News @ M-Media

Tag: Public Health in Myanmar

  • ကျန်းမာရေးဝန်ကြီးဌာနက သွေးလွန်တုပ်ကွေး သတိပေးချက် ထုတ်ပြန်ထား

    ကျန်းမာရေးဝန်ကြီးဌာနက သွေးလွန်တုပ်ကွေး သတိပေးချက် ထုတ်ပြန်ထား

    ဇူလိုင် ၁၈၊ ၂၀၂၀
    M-Media

    -မိုးရာသီရောက်လာတဲ့အချိန် သွေးလွန်တုပ်ကွေးဖြစ်ပွားကာ အသက်ဆုံးရှုံးမှု များလာနိုင်တဲ့အတွက် သတိထားကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

    အခုနှစ်အတွင်း ဇွန်လ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၂၈၆၂ ခု ရှိခဲ့ပြီး သေဆုံးသူအရေအတွက်ဟာ ၂၀ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။

    စစ်ကိုင်းတိုင်းဒေသကြီးက သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့က ဒုတိယနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနကတော့ မိုးရာသီမှာ ဖြစ်ပွားတတ်တဲ့ ကူးစက်ရောဂါ တိုက်ဖျက်ရေးနဲ့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေကို ဧပြီလအစောပိုင်းလောက်ကတည်းက လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံတစ်ဝှမ်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၂၄၃၄၅ ခု ရှိခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၁၀၀ လောက် ရှိခဲ့ပါတယ်။

    Ref: The Star

  • ရန်ကုန်တိုင်းဒေသကြီးတွင် ညမထွက်ရအမိန့်ထုတ်

    ရန်ကုန်တိုင်းဒေသကြီးတွင် ညမထွက်ရအမိန့်ထုတ်

    ဧပြီ ၁၈၊ ၂၀၂၀

    M-Media


    ရန်ကုန်တိုင်းဒေသကြီးအစိုးရက တိုင်းဒေသကြီးအတွင်း ည (၁၀) နာရီကနေ မနက် (၄) နာရီအထိ ညမထွက်ရအမိန့်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ ကိုကိုးကျွန်းကလွဲပြီး တိုင်းဒေသကြီးက မြို့နယ်အားလုံးမှာ ဒီအမိန့် သက်ရောက်မှာ ဖြစ်ပါတယ်။

  • လူ ၅ ဦးထက် ပိုမစုဖို့ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်

    လူ ၅ ဦးထက် ပိုမစုဖို့ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်

    ဧပြီ ၁၇၊ ၂၀၂၀

    M-Media

    ကိုဗစ်-၁၉ ကူးစက်သူတွေ သိသိသာသာ မြင့်တက်လာတဲ့အချိန်မှာ ခွင့်ပြုထားတဲ့ ကိစ္စတွေကလွဲပြီး လူ ၅ ဦးနဲ့အထက် မစုဖို့ ​အစိုးရက အမိန့်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

    မလိုက်နာသူတွေအနေနဲ့ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။

  • COVID-19 ဗိုင်းရပ်စ်ပိုး စမ်းသပ်ရေးပစ္စည်းများကို ဂျပန်က မြန်မာနိုင်ငံကို လှူဒါန်း

    COVID-19 ဗိုင်းရပ်စ်ပိုး စမ်းသပ်ရေးပစ္စည်းများကို ဂျပန်က မြန်မာနိုင်ငံကို လှူဒါန်း

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀
    M-Media

    -ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က မြန်မာအမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း (NHL) ထံ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်တဲ့ကိရိယာတွေကို လှူဒါန်းခဲ့ပြီး ဗိုင်းရပ်စ်ပြန့်နှံ့မှု တားဆီးရေးမှာ အကူအညီဖြစ်စေဖို့ ရည်ရွယ်တယ်လို့ JICA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာငွေကျပ် ၅၂ သိန်းကျော် တန်ဖိုးရှိတဲ့ အဲဒီပစ္စည်းတွေဟာ COVID-19 ဗိုင်းရပ်စ်ပိုး ဝင်ရောက်မှု တားဆီးရေး မြန်မာအစိုးရရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုအားကောင်စေမှာ ဖြစ်ပါတယ်။

    JICA တာဝန်ရှိသူတွေက ဒါဟာ NHL ရဲ့ မေတ္တာရပ်ခံမှုကြောင့် ပထမဆုံးအသုတ် ပေးပို့တာဖြစ်ပြီး COVID-19 တိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံကို အကောင်းဆုံး ကူညီပံ့ပိုးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    COVID-19 ကူးစက်နေတယ်လို့ သံသယရှိသူတွေကို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) ကို တာဝန်ပေးထားတာပါ။ NHL ဟာ တိကျတဲ့ ရလဒ်တွေ ရရှိဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားတဲ့ ဓာတ်ခွဲခန်းနဲ့အတူ စစ်ဆေးမှု လုပ်ဆောင်တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ကြာသာပတေးနေကစလို့ NHL က လွတ်လပ်တဲ့ စမ်းသပ်စစ်ဆေးမှုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာ သံသယရှိသူ ၄၀ ‌လောက်စစ်ဆေးခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်နေသူကို မတွေ့ရသေးပါဘူး။

    Ref: Myanmar Times

  • ရန်ကုန်လေထုညစ်ညမ်းမှု အနီရောင်အဆင့်သို့ ရောက်ရှိ

    ရန်ကုန်လေထုညစ်ညမ်းမှု အနီရောင်အဆင့်သို့ ရောက်ရှိ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀
    M-Media

    -ရန်ုကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အနီရောင်အဆင့်ကို ရောက်ရှိလာတာကြောင့် ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတွေ တပ်ထားကြဖို့ ရန်ကုန်လေထုအရည်အသွေးကို စောင့်ကြည့်နေတဲ့ Yangon Air Quality (YAQ) အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

    ရန်ကုန်အမေရိကန်တက္ကသိုလ်က ပညာရှင် ဒေါက်တာ ကာ့တ်ပေ့ဂျ်က၂၀၁၈ ခုနှစ်မှာ ဦးဆောင်ဖွဲ့စည်းပြီး အဖွဲ့ဝင် ၆ ဦးပါဝင်တဲ့ YAQ အဖွဲ့ဟာ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးကို အဆက်မပြတ်စောင့်ကြည့်ကာ ရလဒ်တွေကို Facebook စာမျက်နှာပေါ်မှာ အချိန်နဲ့တစ်ပြေးညီ လွှင့်တင်နေတာ ဖြစ်ပါတယ်။

    အင်္ဂါနေ့မှာတော့ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်း AQI ဟာ ၁၇၃ အထိ ရောက်လာပြီး ဒါဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အဆင့်ဖြစ်တယ်လို့ YAQ က ထုတ်ပြန်ခဲ့ပါတယ်။

    YAQ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မမြတ်ဖူးပွင့်ကျော်က ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ အမြဲတမ်း မနက်ပိုင်းမှာ အနီရောင်အဆင့်၊ ညနေပိုင်းမှာ လိမ္မော်ရောင်အဆင့် ရှိနေတယ်လို့ ဧရာ၀တီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ AQI ၁၀၁ ကနေ ၁၅၀ အထိဟာ
    လိမ္မော်ရောင်အဆင့်ဖြစ်ပြီး ထိခိုက်လွယ်တဲ့သူတွေမှာ ကျန်းမာရေးအန္တရာယ်‌တွေ ရှိလာနိုင်ပါတယ်။

    ၁၅၀ ကနေ ၂၀၀ ကတော့ အနီရောင်အဆင့်ဖြစ်ပြီး လူတိုင်းရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ကာ ထိခိုက်လွယ်တဲ့ သူတွေမှာ ဆိုးဆိုးရွားရွား ခံစားရနိုင်ပါတယ်။ ၂၀၁ ကနေ ၃၀၀ အထိက ခရမ်းရောင်အဆင့်ဖြစ်ပြီး ပြီးခဲ့တဲ့လက ရန်ကုန်မှာ ဒီအဆင့်ကို တစ်ကြိမ် ရောက်ဖူးပါတယ်။ ၃၀၀ အထက်ဆိုရင်တော့ အန္တရာယ်ကြီးလွန်းတဲ့ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။

    မမြတ်ဖူးပွင့်ကျော်က ပြည်သူတွေဟာ လေထုအရည်အသွေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပိုမိုရရှိနေပြီး အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းတပ်သင့်ကြောင်း၊ ကိုယ်ပိုင်ကားထက်စာရင် အများပြည်သူပို့ဆောင်ရေးယာဉ်တွေကို အသုံးပြုတာက လေထုညစ်ညမ်းမှုကို လျော့ကျစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း လူတွေသေဆုံးရတဲ့ အကြောင်းအရင်းတွေထဲမှာ လေထုညစ်ညမ်းမှုလည်း ပါဝင်နေတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

    Ref: Irrawaddy