News @ M-Media

Tag: Myanmar-Bangladesh

  • ဘင်္ဂလား-မြန်မာ တင်းမာမှုကို ဗမာအစိုးရ တမင် ဖန်တီးလာနေပြီလား (သူအမြင်)

    မေ ၃၀ ၊ ၂၀၁၄
    M-Media
    ရေးသူ- (ရောဘတ်အယ်လ်ဟို့စ်)

    Border-1
    ဘင်္ဂလား-မြန်မာ နယ်စပ်မှာ တကယ်မရှိတဲ့ ရိုဟင်ဂျာ RSO အကြမ်းဖက်သမားတွေနဲ့ မြန်မာ နယ်ခြားစောင့်တပ်တွေ တိုက်ပွဲဖြစ်ပြီး RSO တိုက်ခိုက်ရေးသမား တစ်ယောက်ကို တိုက်ခိုက် ရေး ရိုင်ဖယ်တစ်လက် ၊ ကျည် အတောင့်ပေါင်း တစ်ထောင် ကျော် နဲ့ အသေဖမ်းဆီးရမိတယ် လို့ မောင်တောခရိုင် ရဲမှုးကြီးက တရားဝင် မီဒီယာကို ပြောခဲ့တယ်။

    တစ်ဖက်ကလည်း ဘင်္ဂလားအစိုးရ က သူတို့ရဲ့ နယ်ခြားစောင့် တပ်ဖွဲ့က အရာရှိ တစ်ဦး အဲ့ဒီ အချိန်မှာ ပဲ ဒီနေရာမှာ ပျောက်ဆုံးသွားတယ်လို့ တရားဝင် ပြောလာတယ်။ ဒီတော့ ဒီမိထား တယ် ဆိုတဲ့ RSO လို့ စွပ်စွဲခံထား ရသူဟာ ဘင်္ဂလား နယ်ခြားစောင့် တပ်ဖွဲ့ဝင် ကို ၀ါဒဖြန့်ချီပြီး နှစ်နိုင်ငံ အကြားတင်းမာလာအောင် ဗမာဖက်က တမင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးလာ ပြီ လား ဆိုပြီး စဉ်းစားစရာ ဖြစ်လာပြီ။

    တစ်ချိန်တည်းမှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ စလောင်းကျေးရွာအုပ်စုက အများပြည် သူပိုင် လယ်မြေဧကပေါင်း ၂၀၀ ကျော်ကို အရင် ဗိုလ်ချူပ်မှုးကြီး သန်းရွှေ ရဲ့ သမီး ဒေါ်သန္တာ ရွှေ မိသားစု က လျှော်ကြေးမပေးဘဲ ၂၀၁၀ ခုနှစ်က မတရားသိမ်းထားတဲ့ ကိစ္စကို လူထုက မခံနိုင်တော့ဘဲ အာခံလာကြတဲ့ ကိစ္စက တစ်ပြိုင်နက်တည်း ပေါ်လာတယ်။ သူတို့မိသားစု ပိုင်ဆိုင်မှုကို ထိလာလို့ အများအာရုံ ကတစ်ဖက်ကို ပြောင်းသွားအောင် divert လုပ်တာလား ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။

    တစ်ချိန်တည်းမှာပဲ ဒီလိုလုပ်လာတဲ့ အချိန်ဟာ ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ဒီပဲယင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ နှစ်ပတ်လည် နေ့နဲ့လည်း လာတိုက်ဆိုင်နေတယ်။ ဗမာအစိုးရ သာ တကယ်တမ်း ရိုးသားမယ် ဆိုရင် အသေဖမ်းမိတယ် ဆိုတဲ့ RSO အကြမ်းဖက်သမား ဆိုသူရဲ့ ၀တ်ဆင်ထားတဲ့ ယူနီဖောင်းနဲ့ လက်နက်တွေလို ဟာမျိုးကို ဖုံးကွယ်မထားဘဲ၊ အများသိအောင် မီဒီယာကနေ ချပြသင့်တယ်။ ဒါမှ ဒီလူဟာ RSO လား၊ ဘင်္ဂလား နယ်ခြားစောင့် တပ်ဖွဲ့ဝင်လားဆိုတာ အများကွဲကွဲပြားပြား သိရမှာဖြစ်တယ်။

    ဗိုလ်ချူပ်မှုးကြီးသန်းရွှေဟာ အရင်ကလည်း ဒါမျိုး စိတ်ဓာတ်စစ်ဆင်ရေး တွေ လုပ်တာမှာ ရာဇ၀င် တွေ အများကြီး ရှိဘူးတော့ ဒါဟာ သိပ်ကိုစဉ်းစားဖို့ ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်လာတယ်။ မိတ္ထီလာမှာလည်း ပြဿနာဖန်တီးပြီး ဗိုလ်ချူပ်မှုးကြီးသန်းရွှေ သမီး တွေက အဲ့ဒီက မွတ်စလင်မ် မြေတွေကို သူတို့ လုပ်ချင်တဲ့ ဟိုတယ်ဇုန်းအတွက် ၀င်အမြတ်ထုတ်သွားခဲ့တာတွေ ရှိခဲ့တယ်။

    ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံ အကြား တရားဝင် တိုက်ခိုက်မှုတွေ ဖြစ်လာပြီ ဆိုရင်တော့ ဒါကို အကြောင်းပြုပြီး ဘာမှ မဆိုင်တဲ့ ပြည်တွင်းက ရိုဟင်ဂျာ နဲ့ မြန်မာမွတ်စလင်မ် တွေ အပေါ် ထိုးနှက်မှုတွေ ပိုလုပ်လာဖို့ အကြောင်းအရာကောင်း တစ်ရပ်ဖြစ်လာလိမ့်မယ်။ ဒီလောက် အန္တရာယ်ကြီးတဲ့ လုပ်ရပ်ကို တကယ်သာ လုပ်လာပြီ ဆိုလို့ကတော့ ထင်ထားတာထက် အတိုင်းအတာ ကြီးမားတဲ့ ထိခိုက်မှုတွေ ပြည်တွင်းက အစ္စလာမ်ဘာသာဝင် တွေ ဆီ ကို ရောက်လာနိုင်တယ်လို့ ထင်တယ်။ သတိရှိထားတာ မမှားပါဘူး။ သတိရှိကြပါ။

    (ရောဘတ်အယ်လ်ဟို့စ်)

  • မြန်မာရေတပ် ဦးစီးချူပ်၏ ဘင်္ဂလားဒေရှ် ၅ ရက်တာ ခရီးတွင် ဘင်္ဂလားဒေရှ် သမ္မတကို သွားရောက်တွေ့ဆုံ

    မေ ၈ ၊ ၂၀၁၄
    M-Media

    president-myanmar_32750
    – မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ရေပိုင်နက်အငြင်းပွားမှုအား ဖြေရှင်းနိုင်ခဲ့ခြင်းက နှစ်နိုင်ငံ ရေကြောင်းကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အခွင့်အရေးကောင်းများ ဖြစ်လာစေသည်ဟု ဘင်္ဂလားဒေ့ရှ် သမ္မတ အဗ်ဒူ ဟာမစ်က ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံမှ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေမှာ ဘင်္ဂလားဒေ့ရှ် သမ္မတအိမ်တော်သို့ သွားရောက်၍ သမ္မအား တွေ့ဆုံဂါရ၀ပြုစဉ် ဟာမစ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံ ရေတပ်သားများနှင့် ရေတပ် အရာရှိများ ပူးပေါင်းလေ့ကျင်မှုများပြုလုပ်ခြင်းမှာ နိုင်ငံရင်းနှီးမှုကို အားဖြစ်စေပြီး အတွေ့အကြုံများ မျှဝေခြင်းဟု မှတ်ယူနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ဗိုလ်ချုပ်ကြီး သူရသက်ဆွေကလည်း ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးကို မြန်မာနိုင်ငံက အမြဲတမ်းအလေးထားမည်ဖြစ်ကြောင်း၊ ယခုလည်ပတ်မှုမှာ နှစ်နိုင်ငံအကြား ရင်းနှီးမှုကို တိုးမြင့်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ရေတပ်ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၅ ရက်ကြာ အလည်အပတ် ခရီးရောက်ရှိနေခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ရေတပ် ဦးစီးချုပ် အမ် ဖာရွက်ဟဘီးဘ်၊ ၀န်ကြီးချုပ် ရှိခ်ဟာဆီနာတို့နှင့် တွေ့ဆုံခဲ့ကာ ယနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

    Ref: Bdnews24