News @ M-Media

Tag: Train_Crash

  • စပိန်သမိုင်းတွင် နှစ်ပေါင်း ၆၀ ကျော်တွင်း အဆိုးရွားဆုံး ရထားမှောက်မှုကြောင့် လူပေါင်း၇၈ ယောက် သေဆုံး

    ဇူလိုင်-၂၅၊ ၂၀၁၃
    M-Media

    Spain-Train-Derailment

    စပိန်နိုင်ငံ အနောက်မြောက်ဘက်တွင် ရထားမောင်းသူ၏ ပေါ့ဆမှုကြောင့် ရထား လမ်းချော်တိမ်းမှောက်ခဲ့ပြီး သေဆုံးသူ ခရီးသည် ၇၈ ဦး ရှိသွားပြီးဖြစ်သည်။  ရထားမောင်းသူအား တာဝန်ရှိသူများက စစ်ဆေးနေသည် ဟု သိရသည်။

    လုံခြုံရေး ကင်မရာမှ ဗီဒီယိုတွင် မက်ဒရစ် (Madrid) မှ ဖီိရိုလ် (Ferrol) သို့ သွားသော ရထားသည် ရထားလမ်းကြောင်း အကွေ့တစ်ခု၌ အရှိန်မထိန်းနိုင်ဘဲ သံလမ်းမှ လမ်းချော်သွားကာ လမ်းဘေးသို့ ထိုးကျသွားပြီး မှောက်သွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    ထို မတော်တဆမှုသည် ဆန်တီအေဂို ဒီ ကွမ်ပ်ပိုစတီလာ (Santiago de Compostela) အနီးတွင် ဖြစ်ပွားခဲ့ပြီး၊ လူ ၁၆၀ ကျော် ဒဏ်ရာရ၍ လူ ၃၂ ယောက် အရေးပေါ်လူနာဖြစ်ခဲ့သည်။

    စပိန်သည် ထိုရထားမှောက်မှုအား ၀မ်းနည်းခြင်းအထိန်းအမှတ် ၃ ရက်တိုင်လုပ်မည်ဖြစ်ကြောင်း၊ စပိန်နိုင်ငံ၏သမိုင်းတွင် ထို အဖြစ်အပျက်သည် အဆိုးအ၀ါးဆုံး အဖြစ်အပျက်ထဲမှ တစ်ခုဖြစ်သည် ဟုဆိုသည်။

    ရထား၏ မောင်းနှင်ရေး ထိန်းချုပ်မှုပစ္စည်းသည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တရားရုံးတော်သို့ ပို့ဆောင်ထားသည် ဟု သိရသည်။

    Ref: BBC

    Photo-USA Today