News @ M-Media

Tag: Real Madrid

  • အခွန်ရှောင်မှုအတွက် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို ပထမဆုံး တရားရင်ဆိုင်

    အခွန်ရှောင်မှုအတွက် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို ပထမဆုံး တရားရင်ဆိုင်

    ဇူလိုင် ၃၁၊ ၂၀၁၇
    M-Media

    – သန်းနှင့်ချီသော အခွန်ငွေများကို တိမ်းရှောင်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ မက်ဒရစ်မြို့ဆင်ခြေဖုံးရှိ တရားရုံး၌ ယနေ့တွင် လာရောက် တရားရင်ဆိုင်ခဲ့သည်ဟု သိရသည်။

    အစိုးရရှေ့နေများက ရော်နယ်ဒိုမှာ ယူရို ၁၄.၇ သန်း အခွန်ရှောင်သည်ဟု စွပ်စွဲခဲ့ပြီး ယနေ့တရားရုံးတွင် ရော်နယ်ဒိုဘက်က ကြေငြာချက်ထုတ်ပြန်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း တစ်နာရီခွဲ ကြာမြင့်ခဲ့သည့် သက်သေအထောက်အထား တင်သွင်းမှုအတွင်း ရော်နယ်ဒိုမှာ မည်သည့်စကားမှ ပြောကြားခဲ့ခြင်းမရှိချေ။

    အသက် ၃၂ နှစ်အရွယ် ရော်နယ်ဒိုမှာ အဆိုပါစွဲချက်များကို အစောပိုင်းက ငြင်းဆိုခဲ့ပြီး မိမိမှာ စိတ်ရှင်းသည်ဟု ဆိုသည်။

    ဘာစီလိုနာမှ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီမှာလည်း အခွန်ရှောင်မှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး ပြီးခဲ့သည့်နှစ်တွင် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရကာ ထောင်ဒဏ် ၂၁ လ ချမှတ်ခြင်း ခံခဲ့ရသည်။ ယခုလအစောပိုင်းတွင် အဆိုပါ ထောင်ဒဏ်ပြစ်ဒဏ်အစား ယူရို ၂၅၂၀၀၀ ပေးဆောင်ရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။

    မက်ဆီ၏ အခွန်ရှောင်မှုမှာ ယူရို ၄.၁ သန်းသာရှိပြီး၊ ရော်နယ်ဒို အခွန်ရှောင်သည်ဟု စွပ်စွဲခံရသည့် ပမာဏမှာမက်ဆီထက် ၁၀.၆ သန်း များပြားနေသည်။

    တရားရုံးအရှေ့တွေ ဂျာနယ်လစ်များက ရော်နယ်ဒိုအား အင်တာဗျူးရန် စောင့်နေခဲ့သော်လည်း ရော်နယ်ဒိုကမူ တရားရုံး၏ မြေအောက်ကားပါကင်မှတစ်ဆင့် ပြန်လည် ထွက်ခွာသွားခဲ့သည်။

    Ref: BBC

  • ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းအား မော်ရင်ဟိုငြင်းဆို

    ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းအား မော်ရင်ဟိုငြင်းဆို

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းများကို မန်ယူနည်းပြ ဟိုဆေး မော်ရင်ဟိုက ငြင်းပယ်လိုက်ပြီး မဖြစ်နိုင်သော ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

    စပိန်တွင် အခွန်ရှောင်သည်ဟု စွပ်စွဲခံရမှုအတွက် ရော်နယ်ဒိုမှာ မကျမနပ်ဖြစ်နေပြီး ရီးယဲလ်မှ ထွက်ခွာရန် စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်နေကာ ၂၀၀၉ ခုနှစ်က ပေါင် သန်း ၈၀ ဖြင့် ထွက်ခွာသွားသည့် မန်ယူသို့ ပြန်လာမည်ဟု ရေပန်းစားနေသည်။

    သို့သော်လည်း ရော်နယ်ဒိုကို ခေါ်ယူရန်မှာ စီးပွားရေးဆိုင်ရာ အကြောင်းအရင်းများကြောင့် မဖြစ်နိုင်ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    “မဖြစ်နိုင်တဲ့ ကစားသမားအတွက် အချိန်ကုန်ခံနေမှာ မဟုတ်ပါဘူး။ ရော်နယ်ဒိုဟာ ရီးယဲအတွက် ရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး စီးပွားရေးအရလည်း တော်တော် အရာရောက်ပါတယ်။ ရော်နယ်ဒို ရီးယဲလ်က ထွက်နိုင်တယ်ဆိုတဲ့အတွေးမျိုး တွေးရလောက်တဲ့ အကြောင်းတရား ဘာမှမရှိပါဘူး” ဟု မော်ရင်ဟိုက ဆိုသည်။

    ထို့ပြင် ရီးယဲလ်တိုက်စစ်မှူးတစ်ဦးဖြစ်သူ မိုရာတာကိုလည်း ခေါ်ယူသွားမည်မဟုတ်ကြောင်း မန်ယူနည်းပြက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: BBC

  • ရော်နယ်ဒို၏ အနာဂတ်အတွက် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖွင့်ဟ

    ရော်နယ်ဒို၏ အနာဂတ်အတွက် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖွင့်ဟ

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – တိုက်စစ်မှူး ခရစ္စတီယာနို၏ အနာဂတ်အတွက် ကာယကံရှင်နှင့် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ပြောကြားလိုက်ပြီး ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲအပြီးတွင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အခွန်ရှောင်သည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် အသက် ၃၂ နှစ်အရွယ် ရော်နယ်ဒိုမှာ ရီးယဲလ်မှ ထွက်ခွာရန် ပြင်ဆင်နေကာ မန်ယူသို့ ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် ကွန်ဖက်ဒရေးရှင်းဖလား သွားရောက်ယှဉ်ပြိုင်နေသည့် ရော်နယ်ဒိုမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာကမှ ရီးယဲလ်နှင့် ၅ နှစ်သက်တမ်းတိုးထားခြင်း ဖြစ်သည်။

    “ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ရော်နယ်ဒိုဟာ ရီးယဲလ်ကစားသမားအဖြစ် ရှိနေဆဲပါ။ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာ သိသာတယ်။ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာမျိုးပေါ့။ သူကျွန်တော်တို့ကို ထုတ်ပြောမှာပါ။ ကျွန်တော်တို့လည်း ကြည့်ရမှာပေါ့လေ” ဟု တနင်္လာနေ့တွင် ရီးယဲလ်ဥက္ကဌအဖြစ် ပြန်လည် ရွေးချယ်ခံရသည့် ပီရက်ဇ်က ပြောကြားခဲ့သည်။

    ရော်နယ်ဒိုမှာ အခွန်ငွေအဖြစ် ယူရိုသန်းနှင့်ချီ လိမ်လည်ရှောင်ရှားခဲ့သည်ဟု စပိန်အစိုးရရှေ့နေများက စွပ်စွဲခဲ့ပြီး ရော်နယ်ဒိုက ငြင်းဆန်ခဲ့သည်။

    ပီရက်ဇ်ကမူ ရော်နယ်ဒိုမှာ လူကောင်းတစ်ယောက်ဖြစ်ပြီး ယခုကဲ့သို့ သတင်းများထွက်လာသည်မှာ ထူးဆန်းကြောင်း၊ ရော်နယ်ဒိုနှင့် မကြာခင် ဆွေးနွေးကာ ၎င်းအား အပြည့်အ၀ ကာကွယ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: BBC

  • ချန်ပီယံလိဂ် ၁၂ ကြိမ်မြောက် ချန်ပီယံ ရီးယဲလ်အသင်းသားများ၏ ပီတိစကားသံများ

    ချန်ပီယံလိဂ် ၁၂ ကြိမ်မြောက် ချန်ပီယံ ရီးယဲလ်အသင်းသားများ၏ ပီတိစကားသံများ

    ဇွန် ၄၊ ၂၀၁၇
    M-Media

    – ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ပွဲမှာ ရီးယဲလ်က ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

    ဒီအနိုင်ကြောင့် ရီးယဲလ်ဟာ ချန်ပီယံလိဂ်အဖြစ် အမည်ပြောင်းပြီးနောက်ပိုင်း ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာသလို ၁၂ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားနဲ့ ဥရောပရဲ့ အအောင်မြင်ဆုံး ဘောလုံး အသင်းအဖြစ် သမိုင်းရေးထိုးနိုင်ခဲ့ပါတယ်။

    ဒီသမိုင်းဝင်အောင်ပွဲအတွက် ရီးယဲလ်အသင်းသားတွေရဲ့ ပီတိစကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။

    “(ဒီနေ့ဟာ ကြီးကျယ်တဲ့နေ့ ဖြစ်တယ်ဆိုတာ) သံသယရှိစရာ မလိုပါဘူး။ ချန်ပီယံလိဂ်ဖလားကို ဘယ်အသင်းမှ မကာကွယ်နိုင်ခဲ့ဘဲ ကျွန်တော်တို့က လုပ်နိုင်ခဲ့တယ်။ ဒီနေ့ဟာ ကစားသမားတွေ၊ ၀န်ထမ်းတွေနဲ့ ကျွန်တော်တို့ ပရိသတ်တွေလို မက်ဒရစ်မိသားစုဝင်တွေရဲ့ သမိုင်းဝင်နေ့ပါပဲ။ နောက်နှစ်ဆိုရင် ပိုပြီးတော့တောင် ခက်ခဲမှာပါ။ ထပ်ပြီး ဗိုလ်စွဲဖို့အတွက် ကျွန်တော်တို့ တော်တော်လေးကို ကြိုးစားရမှာပါ။ ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ဟာ အရမ်းကောင်းတဲ့ အသင်းတစ်သင်းအဖြစ် ပြသနိုင်ခဲ့တာကြောင့် ကျေနပ်ပါတယ်” (ရီးယဲလ်နည်းပြ ဇီဒိန်း)

    “ကျွန်တော် တတ်နိုင်သလောက် စွမ်းဆောင်သွားမှာပါ။ နောက်ထပ် ကောင်းမွန်တဲ့ ဘောလုံးရာသီ တစ်ခုပါပဲ။ ကျွန်တော်တို့ဟာ အမှတ်ပေးဖလားနဲ့ ချန်ပီယံလိဂ် ဖလားတွေကို ရရှိခဲ့တယ်။ အသင်းကလည်း တော်တော်လေးကောင်းပြီး ကျွန်တော်ကလည်း ကောင်းမွန်ခဲ့ပါတယ်။ ရာသီရဲ့ နောက်ဆုံးကာလမှာ ကောင်းေ
    ကာင်းကစားနိုင်ဖို့ ကျွန်တော် ပြင်ဆင်ခဲ့ပြီး အရေးပါတဲ့ ဂိုးအချို့ကိုလည်း သွင်းနိုင်ခဲ့ပါတယ်” (တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို)

    “ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်ခဲ့တာပါ။ နောက်တစ်ကြိမ် ဗိုလ်စွဲဖို့ဆိုတာ တော်တော်လေးကို ခက်ခဲပါတယ်။ ၄ နှစ်အတွင်း ၃ ကြိမ်ရတယ်ဆိုတာ တော်တော် အဓိပ္ပါယ်ရှိပါတယ်။ ပြီးတော့ ရီးယဲလ်ဟာ ကွင်းအတွင်းမှာတင် ကောင်းတာမဟုတ်ဘဲ၊ ကွင်းပြင်ပမှာလည်း ကောင်းမွန်တဲ့အသင်း
    ပါ။ ဒီအသင်းရဲ့ အစိတ်အပိုင်းဖြစ်ရတဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်” (ရီးယဲလ်တိုက်စစ်မှူး တိုနီကရူးစ်)

    “အသင်းအတွက် ကျွန်တော် အရမ်းကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ သမိုင်းရေးထိုးနိုင်ခဲ့တယ်။ ကျွန်တော်တို့ ဒီဖလားကို တကယ်ကို လိုချင်ခဲ့ပြီး ဘယ်သူမှ မလုပ်နိုင်တဲ့ ချန်ပီယံလိဂ် နှစ်ကြိမ်ဆက်ရအောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့တာပါ” (ခံစစ်မှူး ရာမို့စ်)

    “မာကျောတဲ့အသင်းနဲ့ ကစားရတဲ့ ပထမပိုင်းဟာ တော်တော်လေး ခက်ခဲပါတယ်။ ဒုတိယပိုင်းမှာတော့ မက်ဒရစ်ဟာ ဒီရာသီမှာ အကောင်းဆုံးအသင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်” (အစ္စကို)

    “မယုံကြည်နိုင်စရာပဲဗျ။ ကြီးကျယ်တဲ့ ပွဲကြီးတစ်ခုကို ဒီမြို့က အစွန်းအထင်းမရှိ ကျင်းပပေးခဲ့တယ်။ ကျွန်တော့် အမိမြေမှာ ဖလားရတဲ့အတွက် တော်တော်လေး ကျေနပ်ပါတယ်။ ရာသီက ခက်ခဲတယ်။ ကြံ့ခိုင်နေဖို့ ကျွန်တော် မနေမနား ကြိုစားခဲ့ရတယ်။ ဒါတွေကတော့ ဆုလာဘ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ သမိုင်းရေးထိုးနိုင်ခဲ့ပြီး အခုလက်ရှိအချိန်ကိုလည်း ပျော်ရွှင်မိပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ယုံကြည်မှု လိုအပ်ခဲ့ပြီး အခွင့်အရေးတွေကို အရယူရမှာပါ။ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်” (ဂါရက်ဘေးလ်)

    Ref: UEFA.com

  • ရီးယဲလ်မှာ သမိုင်း၏ အချိန်းအချက်ကာလကို ရောက်နေသည်ဟု ရာမို့စ်ပြော

    ရီးယဲလ်မှာ သမိုင်း၏ အချိန်းအချက်ကာလကို ရောက်နေသည်ဟု ရာမို့စ်ပြော

    ဇွန် ၃၊ ၂၀၁၇
    M-Media

    ရီးယဲလ်အင်း ယမန်နှစ် ချန်ပီယံလိဂ်ဖလား ရခဲ့စဉ်က

    – မိမိတို့မှာ ‘သမိုင်းနှင့် အချိန်းအချက်ကာလတစ်ခု’ ကို ရောက်ရှိနေပြီး ဂျူဗင်တပ်စ်နှင့် ယနေ့ညကစားမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် စိတ်လှုပ်ရှားနေသည်ဟု ရီးယဲလ်နောက်ခံလူ ဆာဂျီယို ရာမို့စ်က ပြောကြားလိုက်သည်။

    ဝေးလ်နိုင်ငံ ကာဒစ်ဖ်တွင် ကစားမည့် ထိုဗိုလ်လုပွဲတွင် ရီးယဲလ် အနိုင်ရပါက ချန်ပီယံလိဂ်ဟု အမည်ပြောင်းပြီးနောက်ပိုင်း ပထမဆုံး ၂ ကြိမ်ဆက်ချန်ပီယံဖြစ်သည့် အသင်းအဖြစ်လည်းကောင်း၊ ချန်ပီယံလိဂ်ကို ၁၂ ကြိမ်ရရှိသည့် အသင်းအဖြစ်လည်းကောင်း မှတ်တမ်းသစ် ရေးထိုးနိုင်မည်ဖြစ်သည်။

    “ကျွန်တော်တို့ ဒီလိုအခွင့်အလမ်းမျိုးကို ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ဒီလိုဖြစ်နေပါပြီ။ ဖလားကို အိမ်ပြန်သယ်သွားရမှာ သိပ်ကို အံ့သြဖွယ်ရာကောင်းတဲ့ အခွင့်အရေးတစ်ခုပါပဲ။ ပြီးရင်တော့ သမိုင်းက ကျွန်တော်တို့အတွက် စကားပြောပါလိမ့်မယ်။ ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ်ဆက်ရဖို့အတွက် ကျွန်တော်တို့ တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်” ဟု ရာမို့စ်က ပြောကြားခဲ့သည်။

    ရီးယဲလ်နည်းပြ ဇီဒန်းက ယနေ့ညပြိုင်ပွဲတွင် မည်သည့်အသင်းကမှ ရေပန်းစားခြင်းမရှိဘဲ နှစ်ဖက်စလုံး ၅၀-၅၀ သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဂျူဗီနှင့် ရီးယဲလ်တို့မှာ ၁၉၉၈ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်တွင် တွေ့ဆုံဖူးပြီး အမ်စတာဒမ်ကွင်းတွင် ရီးယဲလ်က ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

    “ကျွန်တော်တို့ပုံစံအတိုင်း ကစားသွားမှာပါ။ ကျွန်တော်တို့ဟာ ကြီးကျယ်တဲ့အသင်းတစ်သင်းကို ရင်ဆိုင်ရမှာဖြစ်ပြီး၊ ဘောလုံးကိုနှစ်သက်တဲ့ ဘယ်သူမဆို အင်မတန်ကောင်းတဲ့ ဖိုင်နယ်ပွဲကို ကြည့်ချင်ကြမှာပါပဲ။ ဒီလိုကြည့်ရမယ်လို့လည်း ကျွန်တော်ထင်ပါတယ်” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    Ref : BBC