News @ M-Media

Tag: Storm Warning

  • မုန်တိုင်းဒဏ်ခံ အဆောက်အအုံများနှင့် မြန်မာလူမျိုးတို့ရဲ့ အလှူဒါန အာသီသ

    မုန်တိုင်းဒဏ်ခံ အဆောက်အအုံများနှင့် မြန်မာလူမျိုးတို့ရဲ့ အလှူဒါန အာသီသ

    အောက်တိုဘာ ၂၃ ၊ ၂၀၁၆
    ရဲဆွေဝင်းရေးသည်။
    fig-1-7-dec15
    မုန်တိုင်း ဝင်တတ်တဲ့လမ်းကြောင်းတွေမှာ နေထိုင်တဲ့ပြည်သူတွေအတွက် storm shelters တွေ ကြိုတင်ဆောက်တဲ့ အကြောင်းတွေ ဖတ်ရတယ်။

    မုန်တိုင်းတွေက မလာခင် အနည်းဆုံး နာရီ ၂၀ လောက် ကြိုသတိပေးနိုင်တယ်။ တိုက်ခတ်ချိန်က အကြာဆုံး ၂ ရက်လောက်ပဲရှိတယ်။ အဲဒီ ၂ ရက်အတွက် လုံခြုံတဲ့ နားခိုရာ စီမံပေးနိုင်ရင်၊ လူအသေအပျောက် အများကြီးလျှော့ချနိုင်မယ်။ (ပစ္စည်းဆုံးရှုံးမှုကတော့ တစ်ပိုင်းပေါ့)

    မုန်တိုင်းခိုဂေဟာ တွေကို မုန်တိုင်းဒီရေ လွှတ်တဲ့ ကုန်းတွေမှာ ဆောက်ရတယ်။

    ရွာ လူဦးရေ အတွက် ခိုလုံဖို့ လုံလောက်တဲ့ ခိုင်ခန့်တဲ့အဆောက်အဦတွေ ရှိရမယ်။

    သောက်ရေ နဲ့ စားစရာတွေ စီစဉ်ထားရတယ်။ သန့်ရှင်းရေးကိစ္စ အိမ်သာတွေ ရှိရတယ်။ လျှပ်စစ်မီးအတွက် မီးစက်တွေ စီစဉ်ထားရတယ်။

    လူတစ်ယောက်ကို ၄၈ နာရီလောက် ခိုလုံခွင့်ပေးနိုင်ရင် သူ့အသက်ကို ကယ်လို့ရပြီ။

    ဘင်္ဂလားဒေ့ရှ်က အဲလိုမျိုး storm shelters တွေ နိုင်နိုင်ဆောက်ပေးထားနိုင်လို့ မုန်တိုင်းကြောင့် လူအသေအပျောက်နှုန်း အများကြီး လျှော့ချနိုင်တယ်တဲ့။

    ကျွန်တော်တို့ဆီမှာ နာဂစ်ဖြစ်တော့ လူ တစ်သိန်းခွဲသေတာ အကယ်လို့ storm shelters တွေသာရှိခဲ့ရင် လူ ၃၀၀၀ တောင်မသေနိုင်ဘူးလို့ ပညာရှင်တွေ ရေးကြတယ်။ ရင်နာလိုက်တာ။

    ဒါပေမဲ့
    ဒါတွေကို နိုင်ငံတော်က လူတိုင်းစေ့ အတွက် မလုပ်ပေးနိုင်သေးဘူး။ ရွာသားတွေ ကိုယ်ထူကိုယ်ထ လုပ်နိုင်ဖို့ဆိုရင် ပိုဝေးသေးတယ်။ အများစုက ကိုယ့်တဲကုပ်လေးတောင်မှ ကိုယ်ကောင်းကောင်းလုပ်ဖို့ အနိုင်နိုင်ရယ်။

    နိုင်ငံတကာ အလှူရှင်ဆိုတာလည်း လိုအပ်ချက် ပြည့်မီဖို့ မမျှော်နဲ့။ မြင်သာတဲ့နေရာမျိုးမှာ နည်းနည်းပါးပါး စံပြ ဟန်ပြလောက်ပဲရမှာ။

    တစ်နိုင်ငံလုံးက တတ်နိုင်တဲ့သူတွေ ဝိုင်းဝန်း လှူဒါန်းကြမယ်ဆိုရင်ရော?

    မြန်မာပြည်က လူအများစုက အလှူဆိုရင် ဘာသာရေး ဘက်နွယ်တဲ့ အလှူမျိုးဆို ပိုလှူချင်ကြတယ်။

    အဲဒီတော့ storm shelters တွေကို ဘက်စုံသုံး ဒီဇိုင်းတွေဆွဲပြီး ဘာသာရေးနွယ်တဲ့ တခြားကိစ္စတွေသုံးနိုင် ဘယ်လိုနေမလဲ? အလှူရှင်တွေလည်း ပိုပြီး သဒ္ဓါတရားထက်သန် လာမလား?

    ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ဘုရားရှိခိုးကျောင်း ချာခ်ျကျောင်း ဗလီ စသဖြင့်။ အဲဒီရွာတွေမှာ နေထိုင်ကျတဲ့ လူတွေ ကိုးကွယ်တဲ့ ဘာသာအလိုက်ပေါ့။

    တကယ် အရေးရယ်အကြောင်းရယ်ဆိုရင် လူ့အသက်ကယ်ဖို့ လူမျိုးဘာသာမရွေး လက်ခံကြမှာပါ။

  • မုန်တိုင်းဘေး ပညာပေးစာစောင်

    မုန်တိုင်းဘေး ပညာပေးစာစောင်

    မုန်တိုင်းဘေး ပညာပေးစာစောင်
    1 2 3 4 5 6 7 8

  • မုန်တိုင်းငယ်ကို အနီရောင် အဆင့် တိုးမြှင့်သတ်မှတ်

    မုန်တိုင်းငယ်ကို အနီရောင် အဆင့် တိုးမြှင့်သတ်မှတ်

    14695368_693862864102128_8883847604648305787_n

    ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက် ၁၂ နာရီအတွင်း မြစ်ဝကျွန်း ပေါ်ဒေသအနီး ကို ဦးတည်ရွေ့လျားနိုင်ကြောင်း နဲ့ မြန်မာ့ကမ်းရိုးတန်းနဲ့ နီးကပ်နေပြီဖြစ်တဲ့အတွက် အနီရောင်အဆင့်သတ်မှတ် လိုက်ကြောင်း မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ သတိပေးလိုက်ပါတယ်။

    အဲ့ဒီမုန်တိုင်းငယ်ဟာ ကိုကိုးကျွန်းမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် (၈၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် (၈၅)မိုင်ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် (၁၂၅) မိုင်ခန့်၊ ဂွမြို့ရဲ့ တောင်-အနောက်တောင်ဘက် (၁၅၅) မိုင်ခန့်နဲ့ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် (၂၀၅) မိုင် ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    မုန်တိုင်းငယ်အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းတို့မှာ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီကို (၄၅)မိုင်ကနေ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပြီး၊ ရန်ကုန်တိုင်း ဒေသကြီးမှာ တစ်နာရီကို မိုင်(၃၀)ကနေ (၃၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း သတိပေးထား ပါတယ်။

    ဒါ့အပြင် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နဲ့ ရခိုင်ပြည်နယ် တောင်ပိုင်း၊ သံတွဲ ခရိုင်တို့မှာ (၇)ပေကနေ (၁၀)ပေခန့် အထိ မြင့်တက်နိုင်ပါတယ်။

    မနေ့ကလည်း စစ်ကိုင်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြို့ထဲရပ်ကွက်အပါအ၀င် ရပ်ကွက် ၈ ခုလောက် ရေကြီးခဲ့ပြီး တချို့နေရာတွေမှာ ရင်လောက်အထိ ရေဖုံးလွှမ်းခဲ့တယ် လို့ စစ်ကိုင်းမြို့နယ်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက် က ပြောပါတယ်။

    ဒါ့အပြင် ရေတွေဝင်ရောက်မှုကြောင့် ထုံးဘိုရပ်ကွက်က နေအိမ် ၄ လုံး ပြိုကျပျက်စီးသွားခဲ့ပါတယ်။

    ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် လာမယ့် ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင် တယ်လို့ သတိပေးထားပါတယ်။

    ဒါ့အပြင် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့အတူ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်ကို သတိထားကြဖို့၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေ နဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တဲ့ အတွက် သတိပြုနေထိုင်ကြဖို့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ပြည်တွင်းရေကြောင်း သွားလာရေး၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း သတိပြုကြဖို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြား မှု ဦးစီးဌာနက သတိပေးချက်ထုတ်ထားပါတယ်။

    RFA မှ ကူးယူဖော်ပြပါသည်။