News @ M-Media

Tag: Myanmar_Trafficking

  • မြန်မာနယ်စပ်မှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေ ဘာပြောလဲ

    မြန်မာနယ်စပ်မှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေ ဘာပြောလဲ

    မေ ၁၃၊ ၂၀၂၂
    M-Media

    မြ၀တီမြို့တွင် လူကုန်ကူးခံရသည့် နိုင်ငံခြားသားတစ်ဦး ခိုးရိုက်ထားသည့် ဓာတ်ပုံ

    -မြန်မာနိုင်ငံက နယ်စပ်ဒေသတွေမှာ နိုင်ငံခြားသားတွေ လူကုန်ကူး ပြန်ပေးဆွဲခံရတာတွေ မြင့်တက်လာပြီး အခန်းထဲပိတ်လှောင်ထားတာ၊ ရိုက်နှက်ခံရတာ၊ ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခံရတာ စတဲ့ ကျူးလွန်မှုတွေလည်း ပေါ်ထွက်လာပါတယ်။

    ထိုင်းနဲ့ကပ်နေတဲ့ မြ၀တီ၊ တရုတ်နဲ့ကပ်နေတဲ့ နယ်စပ်မြို့တွေက ကာစီနိုရုံတွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ တရုတ်၊ မလေးရှား၊ ထိုင်၀မ်လိုနိုင်ငံတွေက လူတွေကို လိမ်လည်လှည့်ဖျားပြီး ခေါ်ဆောင်ကာ အဓမ္မ အလုပ်ခိုင်းစေနေကြတာ ဖြစ်ပါတယ်။

    စကားနားမထောင်ရင် ရိုက်နှက်တာ၊ အခန်းထဲ ရက်ချီပိတ်လှောင်ထားတာတွေလို လူကုန်ကူးဂိုဏ်းတွေရဲ့ နှိပ်စက်မှုကို တရုတ်နိုင်ငံကလူတွေ ပိုမိုခံစားနေရတယ်လို့ လွတ်မြောက်လာတဲ့ မလေးရှားနိုင်ငံသားတစ်ဦးက ပြောပါတယ်။

    “မလေးရှားနိုင်ငံသားတွေကိုတော့ သူတို့ သိပ်မနှိပ်စက်ပါဘူး။ ဒါပေမယ့် ရိုက်တာနှက်တာတော့ ရှိပါတယ်”

    မလေးရှားက လူကုန်ကူးခံရသူတွေကို ကယ်ထုတ်ဖို့အတွက် မလေးရှားတရုတ်အသင်း MCA က အဓိက ကူညီပေးနေပါတယ်။

    လူကုန်ကူးခံရသူတွေဟာ မီနီမားကတ်တွေ၊ စားသောက်ဆိုင်တွေ၊ ဆေးခန်းတွေနဲ့ အပန်းဖြေရုံတွေမှာလည်း အဓမ္မခိုင်းစေခံနေရပါတယ်။ ဒီလိုအနေအထားက လွတ်မြောက်ချင်ရင် မလေးရှားရင်းဂစ် ၃ သောင်းကနေ၊ ၅ သောင်းအထိ (မြန်မာငွေ သိန်း ၁၅၀ မှ ၂၅၀ ကြား) ပေးရတယ်လို့ MCA တာ၀န်ရှိသူ ဂျက်ဖရီအူက ပြောပါတယ်။

    လူကုန်ကူးဂိုဏ်းတွေဟာ လစာကောင်းကောင်းရမယ်ဆိုတဲ့ မက်လုံးနဲ့ လူစုကာ ဘန်ကောက်ကိုခေါ်လိုက်တာပါ။ အဲဒီကိုရောက်ရင် နိုင်ငံကူးလတ်မှတ်သိမ်းကာ ကားနဲ့ မြန်မာဖက်ကို ခေါ်ဆောင်သွားပါတယ်။

    လူပျောက်

    မလေးရှားနိုင်ငံ အီပိုးမြို့က အသက် ၇၃ နှစ်အရွယ် လီဆိုဟာရဲ့ မြေးဖြစ်သူ အသက် ၃၀ အရွယ် ချိုလီ၀ါဟာ မြန်မာဖက်ကို လူကုန်ကူးခံရပြီး ပျောက်နေပါတယ်။

    မလေးရှားနိုင်ငံ အီပိုးမြို့က အသက် ၇၃ နှစ်အရွယ် လီဆိုဟာရဲ့ မြေးဖြစ်သူ အသက် ၃၀ အရွယ် ချိုလီ၀ါဟာ မြန်မာဖက်ကို လူကုန်ကူးခံရပြီး ပျောက်နေပါတယ်။

    “မြေးလေးက ၂၀၂၀ မှာ အွန်လိုင်းငွေချေးလုပ်ငန်းမှာ အလုပ်လုပ်ဖို့ မြန်မာဖက်ကို ထွက်သွားတယ်။ ရင်းဂစ် ၃၀၀ (မြန်မာငွေ ၁၅၀၀၀၀ ၀န်းကျင်) လောက်တော့ ပို့သေးတယ်။ အဆင်ပြေတယ်လို့လည်း အဲဒီတုန်းက ပြောပါတယ် ”

    ဒါပေမယ့် အဲဒီနောက်ပိုင်း လီဆိုဟာတစ်ယောက် မြေးဖြစ်သူနဲ့ အဆက်အသွယ် မရတော့ပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ လူကုန်ကူးခံရပြီး အဓမ္မ လုပ်အားခိုင်းစေခံနေရတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း သူမဟာ စိတ်သောက ရောက်နေပါတယ်။

    “မြေးလေးအရပ်က ၁၆၀ စင်တီမီတာရှိတယ်။ ဆံပင်ရှည်ပါတယ်။ အန္တရာယ်ကင်းပြီး အဖွားနဲ့ ပြန်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။ ငယ်ငယ်ကတည်းက သူ့ကို သမီးအရင်းတစ်ယောက်လို ပြုစုပျိုးထောင်လာခဲ့တာပါ”

    ကွမ်တန်မြို့က အသက် ၅၅ နှစ်အရွယ် အမျိုးသမီး လိုချွိုင်တစ်ကလည်း သူမရဲ့သား အသက် ၁၉ နှစ်အရွယ် ခိုရှန်ယာဟာ ဧပြီလ ၆ ရက်နေ့က ကွာလာလမ်ပူကို အလုပ်လုပ်ဖို့ထွက်သွားပြီးနောက် မြန်မာဖက်ကို လူကုန်ကူးခံလိုက်ရတယ်လို့ ပြောပါတယ်။

    “အွန်လိုင်းငွေကြေးလုပ်ငန်းတစ်ခုမှာ အလုပ်ရတယ်လို့ သားကပြောတယ်။ ဒီအလုပ်က သူနဲ့ အဆင်ပြေမှာ မဟုတ်ဘူးလို့ ကျွန်မပြောပေမယ့် သူက ခေါင်းမာပြီး သူငယ်ချင်းနဲ့ ထွက်သွားပါတယ်”

    ကွမ်တန်မြို့က အသက် ၅၅ နှစ်အရွယ် အမျိုးသမီး လိုချွိုင်တစ်ကလည်း သူမရဲ့သား အသက် ၁၉ နှစ်အရွယ် ခိုရှန်ယာဟာ ဧပြီလ ၆ ရက်နေ့က ကွာလာလမ်ပူကို အလုပ်လုပ်ဖို့ထွက်သွားပြီးနောက် မြန်မာဖက်ကို လူကုန်ကူးခံလိုက်ရတယ်လို့ ပြောပါတယ်။

    ဧပြီလ ၁၃ ရက်နေ့အထိ သားဖြစ်သူနဲ့ အဆက်အသွယ်ရပေမယ့် နောက်ပိုင်းမှာ အဆက်အသွယ်ပြတ်သွားပြီး သိပ်မကြာခင်မှာပဲ ခိုရှန်ယာရဲ့ သူငယ်ချင်းတစ်ယောက်က ရင်းဂစ် ၆ သောင်းနဲ့ ထိုင်းဖက်ကနေ ပြန်ရွေးရမယ်လို့ သူမထံ ဆက်သွယ်လာခဲ့ပါတယ်။

    ခိုရှန်ယာဟာ နိုင်ငံကူးလက်မှတ်မရှိဘဲ မလေးရှား-ထိုင်း နယ်စပ်ကနေတစ်ဆင့် ထိုင်းဖက်ကို ရောက်သွားတာဖြစ်ပါတယ်။

    MCA ဟာ လူကုန်ကူးမှု တော်တော်များများကို ကူညီဆောင်ရွက်ပေးနေပေမယ့် အိမ်ကိုပြန်လာနိုင်သူ အရေအတွက်က ၄၊ ၅ ယောက်လောက်သာ ရှိပါသေးတယ်။

    မလေးရှားရဲတပ်ဖွဲ့ကတော့ နိုင်ငံရပ်ခြားက အလုပ်မျိုးတွေကို သတိထား ဆက်သွယ်ကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

    Ref: The Star