News @ M-Media

Tag: waing

  • ၁၈-ရက် စက်တင်ဘာ. (ကဗျာ)

    ၁၈-ရက် စက်တင်ဘာ. (ကဗျာ)

    စက်တင်ဘာ၊ ၁၈၊ ၂၀၁၂

    M-Media

    ဝိုင်း

    ဘယ်တော့မှ မမေ့ဘူး။

    ၄-တန်းကျောင်းသူအရွယ်

    နုနယ်တဲ့ နှလုံးသားမှာ

    တဒိုင်းဒိုင်းနဲ့ သေနတ်သံတွေ

    ဖုံးလွှမ်းရာကို သိသောနေ့ . . . ။

    ရှစ်လေးလုံးရဲ့

    နောက်ဆက်တွဲ အကျိုးဆက်အဖြစ်

    မိခင်နဲ့ဖခင်ရဲ့ ပြန်လာချိန်ကို

    စိုးရိမ်ကြီးစွာ စောင့်မျှော်ခဲ့ရတဲ့

    နုနယ်တဲ့ နှလုံးသားမှာ

    သောကများစွာ

    စတင် ဖုံးလွှမ်းသောနေ့.  . . . ။

    အိမ်ပေါ်ထိ စစ်ခြေနင်းတွေ စီးနင်းပြီး

    ရိုင်းစိုင်းတဲ့ အပြုအမူတွေကို

    မျက်ဝါးထင်ထင်မြင်တွေ့ရပြီး

    စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကို

    နာကျင်မှု စတင်ခဲ့သောနေ့.  . . . ။

    ၁၈-၉-၁၉၈၈ မှသည် ၁၈-၉-၂၀၁၂ သို့ . . .