ကျောခိုင်းခံရတဲ့ မြန်မာပြည်က စုပြုံသတ်ဖြတ်မှု (ဘာသာပြန် သတင်းဆောင်းပါး အစအဆုံး)

ဇူလိုင်-၁၁၊ ၂၀၁၃ ဘာသာပြန်- မြင့်မိုရ်မောင်မောင် မူရင်းဆောင်းပါး- The Japan Times ဖုန်တွေသဲတွေဖုံးလွှမ်းနေတဲ့ ဦးခေါင်းခွံ အပိုင်းအစတွေ၊ သွားတွေတွဲလျက်ရှိနေသေးတဲ့ မေးရိုးတစ်စုံရဲ့ အကျိုးအပဲ့တွေ၊ ၀ါးရင်းတုတ်နဲ့ရိုက်နှက်တိုက်ခိုက်ခံရပြီး မြေပေါ်လဲကျခိုက် အရှင်လတ်လတ်ဓာတ်ဆီလောင်းမီးရှို့ခံလိုက်ရတဲ့ ရုပ်အလောင်းတွေ လဲလျောင်းနေကြပါတယ်။ မြန်မာပြည်အလယ်ပိုင်း၊ မိတ္ထီလာမြို့ပေါ်၊ မတ်လ နံနက်ခင်းမှာ ဘုန်းတော်ကြီးတစ်ပါးသတ်ခံရတယ်ဆိုပြီး ဗုဒ္ဓဘာသာလူအုပ်စုတွေ ဒေါသပေါက်ကွဲသွားကြတယ်။ ကယ်တင်နိုင်ပါလျက်နဲ့ ဓားစားခံဖြစ်သွားသူများကတော့ အစဉ်အလာရှိတဲ့အစ္စလာမ့်ကျောင်းတစ်ကျောင်းက ဆရာနဲ့ကျောင်းသားတွေ ဖြစ်သွားခဲ့တယ်။ သူတို့ဟာ အဲ့ဒီအမှုနဲ့ ဘာမှမသက်ဆိုင်ကြတဲ့ မွတ်စ်လင်မ်တွေပါ။ သူတို့ရဲ့ရှင်သန်မှုနောက်ဆုံးအချိန်ပိုင်းလေးမှာ ရဲတပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီး ကယ်ဆယ်စေခဲ့တယ်။ သူတို့ဟာ မီးလောင်နေတဲ့ကျောင်းဝင်းအတွင်းမှာ ရှိနေပြီး ဒေါသထွက်နေတဲ့လူအုပ်ကြီးက ၀ိုင်းရံထားတာ ခံနေရတယ်။ ကြောက်ရွံ့တုန်လှုပ်စွာနဲ့ ခေါင်းပေါ်လက်တွေတင်လို့ ထွက်လာကြတဲ့အခါ လမ်းပေါ်မှာအသင့်ရပ်စောင့်နေတဲ့ ထရပ်ကားလေးစင်းပေါ် တက်စေခဲ့တယ်။ လမ်းတစ်ဝက်မှာတင် အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားတယ်။ မြန်မာနိုင်ငံရဲ့ … Continue reading ကျောခိုင်းခံရတဲ့ မြန်မာပြည်က စုပြုံသတ်ဖြတ်မှု (ဘာသာပြန် သတင်းဆောင်းပါး အစအဆုံး)