News @ M-Media

Tag: UK

  • ဗြိတိန်တွင် ပါပါရာဇီများ လိမ်လည်ခေါ်ဆိုတဲ့ ဖုန်းကိစ္စကြောင့် သူနာပြုတယောက် ဆွဲကြိုးချ သတ်သေ

    ဗြိတိန်တွင် ပါပါရာဇီများ လိမ်လည်ခေါ်ဆိုတဲ့ ဖုန်းကိစ္စကြောင့် သူနာပြုတယောက် ဆွဲကြိုးချ သတ်သေ

    ဒီဇင်ဘာ ၁၂ ၊ ၂၀၁၂
    M-Media

    ဗြိတိန် အိမ်ရှေ့မင်းသား ချာလ်းစ် အဖြစ်ဟန်ဆောင်ဖုန်းခေါ်သည့် သတင်းထောက် နှစ်ဦးအား  ဆေးရုံတက်နေသည့် မင်းသားဝီလျံ၏ ဇနီးသည်  အကြောင်း ဖြေကြားခဲ့သည့် သူနာပြုဆရာမတဦး ဒီဇင်ဘာ ၁၂ ရက်တွင်  ဆွဲကြိုးချကာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

    လန်ဒန်မြို့လယ်ရှိ ကင်းအက်ဒ်ဝပ်(၇) ဆေးရုံနှင့် ကပ်လျှက်ရှိသော သူနာပြုဆရာမများ အိမ်ရာရှိ ဂျစင်သာ စလ်ဒါနား အခန်းမှာ ဤ အဖြစ်အပျက်အား သောကြာနေ့ နံနက်က ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။

    ကလေး၂ယောက်မိခင်၊ အသက် ၄၆ နှစ်အရွယ်ရှိ မစ္စစ် စလ်ဒါနားသည် ပြီးခဲ့သည့် အင်္ဂါနေ့က သြစတြေးလျနိုင်ငံ ဒီဂျေအက်စ် ရေဒီယို အသံလွှင့်ဌာနမှ သတင်းထောက်များက ဘုရင်မကြီးနှင့် အိမ်ရှေ့စံ ချာလ်းစ်မင်းသားအဖြစ် ဟန်ဆောင်ကာ ဖုန်းခေါ်ခဲ့တာ ဖြစ်ပြီး သေဆုံးသွားတဲ့ သူနာပြုဆရာမဟာ မင်းသားဝီလျံ၏ ဇနီးသည် ဒတ်ချက် အော့ ကမ်းဘရစ်ခ်ျ (မင်းသမီး ကိတ်) ကုသမှုခံယူနေသည့် အဆောင်သို့ ဖုန်းကို လွှဲပြောင်းပေးခဲ့ပါသည်။ မင်းသမီးကိတ်ဟာ ကိုယ်ဝန်ရှိခါစ ဖြစ်ပေါ်တတ်တဲ့ ဝေဒနာကြောင့် ဆေးရုံတတ် ကုသမှုခံနေခြင်းဖြစ်သည်။

    ဒုတိယ သူနာပြုမှာ မင်းသမီး၏ လက်ရှိ အခြေအနေ အားလုံးကို အဆိုပါ ပါပါရာဇီ သတင်းသမားများကို သို့ ပြောပြခဲ့သည်။

    ပါပါရာဇီများ လိမ်လည် ဖုန်းခေါ် သတင်းယူချိန် နံနက် ၅း၃၀ နာရီမှာ မစ္စစ် စလ်ဒါနားမှာ မေရီဘုန်း ဆေးရုံတွင် တာဝန်ကျနေတဲ့  အကြီးတမ်းသူနာပြုဖြစ်သည်။

    ထိုအကြောင်းအရာမှာ ယမန်နေ့က သေဆုံးသွားသော မစ္စစ် စလ်ဒါနား၏ ခန္ဓာကိုယ်မှ ရှာဖွေတွေ့ရှိခဲ့တဲ့ သေကြောင်းကြံရသည့် စာထဲတွင်  တွေ့ရှိခဲ့တာဖြစ်ပါသည်။

    ထိုပြသနာကို သေကြောင်း ကြံစည်မှုစာတွင် တခုတည်းသော သဲလွန်စအဖြစ် ဖေါ်ပြထားသည်မှ လွဲ၍ ထို ပါပါရာဇီ သတင်းသမားများ လှည့်ဖျား ခေါ်ဆိုခံရသည့် ဖုန်းပြသနာတွင် သူမ ပါဝင်ပတ်သက်နေကြောင်း မစ္စစ် စလ်ဒါနားက သူမ၏ မိသားစုများကိုပင် ပြောဆိုခဲ့ခြင်းမရှိပေ။

    မစ္စစ် စလ်ဒါနား၏ မိသားစုများက သူမသေဆုံးမှု အတွက် စိုးရိမ်မကင်း ဖြစ်မိကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။

    အိန္ဒိယနိုင်ငံ မန်ဂလိုမှာ နေတဲ့  သူမ၏အကို နဗီးန်က “ အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ အရမ်းကို စိုးရိမ်နေပါတယ်။   ဒါနဲ့ပတ်သက်ပြီး စိုးရိမ်မှုကြောင့် စိတ်ဖိစီးမှုတွေရှိနေတယ်။” ဟုပြောသည်။

    ဆက်လက်၍ သူ့အနေဖြင့်  ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကို မိသားစုအား ယခုအပတ်အတွင်း ထုတ်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ သို့မှသာ အိန္ဒိယနိုင်ငံတွင် သဂြိုဟ်ရန် စီစဉ်နိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုသည်။

    မိသားစုများက မစ္စစ် စလ်ဒါနား သေဆုံးမှုအပေါ် ပြည့်စုံသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အတန်တန် တောင်းဆိုထားကြပါသည်။

    တာဝန်ရှိ အထက်လူကြီးများက ဌာနတွင်းစုံစမ်းမှုများ ပြုလုပ်လိမ့်မည်ဟု ပြောသော်လည်း သူမ၏ခင်ပွန်း ဘင်န် ၄၉ နှစ် နှင့် သားသမီး ၂ ဦးမှ  ဖြစ်တဲ့ ဂျူနယ်လ် ၁ရ နှစ်နှင့် လီရှာ ၁၄ နှစ် တို့က “အဖြစ်အပျက် အစအဆုံးကိုသာ” သိလိုကြောင်း ပြောသည်။

    မိသားစုကိုယ်စား လေဘာပါတီဝင် ကိတ်ဗတ်ဇ် ကလည်း ဆေးရုံ ဥက္ကဌ လောဒ့် ဂလင်နာသာနှင့် တွေ့ဆုံပြီး မစ္စစ် စလ်ဒါနား သေဆုံးမှုအတွက် ပြည့်စုံသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုလိုက်ပါသည်။ သူက “မိသားစုများကို ခုချိန်မှာ သူတို့လိုအပ်တဲ့ အချက်အလက် အပြည့်အစုံ ပေးသင့်တယ်” ဟု ပြောသေးသည်။

    ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း ကွယ်လွန်သူရဲ့ မိသားစုများကို ယခုအချိန်တွင် သူတို့လိုအပ်သမျှ အချက်အလက် အပြည့်အစုံပေးသင့်ကြောင်း ယမန်နေ့က ကျင်းပသည့် အောက်လွှတ်တော် ဆက်သွယ် ဆောင်ရွက်ရေး ကော်မတီတွင် တင်သွင်းသည့် မစ္စတာ ဗတ်ဇ်၏ အဆိုကို သဘောတူခဲ့သည်။

    သြစတေးလျ ရေဒီယို အစီအစဉ် အကြီးအကဲများက လိမ်လည် ဖုန်းခေါ်ခဲ့သည့် တူဒေးအက်ဖ်အမ်ကို ထိုသို့ ဆောင်ရွက်မှုအတွက် ပြစ်တင်လျက်ရှိသည်။

    သူတို့အနေဖြင့် အနည်းဆုံး ပေါင်စတာလင် ၃၂၆၆၄၃ ကို ကင်းအက်ဒ်ဝပ် (၇) ဆေးရုံတွင် အောက်မေ့ဖွယ် ရန်ပုံငွေအဖြစ် မစ္စစ်စလ်ဒါနား အမည်ဖြင့် လှူဒါန်းမည့်အပြင် ခရစ္စမတ်ပွဲတော်ကိုလည်း ဖျက်သိမ်းမည်ဖြစ်ကြောင်း ပြောဆိုသည်။

    သေဆုံးရခြင်းအကြောင်း အတည်ပြုစစ်ဆေးမှု၏ အဖြေကို နက်ဖြန်တွင် မစ္စစ် စလ်ဒါနား သေဆုံးခြင်းအပေါ် သေမှုသေခင်း အမှု့ဖွင့်သည့် အချိန်၌ ထုတ်ပြန်လိမ့်ဖြစ်ကြောင်း သိရသည်။

    ကိုးကား ၊ http://www.independent.co.uk/

  • ကုရ်အာန်ကို နေ့စဉ် ဖတ်ရွတ်ကြောင်း ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲရ် ပြောကြား

    ကုရ်အာန်ကို နေ့စဉ် ဖတ်ရွတ်ကြောင်း ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲရ် ပြောကြား

    နိုဝင်ဘာ၊ ၂ ၊ ၂၀၁၂
    M-Media

    Source: magtimes.com

    မွတ်စလင်မ်တွေရဲ့ ဘာသာတရား (အစ္စလာမ်) ပာာ လှပ တင့်တယ်သလို တမန်တော် မုပာမ္မဒ်(ဆွ) ကလည်း ကြီးမြတ်တဲ့ လူယဉ်ကျေး လူ့ အဖွဲ့အစည်း အင်အားစု တစ်ရပ် ထူထောင်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ် လို့ Observerမဂ္ဂဇင်းနဲ့ အင်တာဗျုးတစ်ရပ်မှာ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲရ်က ပြောပါတယ်။

    “ကျွန်တော်က သမ္မာကျမ်းစာကို နေ့တိုင်းဖတ်သလို၊ ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း နေ့တိုင်းဖတ်ရွတ်ပါတယ် “လို့ ၀န်ကြီးချုပ်ဟောင်း က အဆိုပါ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။

    အစ္စလာမ့် ကျမ်းစာ (ကျမ်းမြတ်ကုရ်အာန်) ဖတ်ရွတ်ခြင်းဟာ ဘာသာရေး အသိအမြင် တိုးပွားစေတယ်လို့လည်း ဘလဲရ် က ထပ်ဆင့် ပြောကြားသွားပါသေးတယ်။

    အခုလို ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ပက်သက်ပြီး ၀န်ကြီးချုပ်ဟောင်းက ပြောကြားတာ ပထမအကြိမ် မဟုတ်ပါဘူး။ ၂၀၀၆ခုနှစ်မှာလည်း ကျမ်းမြတ် ကုရ်အာန်ဟာ (အမှားတွေကို) ပြုပြင်ပြောင်းလဲပေးတဲ့ ကျမ်းစာတစ်စောင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

    ဗြိတိန် ဝန်ကြီးချူပ်ဟောင်း ဘလဲရ် ရဲ့ မရီးဖြစ်တဲ့ Lauren Booth ကလည်း အီရန်က မြင့်မြတ်တဲ့ အထွတ်အမြတ်ထားရာ သမိုင်းဝင်နေရာတွေကို သွားရောက် လည်ပတ်ပြီးတဲ့နောက်မှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်လာသူ ဖြစ်လာပါတယ်။

    Lauren Booth ရဲ့ပုံတွေကတော့ သတင်းမှာ မပါပေမယ့်  ဖြည့်စွက် ထည့်ထားခြင်း ဖြစ်ပါတယ်။

    Booth stands next to a damaged building in Gaza in 2008

    အစ္စလာမ်သာသနာကို သက်ဝင်ကူးပြောင်းပြီးနောက် Lauren Booth

     

    ဆက်လက်ဖတ်ရှု့လိုလျှင်

    http://www.dailymail.co.uk/news/article-2002883/Tony-Blair-reads-Koran-day-stay-faith-literate.html

  • မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်

    မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်

    အောက်တိုဘာ၊ ၃၊ ၂၀၁၂
    Soure: RFA

    မြန်မာနိုင်ငံဆိုင်ရာဗြိတိတိန်သံအမတ်ကြီး Mr. Andrew Heyn (ဓါတ်ပုံ မြန်မာတိုင်းမ်)

    မြန်မာနိုင်ငံဆိုင်ရာဗြိတိတိန်သံအမတ်ကြီး Mr. Andrew Heyn နဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လူမျိုးနှစ်ခု အအကြားအမြင်တွေကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ဖို့အတွက် မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိခဲ့ပါတယ်။

    မနေ့က ညနေပိုင်းမှာ စစ်တွေမြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွေက တာဝန်ရှိသူတွေ၊ ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်ပြည်နယ်)၊ အပါအ၀င် လူမှုရေးအဖွဲ့အစည်း ၆ ခုက တာဝန်ရှိသူတွေနဲ့ နိုဗယ်ဟိုတယ်မှာသီးသန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

    ဒီဆွေးနွေးမှုတွေအပေါ်မှာ ဗြိတိန်သံအမတ်ကြီးက ပဋိပက္ခတွေကို လေ့လာတဲ့အခါ မကြားဖူးသေးတဲ့ ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာတွေနဲ့ အမျိုးသားရေးဆိုင်ရာကြန်အင်လက္ခဏာ၊ စီးပွားရေးရာ စတဲ့ကိစ္စတွေအပေါ် သူတို့အနေနဲ့ စိုးရိမ်မှုတွေဖြစ်ရကြောင်း၊ လက်ရှိပြဿနာကို တစ်ထိုင်တည်းနဲ့ဖြေရှင်းလို့မရနိုင်ဘဲ ကာလတိုရှည် စီမံကိန်း ချမှတ်ကာ ဖြေရှင်းဖို့လိုအပ်ကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးရှိဖို့ လိုအပ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

    ဗြိတိန်သံအဖွဲ့ဟာ ဒီကနေ့မှာ မောင်တောမြို့နယ်က ဒေသခံတွေနဲ့တွေ့ဆုံဖို့ သွားရောက်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ အခုနှစ်အတွင်းမြန်မာနိုင်ငံရဲ့ ပညာရေး၊ လူမှုရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃ သန်းကူညီထောက်ပံ့ပေးထားတယ် လို့လည်းသိရပါတယ်။

  • ဗြိတိန် မွတ်စလင် အိုလံပစ် သူရဲကောင်း ‘မုဟမ္မဒ်ဖာရာ ‘

    ဗြိတိန် မွတ်စလင် အိုလံပစ် သူရဲကောင်း ‘မုဟမ္မဒ်ဖာရာ ‘

    လန်ဒန် ၂၀၁၂ အိုလံပစ်ပွဲတော်ကြီး ပြီးဆုံးသွားခြင်းနဲ့အတူ နိုင်ငံအသီးသီးမှ မိမိတို့၏ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို  သူရဲကောင်းများ သဖွယ် မြှောက်စားနေကြချိန်ဝယ် နိုင်ငံအလိုက် ဆုတံဆိပ် အများဆုံး တတိယနေရာ ဆွတ်ခူး ရရှိခဲ့တဲ့ အိမ်ရှင် ဗြိတိန်မှာလည်း သူရဲကောင်းအသစ်တစ်ဦး ထပ်မံပေါ်ထွက်ခဲ့ပါတယ်။

    အိုလံပစ် ရွှေတံဆိပ် ၂ ဆုရှင် ဗြိတိန်မွတ်စလင်မ်”မုဟမ္မဒ်ဖာရာ”

    မကြာသေးမီက  ဗြိတိန်အတွက် မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု ရယူပေးခဲ့တဲ့ ‘မွတ်စလင်’တစ်ဦးဖြစ်သူ အပြေးချန်ပီယံ ‘မို ဖာရာ’ က အိုလံပစ်ပြိုင် ပွဲပြီးဆုံးခါနီးမှာ မီတာ ၅၀၀၀ အပြေးပြိုင်ပွဲမှာ နောက်ထပ် ရွှေတံဆိပ်တစ်ခု ထပ်မံ ဆွတ်ခူးပေးလိုက်နိုင်ခဲ့ပါတယ်။ ဂျမေကာက ‘အူစိန် ဘို့’ကဲ့သို့  ‘မို ဖာရာ’ကလည်း ဗြိတိန်ရဲ့ အိုလံပစ်သူရဲကောင်း စာရင်းဝင်သွားပါပြီ။

    သူ့ကို အာဖရိကတိုက် ‘ဆိုမာလီယာ’နိုင်ငံမှာ မွေးဖွားခဲ့ပြီး အခု အသက် ၂၉ နှစ်ရှိကာ ၉ နှစ်သားအရွယ် မိဘများနဲ့အတူ ဗြိတိန်သို့ ပြောင်းရွှေ့အခြေချချိန်မှာ အင်္ဂလိပ်စကား တစ်လုံးတောင်မှ မပြောတတ်ခဲ့သူပါ။ အခုတော့ ဗြိတိန်ကိုယ်စားပြု အိုလံပစ်သမိုင်း အမြန်ဆုံး အပြေးသမား စံချိန်တင်နိုင်ခဲ့ပါပြီ။

    ပရိတ်သတ် ၈၀၀၀၀ ကျော်ရဲ့ ဩဘာသံတွေနဲ့ မဟာအောင်ပွဲခံသူ  ‘မို ဖာရာ’ကို သတင်းထောက်တစ်ယောက်က ‘ဆိုမာလီယာ ကိုယ်စားပြု ဝင်ပြိုင်ဖို့ရှိလား’လို့ မေးလေတော့ ‘မွတ်စလင်’ ပီပီ သစ္စာရှိသူ  ‘မို ဖာရာ’က ‘လုံးဝ မရှိဘူး မိတ်ဆွေ၊ ဒါ ကျုပ်နိုင်ငံပဲ’လို့ ပြတ်သားရဲရင့် ပွဲလယ်တင့်စွာ ပြန်ဖြေခဲ့ပါတယ်။

    မြန်မာဂုဏ်ဆောင် နိုင်ငံကစားသမားများ တွင် မြန်မာမွတ်စလင်မ် ပေါ်ထွန်းခဲ့သည့် သမိုင်း အစဉ်အလာရှိခဲ့သော ကျနော်တို့လည်း မဝေးလှတဲ့ တစ်ချိန်ချိန်မှာ ‘ငါမြန်မာ မွတ်စလင် ဟေ့’လို့ ဂုဏ်ယူဝင့်ကြွားနိုင်ဖို့ ဆန္ဒပြုရင်း ….

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    ကိုးကား

    http://www.telegraph.co.uk/sport/olympics/9470078/London-2012-Olympics-crowd-rises-for-Mo-Farah-our-greatest-athlete-in-the-greatest-Games.html

  • အိုလံပစ် အမျိုးသား မီတာ ၁ သောင်းတွင် ဗြိတိန်နိုင်ငံသား မုဟမ္မဒ်ဖာရာ ဗိုလ်စွဲ

    အိုလံပစ် အမျိုးသား မီတာ ၁ သောင်းတွင် ဗြိတိန်နိုင်ငံသား မုဟမ္မဒ်ဖာရာ ဗိုလ်စွဲ

    လန်ဒန်
    သြဂုတ် ၄ ရက်၊ ၂၀၁၂
    source: http://london-games.reuters.com/

    ဗြိတိန်နိုင်ငံ၏ ပထမဆုံးသော မီတာ ၁ သောင်း အိုလံပစ်ချန်ပီယံအဖြစ် မွတ်စလင်မ်အမျိုးသား မုဟမ္မဒ် ဖာရာဟ်က ရပ်တည်ပေးလိုက်နိုင်ပြီဖြစ်သည်။ ယမန်နေ့က ကျင်းပသော အိုလံပစ် အမျိုးသား မီတာ ၁ သောင်းဖိုင်နယ်တွင် အိမ်ရှင်ပရိသတ်တို့၏ မျှော်လင့်ချက်ကြီးကြီးမားမား အထားခံထားရသော မုဟမ္မဒ်ဖာရာပြိုင်ပွဲ ၀င်နေစဉ် ခြေလှမ်းတိုင်း၌ အိမ်ရှင်ပရိသတ်ထုကြီး၏ အော်ဟစ်အားပေးသံများဖြင့် ညံနေခဲ့သည်။

    ဗြိတိန်နိုင်ငံ၏ ပထမဆုံးသော မီတာ ၁ သောင်း အိုလံပစ်ချန်ပီယံအဖြစ် မွတ်စလင်မ်အမျိုးသား မုဟမ္မဒ် ဖာရာဟ်က

    အသက် ၂၉ နှစ်ရှိပြီဖြစ်သော ဖာရာအနေဖြင့် အိုလံပစ်၊ အမျိုးသားမီတာ ၁ သောင်း တာဝေးအပြေးပြိုင်ပွဲ၌ မိမိမြေတွင်ပင်ပထမဆုံးဗိုလ်စွဲနိုင်သော အားကစားသမားဖြစ်လာပြီး စံချိန်မှာ ၂၇ မိနစ် ၃၀.၄၂ စက္ကန့်ဖြစ်သည်။ ဒုတိယ ငွေတံဆိပ်ရရှိခဲ့သော အမေရိကန်နိုင်ငံသား ဂလန် ရက်ပ်နှင့် စက္ကန့်ဝက် အသာရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

    အီသီယိုပီးယားနိုင်ငံသား အိုလံပစ် ရွှေတံဆိပ်လေးဆုရှင် နာမည်ကြီးအပြေးသမား ဘီကီလီက တတိယကြေးတံဆိပ်သာ ရရှိသည်။

    အပြေးပြိုင်ပွဲမှာ အလွန်အကြိတ်အနယ်ရှိခဲ့သလို နောက်ဆုံးတပတ်အထိ စိတ်လှုပ်ရှားမှုများစွာ ပေးနိုင်ခဲ့သည်။ ထိုနောက်ဆုံးတပတ်တွင်မှ ဖာရာက ခွန်အားကို အကောင်းဆုံးအသုံးချကာ မိမိရှေ့မှ အပြေးသမားများကို ကျော်ဖြတ်ပြီး ပထမနေရာကို ပွတ်ကာသီကာဖြင့် ပန်းဝင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    ပန်းဝင်ပြီးလျှင်ပြီးခြင်း မျက်ရည်များဖြင့် ရစ်ဝဲလျက် ပျပ်ဝပ်ဦးချကာ အောင်ပွဲခံအပြီးမှ မိမိ၏သမီးငယ်နှင့် ကိုယ်ဝန်ဆောင်ဇနီးသည်တို့နှင့်အတူ ဘ၀တသက်တွင် မေ့ဖျောက်မရနိုင်တော့မည့် သမိုင်းဝင်မှတ်တမ်းအတွက် ပွေ့ဖက်အောင်ပွဲခံခဲ့ကြသည်။

    ငွေတံဆိပ်ရ ဖာရာ၏ လေ့ကျင့်ဖော် ရက်ပ်ကမူ ၁၉၆၄ နောက်ပိုင်း အမေရိကန်နိုင်ငံသားတစ်ယောက်အနေဖြင့် ထို မီတာ ၁ သောင်းပြေးပွဲတွင် ဆုတံဆိပ်ရခဲ့ခြင်းဖစ်သည်။