News @ M-Media

Tag: Rohingya IDP

  • ကံဆိုးသူတို့ရဲ့ ထပ်ဆင့်ဒုက္ခများ (Photo Essay)

    မေ ၁ ၊ ၂၀၁၄
    M-Media
    မင်းထွဋ်ခေါင် ဘာသာပြန်သည်။

    10
    ရခိုင်ပြည်နယ်၊ စစ်တွေရှိ ဒါးပိုင် ဒုက္ခသည်စခန်းမှ တဲကုတ်အတွင်းနေထိုင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသမီး နူရ်ဘေဂမ် အား အာဟာရချို့တည့်နေသည့် အမွားပူးငယ်လေးငယ်နှစ်ယောက်နှင့် အတူ တွေ့ရစဉ် Photo Copy Right-REUTERS/Minzayar

    ဘာသာရေးအကြမ်းဖက်မှုကြောင့် မြန်မာမွတ်စ်လင်မ်လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာများက အိုးအိမ်မဲ့ဖြစ်သွားခဲ့ရတဲ့နောက် ယခုအချိန်မှာ နိုင်ငံတကာထောက်ပံ့ ကူညီမှုကန့်သတ် ခံလိုက်ရပြန်တဲ့ အတွက် ဆိုးသထက်ဆိုးရွားလာတဲ့ ကျန်းမာရေးပြဿနာကို အသည်းအသန် ရင်ဆိုင်နေရရှာပါတယ်။

    ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ သန်းတစ်ဝက်ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု အဓိကပေးနေတဲ့ Medecins Sans Frontieres-Holland (MSF-H) အဖွဲ့ကို မြန်မာအစိုးးရက ဖေဖော်ဝါရီလအတွင်း မောင်းထုတ်ခဲ့ပါတယ်။

     

    22

    ၂၀၁၂ ခုနှစ်ကစပြီး ဗုဒ္ဓဘာသာဝင်နဲ့မွတ်စ်လင်မ်တို့အကြားက အကြမ်းဖက်မှုကြောင့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတို့ဟာ နေရပ်စွန့် အိုးအိမ်မဲ့ဘ၀ ရောက်ခဲ့ရပြီး ဒုက္ခသည်စခန်းတွေမှာ လက်ရှိ နေထိုင်နေရတယ်။ အထက်ဖော်ပြပါပုံက သူတို့ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ သူတို့တစ်တွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှုအပြင် အခြေခံလိုအပ်ချက်အကူအညီပေးနေကြတဲ့ အဲန်ဂျီအို နဲ့ ကုလရုံးတွေကို ရခိုင်လူရမ်းကားတစ်စုက မတ်လအတွင်းမှာ ဦးတည်တိုက်ခိုက်ခဲ့ကြတယ်။

    ဇန္န၀ါရီလက ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မောင်းတောမြို့နယ်တောင်ပိုင်းမှာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တယ်။ အဲ့ဒီ အကြမ်းဖက်ခံလူစုကို Medecins Sans Frontieres-Holland (MSF-H) အဖွဲ့က ကုသပေးခဲ့တယ်လို့ ကြားသိရပြီးနောက် အဆိုပါအဖွဲ့ရဲ့လုပ်ပိုင်ခွင့်တွေကို မြန်မာအာဏာပိုင်များက တားဆီးပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။

    အဲ့ဒီ အကြမ်းဖက်မှုမှာ ဗုဒ္ဓဘာသာဝင် ရခိုင်ရွာသားတို့လက်ချက်နဲ့ ရိုဟင်ဂျာ ၄၀ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကုလသမဂ္ဂမှ ဆိုထားပါတယ်။

    ၂၀၁၄ ဧပြီ ၂၃၊ ပေါက်တော်၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)

    09

    ယခုလ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နှစ်သစ်ကာလအဆုံးသတ်ချိန်မှာတော့ အဲန်ဂျီအို အားလုံးနီးပါးရဲ့ လုပ်ငန်းတွေ ပုံမှန်ပြန်လည်ဆောင်ရွက်စေမယ်လို့ မြန်မာအစိုးရက ဆိုခဲ့သော်လည်း ရိက္ခာဖြန့်ပို့ဝေငှတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တစ်ဖွဲ့တည်းသာ ယခင်အတိုင်း ပြန်လည်သွားရောက်ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။

    ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းတစ်ခုမှာ ထောက်ပံ့ရေးရိက္ခာဝေစုရရှိဖို့ စောင့်ဆိုင်းနေရတဲ့ ရိုဟင်ဂျာတစ်စုကို အထက်ဖော်ပြပါပုံထဲ တွေ့ကြရပါလိမ့်မယ်။

    ရခိုင်လူ့အဖွဲ့အစည်းခေါင်းဆောင်များက ဗဟိုအစိုးရနယ်ပယ်ထဲအထိ ထိုးဖောက်လို့ ပြန်လည်ဝင်ရောက်လိုကြတဲ့ အခြားကယ်ဆယ်ကူညီရေးအဖွဲ့များအပေါ် တစ်ဖက်သတ်စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြဋ္ဌာန်းစေခဲ့တယ်။

    အဲန်ဂျီအိုအဖွဲ့များအနေနဲ့ သူတို့ခရီးစဉ်များ၊ စီမံချက်များကို အကြွင်းမဲ့ ပွင့်လင်းမြင်သာစွာ ဖွင့်ချဖော်ပြမယ်၊ ပြီးတော့ ရိုဟင်ဂျာတို့ကို မျက်နှာသာမပေးဘူး ဆိုမှသာ ပြန်လည်ဆောက်ရွက်ခွင့်ပြုသွားမယ်လို့ ရခိုင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းက ပြောခဲ့ပါတယ်။

    ၂၀၁၄ ဧပြီ ၂၄ ရက်၊ စစ်တွေ၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)

    dX-7h4A2tDcTPCgddOJQ1PQjS3USDoSkMJ7xgvh0wdvZRhY1DtE-pDfQOvaKkmy8g-CO1dO65F0Q6zu56YzbEw
    ပြည်ပအထောက်အပံ့ အကြီးအကျယ် လစ်ဟာသွားခြင်းနဲ့အတူ လူနည်းစုမွတ်စ်လင်မ်များအဖို့ တော်တော်ရုန်းကန်နေကြရပါတယ်။

    ဖုန်ထူညစ်ထေးတဲ့ ဒုက္ခသည်စခန်းတစ်ခုမှာ Gorima Khatu ရဲ့ သုံးနှစ်အရွယ်သမီးငယ် Asoma လေးဟာ diarrhoea ဝေဒနာခံစားရပြီး သေဆုံးသွားခဲ့တယ်။

    “ အကယ်၍ တစ်စုံတစ်ဦးသာ ကူညီဖို့ ရောက်လာခဲ့မယ်ဆိုရင် ကျွန်မရင်သွေးလေး ဒီတောင်ကို ကျော်နိုင်ခဲ့မယ်လို့ ကျွန်မ ထင်မြင်ပါတယ် ” ဆိုပြီး ကလေးမိခင် Gorima က ပုဝါအုပ်ထားတဲ့ ကလေးရဲ့ရုပ်ကလာပ်ကို ပုခက်လွှဲသလိုပြုပေးရင်း ပြောရှာပါတယ်။

    ၂၀၁၄ ဧပြီ ၂၈ ရက်၊ စစ်တွေ၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)

    01ဒုက္ခသည်စခန်းများစွာကို ရောက်ရှိခဲ့တဲ့ ရိုက်တာသတင်းထောက်များက ဖျားနာတဲ့ဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေကြရကြောင်း ဖွင့်ထုတ်တင်ပြကြပါတယ်။ အထက်ပါပုံထဲက အာဟာရချို့တဲ့နေတဲ့ ၂၅ ရက်သား အမြွာလေး နှစ်ဦးက သာဓကတစ်ရပ်ဖြစ်ပါတယ်။

    အစိုးရဖက်က ဆေးကုသရေးအဖွဲ့က ရိုဟင်ဂျာဒေသတွေဆီ အခါအားလျော်စွာ သွားရောက်ကြပေမယ့် ပြည့်ဝလုံလောက်မှု မရှိကြဘူးလို့ ပြည်ပကူညီရေး အဖွဲ့အစည်းများက ဆိုပါတယ်။ အဲ့ဒီလူတွေအများစုက ရိုဟင်ဂျာတွေရဲ့ ဘယ်အရေးမှာဖြစ်ဖြစ် ဖြစ်ကတတ်ဆန်း လျော့တိလျော့ရဲ ဆောင်ရွက် သွားခဲ့ကြတာဖြစ်တယ်။

    ၂၀၁၄ ဧပြီ ၂၄၊ စစ်တွေ၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)

    08အထက်ဖော်ပြပါ ကြိမ်းနီပြင်မှာဆိုရင် ရိုဟင်ဂျာ ၄၆၀၀ နီးပါးဟာ ရဲအစောင့်အကြပ်အောက်မှာ နေကြရပြီး သွားလာခွင့်လည်း ကန့်သတ်ခံထားရတယ်။ အစိုးရက သူတို့ကို ခိုးဝင်လာတဲ့ ဘင်္ဂါလီများအဖြစ် သတ်မှတ်ထားလို့ပါပဲ။

    အဲ့ဒီ နေရာမျိုးတွေမှာ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရတယ်ဆိုတဲ့ အဆိုကို ရခိုင်ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ငြင်းပယ်ခဲ့တယ်။

    “ အဲ့ဒီစခန်းတွေထဲက တစ်ခုမှာ လာရောက်တဲ့သူတိုင်းကို ဖျားနာနေတဲ့ ကလေးတွေပြသနေတတ်တဲ့ လူတစ်စုရှိနေတယ်။ ဆေးကုသရေးကို အစိုးရဖက်က စီစဉ်ပေးသည့်တိုင် သူတို့က ငြင်းဆန်ကြတယ်လေ” လို့ သူက ပြောပါတယ်။

    ကူညီရေးအဖွဲ့တွေကို မည်သည့်သြဇာလွှမ်းမိုးမှု မရှိစေပဲ ရခိုင်ပြည်နယ်ဆီ ပြန်သွားခွင့်ပြုဖို့ အမေရိကန်၊ ဗြိတိန်နဲ့ အခြားနိုင်ငံတို့မှ မြန်မာအစိုးရအပေါ် တွန်းအားပေးထားပါတယ်။

    ၂၀၁၄ ဧပြီ ၂၈၊ ပေါက်တော၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)

    21

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းတစ်ခုဖြစ်သော ဒါးပိုင်စခန်းအနီး လယ်ကွင်းများအတွင်း ဆော့ကစားနေကြသည့် ကလေးငယ်များ

    REUTERS/Minzayar

    02 ကြိမ်းနီပြင်ဒုက္ခသည်စခန်းတွင် ရပ်နေသော ရိုဟင်ဂျာ အမျိုးသမီးများ

    REUTERS/Minzayar

    03သက်ကယ်ပြင်ဒုက္ခသည်စခန်းသို့ လာရောက်သော ရှောင်တခင်ဆေးခန်းတွင် ဆေးကုသမှုခံယူရန် စောင့်စားနေကြသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် ၎င်းတို့၏ကလေးငယ်များ

    REUTERS/Minzayar

    04 ဒုက္ခသည်စခန်းတစ်ခု၌ အရေပြားရောဂါဝေဒနာခံစားနေရရှာသည့် ကလေးငယ်အား ပွေ့ချီထားသော ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး

    REUTERS/Minzayar

    05 ကြိမ်းနီပြင်မှ ဒုက္ခသည် ရိုဟင်ဂျာ မိန်းမငယ်တစ်ဦး

    REUTERS/Minzayar

    07

    သက်ကယ်ပြင်စခန်းအနီး ရွာတစ်ရွာရှိ အိမ်သစ်တစ်ဆောင်အတွင်း ကြမ်းပြင်ပေါ် လဲလျောင်းနေသည့် ကလေးငယ်။ ထိုကလေးငယ်မှာ တင်အောင်ဇင် (၉ နှစ်)ဖြစ်ပြီး ယခင်နေရပ်ဝန်းကျင်၌ အကြမ်းဖက်မှုဖြစ်စဉ်အတွင်း လန့်ဖျပ်သွားခြင်းကြောင့် ကိုးမားဝေဒနာခံစားနေရသည်ဟု ၎င်း၏မိခင်က ပြောပြသည်။

    REUTERS/Minzayar

    06ဒါးပိုင်စခန်းရှိ ကိုယ်ပိုင်အခန်းတစ်ခုအတွင်း ဆိုးဆိုးဝါးဝါး အာဟာရချို့တဲ့နေသည့် သားချင်းလေးကို ကိုင်ထိန်းထားသော ကလေးတစ်ဦး
    REUTERS/Minzayar

    Muslim_Rohingya_crisis_worsens_in_Burma_-_The_Washington_Post_-_2014-05-01_11.48.44 ကြိမ်းနီပင်စခန်းတွင် diarrhoea ဝေဒနာဖြင့် သေဆုံးသွားသည့် သုံးလအရွယ် Asoma Khatu ၏ ရုပ်ခန္ဓာအား ပိတ်ဖြူတစ်စဖြင့် ခြုံလွှမ်းထားပုံ

    REUTERS/Minzayar

    11သက်ကယ်ပြင်စခန်းရှိ အခန်းအတွင်း တစ်နှစ်ကျော် အဆုတ်ရောဂါဝေဒနာဖြင့် လဲနေသည့် အသက် ၅၄ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသား မုဟမ္မဒ် အလီ

    REUTERS/Minzayar

    13 diarrhea ဝေဒနာကို တစ်ပတ်ကျော်ခံစားနေရသည့် မုဟမ္မဒ် အလံမ်အား သူ့အခန်းရှေ့ ဖျာတစ်ချပ်ပေါ် လဲလျောင်းနေသည်ကို တွေ့ရစဉ်

    REUTERS/Minzayar

    18ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ်မှ အစာရေစာဝေစုများကို လက်ခံရယူနေကြသော သဲချောင်းစခန်းမှ ရိုဟင်ဂျာများ

    REUTERS/Minzayar

    17ကောင်းဒုက္ခစခန်းတွင် တွေ့ရသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် သူတို့၏ကလေးငယ်များ

    REUTERS/Minzayar

    14 ဒါးပိုင်စခန်းအနီး ဆေးရုံတစ်ခု၌ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှ ဆရာဝန်တစ်ဦးထံ စမ်းသပ်ခံနေသော ရိုဟင်ဂျာအမျိုးသမီး နှင့် သူနာပြုထံ မိမိ၏ရင်သွေးကို ပြသနေသော ရိုဟင်ဂျာအမျိုးသမီး

    REUTERS/Minzayar

    19စစ်တွေရှိ သက်ကယ်ပြင်စခန်းမှ ယာယီဆေးခန်းသို့ မိခင်ဖြစ်သူက ခေါ်ဆောင်သွားပြီး စစ်ဆေးပြီးနောက် diarrhea ဝေဒနာခံစားနေကြောင်း သိခဲ့ရသည့် အသက် ၂၂ လအရွယ် ရိုဟင်ဂျာမိန်းကလေး Musana Khatu

    REUTERS/Minzayar

    15သဲချောင်းစခန်းတွင် ဆေးပေးဝေနေသည့် ဆေးပေးခန်း။ ၎င်းကို ယာယီဆေးကုသခန်းအဖြစ်လည်း အသုံးပြုသည်။

    REUTERS/Minzayar

    12ယာယီဆေးခန်းတွင် မိမိ၏ဖျားနာခြင်းကို ဆေးကုသမှုခံယူရန် စောင့်ဆိုင်းနေသည့် ရိုဟင်ဂျာလူငယ်တစ်ဦး

    REUTERS/Minzayar  16

    ကြိမ်းနီပြင်ဒုက္ခသည်စခန်း၏ မြင်ကွင်းတစ်ရပ်

    REUTERS/Minzayar

  • စစ်တွေမှ NGOs / INGOs များ တိုက်ခိုက်ခံရပြီးနောက် ကုန်ဈေးနှုန်းများ မြင့်တက်၊ ဒုက္ခသည်များ ရိက္ခာပြတ်မည်ကို စိုးရိမ်နေကျ

    မတ် ၂၉၊ ၂၀၁၄
    လင်းမာန်သီ

    စစ်တွေမှ NGOs / INGOs များ တိုက်ခိုက်ခံရပြီးနောက် ကုန်ဈေးနှုန်းများ မြင့်တက်၊ မွတ်စလင် ဒုက္ခသည်များ ရိက္ခာပြတ်မည်ကို စိုးရိမ်နေကျ

    Sittwe
    ဓါတ်ပုံ- ကြေးမုံသတင်းစာ

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၊ နိုင်ငံတကာအဖွဲ့များ တိုက်ခိုက်ခံရပြီးနောက် ကုန်ဈေးနှုန်းများ မြင့်တက် လာကြောင်း ဒေသခံမွတ်စလင်မ်များ ထံမှ မေးမြန်း သိရှိရပါတယ်။

    ယခင်က ဆန်တစ်အိတ်ကို ၁၂၀၀၀ ပေးရသော်လည်း၊ ယခု နိုင်ငံတကာ လူသားချင်းစာနာသော အဖွဲ့အစည်းများ တိုက်ခိုက်ခံရပြီးနောက်တွင် အခုလို ဆန်ဈေးနှုန်းများ၊ ကန်ုဈေးနှုန်းများ မြင့်တက်လာကြောင်း ဒေသလူငယ် တစ်ဦးထံမှဆက်သွယ်မေးမြန်း သိရှိရပါသည်။

    “ယခင်က ဆန်အိတ်တစ်အိတ်ကို ၁၂၀၀၀ ဘဲပေးရတာပါ၊ ယခု ဆန်တစ်အိတ်ကို ၂၀၀၀၀-၂၁၀၀၀ ဖြစ်နေပါတယ်။ တကယ်လို့ စစ်တွေမြို့ သက်ကယ်ပြင်ဘက်မှာဆိုရင်တော့ ၂၄၀၀၀ သာပေးရမည်ဖြစ်ကြောင်း” ၄င်းက ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မတ်လ ၂၆ ရက်နေ့ညပိုင်းက နိုင်ငံတကာ လူသားချင်း စာနာမှုအကူအညီများ ပေးနေသော ဂျာမနီနိုင်ငံ အခြေစိုက် မာလ်တီဇာ ဆိုသည့် အဖွဲ့အစည်းတစ်ခုမှ ၀န်ထမ်းတစ်ဦးက သာသနာ့ အလံကို မဖွယ်မရာလုပ်ခဲ့သည်ဟု စွပ်စွဲကာ ၄င်းအဖွဲ့အား တိုက်ခိုက်ခဲ့ပြီး နောက်နေ့ မတ်လ ၂၇ ရက်နေ့တွင် ကျန်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများအား တိုက်ခိုက်ခဲ့ပြီး ယခုလို ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရှိရပါသည်။

    ဒုက္ခသည်စခန်းတွေမှာ အဓိကစားနပ်ရိက္ခာ ပေးနေသည့် ကမ္ဘာ့ စာနပ်ရိက္ခာအဖွဲ့ကြီး WFP ရဲ့ စားနပ်ရိက္ခာ ဂိုဒေါင်တွေကိုလည်း ဒေါသထွက်နေသော အစွန်းရောက်များက တိုက်ခိုက်ဖျက်စီးခဲ့ပြီး ၊ ထိုအဖွဲ့အစည်းများမှ ၀န်ထမ်းများအားလုံးကို ပြည်တွင်းလေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။ ယခုအခါ ရခိုင်ပြည်နယ်တွင် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ထားပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း၊ မွတ်စလင်မ်များအပေါ် နည်းမျိုးစုံဖြင့် ရခိုင်များဘက်မှ တိုက်ခိုက်လာမည်ကိုလည်း စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း ဒေသခံတွေက ပြောနေပါတယ်။ ထိုကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်များအား အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်တွင် ရခိုင်ပြည်နယ် အစိုးရရဲ့ တာဝန်ကင်းမဲ့မှု  တစ်ခုသာဖြစ်ကြောင်း သမ္မတရဲ့ ပြောရဲ ဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ face book စာမျက်နှာပေါ်တွင် ရေးသားထားပြီး၊ စစ်တွေမြို့ခံ မွတ်စလင်မ်များမှလည်း ထိုကဲ့သို့ သုံးသပ်ဝေဖန်နေပါတယ်။

    နိုင်ငံတကာအဖွဲ့အစည်းတွေမှ ထောက်ပံ့သည့် ထောက်ပံ့ရေးပစ္စည်းတွေ ခေတ္တရပ်ဆိုင်းရတော့မဲ့ အခြေအနေ ရှိနေသည့်အတွက် စစ်တွေမြို့ ဒုက္ခသည်စခန်းမှ မွတ်စလင်မ်များအနေဖြင့် စားနပ်ရိက္ခာ ပြတ်တောက်သွားမည်ကို အထူး စိုးရိမ်မိပါကြောင်း ဒေသခံ မွတ်စလင်မ် တစ်ဦးမှ ဖုန်းဖြင့် ပြောကြားလာပါတယ်။ ” မိမိတို့ အနေဖြင့် အလုပ်အကိုင် မရှိသည့် အချိန်တွင် WFP က ပေးသည့် ရိက္ခာတွေနဲ့သာ လုံလောက်အောင် စားနေရကြောင်း၊ ယခုအခါ နိုင်ငံတကာ အဖွဲ့အစည်များ၊ ဆေးဝါးထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများ တိုက်ခိုက်ခံရသည့်အပေါ် ကျွန်တော်တို့ အနေဖြင့် အထူးစိုးရိမ်နေရပါတယ်။ ကျွန်တော်တို့ အနေဖြင့် ကျန်းမာရေး စောင့်ရှောင်မှုတွေ လိုအပ်နေတဲ့ အချိန်မှာ ယခုလို ဖြစ်လာတော့ ပိုပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ မွတ်စလင်မ်တွေ အနေဖြင့် စစ်တွေပြည်သူ့ ဆေးရုံမှာ သွားရောက်ကာ ဆေးကုသခံယူရန် အင်မတန်ခက်ခဲ လှပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေဖြင့် နိုင်ငံတကာ ဆေးဝါးကုသပေးနေတဲ့ အဖွဲ့အစည်းတွေကို အားကိုးနေရပါတယ်လို့ ဒေသခံ မွတ်စလင်မ် တစ်ဦးမှ ပြောကြားသွားတာ ဖြစ်ပါတယ်။

  • NGO ရုံးတွေ ဖျက်ဆီးခံရပြီးနောက် မွတ်စလင်ဒုက္ခသည်များ စားဝတ်နေရေးနှင့် လုံခြုံရေးစိုးရိမ်နေရ

    မတ် ၂၉ ၊၂၀၁၄
    M-Media

    NGO ရုံးတွေ ဖျက်ဆီးခံရပြီးနောက် မွတ်စလင်ဒုက္ခသည်များ စားဝတ်နေရေးနှင့် လုံခြုံရေးစိုးရိမ်နေရ  (သတင်းကောက်နှုတ်ချက်)

    rfa

    အိုင်အန်ဂျီအိုတွေရဲ့ အဆောက်အဦတွေ ဖျက်စီးခဲ့ပြီးနောက် စစ်တွေမြို့က ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးနဲ့ပတ်သက်လို့ ဘယ်လို ကိုင်တွယ်ဆောင်ရွက်မယ်ဆိုတာ စိုးရိမ်နေသလို လုံခြုံရေးအတွက်လည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်ခင်က ဒုက္ခသည်တွေ အတွက် ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရမှာ တာဝန်ယူဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

    “အဓိကတော့ဗျာ စစ်တွေမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေက အပြင်ထွက်လို့ မရဘူး။ အပြင်ထွက်လို့ မရတော့ သူတို့အနေနဲ့ကာ ဒီဖြစ်စဉ်တွေကို ၀ိုင်းထားတဲ့ အသံတွေကို အတွင်းထဲမှာ ကြားနေရတာပေါ့နော်။ ကြားနေရတော့ ကျနော်တို့ကို အကူအညီ လှမ်းတောင်းတယ်။ ကျနော်တို့ကတော့ လက်ရှိ အဆင့်ဆင့်ကို တင်ပြပြီး လုံခြုံရေးကို ရယူပေးဖို့အတွက် ကျနော်တို့က တင်ပြထားတာတော့ရှိတာပေါ့လေ။ အဓိကတော့ ဆောင်ရွက်ပေးဖို့က ဒေသဆိုင်ရာ အစိုးရအဖွဲ့မှာ တာဝန်ရှိတယ်။ နောက်တခုက ပြည်ထောင်စု အစိုးရမှာ တာဝန်ရှိတယ်။”

    Photo Credit -RFA
    DVB မှ ကောက်နှုတ်ဖော်ပြပါသည်။
    အပြည့်အစုံ ဖတ်လိုလျှင် => http://burmese.dvb.no/archives/54030

  • အကြမ်းဖက်ခံ ရိုဟင်ဂျာများ အတွက် တူရကီမှ UNICEF မှတဆင့် ၁.၈၂ သန်း အကူအညီများ ပေးအပ်မည်

    မတ် ၃၊ ၂၀၁၄
    M-Media
    image
    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ နေအိမ် စွန့်ခွာထွက်ပြေးခဲ့ရသော ရိုဟင်ဂျာများအား ကူညီထောက်ပံ့ရန်အတွက် ကန်ဒေါ်လာ ၁.၈၂ သန်း တန်းဖိုးရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုပေးပို့ရန် ယူနီဆက်ဖ်နှင့် တူရကီနိုင်ငံတို့ သဘောတူညီမှုရခဲ့သည်ဟု သိရသည်။

    လူမျိုးရေးကို အခြေခံသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသော ရိုဟင်ဂျာများ အတွက် သောက်ရေသန့်များ ထောက်ပံ့ရန်နှင့် ၎င်းတို့၏ တစ်ကိုယ်ရေ သန့်ရှင်းရေး အခြေအနေများ တိုးတက်အောင်ဆောင်ရွက်ရာတွင် ထိုငွေများကို အသုံးပြုရန် စီစဉ်ထားသည်။

    ရိုဟင်ဂျာများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် တူရကီ သမ္မတရုံး သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ် စီမံခန့်ခွဲရေးအဖွဲ့မှ ပြုလုပ်သော လှုပ်ရှားမှုများမှ ထိုငွေများကို ရရှိခဲ့ခြင်းဖြစ်သည်။

    မြန်မာနိုင်ငံရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသော ရိုဟင်ဂျာများအတွက် ယူနီဆက်ဖ်အား တူရကီနိုင်ငံမှ ယခုကဲ့သို့ အကူအညီများပေးပို့ခြင်းကို ကျေးဇူးတင် ပါကြောင်းနှင့် ဆီးရီးယား ဒုက္ခသည်များအတွက် အကူအညီပေးရေး အတွက် တူရကီ၏ စိတ်အား ထက်သန်မှုကိုလည်း ချီးကျူးပါကြောင်း ယူနီဆက်ဖ်မှ တာဝန်ရှိသူ ဒိုမီနစ် ဟိုင်ဒီက ပြောကြားခဲ့သည်။

    တူရကီနိုင်ငံသည် ရခိုင်ပြည်နယ်မှ နှစ်ဘက် ဒုက္ခသည်များကို ထောက်ပံ့ရန် အတွက် ၂၀၁၂ ခုနှစ်အတွင်းက အမေရိကန် ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့ပြီးဖြစ်သည်။

    ကုလသမဂ္ဂ၏ အဆိုအရ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ လူမျိုးစုများမှာ ကမ္ဘာ့ပေါ်တွင် ဖိနှိပ်အခံရဆုံး လူမျိုးများဖြစ်သည်ဟု သိရသည်။ ၎င်းတို့မှာ ဗုဒ္ဓဘာသာဝင် ရခိုင် အစွန်းရောက်များ၏ စနစ်တကျ တိုက်ခိုက် သတ်ဖြတ်မှုကို ခံစားနေရပြီး၊ လူတစ်သိန်းခန့်မှာ အခြေအနေအလွန် ဆိုးရွာကာ သီးသန့် ဖယ်ထုတ်ခြင်းခံထားရသည့် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရသည်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ၎င်းတို့၏ နိုင်ငံသားဖြစ်မှုမှာ ဆုံးရှုံးခဲ့ရပြီး၊ နိုင်ငံမဲ့များ ဘ၀သို့ ရောက်နေကြသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဦးရေ ၁.၃ သန်းခန့် ရှိသည်ဟု ခန့်မှန်းရသည်။

    ဓါတ်ပုံအညွှန်း စစ်တွေမြို့မှ ဒုက္ခသည်စခန်းတွင် ဆေးကုသရန်စောင့်ဆိုင်းနေစဉ် ငိုကြွေးနေသည့် ရောဂါသည် ကလေးငယ်အား မိခင်ဖြစ်သူမှ ချော့မြူနေစဉ် (၂၀၁၂ ခုနှစ် နိုဝင်ဘာ Photo-AFP)

    Ref: World Bulletin

  • ထိုင်းသို့ ပြေးဝင် ခိုလှုံလာသည့် ရိုဟင်ဂျာ ၁၃၀၀ ခန့် ပြန်လက်ခံရန် မြန်မာ သဘောတူခဲ့

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄
    M-Media

    595256

    – ၂၀၁၃ ခုနှစ် ဇန်န၀ါရီကကတည်းက ထိုင်းနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများနှင့် ယာယီ ဒုက္ခသည်စခန်းများတွင် ထိန်းသိမ်းထားသော ရိုဟင်ဂျာ ၁၃၀၀ခန့်အား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပြီးဖြစ်သည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ယနေ့တွင် ဖော်ပြခဲ့သည်။

    မြန်မာနှင့် ထိုင်းနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ ပို့ဆောင်မှုများတွင် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်မှု လုပ်ငန်းများကို လုပ်ကိုင်နေသော အစိုးရ မဟုတ်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားခဲ့ဟု လူဝင်မှုကြီးကြပ်ရေးမှ လက်ထောက်ရဲချုပ် Pharnu Kerdlarpphon က ဆိုသည်။

    ရိုဟင်ဂျာများအား ထိုင်းနိုင်ငံ ရနောင်းရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ထိန်းသိမ်းထားပြီးနောက် စက်လှေဖြင့် ကော့သောင်းဘက်သို့ လွန်ခဲ့သည့် ၃ လက ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ တစ်သုတ်ပြီးတစ်သုတ် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအစိုးရများက ရှင်းလင်းစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အထောက်အထားများလည်း ရှိသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံတွင်ရှိနေစဉ်အတွင်း ရိုဟင်ဂျာများအား လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေး အပ်ခဲ့ပြီး နိုင်ငံတကာ ရွှေ့ပြောင်း လုပ်သားများအဖွဲ့ IOM မှ ဆရာဝန်များကလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့သည်ဟုသိရသည်။

    သို့သော်လည်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ ကိုယ်စားလှယ် Sunai Pasuk ကမူ မြန်မာအစိုးရက ရိုဟင်ဂျာများအား မြန်မာနိုင်ငံသားများ အဖြစ် အသိအမှတ် မပြုသောကြောင့် ၎င်းတို့၏ လုံခြုံရေးအား စိုးရိမ်မိကြောင်း၊ ဒုက္ခသည်များအား ထိုကဲ့သို့ ပြန်လည် ပို့ဆောင်ခြင်းမှာ နိုင်ငံတကာ ဥပဒေအား ချိုးဖောက်ခြင်းပြီး၊  ရိုဟင်ဂျာများ မြန်မာနိုင်ငံတွင် ဒုက္ခနှင့် ကြုံတွေ့မည်ကို ထိုင်း အာဏာပိုင်များက သိသော်လည်း ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ဇန်န၀ါရီလကတည်းက ရိုဟင်ဂျာ ၁၃၀၀ ခန့်မှာ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း၊ အများစုမှာ မလေးရှားသို့သွားရောက် အလုပ်လုပ်ကိုင် လိုပြီး ထို့နောက် သြစတေးလျသို့ သွားရောက်ရန် မျှော်လင့်နေကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

    ဓါတ်ပုံအညွှန်း- ထိုင်းနိုင်ငံသို့ ထွက်ပြေး ခိုလှုံလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၁၃ ဇူလိုင်လက  ထိန်းသိမ်းရေးစခန်းတခုတွင်တွေ့ရစဉ်  (Bangkok Post file photo)

    ကိုးကား- ဘန်ကောက်ပိုစ့်