News @ M-Media

Tag: MyanmarMuslim_Civil_Society

  • မျက်မမြင် လမ်းလျောက်ပြိုင်ပွဲဝင်များ အား မွတ်စလင်မ် အဖွဲ့များမှ လက်ဆောင်များ ဝေဌ

    မျက်မမြင် လမ်းလျောက်ပြိုင်ပွဲဝင်များ အား မွတ်စလင်မ် အဖွဲ့များမှ လက်ဆောင်များ ဝေဌ

    ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ၂၆ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပွဲတွင် (White Cane Day ) အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းများ နှင့် မြန်မာမွတ်စလင်မ် အရပ်ဘက် အဖွဲ့အစည်းများမှ ပြိုင်ပွဲဝင်များအတွက် လက်ဆောင်ပစ္စည်းများ ဝေငှ ခဲ့ကြောင်း သိရှိရသည်။

    ဓါတ်ပုံ- Thu Ya Zaw/Kyaw Htut

  • လာရှိုးမြို့ အခမဲ့ဆေးခန်းအတွက် အစ္စလာမ်ဘာသာဝင်များမှ သိန်း ၁၇၀ တန် ကျောက်ကပ်ရေသန့်စက် လှူဒါန်း

    ဇူလိုင် ၂၂၊ ၂၀၁၇
    M-Media
    မိုးစက်

    လာရှိုးမြို့နယ်မှာရှိတဲ့ အခမဲ့ဆေးခန်းအတွက် ကျောက်ကပ်ဆေးရာတွင် အသုံးပြုသည့် ရေသန့်စက် (၁) လုံးကို လာရှိုးမြို့ အစ္စလာမ်ဘာသာဝင်များ သာရေးနာရေးကူညီမှုအသင်းက လှူဒါန်းခဲ့ပါတယ်။

    “ကျောက်ကပ်ဆေးတဲ့စက်ကတော့ အလှူရှင်တစ်ဦးတည်းက လှူထားတာပါ။ ကျောက်ကပ်ဆေးဖို့ စက်က ၄ လုံးရှိပါတယ်။  ကျောက်ကပ်ဆေးဖို့အတွက် ရေသန့်စက်ကလည်း မရှိမဖြစ် အရေးကြီးတယ်လေ။ အကုန်လုံး အဆင်ပြေဖို့အတွက် ကျွန်တော်တို့အဖွဲ့ရယ် မန္တလေးက အလှူရှင်အချို့ရယ် ပေါင်းပြီးတော့ လှူဒါန်းဖြစ်ခဲ့တာပါ” လို့ သာရေးနာရေး အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ တင်အောင် ကဆိုပါတယ်။

    ရေသန့်စက် (၁) လုံးတန်ဖိုးမှာ သိန်း (၁၇၀) တန်ဖိုးရှိပြီး အဆိုပါဆေးခန်းမှာ လူမျိုးဘာသာမရွေး ရောဂါမရွေး အခမဲ့ကုသနိုင်သည့် နေရာဖြစ်ပါတယ်။ သက်တမ်းအားဖြင့်လည်း ဆယ်နှစ်ကျော် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

    လာရှိုး သာရေးနာရေးကူညီမှုအသင်းမှာလည်း သဘာဝဘေးအန္တရယ်များ၊ ကျန်းမာရေး၊ လူမှုရေး နယ်ပယ်များမှာ လိုအပ်သည့်နေရာများကို လိုက်လံ လှူဒါန်းနေသည့် အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

    ဓါတ်ပုံ- ဦးစိန်ဝင်း

  • ကိုနေဝင်း၏ ကျန်ရစ်သူ မိသားစု အတွက် မွတ်စလင်မ် အဖွဲ့များမှ အလှူငွေပေးအပ်

    ကိုနေဝင်း၏ ကျန်ရစ်သူ မိသားစု အတွက် မွတ်စလင်မ် အဖွဲ့များမှ အလှူငွေပေးအပ်

    ဖေဖော်ဝါရီ ၃ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီ ကို လုပ်ကြံခဲ့သည့် တရားခံအား ဖမ်းဆီးရန် ကြိုးပမ်းရင်း အသတ်စွန့်သွားခဲ့ရသူ (ဦး​နေဝင်း) ၏ ကျန်​ရစ်​​သော သမီးကြီး နှင့်​ သားများအတွက်​ ပညာ​ရေး ရံပုံ​ငွေ ထူ​ထောင်​ရန်​ စီစဉ်​​နေ​သော ၈၈   ငြိမ်းချမ်း​ရေး နှင့်​ ပွင့်​လင်းလူ့အဖွဲ့အစည်းထံသို့ အလှူငွေ ၂.၅၀၀.၀၀၀ ကျပ် (၂၅သိန်း ကျ ပ်​တိတိ)  အစ္စလာမ်ဘာသာဝင် များဖြင့် ဖွဲ့စည်းထားသော Social Alliance ( လူမှု့မဟာမိတ်​အဖွဲ့) အာဇာနည်​​ခေါင်း​ဆောင်​ကြီး ဦးရာဇတ်​၏သား ဦးတင်​မြင့်​နှင့်​ အတူ ၈၈ ရုံးခန်းရှိရာ​နေရာသို့ သွား​ရောက်​​ပြီး ဦးကိုကိုကြီးထံသို့ ​ပေးအပ်​ခဲ့ကြောင်းသိရှိရသည်။

    အဲဒီ​နောက်​တွင်​ မင်္ဂလာဒုံရှိ (ဦး​နေဝင်း) အိမ်​သို့သွား​ရောက်​၍ ရက်​လည်​တွင်​ ကပ်​လှူရန်​ ပစ္စည်း ၅ ပါး လှူဒါန်းခဲ့ကြောင်း သိရပါတယ်

    \

    အလားတူ ရန်ကုန်တိုင်းဒေသကြီး အိုလမာ သာသနာ့ ပညာရှင်များအဖွဲ့ချုပ် ပညာရေးနဲ့ လူမှုရေးအကျိုးဆောင်အဖွဲ့မှ ကွယ်လွန်သူ ကိုနေဝင်း၏ အမျိုးသမီးထံသို့ ဖေဖော်ဝါရီလ ၂ ၇က်နေ့က သွားရောက်၍ အလှူငွေများပေးအပ်ခဲ့ကြောင်း RFA သတင်း၏ ဖော်ပြချက်အရသိရှိရပါတယ်။

    အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများမှလည်း (၃၀-၁-၂၀၁၇)ရက်နေ့တွင် ကိုနေဝင်း၏ ကျန်ရစ်သူမိသားစုထံ  သွားရောက်တွေ့ဆုံ နှစ်သိမ့်အားပေးပြီး နာရေးကူငွေ ကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိပါတယ်။

    ရှေ့နေ ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံကနေ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန်နိုင်ငံတကာလေဆိပ် ကိုပြန်ရောက်ရောက်ချင်းသေနတ်သမား ကြည်လင်းက အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက် သေနတ်သမားကြည်လင်းကို လေဆိပ်မှာရှိတဲ့ အငှားယာဉ်မောင်းတွေ နဲ့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပြီး၊ အဲဒီလိုဖမ်းဆီးစဉ်အတွင်း အငှားယာဉ်မောင်း ကိုနေ၀င်း သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

  • ရန်ကုန်မြို့ ခရီးသွားများ အခက်အခဲကို မွတ်စလင်မ် လူမှုရေးအသင်းများမှ မော်တော်ယာဉ်များဖြင့် အခမဲ့ ကူညီပေး

    ရန်ကုန်မြို့ ခရီးသွားများ အခက်အခဲကို မွတ်စလင်မ် လူမှုရေးအသင်းများမှ မော်တော်ယာဉ်များဖြင့် အခမဲ့ ကူညီပေး

    ဇန်နဝါရီ ၁၆ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ
    .
    ရန်ကုန်တိုင်းဒေသကြီးတွင် မ.ထ.သ မှ YBS သို့ ယနေ့ စတင်ပြောင်းလဲ ပြေးဆွဲသည့် ရာ ယာဉ်မလုံလောက်မှုများကြောင့် ခရီးသွားများ အခက်အခဲတချို့ ဖြစ်ပေါ်ခဲ့ရာ ရန်ကုန်မြို့မှ မွတ်စလင်မ် လူမှုအဖွဲ့အစည်းများမှ ၄င်းတို့၏ အသင်းပိုင် မော်တော်ယာဉ်များအသုံးပြု၍ အခမဲ့ကူညီပို့ဆောင်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
    .
    မြန်မာအစ္စလာမ် လူငယ်ဖောင်ဒေးရှင်း လိုက်ထရပ် မော်တော်ယာဉ်နှစ်စီး အသုံးပြု၍ -ဗိုလ်တထောင်မြို့နယ် မှ သီရိမင်္ဂလာဈေးဟောင်းသို့ -သီရိမင်္ဂလာဈေးဟောင်း မှ ဗိုလ်တထောင်မြို့နယ်သို့ အခမဲ့ ပြေးဆွဲကူညီပေးနေကြောင်း သိရှိရသည်။
    .
    အလားတူ နွယ်အေးစန္ဒီဂျမေဗလီ လူမှုကူညီရေးအသင်းမှလည်း သာကေတ ၁ ဈေးကွေးမှ မင်္ဂလာဈေးထိ အခမဲ့ ပြေးဆွဲပေးနေကြောင်းသိရပါတယ်။

  • မြန်မာ-ရှီအာ မွတ်စလင်မ် မိသားစု ရန်ကုန် ဆေးရုံကြီးတွင် အာဟာရ လှူဒါန်းပြီး စုပေါင်း သန့်ရှင်းရေးလုပ်

    မြန်မာ-ရှီအာ မွတ်စလင်မ် မိသားစု ရန်ကုန် ဆေးရုံကြီးတွင် အာဟာရ လှူဒါန်းပြီး စုပေါင်း သန့်ရှင်းရေးလုပ်

    အောက်တိုဘာ ၁၆၊ ၂၀၁၆
    M-Media
    မိုးစက်
    6
    ရန်ကုန်။    ။ မြန်မာရှီအာမွတ်စလင်မ် မိသားစုများမှ စုပေါင်းပြုလုပ်သည့် အာရှုရာနေ့အထိမ်းအမှတ်    အာဟာရဒါနပြုလှူဒါန်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်း ကို အောက်တိုဘာလ ၁၆ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံး အထူးပြုလူနာဆောင် တွင် ပြုလုပ်ခဲ့ပါတယ်။

    နှလုံးလူနာဆောင်တစ်ခုလုံးရှိ လူနာများကို ဆန်ပြုတ်အာဟာရပြုခဲ့ပြီး လူနာများအတွက် လိုအပ်သည့် ပစ္စည်းများကိုလည်း ပေးအပ် ခဲ့ကြပါတယ်။ ဆေးရုံအနီးတစ်ဝိုက်ကိုလည်း  မြန်မာရှီအာမွတ်စလင်မ် မိသားစုများမှ စုပေါင်းပြီး သန့်ရှင်းရေးလည်း ပြုလုပ်ခဲ့ကြပါတယ်။
    2
    “ကျွန်တော်တို့ ကိုးကွယ်တာကသာ အစ္စလာမ်ဘာသာဖြစ်နေပေမယ့် ကိုယ်မွေးဖွားလာရာတိုင်းပြည် ကိုယ်ရှင်သန်လာရာတိုင်းပြည် ကလူ့မှုအဖွဲ့အစည်းအသိုင်းအဝန်းနဲ့အတူ သဟဇာတဖြစ်အောင် နေနေတယ်ဆိုတဲ့ ရည်ရွယ်ချက်၊ နောက်ပြီး တမန်တော်မြတ်ကြီး မိန့်ဆိုထားတာရှိပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူတစ်ယောက်က ဗိုက်ဆာပြီး ဗိုက်ဟောင်းလောင်းနဲ့ နေနေရရင် အဲ့ဒါကိုသိပြီး မကူညီတဲ့သူက မွတ်စလင်မဟုတ်ဘူးဆိုပြီး မိန့်ခဲ့ဖူးပါတယ်။ အဲ့ဒီအသိတွေက ကျွန်တော်တို့ကို အာဟာရတွေများမျာ လှူဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်” မြန်မာရှီအာ မွတ်စလင်မ် မိသားစုမှ ကိုမျိုးမင်းက အာဟာရပြုလှူဒါန်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ဆိုခဲ့ပါတယ်။

    အဆိုပါအဖွဲ့မှ ၎င်းလှူဒါန်းမှုများအပြင် အာရှုရာနေ့အထိမ်းအမှတ် အလှူအဖြစ် သွေးလှူဒါန်းခြင်းနှင့် မိဘမဲ့ဂေဟာသို့ သွားရောက်ပြီး ကလေးများအား ပစ္စည်းများ လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

    မြန်မာရှီအာမွတ်စလင်မ် မိသားစုအဖွဲ့မှ စုပေါင်းပြီး ပညာရေးပိုင်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သတ်ပြီး ဆက်လက်လုပ်ဆောင်သွားရန် ရှိကြောင်းနှင့်  ပညာတတ်လူငယ်များ ပေါ်ထွက်လာဖို့ လုပ်ကိုင်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ရေရှည်လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး သိရပါတယ်။

    1

    4 9 12