News @ M-Media

Tag: Sunderland

  • မန်ယူနည်းပြဟောင်း မိုယက်စ်၏ ဆန်းဒါးလန်းအသင်း တန်းဆင်း

    မန်ယူနည်းပြဟောင်း မိုယက်စ်၏ ဆန်းဒါးလန်းအသင်း တန်းဆင်း

    ဧပြီ ၃၀၊ ၂၀၁၇
    M-Media

    – ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ တွင် ဘုန်းမောက်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး မန်ယူနည်းပြဟောင်း မိုယက်စ်ကိုင်တွယ်သည့် ဆန်းဒါးလန်းအသင်းမှာ တန်းဆင်းသွားခဲ့ပြီ ဖြစ်သည်။

    မိုယက်စ်မှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လက ဆန်းဒါးလန်းအသင်းအား စတင် တာဝန်ယူခဲ့ခြင်းဖြစ်ပြီး အသင်း၏ ၁၀ နှစ်တာ ပရီးမီးယားလိဂ်၌ ကျင်လည်မှုမှာလည်း အဆုံးသတ်သွားခဲ့သည်။

    ပရိတ်သတ်များက မိုယက်စ်အား ထုတ်ပယ်ရေး တောင်းဆိုနေကြကာ ၎င်းကမူ မကြာခင် အဖြေထွက်မည်ဟု တုန့်ပြန်ခဲ့သည်။

    “ဒါဟာ ၂ ပတ်၊ ဒါမှမဟုတ် ၃ ပတ်လောက် ကြာမယ် မေးခွန်းလို့ ထင်ပါတယ်။ အစကနေ အဆုံးအထိ အားလုံးကို ပြန်လှန်သုံးသပ်ဖို့လိုတယ်လို့လည်း ကျွန်တော် ထင်ပါတယ်”

    အသင်းအား ရာင်းချရန် ကြိုးစားနေသည့် ဥက္ကဌ အီလစ် ရှော့က ပရိတ်သတ်များကို တောင်းပန်ခဲ့ပြီး၊ အမှားများ လုပ်ခဲ့သည်ဟုလည်း ၀န်ခံခဲ့သည်။

    ဆန်းဒါးလန်းအသင်းမှာ ၂၀၁၁-၁၂ ရာသီမှစ၍ တန်းဆင်းရန်မည့် အန္တရာယ်နှင့် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ယခုနှစ်တွင် အမှန်တကယ် တန်းဆင်းသွားရသည်။

    Ref: BBC

  • ရိုင်းစိုင်းသည့် မှတ်ချက်ကြောင့် မန်ယူနည်းပြဟောင်း မိုယက်စ် တရားစွဲခံရ

    ရိုင်းစိုင်းသည့် မှတ်ချက်ကြောင့် မန်ယူနည်းပြဟောင်း မိုယက်စ် တရားစွဲခံရ

    ဧပြီ ၂၆၊ ၂၀၁၇
    M-Media

    – မန်ယူနည်းပြဟောင်းဖြစ်ပြီး လက်ရှိတွင် ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်နေသည့် နည်းပြ ဒေးဗစ်မိုယက်စ်မှာ BBC သတင်းထောက်ကို စော်ကားပြောဆိုခဲ့သည့်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ တရားစွဲဆိုမှုကို ခံခဲ့ရသည်ဟု သိရသည်။

    မတ်လအတွင်းက ဘန်လေအသင်းနှင့် သရေကျခဲ့သည့်ပွဲတွင် သတင်းထောက် ဗီကီ စပါ့က်က ဆန်းဒါးလန်းအသင်း၏ ပိုင်ရှင် အီလစ်ရှော့ ရှိနေမှုမှာ ၎င်းအပေါ် ပို၍ ဖိအားဖြစ်စေသည်လားဟု မေးမြန်းရာ မိုက်ယက်စ်က ‘နိုး’ ဟု ဖြေကြားခဲ့သည်။

    သို့သော်လည်း အင်တာဗျူးအပြီးတွင် စပါ့က်အနေဖြင့် အမျိုးသမီးဖြစ်သော်လည်း ထိုမေးခွန်းအတွက် ‘ပါးရိုက်ခံရနိုင်ကြောင်း’၊ နောက်တစ်ကြိမ် လာရောက်မေးမြန်းသည့်အခါတွင် သတိထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထိုမှတ်ချက်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပြီး မိုယက်စ်ကမူ နောက်ပိုင်းတွင် ထိုသို့ ပြောဆိုခဲ့မှုအတွက် နောင်တရမိကြောင်း ပြောကြားခဲ့သည်။

    FA ၏ ကြေငြာချက်တွင် ၎င်း၏ အဆိုပါ မှတ်ချက်မှာ မသင့်လျော်ပဲ၊ ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်ပြိုင်ပွဲအား သိက္ခာကျစေကြောင်း ဖော်ပြခဲ့သည်။ မိုယက်စ်မှာ ဧပြီလ ၂၆ ရက် (ယနေ့တွင်) တရားစွဲဆိုမှုအား ရင်ဆိုင်ရမည်ဖြစ်သည်။

    Ref: BBC

  • တန်းမဆင်းရခြင်းက ဖလားရသကဲ့သို့ဖြစ်သည်ဟု ဆန်းဒါးလန်းနောက်ခံလူပြော

    တန်းမဆင်းရခြင်းက ဖလားရသကဲ့သို့ဖြစ်သည်ဟု ဆန်းဒါးလန်းနောက်ခံလူပြော

    မေ ၁၂၊ ၂၀၁၆
    M-Media

    sunder

    – မိမိတို့အသင်း ပရီးမီးယားလိဂ်တွင် တင်ကျန်ခဲ့ခြင်းမှာ ပရီးမီးယားလိဂ်ဖလား ရရှိသကဲ့သို့ ခံစားရသည်ဟု ဆန်းဒါးလန်းနောက်ခံလူ ဂျန် ကီရ်ခ်ျဟော့ဖ်က ပြောကြားလိုက်သည်။

    တန်းဆင်းဇုန်တွင် တစ်ဝဲလည်လည်ဖြစ်နေသည့် ဆန်းဒါးလန်းမှာ ယနေ့မနက်က ကစားခဲ့သည့် အဲဗာတန်အသင်းနှင့် ပွဲတွင် ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် တန်ကျန်ခွင့် ရရှိသွားခဲ့ပြီဖြစ်ပြီး ခါးသီးသောပြိုင်ဘက် နယူးကာဆယ်နှင့် နော်ဝစ်ခ်ျတို့မှာမူ အက်စတွန်ဗီလာနှင့်အတူ တန်းဆင်းသွားရပြီဖြစ်သည်။

    ဘိုင်ယန်နှင့်အတူ ဘွန်ဒစ်လီဂါနှင့် ဂျာမန်ရှုံးထွက်ဖလားတို့အား ဆွတ်ခူးခဲ့ဖူးသူ ကီရ်ခ်ျဟော့ဖ်က အသင်း၏ အောင်မြင်မှုကို ချီးကျူးခဲ့သည်။

    “တကယ့်ကို ကောင်းပါတယ်ဗျာ။ ဖလားရသလောက်နီးနီးကို ပျော်ပါတယ်။ မယုံကြည်နိုင်လောက်စရာပါပဲ။ ကျွန်တော်တို့ဟာ အန္တရာယ်တွေ၊ ခက်ခဲတဲ့အခြေအနေတွေကို ဖြတ်သန်းခဲ့ရပြီး နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။ ဒီညမှာ ကျွန်တော်တို့ဟာ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့ပါတယ်” ဟု ကီရ်ခ်ျဟော့ဖ်က ပြောကြားခဲ့သည်။

    နည်းပြဆမ်အလာဒွိုက်စ်ကမူ ယခုကဲ့သို့ ပရီးမီးယားလိဂ်တွင် ဆက်လက်တင်ကျန်နေခဲ့ခြင်းမှာ ဇန်န၀ါရီလတွင် ရောက်ရှိလာခဲ့သည့် ကစားသမားများကြောင့်ဖြစ်သည်ဟု ဆိုသည်။

    Ref: Goal

  • ဆန်းဒါးလန်းနည်းပြ ရာထူးမှ နှုတ်ထွက်

    ဆန်းဒါးလန်းနည်းပြ ရာထူးမှ နှုတ်ထွက်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    sund

    – ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲအပြီး နိုင်ပွဲတစ်ပွဲမှမရှိဘဲ အဆင့် ၁၉ သို့ ရောက်နေသည့် ဆန်းဒါးလန်အသင်း၏ နည်းပြဖြစ်သူ ဒစ် အဒ်ဗိုကတ်မှာ နည်းပြရာထူးမှ ယနေ့တွင် နှုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး ဖိအားများသည့် ပရီးမီးယားလိဂ်တွင် ယခုနှစ်၏ ပထမဆုံး နည်းပြရာထူး အပြောင်းအလဲဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

    မတ်လက စတင် တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပေါင် ၂၅ သန်း အသုံးပြု၍ ကစားသမားများကို ၀ယ်ကာ အသင်းအား အားဖြည့်ခဲ့သော်လည်း ဆိုးရွားသော ခံစစ်မှတ်တမ်းဖြင့် ဆန်းဒါးလန်းမှာ ယခုအချိန်အထိ ၁ မှတ်သာရရှိထားပြီး အဒ်ဗိုကတ်ကမူ အသင်းအား ပြောင်းလဲပစ်ရန် အချိန်အများအပြားလိုအပ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်အနောက်မှာ ရပ်တည်ပေးခဲ့ကြသူတွေ အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒီအသင်းဟာ ကြီးကျယ်တဲ့လူအများအပြားနဲ့ အလွန်ထူးခြားတဲ့အသင်းပါ။ ဒါပေမယ့် ဒီအချိန်ဟာ ဒီလိုလုပ်ဖို့ သင့်တော်တဲ့အချိန်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော့်အတွက်မဟုတ်ပါဘူး။ အသင်းအတွက်ပါ”

    Ref: Goal