
Blog
-
ဆေးလိပ်ဖြတ်ခြင်း ရဲ. အကျိုးကျေးဇူးများ
အောက်မှာ ဖော်ပြထားတာကတော့ ဆေးလိပ်ဖြတ်ခြင်း အကျိုးကျေးဇူးတွေပါ။
၁။ ဘဝသက်တမ်းပိုရှည်ကြာခြင်း။ဆေးလိပ်သောက်တဲ့သူ ၂ ယောက်မှာ ၁ ယောက်က ဆေးလိပ်နဲ့ ပတ်သက်တဲ့ရောဂါတွေကြောင့် ဘဝသက်တမ်းတိုပါတယ်။ မလေးရှားမှာ ဆေးလိပ်ကြောင့် နှစ်စဉ် လူ ၅ ထောင်ခန့် သေဆုံးပါတယ်။၂။ အဆိပ်အတောက်များမှ ကင်းဝေခြင်း။ဆေးလိပ်ငွေ့မှာ ဓါတ်ပစ္စည်းပေါင်း ၄ သောင်းကျော်ပါပါတယ်။ အဲဒီအထဲက ၆၃ မျိုးက ကင်ဆာရောဂါ ဖြစ်စေနိုင်ပါတယ်။၃။ ရောဂါများမှ ကာကွယ်ခြင်း။ဆေးလိပ်ကြောင့် ဖြစ်တဲ့ ရောဂါအမျိုးအစားပေါင်း ၄၀ ကျော်ဖြစ်နိုင်ပါတယ်။ အဆုတ်ကင်ဆာ၊ နှလုံး ရောဂါ၊ နာတာရှည်လေပြွန်ရောင်ခြင်း၊ အဆုပ်ပွရေဝင်ရောဂါ၊ လေဖြတ်၊ အစာအိမ်နာ အစရှိသဖြင့် ရောဂါတွေပါ။၎။ ကျန်းမာတဲ့ဘဝ။ဆေးလိပ်မသောက်သူတွေကတော့ ဆေးလိပ်သောက်သူထက်စာရင် ချောင်းဆိုး၊ အအေးပတ်၊ အဆုတ်ရောဂါပိုးဝင်ခြင်းနဲ့ အခြားအသက်ရှုလမ်းကြောင်းရောဂါတွေ အဖြစ်နဲတာကို တွေ့ရပါတယ်။ ဒါအပြင် ဆေးလိပ်ဖြတ်ခြင်းကြောင့် အမျိုးသားတွေမှာ တခြားအကျိုးကျေးဇူးတွေရှိပါသေးတယ်။၅။ အခြားသူများအား ကာကွယ်ခြင်း။ဆေးလိပ်သောက်သူကိုသာမက အနီးပတ်ဝန်းကျင်ကလူတွေ၊ သင့်ရဲ.အိမ်သားတွေ၊ ကလေးတွေကိုပါ ရောဂါပေးပါတယ်။ သူတို့တွေဟာ ကိုယ်တိုင်မသောက်ပေမဲ့ (passive smoker) သောက်တဲ့ သူ ဖြစ်တဲ့ ရောဂါတွေအတိုင်း ခံစားရတက်ပါတယ်။၆။ စံပြပုဂ္ဂိုလ်။သင်ဟာ သင့် ကလေးတွေ၊ ညီ/ညီမတွေရဲ. စံပြပုဂ္ဂိုလ်ပါ။ လူကြီးမိဘ ဆေးလိပ်သောက်တက်ရင် ကလေးတွေလဲ ဆေးလိပ်သောက်နိုင်ခြေပိုများပါတယ်။၇။ ကျန်းမာတဲ့ ကလေးတွေဖြစ်နိုင်ခြင်း။ဆေးလိပ်သောက်တဲ့ မိဘကြောင့် ကလေးတွေဟာ အဆုပ်ပွရောဂါအပြင် နားနှာခေါင်းလည်ချောင်း ရောဂါပိုးဝင်ရောက်တက်ပါတယ်။ သင်ဆေးလိပ်ဖြတ်ခြင်းကြောင့် သင့်ကလေးတွေကို ရောဂါဖြစ်ခြင်းမှ ကာကွယ်ပြီးသား ဖြစ်ပါတယ်။၈။ လန်းဆန်းတက်ကြွခြင်း။ဆေးလိပ်သောက်သူတွေဟာ အလွယ်တကူ မောပန်းလွယ်တက်ပါတယ်။၉။ အရသာနဲ့ အနံ့ခံအာရုံ ပိုမိုကောင်းမွန်လာခြင်း။ဆေးလိပ်ဖြတ်လိုက်တာနဲ့ အရသာနဲ့ အနံ့ခံအာရုံတွေ ပုံမှန်အတိုင်း ကောင်းမွန်လာပါတယ်။၁၀။ ကျန်းမာတဲ့ အရေပြားပိုင်ရှင်ဖြစ်ခြင်း။ဆေးလိပ်သောက်တဲ့သူတွေဟာ လုံလောက်တဲ့ oxygen အောက်ဆီဂျင် မရတဲ့အတွက် အသားအရောင်မွဲခြောက်ပြီး ဆံပင်ဖြူမြန်ကာ အသက်ကြီးရင့်လွယ်ပါတယ်။၁၁။ သန့်ရှင်းလတ်ဆတ်တဲ့ လေရခြင်း။ဆေးလိပ်ဖြတ်လိုက်တော့ ရှုတဲ့လေက ပိုမို သန့်ရှင်းလန်းဆန်းလာပါတယ်။ ဆေးလိပ်ကြောင့် ဆီးသွားတဲ့အခါနဲ့ ချွေးထွက်တဲ့အခါ ရရှိတဲ့ အနံ့ဆိုးတွေပါ ကင်းဝေးသွားပါတယ်။၁၂။ သွားများဖြူလာခြင်း။ဆေးလိပ်သောက်သူရဲ.သွားတွေ ဝါညစ်ညစ်နဲ့ အရောင်ပြောင်းလာတဲ့အတွက် အပြုံးတွေလဲ မလှပပါဘူး။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ စွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်လာနိုင်မှာပါ။၁၃။ အဝတ်အစားနဲ့ ဆံပင်များမှာ အနံ့စွဲခြင်းမှ ကင်းဝေးခြင်း။ဆေးလိပ်သောက်သူရဲ. ဆံပင်နဲ့ အင်္ကျီတွေမှာ ဆေးလိပ်အနံ့ဆိုတွေ စွဲကပ်နေတက်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ရင် ဒီအနံ့ဆိုးတွေ ကင်းသွားတာကို သိသိသာသာ သတိထားမိနိုင်ပါတယ်။၁၄။ ငွေကြေးစုဆောင်းမိခြင်း။ဆေးလိပ်တစ်ဗူးနေ့စဉ်သောက်ရင် တစ်နှစ်မှာ မလေးငွေ ၃ ထောင် (မြန်မာငွေ ၇ သိန်းခွဲလောက်) ကုန်ကျနိုင်ပါတယ်။ မိမိနေထိုင်တဲ့ နိုင်ငံငွေကြေးနဲ့ တွက်ကြည့်ပါ။ ဆေးလိပ်မသောက်ရင် ဒီငွေတွေ စုမိမှာပါ။ ဆေးလိပ်ဖြတ်လိုက်ပါက ဒီငွေတွေကို တခြားကျေးဇူးရှိမယ့်နေရာတွေမှာ အသုံးပြုနိုင်တာပေါ့။၁၅။ သန့်ရှင်းတဲ့ ဝန်းကျင်။ဆေးလိပ်သောက်ခြင်းဟာ လေထုညစ်ညမ်းခြင်းကို ဖြစ်စေတဲ့အတွက် ဆေးလိပ်ဖြတ်လိုက်ရင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အားပေးရာ ရောက်ပါတယ်။ReferenceGuidelines to quit smoking, Health Education Division, Ministry of Health, Malaysia.ဘာသာပြန် – မြင့်မြတ်ချို http://storiesone.blogspot.com/ -
မေတ္တာကြယ်စင်(ရွှေဘို) ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ပွဲ
ရွေဘိုမြို့မှ အစ္စလာမ်ဘာသာဝင်တို့ ဦးစီးတည်ထောင်တဲ့ မေတ္တာကြယ်စင် ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ပွဲကို မဟာနန္ဒာ ခန်းမမှာ ၁၆-၁၀-၂၀၁၁ မနက် ၉ နာရီ ကနေ ၁၁ အထိကျင်းပခဲ့တယ်။ ရွေဘို ခရိုင် ရွေဘိုဒေါက်တာအသင်းဥက္ကဌ၊ မြို့မိမြို့ဖဥက္ကဌ၊ .မြို့နယ် ကြက်ခြေနီအသင်း ကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီမှတာဝန်ရှိသူများ နိုက်တင်ဂေးသူနာပြုအဖွဲ့ မြို့နယ်စာနယ်ဇင်းအဖွဲ နှင့်ဖိတ်ကြားထားသေူ ၁၅၀ ကျော်တတ်ရောက်ခဲ့ပါတယ်။
ဖွင့်ပွဲတွင် ရွေဘိုမြို့မှ ရပ်မိရပ်ဖ များ ကလည်း အားလုံး ၀ိုင်းဝန်းပြီး ဆေးခန်းအတွက် အလှူငွေများ လစဉ်ငွေများလည်း လှူဒါန်းခဲ့ကြောင်းလည်း သိရှိရပါတယ်။အတိုင်ပင်ခံ ဆရာဝန်ကြီးများ
1. ဒေါက်တာ အောင်သန်း မြို့မိမြို့ဖ ၊နယက၊ပြည်သူလွတ်တော်ကိုယ်စားလှယ်
2. ဒေါက်တာ တင်ဝင်း မြန်မာနိုင်ငံဆရာဝန်များအသင်း၊မြို့နယ်ဥက္ကဌ ၊မြို့မိမြို့ဖ ဒု-ဥက္ကဌ
3. ဒေါက်တာ ရန်နိုင်ကျော် M.B.B.S, M.Med;Sc (surg)
4. ဒေါက်တာ ထွန်းမြင့် M.B.B.S (Mdy)
5. ဒေါက်တာ အောင်သူထွန်း B.D.S, M.D.Scလက်ရှိ ဆေးခန်းထိုင်မည့် ဆရာဝန်
ဒေါက်တာ သျှားထူးနောင် M.B.B.S ဆမ -၂၉၂၁၀
မေတ္တာကြယ်စင် ကုသိုလ်ဖြစ်ဆေးခန်းကို လူမျိုးမရွေးဘာသာမရွေး အခမဲ့ကုသပေးမည်ဖြစ်ကြောင်း စေတနာရှင်များအနေဖြင့် အလှူငွေများကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသို့ဆက်သွယ်လှူဒါန်းနိုင် သတင်းရရှိပါတယ်။
ဆက်သွယ်လှူဒါန်းနိုင်သော လူကြီးမင်းများ
1. ဟာဂျီ ဦးတင်အောင် ၊ပြင်ဈေး ရွှေဘို ၀၇၅ ၂၁၁၂၃
2. ဦးမြင့်အောင် ပြင်ဈေး ရွှေဘို ၀၉ ၂၁၃၂၈၀၅
3. ဟာဂျီ ဦးတင်ထွန်း ပြင်ဈေး ရွှေဘို ၀၇၅ ၂၁၇၁၈
4. ဟာဂျီ ဦးကျော်ဦး ပြင်ဈေး ရွှေဘို ၀၉ ၂၁၀၀၃၄၀
5. ဟာဂျီ ချစ်မောင် ၊ပြင်ဈေး ရွှေဘို (ရန်ကုန်) ၀၉ ၅၁၄၁၉၆၂
6. ဟာဂျီမ ဒေါ်မိမိမိုး ၊ပြင်ဈေး ရွှေဘို ၊ ၀၉ ၄၇၀၆၂၀၄၂
7. ဟာဂျီ ဦးအောင်မြင့်ဆွေ ၊ဘူတာ (က) ၊ရွှေဘို ၊ ၀၉ ၆၄၆၀၁၁၈
8. ဦးဘို ၊ဘူတာ (က) ၊ရွှေဘို
9. ဟာဂျီ ကိုနိုင်(သမာဓိ) မြို့မ ၊ရွှေဘို ၊၀၉ ၂၁၀၀၀၁၇
10. ဟာဂျီ အွမ္မရ် ၊ မြို့မ၊ ရွှေဘို ၊၀၉ ၄၇၀၆၀၀၃၆
11. ဟာဂျီမ ဒေါ်ဂိုရီ ၊ဆင်ရုံရပ် ၊ရွှေဘို ၊၀၉ ၂၁၀၀၇၆၅
12. ဦးဇော်ဇော် ၊ဆင်ရုံရပ် ၊ရွှေဘိုမေတ္တာကြယ်စင် ဆေးခန်းအ၀င်ဝ
မေတ္တာကြယ်စင် ကုသိုလ်ဖြစ်ဆေးခန်း မှတာဝန်ရှိသူများ
မေတ္တာကြယ်စင် ကုသိုလ်ဖြစ်ဆေးခန်း ၀န်ထမ်းများ..
-
မပျော်ရွှင်နိုင်တဲ့နှစ်ပတ်လည်-အာဖဂန်နစ္စတန် (ဘာသာပြန်)
အမေရိကန်က လွတ်မြောက်ရေး အဓွန့်ရှည်ကြာစစ်ဆင်ရေးလို နာမည်ပေးပြီးအာဖဂနန်စ္စတန် မှာ စိတ်မချမ်းမြေ့ဖွယ်ရာ စစ်ပွဲဆင်နွဲနေခဲ့တာ ၁၀ နှစ်ကြာခဲ့ပြီ။
စစ်ရေးဗျူဟာအပိုင်းမှာ ကျော်ကြားသူ ဗိုလ်ချုပ် J.F.C Fuller က ဒီစစ်ပွဲ ဟာ အမေရိကန်အနေနဲ့ ရန်သူတွေကို မသတ်ဖြတ်နိုင်ပဲ နိုင်ငံရေးရလဒ်လိုလားချက်သာ ရရှိခဲ့တယ်လို့ ဆိုတယ်။
ဒါပင်မဲ့ အမေရိကန်က အာဖဂန်နစ္စတန်မှာ ဘာတွေလုပ်နေခဲ့တယ်ဆိုတာ ကြည့်ရင် ၁၀ နှစ်ကြာ စစ်ပွဲအပြီးမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၅၀ ဘီလီယန်ကုန်ကျခဲ့မှု၊ သေဆုံးသူ ၁၆၀၀၊ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရ စစ်သား ၁၅၀၀၀ နဲ့ အမေရိကန်ဟာ သူ့ရဲ. သေနင်္ဂဗျူဟာ၊ ဒါမှမဟုတ် ပန်းတိုင် ဘာတစ်ခုမှ ပိုင်ပိုင်နိုင်နိုင် မရခဲ့ပါဘူး။
အာဖဂန်မှာ အမေရိကန် စစ်သည်တစ်ယောက်အတွက် တစ်နှစ်ကို ဒေါ်လာ ၁ သန်း ကုန်ကျမှု ရှိပါတယ်။ CIA (အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့) က ခန့်ထားတဲ့ ကြေးစားစစ်သည် ၈၀၀၀၀ ရဲ. စရိတ်က ဘယ်လောက် ရှိတယ်ဆိုတာ မသိရပါဘူး။ အမေရိကန်က အာဖဂန်နဲ့ အီရတ်မှာရှိတဲ့ စစ်တပ်ဖွဲ့တွေအတွက်သုံးတဲ့ လေအေးပေးစက်ကိစ္စတင် အံ့သြဖွယ်ကောင်းလောက်အောင် ဒေါ်လာ ၂၀.၂ သန်း သုံးစွဲပါတယ်။
အမေရိကန်က ကျောထောက်နောက်ခံပြုပေးထားတဲ့ အာဖဂန်ခေါင်းဆောင် ဟာမစ်ကာဇိုင်း ရဲ. အကောင်းဆုံး ချင့်ချိန်အကဲဖြတ်ပေးထားချက်ကတော့ ”အမေရိကန်စစ်ပွဲဟာ အရပ်သားတွေ ထိခိုက်သေကြေအနာတရ ဖြစ်တာကလွဲလို့ ဘာမှ မထိရောက်ပါဘူး” ဆိုတာပါပဲ။
ဝါရှင်တန် ရဲ. ရည်မှန်းချက်က အမေရိကန်ရဲ. နိုင်ငံရေး၊ စီးပွားရေးအကျိုးအမြတ် အတွက် လုံးဝ တာဝန်ယူပေးနိုင်သော အာဖဂန်အုပ်ချုပ်ရေးနည်းစနစ် ဖြစ်ပေါ်လာရေးပါနဲ့ အိမ်ဖြူတော် အရာရှိကြီးများ ဦးဆောင်တဲ့ ဒေသခံကြေးစားစစ်တပ်ဖွဲ့ကို အသုံးပြုပြီး အီရန်ရဲ. ခြိမ်းခြောက်နေမှု၊ တရုတ်ကို အစဉ်စောင်ကြည့်နေရမှု၊ (ကမ္ဘာ့အလယ်ပိုင်းဒေသ-ရေနံ၊ သဘာဝဓါတ်ငွေ့တွင်းများ) စွမ်းအင်ကြွယ်ဝမှုကို အပိုင်ထိန်း ချုပ်ကိုင်နိုင်မှုတွေက အမေရိကန်ရဲ. စိတ်ဝင်စားမှုတွေပါ။
အမေရိကန်ရဲ. အလ်ကေဒါနဲ့ အကြမ်းဖက်မှုကို တိုက်ပွဲဆင်နေခြင်းအကြောင်းပြချက် ကတော့ အာဖဂန်အမျိုးသမီးများအတွက် လွတ်လပ်သောအခွင့်အရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး ဆိုတာတွေပါ။ ဒါတွေက စစ်ပွဲမတိုင်မီ ကြည့်ကောင်းအောင် အော်ပြောနေတဲ့ အချက်တွေပေါ့။
CIA အကြီးအကဲ Leon Panetta ကတော့ အာဖဂန်မှာ အလ်ကေဒါ အယောက် ၂၅-၅၀ ထက် ပိုမရှိပါဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါနဲ့ ဘာလို့များ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့ စစ်သား ၁ သိန်းခွဲလောက်ရှိနေရပါလိမ့်။
၂၀၀၇ မှာ အမေရိကန် ပြည်ထောင်စု လက်ထောက် အတွင်းရေးမှူး Richard Boucher ဝါရှင်တန်ရဲ. ရည်ရွယ်ချက်အစစ်အမှန်ကို ဖွင့်ပြခဲ့ပါတယ်။ ”အာဖဂန်ကို တည်ငြိမ်နေပါစေ၊ ဒါမှ တောင်ပိုင်းနဲ့ အလယ်အာရှဒေသအတွင်း အချက်အချာ စီးဆင်ရာ လမ်းကြောင်းတစ်ခုရပြီး စွမ်းအင်တွေ တောင်ပိုင်းကို စီးလာနိုင်မှာပါ” တဲ့။
အမေရိကန်က ၁၉၉၈ မှာ ရှာဖွေတွေ့ခဲ့တဲ့ တာက်မန်နစ္စတန်၊ အာဖဂန်နဲ့ ပါကစ္စတန်တို့ ဆက်သွယ်ရာ (ဓါတ်ငွေ့) ပိုက်လမ်းကြောင်းဟာ တည်ဆောက်မှုနောက်ပိတ်ဆုံးအခြေအနေထိ ပြိးလုနေပါပြီ၊ ဒါပင်မဲ့ အဖျက်အမှောက်လုပ်ငန်းတွေကြောင့် ဖွင့်နိုင်မလားဆိုတာ ကြည့်ရဦးမှာပါ။
ဒီကာလအတွင်း ဝါရှင်တန်က ကဘူးလ် မှာ တည်ငြိမ်တဲ့ အစိုးရအဖွဲ့ဖန်တီးပေးဖို့ မလုပ်ပေးနိုင်ခဲ့ပါဘူး။ မူလ အကြောင်းပြချက်က မျိုးနွယ်စုတွေရဲ. နိုင်ငံရေး (မဖြေရှင်းပေးနိုင်ပြဿနာ) ပါ။ လူဦးရေနဲ့ ထက်ဝက်ကျော် ဖြစ်တဲ့ ပါရှ်တွန် မျိုးနွယ်မှ အဆင့်အလိုက် တာလီဘန်တွေ ဖြစ်လာတာပါ။ တာဂျစ်၊ ဥဇဘတ်နဲ့ ဟာဇဒါ လူနည်းစုတွေက ပါရှ်တွန်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပါတယ်။ ဒီလူနည်းစု ၃ မျိုးက ၁၉၇၉-၈၉ ဆိုဗီယတ်ဝင်ရောက်လာမှုကာလမှာ အတူပူးပေါင်းဆောင်ရွက်ခဲ့သလို ယနေ့ အမေရိကန်နဲ့ နေတိုး အဖွဲ့တွေ သိမ်းပိုက်ဝင်ရောက်လာတော့လည်း ပူးပေါင်းကြပါတယ်။
အမေရိကန်က ဒေါ်လာ ၆ ဘီလီယံ အသုံးစရိတ်ကုန်ကျခံပေးတဲ့ အာဖဂန်စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေမှာ အများဆုံးကတော့ အာဖဂန်ကွန်မြူနစ်ပါတီဟောင်းရဲ. အဖွဲ့ဝင်တွေဖြစ်တဲ့ တာဂျစ်နဲ့ ဥဇဘတ် တွေပဲ ဖြစ်ပါတယ်။ ပါရှ်တွန်တွေကတော့ သူတို့ရဲ. ခါးသီးလှတဲ့ ရန်သူတွေပေါ့။ အာဖဂန်နစ္စတန်မှာ အမေရိကန်က နိုင်ငံရေးအိမ်ကို ကျွံနစ်ဝင်စေတဲ့ သဲဗွက်အိုင်တွေအပေါ်မှာ တည်ဆောက်ခဲ့တာပါ။
အဆိုးဆုံးကတော့ အမေရိကန်က ဦးဆောင်လည်ပတ်နေတဲ့ အာဖဂန်မှာ ကမ္ဘာ့ ကြောက်စရာအကောင်းဆုံး မူးယစ်ဆေးဝါး-ဘိန်းဖြူ ထုတ်လုပ်နေမှုရဲ. ၉၃ % ကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ ကုလသမဂ္ဂ အဆိုအရ တာလီဘန် လက်ထက်မှာ မူးယစ်ဆေး ထုတ်လုပ်မှု အဆုံးသတ်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ကနေ့ အာဖဂန်ရဲ. မူးယစ်ဆေးဝါး စီးပွားရေးက ပေါက်ကွဲလုနီးပါး မြည်ဟည်းနေပြီ။ အမေရိကန်က တာလီဘန်ကို အပြစ်တင်ဖို့ လုပ်ခဲ့ပေမဲ့ တကယ့်လက်တွေ့ (ပြဿနာရဲ.တရားခံ) ကတော့ ကဘူးလ်မြို.က အစိုးရအဆင့်မြင့် အရာရှိတွေနဲ့ အမေရိကန် ကျောထောက်နောက်ခံပြုပေးထားခဲ့တဲ့ စစ်သွေးကြွ တွေပါ။
ကုလသမဂ္ဂရဲ. မူးယစ်ဆေးဝါးဆိုင်ရာ တရားဝင်အရာရှိက အခိုင်အမာ ထွက်ဆိုပြောပြထားတာကတော့ မနှစ်က နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ အာဖဂန်ဘိန်းဖြူကြောင့် လူ ၁၀၀၀၀ သေခဲ့တယ်။ ဒီစာရင်းမှာ အာဖဂန်ဘိန်းဖြူရဲ. မူလ ဦးတည်ချက်ဖြစ်တဲ့ ရရှား မပါသေးပါ။
ဒါကြောင့် အမေရိကန်ပြည်ထောင်စုဟာ အခုဆိုရင် မူးယစ်ဆေးဝါးပြည်ထောင်စုတွေထဲမှာ ထိပ်ဆုံးကပါလို့ ပိုင်ရှင်လို ဂုဏ်ယူပြီးတော့ အဲဒီမှာ အာဖဂန်တာဂျစ် မူးယစ်ဆေးလျို.ဝှက်ဂိုဏ်းတွေ အတွင်းကျကျ ပါဝင် နေတော့တာဖြစ်ပါတယ်။
အမေရိကန်က အာဖဂန်နစ္စတန်မှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ယိုဖိတ်ကျနေပါတယ်။ ဝါရှင်တန်က သုံးနေတဲ့ တစ်ဒေါ်လာတိုင်းမှာ ၄၄ ဆင့်ဟာ တရုတ်နဲ့ ဂျပန်တွေဆီက ချေးထားတဲ့ ငွေကြေးဖြစ်ပါတယ်။ အမေရိကန်က အကြမ်းဖက်မှုစစ်ဆင်ရေးလို့ ခေါ်တဲ့ စစ်ပွဲအပေါ်မှာ ဒေါ်လာ 1.283 trillion သုံးနေချိန်မှာ တရုတ်က မိတ်ဆွေသစ်ပြုလုပ်ဖို့နဲ့ ဈေးကွက်အသစ်တွေရရှိဖို့ အရင်းအမြစ်တွေ လိုက်ဝယ်နေတာပေါ့။ အိုဆာမာဘင်လာဒင် ရဲ. ပုံရိပ်ကတော့ ကောင်းကောင်းကြီး (အမေရိကန်ကို) ပြုံးကြည့်နေတော့ မှာပဲဖြစ်ပါတယ်။
အာဖဂန်ကို တစပြင်-သုဿန်အင်ပါယာ လို့ နာမည်ပေါ်စေချင်တဲ့ အမေရိကန်ဟာ ခက်ထန်တဲ့ ပါရှ်တွန်လူတွေနဲ့ ဆန့်ကျင်တဲ့ မပြီးဆုံးနိုင်သော စစ်ကိုဆင်နွဲနေပါတယ်။ အထူးသဖြင့် ယခင်ဆိုဗီယတ်လေကြောင်းအခြေစိုက်ခဲ့တဲ့ ဘဂရန်နဲ့ ကန်ဒါဟာ (မြို.တွေ) ကို သူတို့ရဲ. လက်နက်အင်ပါယာဆိုင်ရာ တည်ဆောက်မှုအတွက် နည်းဗျူဟာမြောက် အာဖဂန်အဖြစ် ဝါရှင်တန်က ခြေကုတ်ယူ ထားချင်ခဲ့ပါတယ်။
အမေရိကန်က ကဘူးလ်မြို.မှာ ကမ္ဘာ့အကြီးဆုံး သံရုံးကို ဒေါ်လာ သန်း ၈၀၀ တန်ဖိုးကုန်ကျခံ တည်ဆောက်နေတယ်။ အမှုထမ်း ၁၀၀၀ အတွက် ကြေးစားစစ်သားတွေနဲ့ ဖွဲ့ထားတဲ့ စစ်တပ်အသေးလေးနဲ့ အကာအကွယ်ယူထားနိုင်ဖို့ စီစဉ်နေပါတယ်။ ဆုတ်ခွာရုပ်သိမ်းပေးမယ်ပြောပေမဲ့ အစီအစဉ်တွေက များလှပါလားနော်။
အမေရိကန်ရဲ. အာဖဂန်စစ်ပွဲဟာ အခုအခါ ကမ္ဘာ့စစ်ကြီး ၂ ခု ထက် အချိန်ပိုကြာနေခဲ့ပြီ။ အာဖဂန်မှာ ယခင်အမေရိကန်အုပ်ချုပ်သူအရာရှိအဖြစ်တာဝန်ထမ်းခဲ့တဲ့ ဗိုလ်ချုပ် Stanley Mc Crystal က ပြောခဲ့တာရှိပါတယ်။ ဒါကတော့ ”အာဖဂန်နိုင်ငံအတွက် ဝါရှင်တန်ရဲ. ရှု.မြင်ချက်ဟာ ရိုးရိုးသားသား အကြောက်လွန်ခြင်းပါ” တဲ့။ ဒီအချက်ကတော့ မဖော်ပြခဲ့တဲ့ အချက်ပါ။
အာဖဂန်မှာ စစ်ရှုံးခြင်းကို ရင်ဆိုင်ခြင်းအတွက် ဝါရှင်တန်က ဒီလို ပဍိပက္ခ တွေထဲကို အိန္ဒိယ ကို တွန်းသွင်းဖို့ ကြိုးစားလာခဲ့ပါတယ်။ ရမ်းကားရက်စက်တဲ့ ပရိယယ်နဲ့ မြှောက်ထိုးပင့်ကော်လုပ်ပေးမှုတွေနဲ့ မျိုးနွယ်အရှုပ်အထွေးတွေက အာဖဂန်ကို နောက်ထပ် ၁၀ စုနှစ် မနှစ်မြို.ဖွယ် သေချာဖြစ်အောင် လုပ်ကြလိမ့်ဦးမယ်။
အာဖဂန်နစ္စတန်ရဲ. ၁၀ နှစ်ကြာ စစ်ပွဲ
၂၀၀၁ အောက်တိုဘာ ၇ ရက်။ ။ အမေရိကန်သမ္မတ ဂျော့ဒဘလျူဘွတ်ရှ်က ၉/၁၁ တိုက်ခိုက်ခံရမှု နောက်ကွယ်ရှိ အဖျက်သမားကွန်ယက်နဲ့ အိုစာမာဘင်လာဒင်ကို မြစ်ဖြတ် သုတ်သင်ဖို့ အာဖဂန်မှာ စစ်ငြာခဲ့တယ်။
နိုဝင်ဘာ။ ။ ကဘူးလ်မြို.က တာလီဘန်ဆန့်ကျင်တဲ့ မြောက်ပိုင်းမဟာမိတ်တွေ လက်အောက် ကျရောက်ခဲ့တယ်။
ဒီဇင်ဘာ။ ။ပါရှ်တန်မျိုးနွယ်စု ခေါင်းဆောင် ဟာမစ်ကာဇိုင်းကို ကြားဖြတ်အစိုးရအကြီးအမှူးလုပ်ဖို့ အာဖဂန်အုပ်စုငယ်များက သဘောတူကြတယ်။ တာလီဘန်ရဲ. နောက်ဆုံးခြေကုတ်နယ်မြေ ကန်တာဟာ မြို.ကျရှုံးတယ်။ တာလီဘန်ခေါင်းဆောင် မူလာအိုမာ အဖမ်းမခံရအောင်ရှောင်တိမ်းပြီး အိုစာမာဘင်လာဒင် ကလည်း တိုရာဗိုရာ လှိုင်းဂူတွေဆီကို ဗုံးမိုးကြဲ ဝရုန်းသုန်းကားအခြေအနေမှ လွတ်မြောက်သွားတယ်။
၂၀၀၂ ဇန်နဝါရီ။ ။ ပထမအကြိမ် နေတိုးအဖွဲ့ ဦးဆောင်တဲ့ နိုင်ငံတကာလုံခြုံရေးအထောက်အခံ အင်အားစုရဲ. စစ်သားတွေက တာလီဘန်ကို ခြေမှုန်းဖို့ စတင်ပါတယ်။
၂၀၀၃ မေ။ ။ အမေရိကန် ကာကွယ်ရေဌာန အတွင်းရေးမှူး ဒိုနယ်လ် ရမ်းဖီးလ် က အဓိက ပြောက်ကျားစစ် ပြီးဆုံးပြီ ကြေငြာတယ်။
၂၀၀၄ ဇန်နဝါရီ။ ။ မျိုးနွယ်စုအားလုံး စည်းလုံးညီညွတ်ရေးအတွက် ခိုင်မာအင်အားကြီး သမ္မတ စနစ် တည်ထောင်ဖို့ အခြေခံဥပဒေ ထုတ်ပြန်တယ်။
အောက်တိုဘာ။ ။ ကာဇိုင်း ဟာ ဒီမိုကရေစီအရ ရွေးချယ်တင်မြှောက်တဲ့ ပထမဆုံး သမ္မတ ဖြစ်လာတယ်။
၂၀၀၅ စက်တင်ဘာ။ ။ နှစ် ၃၀ အတွင်း ပထမဆုံး ပါလီမန်ရွေးကောက်ပွဲများမှာ လူ ၆ သန်း မဲထည့်တယ်။
၂၀၀၆ အောက်တိုဘာ။ ။ တစ်နိုင်ငံလုံး လုံခြုံရေးကိစ္စ နေတိုး ကတာဝန်ယူလုပ်လာတယ်။
၂၀၀၇-၈။ ။ အရပ်သားနဲ့ စစ်ဖက်ထိခိုက်သေကြေဒဏ်ရာရမှု မြင့်တက်လာခြင်းက စစ်တပ်ဖွဲ့တွေ တပ်စွဲ ထားတာကို ဆန့်ကျင်လာစေတယ်။
၂၀၀၉ ဖေဖော်ဝါရီ။ ။ တပ်ဖွဲ.ဝင်ပေါင်း ၁၇၀၀၀ ထပ်ဖြည့်ပြီး တချို.အုပ်စုတွေက် (ကိုယ့်တိုင်းပြည်ကိုယ်ပြန်သိမ်းပိုက်နိုင်ရေး) တော်လှန် တာကို အထူးဂရုတစိုက် တန်ပြန်ခုခံဖို့လုပ်တယ်။
မတ်။ ။ အိုဘားမား က နည်းဗျူဟာ အသစ်ဖွင့်ချပြတယ်။ ပါကစ္စတန် တည်ငြိမ်ဖို့နဲ့ အာဖဂန်စ္စတန်မှာ အောင်မြင်နိုင်ခြင်းတွေကို ဆက်စပ်ပြီး တာလီဘန်တွေတော်လှန်မှုကို တိုက်ခိုက်လိုတယ်။
ဇူလိုင်။ ။ အမေရိကန် မရင်းတပ်ဖွဲ့က အာဖဂန်တောင်ပိုင်း စစ်ဆင်ရေးလုပ်တယ်။
အောက်တိုဘာ။ ။ ကာဇိုင်း ထပ်အရွေးခံရပြီး တာလီဘန်ရဲ. ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်လာမှုတွေ တိုးလာတယ်။
နိုဝင်ဘာ။ ။ နေတိုး က ၂၀၁၄ မှာ အာဖဂန်တပ်ဖွဲ့တွေကို လုံခြုံရေးချုပ်ကိုင်မှု လွှဲပြောင်းပေးမယ်လို့ အဆိုပြုတယ်။
၂၀၁၀ မေ။ ။ အမေရိကန် အင်အားစုကနေ ပါကစ္စတန်မှာ အိုစာမာဘင်လာဒင်ကို အသေသတ်နိုင်ခဲ့တယ်။
ဇွန်။ ။အိုဘားမားက ၂၀၁၂ နွေရာသီ မှာ စစ်သား ၃၃၀၀၀ ရုပ်သိမ်းပေးမယ် ကြေငြာတယ်။
စက်တင်ဘာ။ ။ ကဘူးလ်နဲ့ တာလီဘန်ကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဘဟာဒွတ်ဒင် ရဗ္ဗါနီ အသေခံဗုံးခွဲ သတ်ဖြတ်ခံရတယ်။
အောက်တိုဘာ။ ။ ၁၀ နှစ်ပြည့် အာဖဂန်၊ ပါကစ္စတန်၊ အမေရိကန် နဲ့ သူ့မဟာမိတ်များရဲ. ဆက်သွယ်မှု ပိုပြီး အာမခံချက် မရှိဖြစ်လာကာ ငြိမ်းချမ်းရေးက ဝေးကွာတဲ့အလားအလာအဖြစ် ဆက်ရှိနေပါတယ်။
မှတ်ချက်။ ။၂၀၁၁ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့၊ မလေးရှားနိုင်ငံထုတ်၊ the Sun သတင်းစာ၏ စာမျက်နှာ ၁၀ ပါ၊ “Unhappy anniversary, Afgahanistan’’ By Eric S.Margolis ကို ဇေယျာမောင်မှ ဘာသာပြန်တယ်၊ တည်းဖြတ်ပေးသူ မြင့်မြတ်ချို ဖြစ်ပါတယ်။ ဆောင်းပါးရှင် http://www.ericmargolis.com/biography.aspx Eric S.Margolis ဟာ အဓိကအားဖြင့် အရှေ.အလယ်ပိုင်းနဲ့ တောင်အာရှ အကြောင်း အများဆုံး ရေးသားသူ၊ နိုင်ငံတကာကြားဝင်ဖြန်ဖြေရေး ဆောင်းပါးရှင်အနေနဲ့ ဆုချီးမြှင့်ခံရသူဖြစ်ပါတယ်။
-
IIUM (Malaysia) ၏ ၂၇ ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနား
ကြိုးစားသူတို့အောင်ပွဲ (သို့မဟုတ်) IIUM (Malaysia) ၏ ၂၇ ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနား ( Oct,2011 )
ပညာရှာရန်ခရီးထွက်ပါ။ ကုရ်အာန် (၁၈း၆၆-၆၇)
တရုတ်ပြည်ထိဝေးသော်လည်းပညာသွားရောက်ရှာဖွေပါ။(တမန်တော်မြတ် (ဆွ) )
ပညာရှာရန်ထွက်သွားသူသည် ထိုသူအိမ်ပြန်မရောက်မချင်းအလ္လာဟ့်လမ်းတွင်ရှိနေသည်။(တမန်တော်မြတ် (ဆွ) )
ကြိုးစားသူတို့၏အောင်ပွဲ (သို့မဟုတ်) ကျောင်းစာမေးပွဲများသာမက အခက်အခဲဟူသော စာမေးပွဲများကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့သူတို့၏ ပန်းတိုင်သို့ ရောက်ရှိသောနေ့ဖြစ်ပါသည်။ အကြောင်းမှာ- မလေးရှားနိုင်ငံရှိ International Islamic University Malaysia(IIUM) ၏ ၂၇ ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၈ရက် ၉ ရက် နှင့် ၁၀ နေ့များတွင် IIUM ၏ CAC (Culture Activity Centre) တွင်ကျင်းပခဲ့ပါသည်။
International University ဆိုသည့်အားလျော်စွာ နိုင်ငံအစုံမှ လာရောက်ပညာသင်ကြားကြသည့်အတွက် အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားတွင် နိုင်ငံစုံမှ degree ဘွဲ့ရသူ ၊ master ဘွဲ့ရသူ ၊ Ph.d ဘွဲ့ရသူ ၊ များတက်ရောက်ခဲ့ကြပါတယ်။ မလေးရှား ကျောင်းသားကျောင်းသူများအပြင်၊ အင်ဒိုနီးရှား(Indonesia)၊ ဖီလစ်ပိုင်(Phillipines)၊ ထိုင်း(Thai) မြန်မာ(Myanmar)၊ တရုတ်(China)၊ ကမ္ဘောဒီးယား(Cambaudia)၊ ဆော်ဒီ(Saudi)၊ အီရတ်(Iraq)၊ ယီမင်(Yemen)၊ ပါလက်စတိုင်း(Plastine)၊
တန်ဇန်းနီးယား(Tanzania)၊ ဂျီပူတီ(Djuputi)၊ ဘော့စနီးယား(Bosnia)၊ အလ်ဗေးနီးယား(Albania)၊ ဆီးရီးယား(Syria)၊ ဘင်္ဂလားဒေ့ရှ်(Banglesh)၊ ကိုဆိုဗို(Kosovo)၊ မော်လ်ဒစ်ဖ်(Maldivs)၊ ကင်ညာ(Kenya)၊ အာဖကန်နစ်စတန်(Afcan)၊ နိုင်ဂျီးရီးယား(Nigeria) စသည့် နိုင်ငံအသီးသီးမှ လာရောက်သင်ကြားကြသော အရည်အချင်း ပြည့်ဝသော ကျောင်းသားကျောင်းသူတို့ကို ဘွဲ့ချီးမြှင့်ပေးသော အခမ်းအနားပင် ဖြစ်ပေသည်။မြန်မာတွင်ကျွန်မအစ်မများ၊ အစ်ကိုနှင့် ကျွန်မကိုယ်တိုင်ဘွဲ့ယူပြီးသည့်အတွက်ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကျွန်မအတွက် အစိမ်းသက်သက်တော့ ဖြစ်မနေပေ။ သို့သော် ကျွန်မမြင်ဖူးနေသည့် အသွင်များနှင့်တော့ ကွဲပြားခြားနားနေခဲ့သည်။ နိုင်ငံမတူ၊ ယဉ်ကျေးမှုမတူ သည့်အတွက် ကွာခြားချက်တွေရှိနေသည်မှာ အဆန်းတော့လည်း မဟုတ်ပေ။
မြင်တွေ့ရတဲ့အဆောက်အဦးကတော့ ဘွဲ့နှင်းသဘင်ကျင်းပရာအဆောက်အဦးဖြစ်ပါတယ်။
CAC ရှေ့က 27th Convocation Ceremony ဆိုတဲ့ ဆိုင်းဘုတ်ရှေ့မှာလည်း အမှတ်တရ ဓာတ်ပုံရိုက်သူတွေကိုလည်းတွေ့ရမှာပါ။ ဘွဲ့ဝတ်စုံမှာ မြန်မာပြည်မှာကဲ့သို့ပင် အားလုံးဆင်တူဖြစ်သည်။ သို့သော် မြန်မာပြည်က အမည်းရောင်နေရာတွင် အပြာရောင်ပြောင်းနေသည်။ ဤကျောင်း၏ထူးခြားချက်တစ်ခုမှာ ကျောင်းမှာရှိသည့် များပြားလှစွာသော အဆောက်အဦးများသည် တစ်ခုနှင့်တစ်ခု မတူကြသော်လည်း တူညီသည့်အချက်မှာ အမိုးဖြစ်သည်။ အဆောက်အဦးတိုင်း ကျောင်းသား ကျောင်းသူများ၏
အဆောင်များပါမကျန် ဗလီ အပါအ၀င်ရှိ ရှိသမျှ အဆောက်အဦးတိုင်း၏ အမိုးမှာအပြာရောင်ဖြစ်နေခြင်းဖြစ်သည်။ ထို့အတူ ဘွဲ့ဝတ်စုံတွင်လည်း အားလုံးသော ကျောင်းသား ကျောင်းသားများ၏ ၀တ်စုံအရောင်မှာ အပြာရောင်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘယ်မေဂျာဖြင့် ဘွဲ့ရသလဲဆိုတာကို ဘယ်လိုသိနိုင်မည်လဲ ဟုမေးစရာရှိပါသည်။ မြန်မာပြည်မှာကဲ့သို့ပင် လည်ပင်းမှပတ်ထားသည့်အရောင်က မေဂျာအလိုက် အရောင်ကွဲသည်။Colour of Hood : Grey
Kulliyyah of Islamic Revealed Knowledge and Human Sciences
Centre for Human Development and Applied Social Sciences (CERDAS)Colour of Hood : Yellow
Kulliyyah of Economics and Management Sciences
Management Centre
IIUM Centre for Continuing EducationColour of Hood : Blue
Institute of Education
Colour of Hood : Red
Institute of Islamic Thought and Civilisation (ISTAC)
Colour of Hood : Black
Ahmad Ibrahim Kulliyyah of Laws
Harun M. Hashim Law CentreColour of Hood : Green
Kulliyyah of Information and Communication Technology
Colour of Hood : Maroon
Kulliyyah of Engineering
Advanced Engineering and Innovation CentreColour of Hood : Purple
Kulliyyah of Architecture and Environmental Design
Centre for Built EnvironmentColour of Hood : Pink
Kulliyyah of Medicine
Colour of Hood : Cream
Kulliyyah of Pharmacy
Colour of Hood : Orange
Kulliyyah of Science
Colour of Hood : Deep/Dark Purple
Kulliyyah of Dentistry
Colour of Hood : Bright Pink
Kulliyyah of Allied Health Sciences
Colour of Hood : Peach
Kulliyyah of Nursing
Colour of Hood : Gold
IIUM Institute of Islamic Banking and Finance
Degree , Master နှင့် Ph.D တို့ကိုမူ လက်အောက်နားတွင်ထိုးထားသည့် ကနုတ်ပန်းများဖြင့် ခွဲခြားထားသည်။ Degree ဆိုလျှင်ကနုတ်ပန်းမှာ တစ်လိုင်း၊ Master ဆိုလျှင် ကနုတ်ပန်းမှာ နှစ်လိုင်း၊ Ph.D ဆိုလျှင် ကနုတ်ပန်းမှာ သုံးလိုင်း စသည်ဖြင့် ခွဲခြားထားပေသည်။ အားလုံးသောဝတ်စုံများကတော့ အပြာရောင်အောင်ခံပင်ဖြစ်သည်။ ဦးထုပ်သည်လည်းမြန်မာပြည် မှာအသုံးပြုသော အမည်းရောင် ဦးထုပ်ပင်ဖြစ်သည်။ ထူးခြားသည်မှာ Ph.D များကတော့ ဦးထုပ်မှာ အချွန်မဟုတ်ဘဲ အ၀ိုင်းအတွန့်လေးတွေနှင့်
ဖြစ်သည်။ အထူးခြားဆုံးအချက်မှာ အမျိုးသမီးများအတွက် မြန်မာမှာကဲ့သို့ သစ်ခွပန်း၊ Fancy ပန်း ရှာစရာမလိုခြင်းဖြစ်သည်။ အကြောင်းမှာမူ အမျိုးသမီးများအားလုံး ဟီဂျတ် နို့နှစ်ရောင်ကို ဆောင်းရသောကြောင့်ဖြစ်သည်။ အစ္စလာမ့်တက္ကသိုလ် ဖြစ်သည့်အားလျော်စွာ အစ္စလာမ့်ယဉ်ကျေးမှုတစ်ခုကို တွေ့မြင်ရသည်မှာ စိတ်နှစ်မြို့ဖွယ်ကောင်းလှသည်။ ကျက်သရေရှိလှသည်။အပေါ်မှာမြင်ရတဲ့ပုံကတော့ ဘွဲ့နှင်းသဘင်ဈေးရောင်းပွဲဖြစ်ပါတယ်။ အမိုးအဖြူလေးတွေကတော့ ဆိုင်ခန်းလေးတွေပါ။
ဆိုင်ခန်းလေးတွေမှာ (ဘွဲ့ဦးထုပ်ဆောင်းထားသော) ၀က်ဝံအရုပ်များနှင့် ပန်းစည်းများကို ရောင်းချနေကြသည်။ ကလေးများအတွက် မိုးပျံပူဖေါင်းအရုပ်များ၊တီရှပ်များလည်း ရောင်းချနေကြသည်။ ၀ယ်သူများကလည်း တိုးဝှေ့ပြီးဝယ်နေကြသည်။ ကျွန်မအတွက် ဒီတက္ကသိုလ်ကြီး၏ ဘွဲ့နှင်းသဘင်အခမ်းအနားနှင့်ကြုံခဲ့ရသည့် ပထမဆုံးအကြိမ်တုန်းကဆိုလျှင် ကျွန်မအတွက်အားလုံးသော မြင်ကွင်းတို့မှာ ထူးဆန်းနေပေသည်။ သို့သော်၃နှစ်ဆက်တိုင် ကြုံပြီးသည့်အချိန်တွင်တော့ အထူးအဆန်းတစ်ခုမဟုတ်တော့သော်လည်း တူညီသည့်အချက်မှာ အစ္စလာမ့်ညီနောင် ညီအစ်မ ပညာတတ်များ၊ အရည်အချင်းရှိသူများကို တစ်နေရာတည်း တွင် တစ်စုတစ်စည်းတည်း အံ့သြစရာကောင်းလောက်အောင်တွေ့မြင်ရသည့် ခံစားချက်ပင်ဖြစ်သည်။ အလွန်ကြည်နူးဖွယ်ကောင်းလှသည်။
ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုကိုလည်း တွေ့ရသည်မှာ ဘွဲ့နှင်းသဘင် အခမ်းအနားပြီးသည့်အချိန်တွင် Congratulations! ဟု ပြောပြီး အမှတ်တရ လက်ဆောင်ပေးရခြင်းဖြစ်သည်။ သို့သော်ပေးရသူအတွက်တော့ မချောင်ပေ။ နှင်းဆီပန်း၎ ပွင့်လောက်ကိုနောက်ခံ အစိမ်းရောင်ပန်းတစ်မျိုးနဲ့စည်းထား တဲ့ပန်းစည်းကို မလေးရှားငွေ(RM 20) ရှိသည်။ ထမင်းတစ်နပ်ဆိုလျှင်ပင် ပျမ်းမျှ 5Rm ပဲရှိသည့်အတွက် ထမင်း ၄နပ်စာလောက်ပင်ရှိသည်။ မြန်မာငွေ ၆၀၀၀ ကျော်ရှိပေသည်။
ထိုဈေးနှုန်းမှာ အနဲဆုံးဈေးဖြစ်သည်။ ထို့ထက်ပန်းများပြီး ထို့ထက်လှတာလိုချင်လျှင် ထို့ထက်ငွေပိုပေးရပေသည်။ နှင်းဆီပန်းတစ်ပွင့်ချင်း ၀ယ်လျှင် RM3(မြန်မာငွေ ၁၀၀၀)ခန့်ရှိပေသည်။ပန်းစည်းများထဲတွင် ၀က်ဝံရုပ်လေးများကိုလဲထည့်သွင်းထားသေးသည်။ ၀က်ဝံများဘွဲ့ယူသောနေ့လားဟုထင်ရလောက်အောင် ၀က်ဝံ ပေါက်စလေးမှစ၍ အိုမင်းရင့်ရော်သည့် ၀က်ဝံလေးများ(မျက်မှန်တပ်ထားပါသည်) အထိ ဘွဲ့ဦးထုပ်ဆောင်းထားသော အရုပ်များကို ဈေးတန်းများတွင် တွေ့မြင်နိုင်ပါသည်။
အရုပ်လက်ဆောင်ရသော အချို့အိမ်ထောင်သည်ရှိသူများ အတွက်တော့ အရုပ်လေးများသည် သူတို့အိမ်ပြန်ရောက်လျှင်သူတို့ကလေးတွေအတွက် ဖြစ်မှာသေချာပေသည်။ဘွဲ့ယူပြီးသည့်အချိန်တွင်တော့ မြန်မာတွင်ကဲ့သို့ပင် ဓာတ်ပုံရိုက်ကြပေသည်။ နိုင်ငံတကာမှ လာရောက်သင်ကြားနေကြသည့် အတွက် အချို့ လာဖို့အဆင်ပြေသော မိဘများကတော့ သူတို့သားသမီး ဘွဲ့ယူတာကို ကိုယ်တိုင်လာကြည့်သူများရှိသကဲ့သို့ မလာရောက်နိုင်တဲ့မိဘများလည်း ရှိပေသည်။ ကိုယ်ကြိုးစားခဲ့လို့ရခဲ့တဲ့ အောင်မြင်မှုအတွက်
ကိုယ့်မိဘကို ဂုဏ်ယူစေချင်သည် မှာလူတိုင်း၏ ဆန္ဒဖြစ်သည်။ သို့သော်…. မိဘမလာရောက်ဘဲကိုယ်တိုင်တစ်ယောက်တည်း တက်ရောက်ရတဲ့သူများ၏ ရင်တွင်း ခံစားချက်မှာတော့ တစ်ခုခုလိုအပ်နေမည်မှာအမှန်ပင်။ မြန်မာတွင်မူ ကိုယ့်သားသမီး ဘွဲ့ယူပြီဆိုလျှင် မိဘ၊ ညီအစ်ကိုမောင်နှမ တွေတစ်သီကြီးလိုက်ကြသည်။ အလွန်ပျော်စရာကောင်းသည်။ ဓာတ်ပုံတွေ မမောတမ်းရိုက်ကြသည်။ နောက်ဆုံးမိသားစုကမလိုက်နိုင်လျှင် ဦးလေး၊ အဒေါ် တို့ကလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရပ်ခြား မိသားစုနှင့်ခွဲပြီး ပညာသင်ကြားသူတို့ဟာ မြင့်မားတဲ့ အနေအထားတစ်ခုကိုတက်လှမ်းရတဲ့ ထိုအချိန်တွင် အခက်အခဲ၊ အဆင်မပြေမှု ၊အကျပ်အတည်း တို့ဆိုသည်မှာ တစ်ခါတည်းလေ့ကျင့်ထားပြီးသားဖြစ်သည့်အတွက် ကြံ့ခိုင်သင့်သလောက် ကြံ့ခိုင်လိမ့်မည်ဟုထင်သည်။ဘွဲ့ယူပြီး ခန်းမထဲကထွက်လာသူတို့၏ အပြုံး နှင့် အမှတ်တရလက်ဆောင်ပေးဖို့ စောင့်နေကြသော ဆွေမျိုး၊ မိတ်ဆွေများ ကိုလဲ တွေ့မြင်ရမှာပါ
အခက်အခဲများကိုကျော်လွှားကာ အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းနိုင်ခဲ့သည့် သူများကို ကျွန်မ၏ စိတ်တွင် အလွန်ပင်ချီးကြူးမိပါသည်။ ၀မ်းသာစရာကောင်းသည့် အချက်မှာ မြန်မာများထဲမှ Computer (Information and Technology) ဖြင့် Degreeဘွဲ့ယူသူ အမျိုးသမီး ( ၁ )ယောက်၊ Master of Business Admin (MBA) ဘွဲ့ယူသူ အမျိုးသမီး (၁) ယောက် ရှိပေသည်။ပုခက်လွှဲသောလက်များသည် မာစတာဘွဲ့တွေပင်ယူနေသည်။ အနာဂတ်မျိုးဆက်အတွက် အလားအလာကောင်းတစ်ခုမဟုတ်လားရှင်။ နှစ်ယောက်စလုံးသည်လည်း MMSY မိသားစုဝင်များ ဖြစ်နေကြပြန်သည်။ မြန်မာများထဲတွင် လူတော်များစွာရှိသည် ဆိုသောအသိသည် မြန်မာပြည်နှင့်ဝေးနေရသည့် ကျွန်မရင်ကိုအေးမြစေပါသည်။ လက်ရှိတွင်လည်း မြန်မာများစွာ ပညာသင်ကြားလျှက်ရှိပါသည်။ အင်ရှာအလ္လာဟ်…လာမည့်နှစ်တွင်လည်း မြန်မာထဲမှ ဒီဂရီဘွဲ့ယူသူ၊ မာစတာဘွဲ့ယူသူနှင့် Ph.D ဘွဲ့ယူသူများလည်း ရှိလာမှာဖြစ်သည်။
အရည်အချင်းရှိသူများမှာ အောင်မြင်ခဲ့ကြပေပြီ။ ပန်းတိုင်သို့ အားလုံးကိုယ်စီအပြေးပြိုင်နေကြစဉ် အချို့လည်းပန်းဝင်သွားကြသည်။ အချို့လဲ ပြေးလမ်းပေါ်တွင်ရှိနေသည်။ အချို့မှာ လမ်းတစ်ဝက်တွင် ခြေခေါက်လဲသူများရှိသလို အချို့လဲမဝေးတော့တဲ့ပန်းတိုင်ကို ဝေးလွန်းသည်အထင်ဖြင့် လမ်းတစ်ဝက်တွင်ပင် အရှုံးပေးပြီး ပန်းတိုင်နှင့်ဝေးရာကို ကျောခိုင်းသွားနေကြသည်။ ကျွန်မကိုယ်တိုင်မည်သည့် အုပ်စုထဲတွင်ပါသလဲ ဆိုသည့်မေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မေးမိပါသည်။ ကျွန်မနောက်က မောင်ငယ်၊ ညီမငယ်များကိုလည်း ထိုမေးခွန်းကိုမည်သူကမှ ကိုယ့်ကိုလာမမေးခင် မိမိကိုယ်မိမိ အရင် မေးထားစေချင်ပါသည်။ လက်ရှိတွင်တော့
ကျွန်မကိုယ်တိုင်လည်း ပြေးလမ်းပေါ်တွင် ပြေးနေသော သူလိုငါလို သာမန်လူတစ်ဦးပင်ဖြစ်သည်။Noble
-
မွတ်စလင်မ်အယောင်ဆောင် တို့ရဲ့ www.myanmarmuslim.co.cc Blog ဘာလဲ? ဘယ်လဲ?
အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏။ ချီးမွမ်းခြင်း အပေါင်းသည် ထိုအရှင်မြတ်အတွက်သာ ဖြစ်ပါသည်။
အရှင့်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း နောက်ဆုံးနှင့် အမြင့်မြတ်ဆုံး တမန်တော်ဖြစ်တော်မူသော မုဟမ္မဒ်သခင်(ဆွ)
အပေါ်သို့ကျရောက်တော်မူပါစေ။ ထို့ပြင် ကိုယ့်တော်၏ အိမ်တော်သူ အိမ်တော်သားများနှင့် တပည့်သာဝက အပေါင်းတို့ အပေါ်သို့လည်း
ကျရောက်တော်မူပါစေ။
IYS ( အစ္စလာမ့်ရောင်ခြည်မိသားစု)၊ TR (သစ္စာဝါဒီများ ဆုံဆည်းရာ)နှင့် Facebook အပေါ်တွင် Abdul Aalee
(http://www.facebook.com/abdulaaalee?sk=info) ဆိုသူတစ်ဦးမှ promotion အကြိမ်ကြိမ်အခါခါလုပ်ရာမှ
Facebookမှ မြန်မာပြည်ဖွား မွတ်စလင်များ www.myanmarmuslim.co.cc ဆိုသည့် Blog ကို ရင်းနှီးလာကြသည်။
ထိုဘလောခ့်ကလည်း လာရောက်သူများဖတ်ချင်စဖွယ်ဖြစ်အောင်လှပစွာ ပြင်ဆင်ထားသကဲ့သို့ update ကမ္ဘာ့မွတ်စလင်ရေးရာများကို
သတင်းများ အဖြစ် အပတ်စဉ်ဆိုသလိုတင်ပေးနေသည့်ပြင် Abdul Aalee ဆိုသူကလည်း Facebook တွင်
အချိန်နှင့်တပြေးညီ ကြော်ငြာပေး ကြေငြာပေးနေသည်။
သူတစ်ပါးတို့အား မိမိတို့ကဲ့သို့ပင်ဟု သဘောထားမှတ်ယူကြသော မြန်မာမွတ်စလင်များကလည်း
သတင်းများဖြင့်ဝေဆာနေသော“ မြန်မာမူဆလင်များအတွက် သတင်းစကားများ” ဆိုသည့် အဆိုပါ Blog ကို အားပေးကြကာ promotion
ဝင်ပေးနေသူ Abdul Aalee ဆိုသူကိုပင် အစ္စလာမ့်အတွက် သာသနာ့သောကရှင်အဖြစ်ပင် ရိုးရိုးသားသား ချီးမြှောက်ခဲ့ကြသည်။
အမှန်တရားရောက်ရှိလာပါက အမှားတရားကွယ်ပျောက်ရမည်ဟု ကုရ်အာန်ကျမ်းတော်မြတ်တွင် ဆုံးမထားသည့်အတိုင်း ယခုအခါ
မင်းသားခေါင်းကျွတ်ပြီး ဘီလူးစွယ် အထင်းသားပေါ်ပေပြီ။ မနာလိုသူတို့မည်သို့ပင် ကြိုးစားဖျက်ဆီးစေကာမူ အလ္လာဟ်အရှင်မြတ်က
အစ္စလာမ်ကို ထွန်းကားတိုးတက်စေမည်မှာ အမှန်ပင်ဖြစ်ပေသည်။
အစ္စလာမ့်သာသနာသည် လွန်စွာမှ ကျင့်သုံးရန်လွယ်ကူပြီး လွတ်လပ်ခွင့်အပြည့်ပေးထားပေးသည်။ အစ္စလာမ်တွင်
ဘာသာရေးနှင့်ပတ်သက်၍ လွတ်လပ်ခွင့်အပြည့်ပေးပြီး အဓမ္မစနစ်လုံးဝမရှိပေ။ ထို့ပြင် ကျန်ဘာသာတရားတို့အား မစော်ကားရန်ကိုလည်း
အတိအလင်းတားမြစ်ထားပြီး သူတစ်ပါးတို့အား လိမ်လည်ခြင်း တပတ်ရိုက်ခြင်းများကိုလည်း လေးလေးနက်နက် တားမြစ်ထားသည်။
အစ္စလာမ်သာမက ကမ္ဘာပေါ်ရှိဘာသာတရားကြီးများဖြစ်ကြသော ခရစ်ယာန်၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူတို့တွင်လည်း အထက်ပါကျူးလွန်မှုမျိုးကို
တားမြစ်ထားပြီးဖြစ်ပေသည်။ ထို့ပြင် လူပီသသော လူတိုင်းသည်လည်း သူတစ်ပါးဘာသာတရားအားစော်ကားခြင်း
မလိမ့်တပတ်လုပ်ခြင်းမျိုးကို ရှောင်ကြဉ်သည်မှာ မုချပင်။
မိမိဘာသာတရားကို ultimate truth ဟု ယုံကြည်ထားသူ ဘာသာဝင်တစ်ဦးမှာ ကျန်ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့ကို ပွင့်လင်းရိုးသားစွာ
မဖိတ်ခေါ်ရဲစရာ အကြောင်းမရှိပေ။ ရင်ဆိုင် မဖြေရှင်းစရာ၊ မဆွေးနွေးရဲစရာအကြောင်းမရှိပေ။ ကမ္ဘာပေါ်ရှိ
ကျွန်တော်တို့သိထားသလောက် ဘာသာတရားတို့၏ ခေါင်းဆောင်ကြီးများအားလုံးသည် မိမိတို့ယုံကြည်သော သစ္စာအမှန်တရားကို
လူသားတို့အား ပွင့်လင်းစွာ ရိုးသားစွာ တင်ပြသွန်သင်ခဲ့ကြချည်းသာ။ မုဟမ္မဒ်သခင်(ဆွ)၊ ဗုဒ္ဓ၊ ဟိန္ဒူတို့၏ အဝါတရများနှင့်
အီစာသခင်(ခရစ်တော်) (အ)ထံမှ အိပ်မက်ရသည်ဟု ယုံကြည်ကာ ခရစ်ယာန်အယူဝါဒကို စတင်သူ ဂျွန်ပေါလ်စသူတို့အားလုံး ပွင့်လင်းစွာ
ရင်ဆိုင်ဆွေးနွေး သွန်သင်ခဲ့သူများဖြစ်ကြပေသည်။ အစ္စလာမ့်သွန်သင်ချက်အရ မုဟမ္မဒ်သခင်(ဆွ)မတိုင်ခင် လူမျိုးစုတစ်စုချင်းစီတွင်
ပွင့်ပေါ်ခဲ့သော တမန်တော်များအားလုံး ( နူးသခင်၊ အီဗရာဟင်မ်သခင်၊ မူစာသခင်၊ ဘုရင်ကြီးဒါဝူးဒ်သခင်နှင့်
အီစာခရစ်တော်သခင်တို့အပါအဝင်)တို့သည် အရှင့်ထံတော်မှ သစ္စာတရားကို ရဲဝံ့ပွင့်လင်းစွာ ကြေငြာကာ ဖိတ်ခေါ်ခဲ့ကြသူများဖြစ်ကြသည်။
ဘယ်သူမှ မလှိမ့်တပတ် ခိုးကြောင်ခိုးဝှက်မပြုခဲ့ကြပါ။ ကျွန်တော်တို့ မသိသေးသော မလှိမ့်တပတ် ခိုးကြောင်ခိုးဝှက် သာသနာပြုသည့်
ဘာသာရေးခေါင်းဆောင်ဆိုသူများနှင့် သူတို့၏ နောက်လိုက်များ၏ နည်းလမ်းဆိုလျှင်တော့ မပြောတတ်ပါ။ တစ်ခုတော့ရှိပါသည်။
မိမိတို့ယုံကြည်ထားသည့်သာသနာကို ပွင့်လင်းစွာမတင်ပြဘဲ သူခိုးကျင့်သူခိုးကြံ လိမ်လည် မလိမ့်တပတ်လုပ်မှတင်ပြလို့ရသည်ဟုဆိုလျှင်
ထိုသာသနာသည် absolute or ultimate truth ရာနှုန်းပြည့်မှန်သည့် သာသနာမဟုတ်သောကြောင့်ပင်ဖြစ်မည်။ ထိုသို့
မလိမ့်တပတ်တင်ပြရသည့် မပြည့်ဝသည့် လမ်းစဉ်မျိုးဆိုလျှင် ထိုလမ်းစဉ်သည် မလှိမ့်တပတ်လမ်းစဉ်သာဖြစ်မည်မှာ မုချပင်။
အကယ်၍ လူတစ်စုသည် ထိုသို့ မလှိမ့်တပတ်အပြုအမူ သူခိုးကျင့်သူခိုးကြံမျိုးပြုမူခဲ့လျှင် ကျွန်တော်တို့အားလုံးနားလည်ရမည်မှာ
ထိုလူတစ်စုသည် သူများဘာသာတရားကိုသာမက မိမိတို့ဘာသာတရားကိုပါ စော်ကားကျူးလွန်သူများဖြစ်ပေသည်။ ထိုသူတို့၏
လူလိမ်လူ့လှည့်ဖျားအကျင့်များသည် မိမိတို့ကိုယ်တိုင်ယုံကြည်သော ဘာသာတရားကို မပြည့်ဝသော ရာနှုန်းပြည့်မမှန်သော သာသနာအဖြစ်
နိမ့်ကျစေသည့်ပြင် သာသနာခေတ်ဦး၌ အသက်ပေးကာပင် ပွင့်လင်းစွာ သာသနာပြုခဲ့သော မိမိတို့၏
ဘာသာဝင်ရှေးဦး ပုဂ္ဂိုလ်ကြီးများကိုလည်း လုပ်ရပ်ဖြင့် ဆဲရေးခြင်းပင်ဖြစ်သည်။
ယခု ထိုကဲ့သို့သော အခြားဘာသာဝင်တို့အားလှည့်ဖျားရန်ကြံစည်ခြင်းမျိုးဖြင့် မိမိတို့ဘာသာတရားကို နိမ့်ကျစေသော စော်ကားသော
လူယုတ်မာတစ်စု၏ လုပ်ရပ်ကို ဖော်ထုတ်ပါမည်။
ထိုလူစုတွင် “မြန်မာမူဆလင်တို့ အတွက် သတင်းစကားများ”ဆိုသည့် Blog ပိုင်ရှင်၊ ဆောင်းပါးများတင်ပေးသူ မင်းလွင်၊ ထိုသူတို့၏
ပင်တိုင် ကြော်ငြာရှင် promoter သမား facebookမှ Abdu Aalee၊ ထိုသူတို့အားပံ့ပိုးထောက်ပံ့ကူညီလမ်းပြပေးနေသူအားလုံးနှင့်
ထိုသူတို့ ကိုးကား၊ ညွှန်ပြပေးထားသော အရဗီနှင့် အင်္ဂလိပ် web များလုပ်နေသူအားလုံးတို့ပါဝင်ပေသည်။
အစ္စလာမ်သာသနာတွင် သက်သေသာဓက မရှိဘဲ သူတစ်ပါးကို ယိုးစွပ်ခြင်းမျိုးမပြုအပ်ပါ။ ထို့ကြောင့် ဒီအမှုသည် ယိုးစွပ်ခြင်း မဟုတ်ဘဲ
ယုတ်မာမှု လိမ်လည်မှု အစစ်အမှန်ဖြစ်ကြောင်း သက်သေများပြသွားပါမည်။
မြန်မာမူဆလင်တို့အတွက် သတင်းစကားများ www.myanmarmuslim.co.cc
1.ကမ္ဘာ့မွတ်စလင်သတင်းများဖြင့် မြန်မာမွတ်စလင်တို့အားမျှားခေါ်ထားပြီး အကီဒဟ်ယုံကြည်ချက်ပိုင်းကို စနစ်တကျရိုက်ချိုးထားသည်။
2. မူဆလင်တို့အတွက်ဟုဆိုထားသော်လည်း ကုရ်အာန်ကျမ်းတော်မြတ်၏ သွန်သင်ချက်များ ( Bismillaah နှင့် post အချို့တလေတွင်
မိမိတို့လိုချင်သည့် ပုံစံမျိုးဖြင့်လိုရာဆွဲ ကိုးခြင်းမှအပ) မတွေ့ရပေ။ အင်ဂျီလ်ဟုဆိုထားသော ခရစ်ယာန်သမ္မာကျမ်းစာမှ စာသားများကို
မွတ်စလင်တို့ အထင်မှားစေရန် စာလုံးပြင်ဆင်ကာ တခမ်းတနားဖော်ပြခြင်းကို မူအထင်းသားတွေ့နိုင်သည်။ ဥပမာ- blog ၏ ထောင့်တွင်
ခရစ်ယာန်သမ္မာကျမ်း၏ ဓမ္မသစ်( မွတ်စလင်တို့အား မျက်စိလည်စေရန် ယခင်မူရင်းကျမ်း အမည် အင်ဂျီးလ်ဟု တပတ်ရိုက်ကာ) လုကာ
၎း၁၈-၁၉ ကျမ်းချက်ကို ဖော်ပြထားခြင်းမျိုး။
3.မွတ်စလင်တို့သည် အဓိကယုံကြည်ချက်အနေဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှချပေးတော်မူသည့် ကျမ်းအဆူဆူအားလုံးတို့ကို
ယုံကြည်သော်လည်း ယခုလူသားတို့လက်တွင်ရှိနေသော ကျမ်းများမှာ ကျမ်းရင်းများအတိုင်းမဟုတ်တော့ဘဲ လူတို့၏
ထည့်သွင်းနုတ်ယူမှုများရှိနေသည်ဟု ယုံကြည်ထားပြီးဖြစ်ပေသည်။ ကုရ်အာန်ကျမ်းတော်မြတ်သည်သာလျှင်
အလ္လာဟ့်ထိန်းသိမ်းမှုတွင်ရှိနေပြီး ပြီးပြည့်စုံသောလမ်းညွှန်ကျမ်းဖြစ်သည်ဟု သက်ဝင်ယုံကြည်လိုက်နာကျင့်သုံးကြပေသည်။
ထိုသို့မယုံကြည်လျှင်လည်း မည်သည့်နည်းနှင့်မျှ မွတ်စလင်ယုံကြည် သက်ဝင်သူမဖြစ်နိုင်တော့ပါ။ သို့သော် ထို blog က
အလ္လာဟ့်အရှင်မြတ်က မှန်ကန်မှု မရှိတော့ပါ လူအများပြုပြင်လိုက်ပါပြီဟု မိန့်ကြားထားပြီးဖြစ်သည့် ကျမ်းချက်များကို promotion
လုပ်နေရုံသာမက လုကာကျမ်းကို မြန်မာလို download link ပါပေးထားပေသည်။ သူတို့ promation လုပ်ပုံကလည်း
ကြည့်ကြပါဦးအလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ လာသော ကျမ်းများကိုဖတ်ပါ တဲ့။ J အင်မတန်မှကို အစွယ်က ပေါ်လွင်လာပါသည်။
အစ္စလာမ်တွင် ကုရ်အာန်ကျမ်းတော်မြတ်ကိုသာ ထိန်းသိမ်းမှုအောက်တွင်ရှိသည်ဟုသော သွန်သင်ချက်နှင့် အရှေ့နှင့်အနောက်ပင်။
4.လုကာကျမ်း မြန်မာလို free download link
မင်းလွင်ဆိုသူက www.scribe.com တွင် တင်ထားပေးထားသော ခရစ်ယာန် သမ္မာကျမ်း ဓမ္မသစ်မှ ရှင်လုကာခရစ်ဝင်ကို မျက်စိလှည့်
မျက်လှည့်ပြအင်ထုရန် မြန်မာအစ္စလာမ်မှုပြုထားသော စာအုပ်ဖြစ်သည်။
ပြုထားပုံကိုလည်း ကြည့်ကြပါဦး ခင်ဗျာ။
ဒေါက်တာယုဒသန်က ဒီလိုရေးတာကို-
“၅ ယုဒပြည်ကို အစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းအဝင်ဖြစ်၍၊ ဇာခရိ အမည်ရှိသော ယဇ်ပုရောဟိတ်တစ်ပါးရှိ၏။
သူ၏ ခင်ပွန်းသည် အာရုန်အမျိုးအနွယ်ဖြစ်၏။ သူ့အမည်ကား၊ ဧလိရှဗက်တည်း။-ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏
ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့် လွတ်သဖြင့်၊ ဘုရားသခင့်ရှေ့တော်၌…”
ထိုblog မှ link ပေးပြီး မင်းလွင်ဆိုသူ တင်ပေးထားသော အင်ဂျီလ် လုကာကျမ်းက ဒီလို စကားလုံးတွေသုံး မျက်လှည့်ပြဖို့လုပ်ပါတယ်-
“၅။ ယုဒပြည်*၏ရှင်ဘုရင် ဟေရုဒ်မင်း*လက်ထက်၌ ဇကရိယာအမည်ရှိသော “အီမာမ်”*ရှေ့ဆောင်တစ်ပါးရှိ၏။…သူ၏ဇနီးသည်
ဟာရွန်*အမျိုးအနွယ်ဖြစ်ပြီး…ထိုသူနှစ်ဦးစလုံး အလ္လာဟ်အရှင်မြတ်၏ရှေ့တော်တွင် ဖြောင့်မတ်….ထာဝရအရှင်မြတ်၏
“ရှရီအသ်”ပညတ်တော်ရှိသမျှ…။
ထိုမျှမက ထို စာအုပ်၏ အစတွင်ရေးထားသည်မှာ
“အလ္လာဟ်အရှင်မြတ်သည် သူ၏ သတင်းစကားကို လူအားလုံး လွယ်ကူနားလည်နိုင်ရန် အလိုတော်ရှိသောကြောင့် လူအများစု
နားလည်နိုင်သည့် ဂရိဘာသာစကားဖြင့် ချပေးတော်မူခဲ့သည်။ ပထမရာစုနှစ်မှ စ၍ မူလအခြေအနေအတိုင်း
ယနေ့တိုင်အောင်ရှိနေကြသော ရှေးကျမ်းစာစောင် အများအပြားအားဖြင့် မူရင်းအင်န်ဂျီလ်ကျမ်းတော်မြတ်ကို ကျွန်ုပ်တို့ သိရှိနိုင်ပါသည်။
ကျမ်းတတ်ပညာရှင်ကြီးများသည် ရှေးကျမ်းစာစောင် အများအပြားကို အထပ်ထပ်သေချာစွာ အသေးစိတ် ဂရုတစိုက်လေ့လာခဲ့ကြသည်။
ထိုကဲ့သို့လေ့လာရာ၌ မူရင်းကျမ်းစာစောင်သည် ပြောင်းလဲမှု မရှိကြောင်း တွေ့ရှိရသည်။”
ထိုသူယုတ်မာ လူလိမ်တို့ ဘယ်ကို ဦးတည်နေသည် ဘယ်ကို သွားနေသည်ကို ထပ်သက်သေပေးရန်လိုတော့မည် မထင်။ သို့သော်
အကျွန်ုပ်စိတ်၌ စိတ်မကောင်းခံစားမိမှုတစ်ခုရှိပါသည်။ ထိုအချက်ကတော့ ကျွန်တော့်တွင် ခရစ်ယာန်သူငယ်ချင်းမိတ်ဆွေများစွာရှိပါသည်။
ထိုသူငယ်ချင်းများသည် ပွင့်လင်းရိုးရှင်းကြပါသည်။ ထိုသူငယ်ချင်းများနှင့် ကျွန်တော်တို့ ဘာသာရေးကို ပွင့်လင်းစွာ သဘောထားကြီးစွာဖြင့်
အကြိမ်များစွာ ဆွေးနွေးဖူးကြပါသည်။ ကျွန်တော့်သူငယ်ချင်းများသည် ထိုသူယုတ်မာတစ်စုကဲ့သို့မဟုတ်ပေ။ ထိုသူယုတ်မာတို့က
မိမိတို့ဘာသာတရားက သင်ကြားပေးချက်များကို မျက်ကွယ်ပြုသော မိမိတို့သာသနာကို မိမိတို့ပြန်စော်ကားသော
သာသနာဖျက်များပင်ဖြစ်ကြသည်။
5. ထို Blog မှ ပေးထားသော အလားတူ လူလိမ် လှည့်ဖျား အကိုး links များ
မွတ်စလင်တို့၏ ဓာတ်ပုံတို့ဖြင့် ဝေဝေဆာဆာဖြင့် လှည့်ဖျားထားပြီး အရဗီ၊ အင်ဒို၊ တူရကီ နှင့် အင်္ဂလိပ်စာတို့ဖြင့်
ဖတ်ရှုနိုင်အောင်လုပ်ထားပြီး project ပုံစံမျိုးဖြင့်သွားနေသည့် အစ္စလာမ်ကိုသာမက ခရစ်ယာန်သာသနာကိုပါ ဂုဏ်သိမ်စော်ကားစေသည့်
website
Free Bible Audio Download Link များကို ပေးထားသည်။
The Meaning of Quran ဆိုပြီးနာမည်တတ်ကာ The Prophet’s Beautiful Prayer ဆိုသော Booklet download ပေးထားပြီး
ထိုစာအုပ်ထဲတွင် တမန်တော်မြတ်(ဆွ)ဝဖသ်ဖြစ်ခါနီးတွင် အလ္လာဟ်အရှင်မြတ်ကို ချစ်ခင်စိတ် သက္ကဝါအပြည့်ဖြင့် တိုင်တည်ခေါ်ဝေါ်ခဲ့သော
the Most High Friend ကို အီစာခရစ်တော်သခင်(အ)ဖြစ်ကြောင်း အတင်းမရမကလိုရာဆွဲယူလုပ်ဇာတ်ခင်းထားသည်။
ထိုစာအုပ်စာမျက်နှာ ၄ တွင် လုပ်ဇာတ်ခင်းမှတ်ချက်ပေးထားပုံက
Therefore the “Most High Friend” is none other than Isa AS, son of Maryam”
Noor Ul Haq ဆိုကာ နာမည်လှလှပေးပြီး လှည့်ဖျားထားပြန်သည်။ အရဗီနှင့် အင်္ဂလိပ်လို နှစ်မျိုးရသည်။ ပါးပါးလေးပုတ်ထားသဖြင့်
ရုတ်တရက်ဆိုလျှင်လှည့်ဖျားထားသည် ဟုပင်မသိနိုင်ပေ။ သို့သော်လည်း လိမ်လည်မှုဆိုကတည်းက အမှားဖြစ်၍
ပျက်သုန်းရမည်သာ။ ဆောင်းပါးတစ်ပုဒ်ချင်းစီကို သေချာစွာလိုက်ဖတ်ကြည့်ပါက သူတို့ဘီလူးရုပ်ပေါ်လာသည်။ ထို web ရှိ ဒီဆောင်းပါး၏
စာသားများကိုကြည့်ပါက-
Isa Al-Masih: Just a Prophet?
… always knew that Isa was a great prophet; but in the Injil according to John I found that Isa was much more
than a prophet!“
Allah raised up many prophets who were extraordinary men, yet they were born naturally, died naturally and
had failings common to other men. But the virgin birth of Isa, his sinlessness, his sacrifice, his death and
resurrection, his ascension and his second-coming make it clear that he was more than a prophet. The Injil
according to the Apostle John provides the following insights about Isa’s uniqueness:
1. He is the Word of Allah eternal with Allah and of Allah as life, light, and love incarnated as a human being, dwelling among us, full of the grace and truth of Allah (John 1:1-18).
ဘာသာစကား ခုနစ်မျိုးဖြင့်ဖတ်နိုင်ပြီး ပေါ်တင် လိမ်သော website ဖြစ်သည်။
ဘယ်လောက်တောင်လဲဆိုရင် Trinity ခရစ်ယာန်သုံးပါးပေါင်းတစ်ဆူအယူအဆသည် အစ္စလာမ့်၏
အနှိုင်းမဲ့တစ်ပါးတည်းသောအရှင်လိုပင်ဖြစ်ကြောင်း လိုရာဆွဲရေးသည့် စာအုပ်များမှတ်တမ်းများကို ဖော်ပြထားသည်။
God is one in the Holy Trinity
by Zachariah Butrus
The author explains the following difficult facts in a simplified and generalized way: the all-gathering unity of
God in the Holy Trinity, the testimony of the Qur’an for the unity of the Holy Trinity, the names of the
Holy Trinity, the counterfeit trinity, and the shining grace.
အရဗီလို website ဖြစ်ပြီး နည်းနည်းတော့ ပေါ်တင်လိမ်သည့် site ဖြစ်သည်။
Bible download link များပေးထားပြီး Gospel of Luke ကို လည်း download ပေးထားသည်။
6. နောက်အားလုံးသော အဆိုပါ လိမ်ဆင် blog နှင့် website များတွင် ထူးခြားစွာတူညီသည့်အချက်နှစ်ချက်ရှိသည်။ ထိုအချက်နှစ်ချက်မှာ
မွတ်စလင်siteများ အယောင်ဆောင်ကာ ကြေငြာထားသော်လည်း ကုရ်အာန်ကျမ်းတော်မြတ်ထက် သမ္မာကျမ်းကို အင်ဂျီလ်ဟုဆိုကာ
ပိုဖော်ပြ promotion လုပ်ခြင်းနှင့် မုဟမ္မဒ်သခင်(ဆွ)ကို တစ်ခါတစ်ရံ သူတို့လိုရာဆွဲအသုံးချရာ အမည်ဖော်ခြင်းမှလွဲ၍ ဖော်ပြခြင်းမရှိဘဲ
အီဆာသခင်(အ)ကိုသာ အကြိမ်ပေါင်းမြောက်များစွာ ဖော်ပြ promotion လုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။
“မြန်မာမူဆလင်တို့အတွက် သတင်းစကားများ”ဆိုသည့် www.myanmarmuslim.co.cc က သူ့blog ထောင့်မှာ တခမ်းတနား
ဒီလိုဖော်ပြထားပေးတဲ့ link
နိုင်ငံတကာ စာမျက်နှာများ
www.kalimatullah.com မှပေးထားတဲ့ message
Dear brothers and sisters,
If you would like further information on Al Masih Isa, His teachings and His life, email me and ask for literature or video tapes and I will send them to you for no charge!
7. Abdu Aalee
နာမည်ကို တစ်ချက်သေချာပေါင်းကြည့်ပါခင်ဗျာ။ အစ္စလာမ့်မှာ အလ္လာဟ့်အရှင်မြတ်၏ အမည်တော်တွေနဲ့ပဲတွဲပြီး abdu ထည့်လို့ရပါတယ်။
မုဟမ္မဒ်သခင်ရဲ့ အမည်ဘွဲ့နဲ့တောင်တွဲလို့မရပါဘူး။ ရှရိက်ဖြစ်ပါတယ်ခင်ဗျာ။
သူ့ Facebook စာမျက်နှာပေါ်မှာ တခြားမွတ်စလင်တွေနဲ့ မတူထူးခြားစွာ ကုရ်အာန်ကျမ်းတော်မြတ်နဲ့တွဲပြီး တခြားကျမ်းများရဲ့ အမည် ဥပမာ
အင်ဂျီလ်စသည်တို့ကို ဖော်ပြထားပါတယ်။
ထိုအယုတ်တမာ blog ကိုဒိုင်ခံ promotion ဝင်ပေးနေပါတယ်။ သူ့ရဲ့ wall ပေါ်မှာလည်း တင်၊ group တွေထဲလည်းလိုက်ဖြန့်လုပ်ပါတယ်။
ထိုအယုတ်တမာ blog ကို ကြိုက်နှစ်သက်ကြောင်းကိုလည်း facebook မှာ ကိုယ်တိုင်ဝန်ခံခဲ့ပါတယ်။
ထိုအယုတ်တမာblog နှင့်ပတ်သက်ခြင်းရှိမရှိမေးတော့ ကြိုက်ရုံသက်သက်လို့ပြောပါတယ်။ ဒါပေမယ့် အံ့သြဖို့ကောင်းတာက ထိုblog မှ
တင်မယ့်ဓာတ်ပုံအချို့က သူ့ Facebook မှာ တစ်ရက်ကြိုရောက်နေတာပါပဲ။ J
နောက်တစ်ချက်ကတော့ ဒီလောက် facebook မှ အယုတ်တမာ ဘလော့ခ်ကို ဝင်ပြီး promote လုပ်ရင်း active ဖြစ်နေတဲ့သူက သူ့
Facebook wall ပေါ်မှာ Jailbreak Hack ဆိုတဲ့နာမည်နဲ့ အုပ်စုလိုက် အရက်ပုလင်းထောင်တဲ့ပုံကို မြန်မာမွတ်စလင်တွေနဲ့
ရာမဒွန်လမြတ်ကို စော်ကားတဲ့ စကားအသုံးရေးပြီး caption တတ်ပြီးတင်သွားတာကို နည်းနည်းလေးတောင်မတုန့်ပြန်ထားတာပါပဲ။
8. မင်းလွင်
ဒီလူကတော့ ပြောပြ ရှင်းပြနေစရာတောင်မလိုပါဘူး။
www.scribd.com မှာ ဒေါက်တာယုဒသန်ရဲ့ သမ္မာကျမ်းထဲက ဓမ္မသစ် ရှင်လုကာကျမ်းကို မြန်မာမူဆလင်တွေအတွက်ပါဆိုပြီး စာအသုံးလည်းလိမ်ဆင်ကာစေတနာပိုကဲစွာနဲ့ ကျွန်တော်တို့နှစ်သက်တဲ့ အဖုံးပုံစလေးလုပ်ပြီး ဒီလိုတင်ထားတဲ့
Luke
Uploaded by: Min Lwin — ဒီစာအုပ်ကလေးကို အင်န်ဂျီလ်ကျမ်းတော်မြတ်လို့ခေါ်ပြီး ခရစ်ယာန်များအတွက်တော့ ရှင်လုကာကျမ်းဖြစ်ပါတယ်။ မြန်မာမူဆလင်များအတွက်ပါ။
Uploaded:
06/26/2011
အံ့မသြဖို့တစ်ခု ထပ်ပြရရင်တော့ Muslim ဆိုတဲ့ အရဗီ အသုံးကို လူတွေက အမျိုးမျိုးရေးပါတယ်။ ဥပမာ- မွတ်စလင်၊ မူစလင်၊ မုစ်စလင် စသည့်ဖြင့်ပေါ့။
ထိုလူယုတ်မာတစ်စုကလည်း ကြိုတင်တိုင်ပင်ထားလားမသိ။
Muslim ကို မင်းလွင်ဆိုသူကလည်း ဆလိမ်နဲ့ပေါင်းတယ်။ မူဆလင်တဲ့
အယုတ်တမာblogကလည်း ဆလိမ်ပဲကြိုက်တယ်။ မူဆလင်တဲ့
နောက်ပြီးတော့
၂၀၁၁၊ ဇူလိုင်လ၊ ၁၉ရက်၊ အင်္ဂါနေ့မှာ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှ အီစာ(အ)အကြောင်းဆိုတဲ့ post ကို အချိန်မနက်ပိုင်း ၃နာရီ
၁ဝမိနစ်မှာ အယုတ်တမာလိမ်ဆင်blog မှ တင်ခဲ့ပါတယ်။ နောက်ပြီး အဲ့ဒီ post မှာပဲ ထပ်မံသိလိုပါက ဒီ email
ကိုဆက်သွယ်ပါဆိုပြီး ပေးထားခဲ့ပါတယ်။
ထပ်မံသိရှိလိုပါက
myanmarmusliminfo@gmail.com
သို့ဆက်သွယ်ပါ။
ဆိုပြီး အရောင်စိမ်းလေးနဲ့ ရေးထားပါတယ်။ အံ့သြဖို့ မကောင်းတာကတော့ အဲ့ဒီ post ထဲမှာ မင်းလွင်ထည့်ရေးထားတဲ့ gamil က
အဲ့ဒီအယုတ်တမာ Blog ရဲ့ contact emailကိုယ်တိုင်ဖြစ်နေတာပါပဲ။
မွတ်စလင်မ် အယောင်ဆောင် မင်းလွင်အမည်နဲ့ Scribd စာမျက်နှာ လင့်ခ် http://www.scribd.com/min_lwin_1
Print Screen link အဲဒီမှာ ကြည့်ရင် ငါထာဝရဘုရားရဲ့ ပွဲတော်များ ဆိုတဲ့ ခရစ်ယာန်ဘာသာရေး စာအုပ်ကိုပါတွေ့နိုင်ပါတယ်။
သူ့Facebook wall ပေါ်မှာ Jailbreak Hack ဆိုတဲ့နာမည်နဲ့ အုပ်စုလိုက် အရက်ပုလင်းထောင်တဲ့ပုံကို မြန်မာမွတ်စလင်တွေနဲ့
ရာမဒွန်လမြတ်ကို စော်ကားတဲ့ စကားအသုံးရေးပြီး caption တတ်ပြီးတင်သွားတာကို နည်းနည်းလေးတောင်မတုန့်ပြန်ထားတာပါပဲ။ အဲဒီဓါတ်ပုံလင်ခ်ပါ။
http://www.facebook.com/photo.php?fbid=110737175692562&set=p.11…
FB မှ Abdul Aaleeရဲ့ စာမျက်နှာတွင် myanmarmuslim.co.cc ဆိုဒ်တွင် မတင်ခင် တရက်အရင်ကြိုတင်ခဲ့သော ဓါတ်ပုံလင့်ခ် (သြဂုတ်လ ၆ ရက်နေ့ရက်စွဲဖြင့်)
- ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၀တ်ပြုကိုးကွယ်နေသူများhttp://www.facebook.com/photo.php?fbid=142783179139632&set=a.14…
myanmarmuslim.co.cc ဆိုဒ်တွင်တင်ခဲ့သော ပိုစ်လင်ခ် (သြဂုတ်လ ၇ ရက်)
—————————————–
Updated News (1-10-2011)
ယခုလူယုတ်မာအုပ်စုဟာ အင်ဂျီလ်ကျမ်းရဲ့ စာအုပ် လင်ခ်ကို ဖြုတ်လိုက်ပါပြီ။ လူယုတ်မာ မင်းလွင်ဟာလဲ http://www.scribd.com/min_lwin_1 မှာရှိတဲ့ သူရဲ့ အကောင့်နာမည်ကို ပြောင်းရုံတင်မကဘဲ အမည်ကိုပါပြောင်းလိုက်ပါတယ်။
ဘလောဂ်ကို မဖျက်သိမ်းတဲ့အပြင် အရှက်မဲ့စွာ လိမ်ညာထားတဲ့ပိုစ်တခုကို ထပ်တင်ထားပါတယ်။
မသိသေးတဲ့ မွတ်စလင်မ်ညီနောင်တွေကို ထပ်ပြီးလိမ်ဖို့ ပြင်ဆင်နေပါပြီ။
ကျနော်တို့ မွတ်စလင်မ်တွေအားလုံး ဒီဘလောဂ် ဖျက်သိမ်းတဲ့အထိ ၀ိုင်းဝန်းဆောင်ရွက်ဖို့ မဖြစ်မနေလိုလာပါပြီ။
- သယ်ချင်းတို့ မေးအကောင့်မှာ ရှိသမျှ မွတ်စလင်မ် မိတ်ဆွေ သူငယ်ချင်းတွေကို ပို့ပါ။
- myanmarmusliminfo@gmail.com ကို ဒီဘလောဂ်အကြောင်း ရေးတာကို ထည့်ပြီး ဘလောဂ်ကို ဖျက်သိမ်းပစ်ပြီး ယုတ်မာတဲ့ အကြံအစီတွေကို ရပ်တန်းကရပ်ဖို့ အီးမေးပို့ပါ။
- မိမိတို့ရဲ့ FB စာမျက်နှာ လူယုတ်မာတွေရဲ့ ဘလောဂ်ပိုစ်အကြောင်းကို တင်ပေးကြပါ။
- Update သတင်းတွေကိုလဲ တင်ပေးကြပါ။
အစ္စလာမ် သာသနာကို ကာကွယ်ရန်မှာ ကျနော်တို့ မွတ်စလင်မ် ညီအကိုမောင်နှမများအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။
အလ္လာဟ်အရှင် ကျနော်တို့အားလုံးကို အစ္စလာမ်သာသနာကိုကာကွယ်နိုင်တဲ့ အစွမ်းချီးမြှင့်ပေးသနားတော်မူပါစေ .. အာမိန်း..
Please forward this email to your muslim friends!