တရုတ် လူ့အခွင့်အရေးလှုပ်ရှားသူ Liu Xiaobo အား ၂၀၁၀ အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြင့် ခဲ့သည့်အပေါ် တရုတ်အစိုးမှ ဒေါသထွက်လျက်ရှိနေသည်။ တရုတ်လူမျိုးတို့ရင်ဆိုင်နေရသော ပြဿနာများကိုဖြေရှင်းပေးနိုင်ခဲ့သော တရုတ်ထူခွန်သူများကို နိုဘယ် ဆု တွင် အမည်စာရင်းမတင်ပြခဲ့သော အကြောင်းအရင်းကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး Fu ying က မေးခွန်းထုတ် လိုက်ပါသည်။ (more…)
Blog
-
နိုဘယ်ဆုကော်မတီ အား တရုတ်ဝေဖန်
-
ချမ်းသာသော နိုင်ငံများသို့ အလုပ်သမား ၀င်ရောက်မှုနှုန်း ကျဆင်းလာနေ
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်းများကြောင် ချမ်းသာသောနိုင်ငံများသို့ ၀င်ရောက်အခြေချ နေထိုင် သူလုပ်သားအရေအတွက် သိသိသာသာ ကျဆင်းခဲ့ကြောင်း BBCသတင်းတစ်ရပ်တွင်ဖေါ်ပြထားပါသည်။ ဖွံဖြိုးပြီးနိုင်ငံများ၏ စီးပွားရေးကျဆင်းလာမှုသည် ဆင်းရဲသော နိုင်ငံများမှ ရွှေ့ပြောင်း အခြေချနေထိုင် မှုကို ထိခိုက်ခဲ့သည်။ ယင်းသို့လုပ်သားများ ၀င်ရောက်မှုနှုန်းကျဆင်းခဲ့သော်လည်း ၄င်းနိုင်ငံများရှိ အလုပ်သမား များက မိခင်နိုင်ငံများ သို့ ပုံမှန် လုပ်ခ ငွေလွဲပြောင်းပေးနိုင်ခဲ့သည်ဟု သိရသည်။ (more…)
-
ဲပါကစ္စတန်ရေဘေးသင့် ပြည်သူ ၇သန်း အမိုးအကာမရှိ ဖြစ်နေရဆဲဟု ကုလဆို
ဒေါ်လာ ၉.၇ဘီလီယံကျော်ခန့် ပျက်ဆီမှု ပမာဏရှိခဲ့သော ပါကစ္စတန်ရေဘေး တွင် လူ ပေါင်း ၇သန်းကျော်သည် အမိုးအကာမရှိသော နေစရာများတွင် ၃လ တိုင်တိုင်နေထိုင်နေ ရကြောင်း ကုလသမဂ္ဂမှ ပြောဆိုလိုက်ပါသည်။ ပြည်သူများ၏ နေအိမ်ပေါင်း ၂သန်မှာလည်း ရေလွမ်းမှု ကြောင့် ပြိုကျပျက်ဆီးခဲ့ရသည်။ “..လက်တလောမှာ ပြည်သူ ၇သန်းလောက်က ရေလွှမ်းသင့်ရာ နယ်မြေတွေမှာ အကာအရံမရှိ ပဲနေထိုင်နေရပါတယ် …”ဟု ကုလသမဂ၏ ပြောခွင့်ရ သူ Stacey Winston က သတင်းစာရှင်းလင်ပွဲ တစ်ခုတွင်ပြောကြားပါသည်။ ထို့အတူ ကမ္ဘာ့ လူမှုကယ်ဆယ်ရေးအဖွဲ့များကလည်း ပြည်သူ ၁၄သန်းအတွက် အရေးပေါ် ကူညီထောက်ပံမှုများလိုအပ်နေသည် ဟု နိုင်ငံတကာ သို့ တောင်းဆိုထားသည်။ (more…)
-
ကမ္ဘာနငတ်ခမ်းမွေးအဖွဲ့ချုပ် ထူထောင်
နှုတ်ခမ်းမွေးရိတ်ပစ်ပါက ကွာရှင်းခံရမည်ဟု ဇနီးသည်၏ ခြိမ်ခြောက်ခံထားရသူ အီဂျစ်အမျိုးသား Fathi ahmed mohmoud က ယခုအခါတွင် နှုတ်မွေးအဖွဲ့ချုပ်ကို
ထူထောင်လိုက်ပါပြီ။ သူ၏ အဖွဲ့သို့ ၀င်လိုသူများသည် နှုတ်ခမ်းမွေး အရှည် ၂၀စင်တီမီတာ ခန့်အနည်းဆုံးထားရှိရမည်ဖြစ်သည်။။ နှုတ်ခမ်မွေမထားတဲ့သူ အမြီး မပေါက် တဲ့မျောက် ဟု အဖွဲ့၏ ဆောင်ပုဒ်ကိုထားရှိသည်။ ၁၉၈၇ခုနှစ်ကတည်က နှုတ်ခမ်ျးွေးအဖွဲ့ချုပ်ကို တည်ထောင်လိုသော်လည်း အာဏာပိုင်များက ယခုမှပင် တည်ထောင်ခွင်ပေးခဲေ့ကြာင်း လူ ၂၀ဖြင့် စတင် ဖွဲ့စည်းခဲ့ သော်လည်း ယခုချိန်ထိ အဖွဲ့ဝင် ၂၀၀ ခန့် စုဆောင်း မိပြီဖြစ်ကြောင်း ၊ နိုင်ငံတကာက အဖွဲ့ဝင်လိုသူများလည်း ဆက်သွယ်လာနေကြောင်း ကFathiက ပြောပြသည်။ နှုတ်ခမ်းမွေးအဖွဲနှုတ်ခမ်းမွေးအဖွဲချုပ်ကို လူအများကို ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်ပြီးထူထောင် ခဲ့ခြင်းဖြစ်ကြောင်း သူ၏ရည်ရွယ်ချက်ကို ပြောပြသည်။ (more…) -
အမေရိကန်ကျောထောက်နောက်ခံပြုထားသော ဘလက်ဝါးတားလုံခြုံရေး ကုမ္ပဏီ
1990 ခုနှစ်နှောင်းပိုင်းဆီက အဲရစ်ပရင့်စ်သည်ဘိုးဘွားအမွေနှစ်ကြွယ်ဝသမျှ ဓနငွေဖြင့်ဗာဂျီနီးယားပြည်နယ်အစပ် ကာရိုလိုင်းနာပြည်နယ်မြောက်ပိုင်းမြေနိမ့် ရေ၀ပ်လွင်ပြင်ကျယ်ဧက 6000 ခန့်ကိုဝယ်ယူ၍ ပုဂ္ဂလိကကိုယ်ခံပညာ သင်တန်းကျောင်းတစ်ခု တည်ထောင်လိုက်ပြီးစိမ့်စမ်းမြေအရောင်အတိုင်း Black Water ဟုအမည်ပေးခဲ့သည်။ အမေရိကန် Black Water ကုမ္ပဏီကို 1997 နှစ်တွင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စစ်ရေးနှင့်ဥပဒေပိုင်းဆိုင်ရာအဖွဲ့အစည်းများအား သင်တန်းများပို့ချပေးရတတ်သည်။ (more…)