News @ M-Media

Tag: Tamil

  • စင်ကာပူတွင် တမီလ် လူမျိုးများ နှစ်သစ်ကူးပွဲ ၀န်ကြီးချုပ် လီရှန်လွန်းတက်ရောက် ချီးမြှင့်

    ဧပြီ ၄ ၊ ၂၀၁၄
    M-Media

    1533731_688195584556248_7039134017642373160_n

    စင်ကာပူတွင် တမီလ်လူမျိုးများ၏ နှစ်သစ်ကူးပွဲတော်ကို ယနေ့ကျင်းပရာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတက်ရောက် ချီးမြှင့်ကြောင်း လီရှန်လွန်း၏ ဖေ့ဘွတ် စာမျက်နှာတွင် ဖော်ပြထားသည်။

    လီရှန်လွန်းက တဆက်တည်း ဧပြီလ၌ ဘင်္ဂါလီများ၊ မာလာယလန် လူမျိုးများ လည်း နှစ်ကူးကြကြောင်း၊ ဆခ်လူမျိုးများလည်း Vaisakhi ပွဲတော် ဆင်နွှဲကြကြောင်းဖြင့်ရေးသားထားပြီး အိန္ဒိယ အဆက်အနွယ် လူမျိုး အားလုံး ပျော်ရွှင်သော နှစ်သစ်ဖြစ် ပါစေကြာင်းဖြင့် ၄င်းကိုယ်တိုင်ရေးသား ကာ နှုတ်ခွန်းဆက်ထားသည်။