News @ M-Media

Tag: Myanmar Muslim Army

  • မွတ်ဆလင် ၄ ယောက်အမှု ထောင်ဒဏ်တွေ ထပ်တိုးချ

    မွတ်ဆလင် ၄ ယောက်အမှု ထောင်ဒဏ်တွေ ထပ်တိုးချ

    မန္တလေးက ပန်းချီဆရာ ဦးဇော်မင်းထွေး၊ ဗန်းမော်မြို့က ဦးဧရာမန်း နဲ့ ဦးမြင့်သိန်း၊ မိုးညှင်းက ဦးခင်မောင်ရွှေ တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ မန္တလေး ခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ် ကနေ ၁၅ နှစ်အသီးသီး ချမှတ်လိုက်ပါတယ်။

    အစ္စလာမ် တပ်မတော် ထူထောင်ဖို့ ကြိုးပမ်းတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတော် ပုန်ကန်မှု ဥပဒေ အရ သူတို့ ကို ၂၀၁၆ ဒီဇင်ဘာလ အတွင်း က ထောင်ဒဏ် တသက် (ထောင်ဒဏ် တသက်ပြစ်ဒဏ်ခံရပါက အနည်းဆုံးထောင်ဒဏ် အနှစ် ၂၀ ကျခံရတတ်သည်)ချမှတ်ခဲ့တဲ့အပြင် အဲဒီ အရင် ကလည်း သူတို့ကို အမရပူရ တရားရုံးက နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ၊ မတရား အသင်း ဆက်သွယ်မှု ပုဒ်မ၊ အရေးပေါ်စီမံချက် ဥပဒေ တွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

    အဲဒီအတွက် ဦးဇော်မင်းထွေး၊ ဦးမြင့်သိန်းနဲ့ ဦးဧရာမန်း တို့ဟာ အနည်းဆုံးထောင်ဒဏ် ၃၂ နှစ် ကျခံရမှာ ဖြစ်သလို၊ ဦးတင်မောင်ရွှေ က ထောင်ဒဏ် ၄၂ နှစ် ကျခံရတော့မှာ ဖြစ်ပါတယ်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့က တရားခွင် ကို ရောက်လာတဲ့ တရားခံ တွေ က သူတို့ ထောင်ထဲ ရောက်နေပြီးသား အချိန်ကာလမှာ ပြဌာန်းတဲ့ အဲဒီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ သူတို့ကို တရားစွဲတာဟာ ဥပဒေကြောင်းအရ အလွန် မှားယွင်းနေကြောင်း နဲ့ သူတို့ မွတ်ဆလင် ဖြစ်တဲ့ အပေါ်မှာ တမင်သက်သက် ပစ်မှတ်ထား အရေးယူနေတာလို့ ဘီဘီစီ ကို ပြောပါတယ်။

    အရင်တုန်းကလည်း ရဲတပ်ဖွဲ့က ဒီတရားခံတွေဟာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ ဆက်သွယ်ခဲ့တယ်လို့ စွပ်စွဲခံရပြီး လက်နက်ကိုင် တပ်ဖွဲ့ထောင်ဖို့ ရည်ရွယ်ခဲ့ကြတယ် လို့ နိုင်ငံတော်ပုန်ကန်မှု အပါအဝင် တခြားအမှုတွေ နဲ့ စွပ်စွဲခဲ့ကြပေမယ့် တရားရုံးကို သက်သေ တစုံတရာ မတင်နိုင်ခဲ့ကြောင်း၊ တရားခံ ကို ရဲတွေ က စစ်ဆေးထားတဲ့ ရဲစစ်ချက် ကိုသာ တရားရုံးကို တင်ပြခဲ့ကြောင်း၊ အဲဒီလို လုပ်ရပ်တွေ ဟာ တရားဥပဒေ တွေ နဲ့မညီကြောင်း တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က ဘီဘီစီ ကို ပြောပါတယ်။

    မတရားသင်း သတ်မှတ်ခံရဆဲ ဖြစ်တဲ့ ကေအိုင်အေ အဖွဲ့နဲ့လည်း သူတို့ ဆက်သွယ်မှု မရှိဘူးလို့ ဦးဇော်မင်းထွေးက ပြောပါတယ်။

    အခု မွတ်ဆလင် ၄ ယောက် ဟာ အမှုမဖြစ်ခင် က ဗန်းမော်မှာ တိုင်းရင်းဆေးဆရာလုပ်နေတဲ့ ဦးဧရာမန်းနဲ့ မိုးညှင်း က ဦးခင်မောင်ရွှေတို့သာ တယောက်နဲ့တယောက် သိနေကြတာဖြစ်ပြီး ကျန်သူတွေ ဟာ တယောက်နဲ့တယောက် သိပင် မသိဖူးကြတဲ့သူတွေ ဖြစ်တယ်လို့ ဦးဧရာမန် က ပြောပါတယ်။

    ရဲတပ်ဖွဲ့က စစ်ချက်တွေ သူတို့ဘာသာရေးထားပြီး သူတို့ကို ဖိအားလာပေးကာ လက်မှတ် ထိုးခိုင်းလို့ လက်မှတ်ထိုးပေးလိုက်ရတာလို့လည်း သူတို့က ပြောပါတယ်။

    အရင်ပြစ်ဒဏ်တွေတုန်းကလည်း အယူခံဝင်ထားပေမယ့် ပြောင်းလဲမှုတော့ ရှိမလာခဲ့ပါဘူး။

    ဒါပေမယ့် သူတို့ ကတော့ အဲဒီပြစ်ဒဏ်တွေရော၊ အခုပြစ်ဒဏ် ကို ပါ အယူခံ ဆက်ဝင်သွားမယ်လို့ ပြောပါတယ်။

    BBC မှ ကူးယူဖော်ပြသည်။

  • မလိုတစ်​မျိုး လိုတစ်​မျိုး ဥပ​ဒေကြားက သား​ကောင်​များ (သူ့အမြင်)

    မလိုတစ်​မျိုး လိုတစ်​မျိုး ဥပ​ဒေကြားက သား​ကောင်​များ (သူ့အမြင်)

    ဒီဇင်ဘာ ၂၃ ၊ ၂၀၁၆
    ဆွေမွန်ရေးသည်။
    20161223
    နိုင်ငံတော်ပုန်ကန်မှုချင်းတူတယ်။ ပုဒ်မတူတယ်။ ဒါပေမယ့် ပြစ်ဒဏ်မတူပါချေ။
    .
    ဖြစ်စဉ်-၁
    ———–
    KIA တပ်မတော်နှင့်ဆက်သွယ်ပြီး  နိုင်ငံတော်ကို ပုန်ကန်ရန်ပြုလုပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရ သူများဖြစ်ကြတဲ့ ကိုဇော်မင်းထွေး ၊ ကိုမြင့်သိန်း ၊ Aရာမန်နှင့် ကိုခင်မောင်ရွှေတို့ ပြစ်ဒဏ်ချ မန္တလေးခရိုင် တရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက်နေ့က တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကိုချမှတ်လိုက်ပါတယ်။
    .
    ဖမ်းတယ်။ အထောက်အထား မရှိဘူး။ သက်သေမခိုင်လုံဘူး။ စစ်ကြောခံနေရချိန် စရဖရုံးမှာ ရိုက်နှက်ပြီး စစ်ချက် ယူတယ်။ လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်ထိုးခိုင်းတဲ့စာရွက်တွေမှာ ဘာတွေရေးထားလဲဆိုတာ ဖတ်ခွင့်တောင် မရှိပါဘူးလို့ ပြစ်ဒဏ်ချမှတ် ခံရသူတွေက လျောက်လဲခဲ့သော်လည်း တရားရုံးက ဒီလျောက်လဲချက်ကို လက်မခံဘဲ နိုင်ငံတော်ပုန်ကန်မှုပြုရာတွင် အထမြောက်သည် ဖြစ်စေ မမြောက်သည်ဖြစ်စေ ပူးပေါင်းကြိုးစားအားထုတ်တာ တွေ့ရတယ် ဆိုပြီး ထောင်ဒဏ်တစ်သက် တစ်ကျွန်းပြစ်ဒဏ်ချတယ်။

    ဖြစ်စဉ်-၂
    ————–
    ရခိုင်တပ်မတော် AA က တပ်သားကို လက်နက်နဲ့တကွ လက်ပူးလက်ကြပ်မိတယ်။ လက်နက်ကိုင်ဆောင်မှု၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲတယ်။ သူကိုယ်တိုင် AA တပ်သားဖြစ်တာကို ၀န်ခံပါတယ်။ လက်နက်ကိုင်ပြီး နိုင်ငံတော်ကို ဆန့်ကျင်နေသူကို နိုင်ငံတော် ပုန်ကန်မှုအပြင် လက်နက်ကိုင်ဆောင်မှုနဲ့ ထောင်၅နှစ်ချပါတယ်။
    .
    ဘာကြောင့်ပါလဲခင်ဗျာ။ နိုင်ငံသားချင်းတူတာတောင် ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို ဘာကြောင့်တန်းတူ မရကြပါသလဲ။ လက်နက်နဲ့ မိတဲ့လူက ၅ နှစ် ထောင်ကျပြီး လက်နက်မမိတဲ့ သာမန်ပြည်သူကို ထောင်တစ်သက် တစ်ကျွန်းချတဲ့ နိုင်ငံတော်ပုန်ကန်မှု ဥပဒေကြီးက အင်မတန် အံ့သြစရာပါခင်ဗျား။
    .
    နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတစ်ခုနဲ့ လက်ရှိတရားစီရင်မှုကိုပဲ နှိုင်းယှဉ်ပါရစေ …
    .dassk
    တရားမျှတရုံနဲ့မလုံလောက်ဘူး။
    .

    ကျွန်မတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိစေချင်တယ် ဆိုတာဟာ နိုင်ငံသူ နိုင်ငံသားများအားလုံးဟာ တရားဥပဒေရဲ့ ကာကွယ်မှုအောက်မှာ လုံလုံခြုံခြုံနေနိုင်ခြင်းကို ကျွန်မတို့ဦးတည်တာကို ပြောတာပါ။
    .
    တရားဥပဒေဆိုတာဟာ တရားမျှတရမယ်။ ကောင်းမွန်တဲ့ သက်ရောက်မှုရှိနိုင်တဲ့ ဥပဒေတွေရှိရမှာဖြစ်ပါတယ်။
    .
    ကျွန်မတို့ တရားစီရင်ရေးမဏ္ဍိုင်ကြီးဟာ တည့်မတ်ဖို့၊ ထိရောက်ဖို့အင်မတန်မှ အရေးကြီးပါတယ်။ တရားစီရင်ရေးနဲ့ ပတ်သက်လို့ဆိုလို့ရှိရင် တရားမျှတမှုရှိရမယ်။ နိုင်ငံတကာက လက်ခံထားတဲ့စံနှုန်းတွေနဲ့ ကိုက်ညီရမယ်။
    တရားမျှတမှုဆိုတာဟာ မျှတတဲ့တရားစီရင်ခြင်းဆိုတာဟာ အဆိုရှိပါတယ်။
    .
    လုပ်ရုံတင်နဲ့မပြီးဘူး။ လုပ်ပါတယ်ဆိုတာ ထင်ရှားရမယ်။
    .
    တရားမျှတရုံနဲ့ မလုံလောက်ဘူး။ တရားမျှတခြင်း ရှိပါတယ်ဆိုတာ ထင်သာမြင်သာဖြစ်ရပါလိမ့်မယ်။
    .
    အဲဒါကတော့ အခြေခံတစ်ခုပါပဲ။
    .

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၆ ဧပြီလက ပြောခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှ ကောက်နှုတ်ချက် ကလေးဖြစ်ပါတယ်။
    .
    နိုင်ငံခေါင်းဆောင်ဖြစ်စေချင်တဲ့ တရားစီရင်ရေး စနစ်နဲ့ လက်ရှိဖြစ်နေတဲ့ တရားစီရင်ရေးစနစ်ဟာ ရှိသင့်တာနဲ့ ဖြစ်နေတာ ဘယ်လောက် ကွာဟနေပြီလဲ ဆိုတာကို ပြသနေပါပြီ။
    .
    လက်နက်ကိုင်သူကို ထောင် ၅ နှစ်ချပြီး လက်နက်မကိုင်သူကို ထောင်တစ်သက် တစ်ကျွန်းချတဲ့ ဒီလို သားရေကွင်း ဥပဒေတွေသာ မြန်မာနိုင်ငံထဲမှာ အမှန်တကယ် ထွန်းကား လက်ခံနေကြပြီဆိုရင် တစ်သက် တစ်ကျွန်းပြစ်ဒဏ်ကျခံရနိုင်တဲ့ပြစ်မှု ကျူးလွန်မယ့်သူတိုင်းဟာ လက်နက်ကိုင် လမ်းစဉ်ကိုသာ ရွေးချယ်စရာ ကျန်ကြပါတော့မယ်။
    .
    အင်မတန် လွဲချော်နေတဲ့ တရားစီရင်ရေးစနစ်ကြီးကို အချိန်မီ ပြန်လည်တည့်မတ်ဖို့ဟာ ပြည်သူတွေမှာ လုပ်ပိုင်ခွင့်အာဏာ မရှိပါဘူးလို့သာ ဆိုပါရစေ။
    .

    SM
    ၂၃ ဒီဇင်ဘာလ ၂၀၁၆

    ဆက်စပ်သတင်းများ

  • ကိုးကွယ်ရာ ဘာသာမတူသည့် အတွက် ဥပဒေဖြင့်ထောင်ချောက် ဆင်ခံနေရသည်ဟု ခံစားရကြောင်း ထောင်ဒဏ် ၅နှစ် ချမှတ်ခံရသည့်သူ များပြော

    ကိုးကွယ်ရာ ဘာသာမတူသည့် အတွက် ဥပဒေဖြင့်ထောင်ချောက် ဆင်ခံနေရသည်ဟု ခံစားရကြောင်း ထောင်ဒဏ် ၅နှစ် ချမှတ်ခံရသည့်သူ များပြော

    Friday Times Journal မှ ကူးယူဖော်ပြပါသည်။
    မန္တလေး၊ နိုဝင်ဘာ ၃ဝ
    မြေးချစ်ညို

    15181686_984036168368587_48520420287921755_n
    ဓါတ်ပုံ- Copy

    ပယ်ဖျက်ပြီးသား ဥပဒေပုဒ်မ များဖြင့် ထောင်ဒဏ်များချမှတ်ခံရ ခြင်းသည် ကိုးကွယ်ရာဘာသာမတူ သည့်အပေါ် ပုံစံအမျိုးမျိုးဖြင့် ထောင် ချောက်ဆင်ဖမ်းသည့်ပုံစံဖြစ်နေကြောင်း မြန်မာမွတ်စလင်တပ်မတော် တည် ထောင်သည်ဟူသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသည့် ကိုဇော် မင်းထွေးတို့က ပြောကြားခဲ့သည်။
    .
    ”မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်တွေဖြစ်နေလို့များ ဥပဒေ ကို မခံစားရတာလား၊ ကျွန်တော်တို့ ကိုပဲ ဒီလိုဥပဒေနဲ့ ထောင်ချောက်တွေ ဆင်ပြီး အမျိုးမျိုးအလုပ်ခံနေရတယ်၊ ကျွန်တော်တို့ကို အခုစွဲထားတဲ့အမှု ဆိုရင် အကြမ်းဖက်အက်ဥပဒေဖြစ် တယ်၊ ဒါကျနော်တို့ကိုဖမ်းပြီးနောက်မှ သုံးထားတဲ့ဥပဒေဖြစ်တယ်” ဟု ကိုဇော်မင်းထွေးက ပြောကြားသည်။
    .
    မန္တလေးမြို့နေ ဦးဇော်မင်းထွေး၊ ဗန်းမော်မြို့မှ ဦးမြင့်သိန်း၊ ဦးအေရာ မန်အပါအဝင် ၆ ဦးကို စစ်ဘက်ဆိုင် ရာ လုံခြုံရေးအဖွဲ့က ပုဒ်မငါးခုနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ရာဇဝတ် ဥပဒေ ပုဒ်မများဖြစ်သည့် နိုင်ငံတော် အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)၊ ၅ဝ (ဌ) တို့အရ နိုဝင်ဘာ ၂၉ရက်က မန္တလေး၊ အမရပူရ မြို့နယ်တရားရုံး ကနေ ထောင်ဒဏ် ၅နှစ်စီချမှတ်ခဲ့ ခြင်းဖြစ်သည်။
    .
    ပန်းချီဆရာ ဦးဇော်မင်းထွေးနှင့် အခြားသူ ၅ ဦးအား ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ခြင်းသည် မှားယွင်း သည့် အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း အမိန့်ချမှတ်ခံလိုက်ရသူတို့၏ရှေ့နေ ဖြစ်သူ ဦးဇော်ဝင်းကလည်း Friday Times  သို့ ပြောကြားခဲ့သည်။
    .
    ”အမိန့်ချမှတ်လိုက်တဲ့အချိန်မှာ ဒီပုဒ်မက ဖျက်သိမ်းပြီးသားဖြစ်နေ တယ်လေ ဒါကိုပြန်ချတယ်ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေက နောက် ကြောင်းမပြန်ရလို့ဆိုထားတော့ အ ကာအကွယ်မရဘူးဖြစ်နေတာ” ဟု ဦးဇော်ဝင်းက ပြောကြားခဲ့သည်။
    .
    ဦးဇော်မင်းထွေးတို့အား KIA တပ်မတော်ဖြင့်ဆက်သွယ်ပြီး မြန်မာ မွတ်စလင်တပ်မတော်တည်ထောင်ရန် ကြိုးစားသည် ဟူသည့်အကြောင်းပြ ချက်ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ မန္တလေးခရိုင်တရားရုံးတွင်လည်း နိုင်ငံ တော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် တရားစွဲဆိုထားခြင်းခံနေရသေးပြီး မကြာမီရက်ပိုင်းတွင် အမိန့်ချမည် ဖြစ်သလို ယင်းပုဒ်မ၏အမြင့်ဆုံးပြစ် ဒဏ်မှာ သေဒဏ်ထိပေးနိုင်ကြောင်း သိရှိရသည်။
    .
    ကျွန်တော်တို့တင်တဲ့ သက် သေတွေကို တင်ပြတာမခံဘဲ ပယ်ချ ပစ်နေပါတယ်၊ အမြန်အမိန့်ချဖို့လို နေပြီလို့ ကျွန်တော်တို့ကိုပြောတယ်” ဟု ဦးဇော်မင်းထွေးက အမရပူရတရား ရုံးတွင် ရုံးထွက်စဉ်  Friday Times သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    Friday Times Journal မှ ကူးယူဖော်ပြပါသည်။

    မူရင်းလင့်ခ် http://www.fridaytimesjournal.com/archives/1082