှ စ်နိုင်ငံ အစိုးရ အပေါ်မှာ ရှိထား တဲ့ သြဇာအရှိန်အ၀ါဟာလည်း အမေရိကန် ၊ တရုတ် တို့ ထက် မလျော့ဘူး။ ဒါ့ကြောင့် လည်း စစ်ဖြစ် ဖို့ ဆိုတာ ဟာသသက်သက်ပဲ။

    ၃။ လက်ရှိ အိန္ဒိယ မှာ အသစ်စက်စက် အာဏာရလာတဲ့ ဘာရတီယာ ဂျနာတာ ပါတီ အနေနဲ့ ကတော့ စစ်ဖြစ်ချင် ဖြစ်ပါစေ ဆိုတဲ့ ဆန္ဒရှိမှာ အမှန်ပဲ။ အိန္ဒိယဟာ အစဉ်အလာအရ တရုတ် ရဲ့ ဒေသတွင်း ပြိုင်ဖက် ဖြစ်လို့ တရုတ်အကြပ်ရိုက်မယ့် ကိစ္စ မှန်သမျှ အတွက် ကျေနပ်နေ မှာ ဖြစ်သလို အခု ရခိုင်ကမ်းလွန်ကထွက်တဲ့ ဓာတ်ငွေ့တွေကို တရုတ်ပေးတဲ့ဈေးထက် ပိုပေး ပါ့ မယ်၊ သူ့ကို ရောင်းပါလို့ အကြိမ်ကြိမ်အဖန်ဖန် တိုးလျှိုးတောင်းပန်ခဲ့ပေမယ့် သူ့ကို အဖက် မ လုပ်ဘဲ တရုတ်ကိုသာ မြန်မာက ရောင်းလိုက်တာကို သူတို့ လုးံဝ မကျေနပ်ဘူး။

    ဒါ့ကြောင့် ဒီဒေ သတွင်း ဗရုတ်သုက္ခတွေ ဖြစ်လာလို့ရှိရင် ၀မ်းအသာဆုံး ဖြစ်မယ့်သူဟာ အိန္ဒိ ယ ပဲ။ သို့ပေမဲ့ သူဘယ်လောက်ပဲ ဖြစ်စေချင်ချင် သူ့ကို တစ်ဖက်က အမေရိကန် နဲ့ ဥရောပ သမဂ္ဂ နိုင်ငံ တွေလို သူနဲ့ အကြီးအကျယ်စီးပွားဖက် အင်အားစုတွေက ဒေသတွင်းတည်ငြိမ်ေ ရး ဆိုတဲ့ အ ကြောင်းပြချက် နဲ့ ပြန်ထိန်းထားမှာမို့ ဒါကလည်း အညှောင့် လုပ်တာလောက်ပဲ လုပ်ချင် လုပ် နိုင်မယ်။ ညှောင့်ပြီး ပွဲဆူအောင် နည်းနည်းပါးပါး လုပ်တာကလွဲလို့ တကယ် တမ်းလက်တွေ့မှာ ဖြစ်လာဖို့မရှိဘူး။

    အိန္ဒိယ မှာ လည်း ဆယ်စုနှစ် နှစ်ခုလောက် အရင် ထဲက အကြီးကြီး မျှော်ကိုးထားပြီး အကောင် အထည်ဇော်တို့ ကြိုးစားနေတဲ့ အရှေ့မျှော် မူဝါဒ (Look East Policy) ဆိုတာရှိတယ်။ သူ့ရဲ့ အရှေ့မြောက်ဖက်ပိုင်း ပြည်နယ် ခြောက်ခု ဟာ အိန္ဒိယ ပြည်မကြီး နဲ့ ကုန်းလမ်းက အဆက် အသွယ် ၊ ပြောရရင် ထောက်ပို့လမ်းကြောင်းဟာ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါကြားက အင်မတန်မှ ကျဉ်းမြောင်းပြီး သွားလာရ သိပ်ခက် တဲ့ ကုန်းလမ်းလေးတစ်ခုသာ အသက်သွေးကြော အဖြစ် ရှိနေတယ်။နောက်တစ်ခါ အဲ့ဒီပြည်နယ် ခြောက်ပြည်နယ်ကို ရေလမ်းကနေတစ်ဆင့် ကုန်စည် တွေကို မြန်ဆန် လွယ်ကူစွာ ပို့လိုတယ်။ မြန်မာနဲ့ လုပ်ထားတဲ့ စစ်တွေ ရေနက် ဆိပ် ကမ်း က အဓိက သက်သေပဲ။

    နောက်တစ်ခါ အဲ့ဒီ ပြည်နယ်ခြောက်ခု ရဲ့ ပြင်ပကမ္ဘာကို ထွက်ပေါက်အဖြစ် မြန်မာ နဲ့ ဘင်္ဂ လားဒေ့ရှ် နှစ်နို င် ငံကနေဖြတ်ပြီး တရုတ် နဲ့ အရှေ့တောင် အာရှ နိုင်ငံတွေဖက်ကို ကုန်းလမ်း ကုန်သွယ်ရေး လမ်းကြောင်း ပွင့် သွားအောင် လည်း ဖွင့်ချင်တယ်။ ဒါကို သူတို့အရေးတကြီးလို အပ်နေတယ်။ ကုလားတန် စီမံကိန်းက ကအဓိက သက်သေပဲ။ ဒီကုလားတန် စီမံကိန်း အတွက် မရှိမဖြစ် အရေးပါနေတာက မြန်မာ နဲ့ ဘင်္ဂလား နှစ်နိုင်ငံစလုံးပဲ။ တစ်နိုင်ငံငံမှာ ပိတ် ဆို့သွားခဲ့ရင် လည်း သူတို့ စီမံကိန်း အားလုံးရေစုန် မျောသွားလိမ့်မယ်။ ဒီတော့ ဒီနှစ်နိုင်ငံ စစ်ဖြစ်ဖို့ ဆိုရာမှာ အိန္ဒိယ အနေနဲ့ ဒီနှစ်နိုင်ငံကို မတည့်အောင်နည်းနည်းပါးပါး တိုက်ပေး ပြီး သူလိုသလိုလေး ကစားနိုင်အောင် ဖန်တီးဖို့ ဆိုတာကထက် ပိုပြီး စစ်ပွဲကြီးတစ်ရပ်ဖြစ် သွား လောက်အောင်ထိ ဖန်တီးပေးဖို့ထိတော့ သူတို့ မိုက်လိမ့်မယ် မထင်ဘူး။

    ၄။ အမေရိကန် နဲ့ ဂျပန်၊ ကိုရီးယား အနောက်ဥရောပ နိုင်ငံတွေက တရုတ်ကို အကြပ်ရိုက်ေ စ ဖို့၊ လက်ရှိ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်က ငပွကြီး လုပ်နေတာကို တန်ပြန်တဲ့အနေနဲ့ ဒီဒေ သမှာ ရှုပ်ရှု့ပ်ထွေးထွေး ဖြစ်သွားတာမျိုးကို လိုလားကောင်းလိုလားနိုင်တာ ဖြစ်နိုင် ပေ မယ်လိုက တကယ် သာ စစ်ပွဲက စဖြစ်သွားပြီဆိုရင် နှစ်ဖက် အကျိုးစီးပွား တွေဖက်က အင် အားကြီးတွေပါ ပါလာပြီး ရေရှည်စစ်ပွဲ အဖြစ် ပေရှည်သွားနိုင်တာမို့ သူတို့ ကိုယ်တိုင် စီး ပွားရေး နာလန်ထမှု့ အတွက် မနည်း ရုန်းကန်နေရတဲ့ အနောက်နိုင်ငံတွေ ကလည်း ရေရှည် ပဋိပက္ခ ထဲကို မပါလာချင်ဘူး။ ဒါ့ကြောင့် ဒါဟာ အဓိပ္ပါယ်မရှိဘူး။

    ဒီတော့ ဘင်္ဂလားနဲ့ မြန်မာ စစ်ဖြစ်မယ် ဘာညာဆိုတာက လူပြိန်းကြိုက် ခန့်မှန်းချက်သက် သက် ထက် ဘာမှမပိုဘူး။ အချိန်ကုန်ခံ ခေါင်းစားမနေနဲ့။

    ( ရောဘတ်အယ်လ်ဟို့စ်)

  • နယ်ခြားစောင့် တပ်ဖွဲ့ အရာရှိ ပျောက်ဆုံးမှု ဖြေရှင်းရန် မြန်မာကို ဘင်္ဂလားဒေရှ် တောင်းဆို၊ နယ်စပ် အခြေအနေ တင်းမာနေ

    မေ ၃၀ ၊ ၂၀၁၄
    M-Media

    border_36833

    ပြီးခဲ့သည့် မေ လ ၂၈ ရက် ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB မှ ကင်းလှည့်နေသည့် တပ်ဖွဲ့တစ်ခုအား အား မြန်မာနယ်ခြားစောင့် တပ်ဖွဲ့မှ ပစ်ခတ်ကာ အရာရှိတစ်ဦးနှင့် လက်နက်များကို ဖမ်းဆီးခဲ့သောကြောင့် တင်းမာမှုများရှိနေချိန်တွင် နယ်စပ်တစ်လျှောက်၌ BGB က တပ်ဖွဲ့ဝင်များ ထပ်မံအားဖြည့်ထားသည်ဟု သိရသည်။

    ပျောက်ဆုံးနေသူမှာ  BGB မှ အရာရှိတစ်ဦးဖြစ်သူ မီဇာနူရ် ရာဟာမန် (Nayek Mizanur Rahman) ဖြစ်ပြီး ၎င်းနှင့်အတူ အမ် ၂၂ ရိုင်ဖယ်တစ်လက်နှင့် ကျည်အတောင့် ၁၂၀ ကျော်ပါ ပျောက်ဆုံးနေသည်ဟု BGB မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာသံအမတ်အား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆင့်ခေါ်ခဲ့ကာ Mizanur Rahman အား ချက်ခြင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

    ထို့ပြင် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားစေရန် အတွက် ပြည့်ဝသော စုံစမ်းမှုများ ပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီး Mustafa Kamal က မြန်မာသံအမတ်အား တောင်းဆိုခဲ့သည်ဟု ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မြန်မာသံအမတ်ကမူ ထိုကိစ္စအား အထက်သို့သေချာစွာ တင်ပြပေးမည်ဟု ပြောကြားခဲ့ပြီး၊ ၎င်းတို့ဘက်မှ တုံ့ပြန်မှုများ ရလျှင် ဘင်္ဂလားဒေ့ရှ် အစိုးရသို့ ပြောကြားမည်ဟု ဆိုသည်။ မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးကလည်း ထိုကိစ္စအား မဆိုင်းမတွ စုံးစမ်းပေးရန်နှင့် ဖမ်းဆီးခံထားရသည့် BGB အဖွဲ့ဝင်အား ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တောင်းဆိုခဲ့သည်။

    မြန်မာအစိုးရ ပြန်ကြားရေး ဝန်ကြီး ဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ နယ်စပ် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဘင်္ဂလားဒေရှ်ဘက် အခြမ်းမှ ပျောက်ကြား ဝတ်စုံထားသူ တစ်ဦးအား သေဆုံးပြီး အမ် ၂၂  ၁ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိကြောင်း ရေးသားထားသည်။

    RFA သတင်းတပုဒ်တွင်မှု မောင်တောခရိုင် ရဲတပ်ဖွဲမှူးမှ အဆို ပါ လက်နက်ကိုင်များ မှာ RSO (Rohingya Solidarity Organization – ရိုဟင်ဂျာ သွေးစည်း ညီညွှတ်ရေး) အဖွဲ့ ဝင်များ ဖြစ်သည်ဟု ပြောကြားထားကြောင်း ဖော်ပြထားသည်။

    ထိုပြဿနာများ ဖြစ်ပွားပြီးနောက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက် လုံခြုံရေးများ တိုးမြှင့်ချထားကာ အခြေအနေမှာ တင်းမာလျက်ရှိနေသည်။

    Ref: The Daily Star and MOI