News @ M-Media

Tag: Palestinian

  • အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းပိုင် အဆောက်အဦးများ ဖြိုချမှုနှင့် အစ္စရေးအား ကုလ ရှုတ်ချ

    ဒီဇင်ဘာ ၁၂ ၊ ၂၀၁၃
    M-Media

    Mideast Israel Palestinians
    အစ္စရေးက မတရားသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းမိသားစု ၃၀ အား မောင်းထုတ်ကာ ၎င်းတို့၏ နေအိမ်၊ အဆောက်အဦး၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းနှင့် ပက်သက်၍ အစ္စရေးအား ကုလသမဂ္ဂမှ ရှုတ်ချပြောဆိုလိုက်သည်။
    ထိုကဲ့သို့ ဖြိုချဖျက်ဆီးခြင်းမှာ နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။

    “(အနောက်ဘက်ကမ်းရှိ) ဂျော်ဒန်တောင်ကြားမှာရှိတဲ့ ပါလက်စတိုင်းတွေရဲ့ အဆောက်အဦးတွေကို ဖျက်ဆီးတာနဲ့ပက်သက်ပြီး ကျွန်တော်စိုးရိမ်မိပါတယ်။ အဲဒီဖျက်ဆီးမှုက ကလေးငယ် ၂၄ ဦးပါအ၀င် လူ ၄၁ ဦးကို အိုးမဲ့အိမ်မဲ့ဖြစ်စေပြီး၊ နောက်ထပ် လူ ၂၀ ကိုလည်း အတိဒုက္ခရောက်စေခဲ့ပါတယ်။ ဒုက္ခသည်တွေရော၊ ဒုက္ခသည် မဟုတ်တဲ့ မိသားစုတွေရော ထိခိုက်တာပါ။ အချို့ မိသားစုတွေဟာ ဒီလထဲမှာပဲ ဒုတိယအကြိမ်မြောက် ပြောင်းရွှေ့ရပြန်ပါတယ်။ အစ္စရေးက ဖြို့ချလိုက်တဲ့အဆောက်အအုံတွေထဲမှာ အလှူရှင်တွေက ပေးလှူတဲ့ အဆောက်အအုံတွေလည်း ပါဝင်ပါတယ်” ဟု ယမန်နေ့က ကုလမှထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြီးအကဲ့ ဂျိမ်းစ် ရော်လေးက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပါတ် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စများဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ လာရောက်လည်ပတ်ချိန် မတိုင်ခင်စောစောပိုင်းကလည်း ပါလက်စတိုင်းများ၏ နေအိမ်အဆောက်အဦးများကို ဖြိုချ၊ ဖျက်ဆီးခြင်း မပြုရန် အန်ဂျီအို အဖွဲ့အစည်း ၃၆ ခုမှ အစ္စရေးအားတိုက်တွန်းခဲ့သေးသည်။

    ၁၈၉၇-ခုနှစ်က ဆွစ်ဇလန်နိုင်ငံ ဘရပ်ဆဲလ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဇီယွန် ကွန်ဂရက်အစည်းဝေးကတည်းက ပါလက်စတိုင်းအား သိမ်းပိုက်ရန် ဂျူးလူမျိုးများ ကစီစဉ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဥရောပရှိ ဂျူးလူမျိုးများမှာ ပါလက်စတိုင်းနယ်မြေသို့ တရားမ၀င်ရောက်နေထိုင်ခဲ့ကြပြီး အမေရိကန်နှင့် အနောက်နိုင်ငံအချို့၏အကူအညီဖြင့် ပါလက်စတိုင်းများကိုသတ်ဖြတ်ကာ၊ နယ်မြေများကို အပိုင်စီးပြီး ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံအဖြစ်ထူထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အစ္စရေးမှာ ယခုအချိန်အထိ နည်းမျိုးစုံဖြင့် ပါလက်စတိုင်းပိုင်နယ်မြေများကို သိမ်းပိုက်လျက်ရှိသည်။