News @ M-Media

Blog

  • လုပ်ဆောင်ချက် အသစ်များ ပါဝင်သည့် M-Media Android App Version အသစ်

    လုပ်ဆောင်ချက် အသစ်များ ပါဝင်သည့် M-Media Android App Version အသစ်

    ဇွန် ၂၃ ၊ ၂၀၁၅
    M-Media

    M-Media Cover copy

    M-Media မှ တင်ဆက်ပေးနေသတင်းများကို Android Smart ဖုန်းများမှ တဆင့် ဖတ်ရှုနေတဲ့ စာဖတ် ပရိတ်သတ် အတွက် လုပ်ဆောင်ချက် အသစ်များဖြင့် အဆင့်မြှင့်ထားတဲ့ M-Media Android Application အသစ်ကို ဖြန့်ဝေလိုက်ပါပြီ။

    Version 2.0 မှာ လုပ်ဆောင်ချက် အသစ်များပါဝင်ပြီး ဖုန်းတွေမှာ မြန်မာဖောင့် မရှိခဲ့ရင်လည်း ဖတ်ရှုနိုင်အောင်ဆောင်ရွက်ပေး ထားပါတယ်။

    Android 3.0 နှင့် အထက် Smart Phone များတွင် အသုံးပြုနိုင်ပြီး  Google Play ကနေ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

    M-Media Android app Update (သို့) Download လုပ်ရန် [2.29 MB]
    ———————————————-
    Play Store Link =>https://play.google.com/store/apps/details?id=com.app.news.mmedia

    .
    Apk Version လိုချင်သူများအတွက်
    _______________________
    Drop Box => https://dl.dropboxusercontent.com/u/401039/playstore/Mmedia.apk
    App Box => https://app.box.com/s/gj1aotaxfsk7chq51uoyc0j34r7tvxs3

    M-Media Android application ကို M-Media အဖွဲ့မှ နည်းပညာရှင် လူငယ်များ ကိုယ်တိုင် စုပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ပြီး စိတ်ချ ယုံကြည်စွာ အသုံးပြုနိုင်ကြောင်း အာမခံပါတယ်။

    ယခင် M-Media App Version 1.0 သွင်းထားသူများ Update လုပ်ရန် လမ်းညွှန်

    နဂို Version 1.0 သွင်းထားပြီးသူများ အတွက်တော့ Play Store ကတဆင့် Update လုပ်ရုံပါဘဲ။ Play Store မှ Update ပြုလုပ်ပုံ အဆင့်ဆင့်အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

    ** မင်နီပြထားသည့်များကို အဆင့်တိုင်းမှာ နှိပ်သွားရန်

    Update copy

     

    M-Media Android App  Version 2.0 ပါဝင်တဲ့ လုပ်ဆောင်ချက် အသစ်များ
    ______________________________________________
    မြန်မာ- အင်္ဂလိပ် ဗားရှင်း ၂ ခုစလုံးအတွက် Website မှာတင်သမျှသတင်းများအပြင် Facebook Page များမှာတင်သည့် ပိုစ်များကိုပါ App ထဲမှ ဖတ်ရှုနိုင်အောင် စုစုပေါင်း သတင်းအပိုင်းမှာ Channel  ၃ ခု ထည့်သွင်းပေးထားပါတယ်။
    News Chanel

    M-Media မြန်မာဗားရှင်းအတွက် Channel ၂ ခု ပါရှိပါတယ်။ M-Media အင်္ဂလိပ်ဗားရှင်းအတွက် Channel
    ၁ ခု ပါရှိပါတယ်။

    M-Media 1(MM) နှင့် M-Media 2(MM) မှာ သတင်းများ အတူတူသာဖြစ်ပြီး ရည်ရွယ်ချက်မှာ အကြောင်း အမျိုးမျိုးကြောင့် ပင်မ သတင်းဆိုဒ်ဖြင့် ချိတ်ဆက်ထားသည့် M-Media 1(MM) ဖတ်ရှု၍ မရခဲ့လျှင် အခြား တခုဖြစ်သော M-Media 2 (MM) မှ ဖတ်ရှုနိုင်ရန် အတွက်ဖြစ်ပါတယ်။

    ပုံမှန်အနေအထားတွင် Data မစားစေရန်  M-Media 1(MM) တခုကို ဘဲ ဖွင့်ထားရင် လုံလောက်ပါတယ်။ Channel ၃ ခု အနက်မှ မိမိတို့ ပိတ်ထားလိုသည့် Channel များကိုလည်း အောက်ဖော်ပြပါ ပုံအတိုင်း စိတ်ကြိုက်ရွေးချယ်ပြီး ပိတ်ထားနိုင်ပါတယ်။

    Edit Chanel

    M-Media YouTube (ရုပ်သံ)
    __________________
    M-Media YouTube Chanel မှ ရုပ်သံ သတင်းနှင့် မှတ်တမ်းများကို Youtube website ကို သွား၍ ကြည့်ရှုစရာလိုဘဲ M-Media App တွင် တိုက်ရိုက် ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။

    ရုပ်သံများကို ကြည့်ရှုတဲ့ အချိန်မှာတော့ အင်တာနက် Connection လိုအပ်မှာဖြစ်ပါတယ်။

     

    M-Media Tube

    Public Holidays အစိုးရရုံးပိတ်ရက်များ (မြန်မာ-စင်္ကာပူ)
    ________________________________
    အစိုးရ ရုံးပိတ်ရက်များကို ပြက္ခဒိန် သီးသန့်ကြည့်စရာမလိုဘဲ M-Media App ကို အသုံးပြုရုံဖြင့် အလွယ်တူ သိရှိနိုင်အောင် ထည့်သွင်းတဲ့ လုပ်ဆောင်ချက်အသစ်ပါ။ လတ်တလောမှာတော့ မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့ရဲ့ အစိုးရရုံး ပိတ်ရက်များကြည့်ရှုနိုင်ပါတယ်။ သတိပြုရမယ့် အချက်တခုကတော့ တချို့ပိတ်ရက်တွေဟာ ပုံသေ သတ်မှတ်ထားတာ မဟုတ်တဲ့ အတွက် တနှစ်ကုန်သွားပြီး နှစ်သစ်ရောက်သွားရင် Update List ဖြစ်ဖို့ အတွက် Online Connection ရှိနေတဲ့အချိန် Refresh လုပ်ပေးဖို့ လိုအပ်ပါတယ်။

     

    Public Holidays

    Useful Apps (အသုံးတည့်ပြီး ရေပန်းစားသော Apps များ)
    __________
    ဒီအပိုင်းကတော့ အသုံးတည့်ပြီး လူသုံးများတဲ့ Android App များကို ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်။ အချိန်အခါလိုက်ပြီး ပြောင်းလဲနေတဲ့ ရေပန်းစားသော App များကို မကြာခဏ ဆိုသလို Update လုပ်ပေးသွားမှာဖြစ်လို့ Latest Update List ကိုရရှိနိုင်ဖို့ အင်တာနက်  Connection ရှိနေတဲ့အချိန် Refresh လုပ်ပေးဖို့ လိုအပ်ပါတယ်။

     

    Useful Apps copy

     

    App settings အပိုင်း စိတ်ကြိုက်ပြု ပြင်ခြင်း
    ______________________________
    No-1
    သူလိုလို Update ဖြစ်စေမယ့် No-2 ကို ပိတ်ထား၊ ဖွင့်ထားလိုလျင် ပြုလုပ်ရမယ့် အပိုင်းဖြစ်ပါတယ်။

    No-2
    App မဖွင့်ထားဘဲ အချိန် ဘယ်လောက် အကြာမှာ တခါ သူအလိုလို refresh ဖြစ်နေအောင် လုပ်ထားတဲ့ အပိုင်းပါ။ ပုံ(၂) အတိုင်း မိမိစိတ်ကြိုက်ပြင်နိုင်ပါတယ်။ ဥပမာ ၈ နာရီလုပ်ထားမယ်ဆိုရင်ဖြင့် ၈ နာရီတွင်း ပိုစ်အသစ်တက်လာရင် App ကို မဖွင့်ထားလည်း

    ပိုစ်အသစ်တင်ဝင်လာကြောင်း notifications အနေနဲ့ ပြပေးမှာဖြစ်ပါတယ်။

    No-3
    M-Media App ဖွင့်လိုက်လျင်  refresh ဖြစ်စေလိုလျင် Check Box ကို နှိပ်ထားရပါ့မယ်။ App ဖွင့်တိုင်းမှာ Internet  Connection ရှိနေရင် ပိုစ်အသစ်များ Auto Update လုပ်ပေးပါလိမ့်မယ်။ Automatic refresh မဖြစ်စေချင်ရင်တော့ အမှတ်ခြစ်လေးဖြုတ်ထားရုံပါဘဲ။

    No-4
    Automatic Update (No-2) ကို WiFi Connection ရှိမှ refresh လုပ်ချင်သူတွေ အတွက်ပါ။ မြန်မာပြည်လို Data သုံးသလောက် ပိုက်ဆံပေးရတဲ့ User များ ကုန်ကျစရိတ် ချွေတာနိုင်ထည့်သွင်းထားတာပါ။

    No-5
    ပိုစ် အဟောင်းတွေကို ဘယ် ၂ ရက် သိမ်းထားမလဲ ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ပုံ(၄) ပါအတိုင်း မိမိတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ အသုံးပြုသူများရဲ့ ဖုန်း Storage အနည်းအများလိုက် အလျော့အတင်းပြုလုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

    No-6
    သတင်းပိုစ်များကို စာလုံးဖောင့် ဆိုဒ် ပြောင်းလို့ရတဲ့အပိုင်းပါ။ စာလုံးကြီးကြီးဖတ်ရမှ အားရသူ စာဖတ်သူများ ပုံမှန် စာလုံးအရွယ်အစားထပ် ၃ ဆ ကြီးပြိး မြင်အောင် လုပ်ထားလို့ရပါတယ်။

    No-7
    ဖုန်းထဲမှာ မြန်မာဖောင့် ရှိပြီးသားဆိုလျင် ဒီအပိုင်းကို ဖြုတ်ထားလို့ရပါတယ်။

    No-8
    သတင်းပိုစ်များမှာ ဓါတ်ပုံဖြုတ်ထားချင်ရင် လုပ်လို့ရတဲ့အပိုင်းဖြစ်ပါတယ်။

    No-9
    သတင်းအသစ်တက်တိုင်း Notification ပြမှာကို မလိုချင်ဘူးဆို ဖြုတ်ထားလို့ရတဲ့အပိုင်းပါ။

    Settings

     

    Android 3.0 အောက် ဖုန်းများအတွက် အဆင်ပြေအောင် သီးသန့် App တခု ထပ်မံပြီး ဖြန့်ဝေပေးသွားဖို့ ရှိပါတယ်။

    M-Media ဆိုသည်မှာ

    M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင်  လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်း အဖွဲ့၏သြဇာခံ လက်အောက်ခံ မဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအခုအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။

    M-Media ရဲ့ App အသုံးပြုရတာ အခက်အခဲ ရှိရင်သော်လည်းကောင်း၊ အကြံပြုလိုတာ ရှိရင်သော်လည်းကေင်း editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။

    လေးစားစွာဖြင့်

    M-Media ဝိုင်းတော်သားများ

  • ဂါဇာကမ်းမြှောင်က အလ်နာဆာဆေးရုံကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်

    မတ် ၂၄၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – တိုက်ခိုက်ခံရပြီးနောက် ဆေးရုံမြင်ကွင်း)

    ဂါဇာကမ်းမြှောင် ခန်ယူနစ်မြို့က အလ်နာဆာဆေးရုံကို အစ္စရေးတပ်ဖွဲ့တွေက တနင်္ဂနွေနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူနှစ်ယောက်သေဆုံးကာ ရှစ်ယောက်ဒဏ်ရာရခဲ့ပါတယ်။

    ဒီဆေးရုံဟာ ပဋိပက္ခကာလအတွင်း အကြိမ်ကြိမ် ပစ်မှတ်ထားခံခဲ့ရဖူးပါတယ်။ သေဆုံးသူတွေထဲမှာ ဟားမားစ်ရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် အစမာအီလ် ဘာဟုမ်း ပါဝင်နေပြီး၊ တိုက်ခိုက်မှုဖြစ်တဲ့အချိန် သူဟာ ဆေးရုံအတွင်း ကုသမှုခံယူနေတာ ဖြစ်ပါတယ်။

    ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဗုံးကြဲမှုကြောင့် ဆေးရုံမီးလောင်ကာ လူသားချင်းစာနာမှုအခြေအနေကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ ပြောပါတယ်။ ဒီဆေးရုံဟာ အရင်ကလည်း အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံခဲ့ရပါတယ်။

    နာဆာဆေးရုံလို ကျန်းမာရေးဌာနတွေကို ဆက်တိုက်ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ ဂါဇာမှာ မြင့်တက်လာနေတဲ့ အကြမ်းဖက်မှုနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေကို ထင်ဟပ်စေပြီး၊ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

    Ref: Aljazeera

  • လူပေါင်း ၅ သိန်းကျော်၏ နေထိုင်ခွင့်များကို ရုပ်သိမ်းလိုက်သည့် အမေရိကန် လူ၀င်မှုကြီးကြပ်ရေး အခြေအနေ

    မတ် ၂၃၊ ၂၀၂၅
    M-Media
    ထရမ့်အစိုးရ၏ နှင်ထုတ်မှုကို တရားရေးဌာနက စီစစ်နေ
    ———————
    ထရမ့်အစိုးရက ဗင်နီဇွဲလားဂိုဏ်းသားတွေလို့ စွပ်စွဲပြီး လူရာချီကို အယ်လ်ဆာဗေးဒိုးနိုင်ငံဆီ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ လွှဲပြောင်းပေးပို့လိုက်တယ်။ ၁၇၉၈ ခုနှစ်က ပြဌာန်းထားတဲ့ နိုင်ငံခြားသားရန် ကာကွယ်ရေးအက်ဥပဒေကို အသုံးပြုခဲ့တာဖြစ်ပြီး တရားရေးဌာနက နှင်ထုတ်မှုကို ရပ်ဆိုင်းဖို့ အမိန့်ပေးထားတာကို ထရမ့်က မလိုက်နာခဲ့ပါဘူး။ ဒီအငြင်းပွားမှုဟာ တရားရုံးချုပ်ထိ ရောက်သွားနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ရိုက်တာသတင်းဌာနက ထရမ့်ဟာ ရာထူးရယူပြီး ပထမလမှာ လူပေါင်း ၃၇,၆၆၀ ဦးကို နှင်ထုတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

    လူပေါင်း ၅၃၀,၀၀၀ ကျော်၏ နေထိုင်ခွင့်များကို ရုပ်သိမ်း
    ————
    ဘိုင်ဒင်လက်ထက်က ပေးထားတဲ့ ယာယီတရားဝင်နေခွင့်ရပြီးသား လူပေါင်း ၅၃၂,၀၀၀ ရဲ့ နေထိုင်ခွင့်ကို မတ်လ ၂၁ ရက်မှာ ထရမ့်အစိုးရက ရုပ်သိမ်းခဲ့ပါတယ်။ ကျူးဘား၊ ဟေတီ၊ နီကာရာဂွါနဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေဖြစ်ပြီး ဧပြီလ ၂၄ ရက်နေ့ကစတင်ကာ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ ဒီလူတွေကို CBP ဖုန်းအက်ပ် အသုံးပြုကာ နိုင်ငံအတွင်းက ထွက်ခွာခိုင်းမှာဖြစ်ပြီး မလိုက်နာရင် ဖမ်းဆီးမယ်လို့ ထုတ်ပြန်ထားပါတယ်။

    မက္ကဆီကိုနယ်စပ်ကို စစ်သင်္ဘော ထပ်ပို့
    —————
    အမေရိကန်-မက္ကဆီကိုနယ်စပ် ရေပြင်မှာ ဒုတိယမြောက် ဒုံးကျည်တင် စစ်သင်္ဘော USS Spruance ကို ထပ်ပို့လိုက်တယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။ အရင်က USS Gravely စစ်သင်္ဘောကို ပို့ဆောင်ထားပြီး ထရမ့်က လူဝင်မှုကြီးကြပ်ရေးကို ပိုမိုအားကောင်းအောင် ဆောင်ရွက်မှုလည်းဖြစ်ပါတယ်။ အမေရိကန်စစ်ဌာနချုပ်က “ရေကြောင်းကနေ တရားမဝင် လူ၀င်မှု” ကို နှိမ်နှင်းဖို့ဖြစ်တယ်လို့ဆိုပါတယ်။ ကမ်းခြေစောင့်တပ်အစား စစ်တပ်သုံးလာတဲ့အတွက် စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။

    ခရီးသွားလုပ်ငန်း ကျဆင်း
    ————-
    ထရမ့်ရဲ့ လူဝင်မှုမူဝါဒတွေကြောင့် နိုင်ငံတကာက ခရီးသွားတွေ အမေရိကန်ကို လာဖို့ စဥ်းစားနေပြီလို့ Guardian သတင်းဌာနက ဖော်ပြပါတယ်။ အမေရိကန်ကို ခရီးသွားတွေ၀င်ရောက်မှု သိသိသာသာ ကျသွားပြီး၊ ဗီဇာရှိသူ၊ ဂရင်းကတ်ရှိသူတွေကို ဖမ်းဆီးစစ်ဆေးတာမျိုးတွေကြောင့်လည်း ဖြစ်ပါတယ်။ ဂျာမနီလို နိုင်ငံမျိုးကတောင် အမေရိကန်ကို ခရီးသွားလာမှုအတွက် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

    မင်းသားဟယ်ရီရဲ့ လူဝင်မှုဖိုင်တွေ ထုတ်ပြရမယ်
    —————
    ဗြိတိန်တော်၀င်မင်းသား ဟယ်ရီရဲ့ ဗီဇာလျှောက်ထားမှု ဖိုင်တွေကို ထုတ်ပြန်စစ်ဆေးဖို့ အမေရိကန်တရားရုံးတစ်ခုက ပြီးခဲ့တဲ့တစ်ပတ်မှာ အမိန့်ထုတ်ခဲ့ပါတယ်။ သူ့ရဲ့ အရင်က မူးယစ်ဆေးသုံးခဲ့တယ်ဆိုတဲ့ ဝန်ခံချက်ကြောင့် မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီး၊ ထရမ့်ကတော့ နှင်မထုတ်ဘူးလို့ ပြောထားတယ်။

    Ref: Reuters/CNN/Guardian

  • တူရကီ၏ လက်နက်ထုတ်လုပ်ရေးကဏ္ဍ အကြီးအကျယ် တိုးတက်လာ

    မတ် ၂၃၊ ၂၀၂၅
    M-Media


    တူရကီရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုလုပ်ငန်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေတွင်း သိသိသာသာ တိုးတက်လာခဲ့ပြီး ကမ္ဘာ့ထိပ်တန်း လက်နက်ထုတ်လုပ်ရောင်းချတဲ့နိုင်ငံ ဖြစ်လာပါတယ်။ ၂၀၂၄ ခုနှစ်မှာ စစ်လက်နက်ပစ္စည်းတင်ပို့မှုဟာ ဒေါ်လာ ၇.၁ ဘီလီယံကို ရောက်ရှိလာပြီး၊ ဆယ်စုနှစ်တစ်ခု အရင်က ဒေါ်လာ ၁.၉ ဘီလီယံရှိရာကနေ တဖြည်းဖြည်းမြင့်တက်လာတာပါ။
    တူရကီဟာ ကာကွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဌာန SAGEB ကို ၁၉၈၅ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး လက်နက်ထုတ်လုပ်မှုမှာ ပြည်ပနိုင်ငံတွေကို မှီခိုမှုကင်းလွတ်ရေး ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။
    လက်ရှိမှာတော့ တူရကီဟာ ကမ္ဘာ့ ၁၁ နိုင်ငံမြောက် အကြီးဆုံး လက်နက်တင်ပို့တဲ့နိုင်ငံ ဖြစ်လာပြီး အဓိက၀ယ်ယူသူတွေက အရှေ့အလယ်ပိုင်းနဲ့ အာရှနိုင်ငံတွေ ဖြစ်ပါတယ်။
    စိတ်၀င်စားစရာအချက်များ
    ———–
    -တူရကီဟာ ၁၉၈၀ ပြည့်နှစ်တွေကတည်းက နိုင်ငံခြားတိုင်းပြည်တွေကနေ လက်နက်ဝယ်ယူမှုက ဖယ်ခွာပြီး ကိုယ်တိုင်ထုတ်လုပ်မှုကို အလေးထားလာခဲ့ပါတယ်။

    • Bayraktar TB2 ဒရုန်းဟာ တူရကီရဲ့ ထင်ရှားတဲ့ ပို့ကုန်ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှစတင်ကာ ကမ္ဘာ့နိုင် ငံအသီးသီးက မှာယူအသုံးပြုလာပါတယ်။
      -Steel Dome လေကြောင်းကာကွယ်ရေးစနစ်နဲ့၊ KAAN ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေကို ဖန်တီးပြီး လေတပ်ခေတ်မီရေး လုပ်ဆောင်နေပါတယ်။
      -Altay ဆိုတဲ့အမည်နဲ့ တင့်ကားတွေကို ထုတ်လုပ်နေပြီး ဂျာမနီရဲ့ Leopard တင့်ကား၊ အမေရိကန်ရဲ့ Abrams တင့်ကားတွေကို ယှဥ်ပြိုင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။
      -ရေတပ်ခေတ်မီရေးအတွက် MILGEM စီမံကိန်း ဖော်ဆောင်ကာ နိုင်ငံရဲ့ အကြီးဆုံး ခေတ်မီတိုက်သင်္ဘော TCG Anadolu တွေကို ထုတ်လုပ်လာနိုင်ပါတယ်။
      -အနောက်နိုင်ငံရဲ့ လက်နက်၀ယ်ယူမှု ပိတ်ဆို့တာတွေကို ကျော်လွှားနိုင်ဖို့အတွက် ကိုယ်တိုင် လက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းအားထုတ်လာတဲ့ တူရကီမှာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း ၃,၀၀၀ လောက်အထိ ရှိလာပါပြီ။
      -တူရကီရဲ့ လက်နက်တင်ပို့မှုဟာ ကမ္ဘာ့လက်နက်ဈေးကွက်ရဲ့ ၁.၇% ရှိလာပြီး UAE, ပါကစ္စတန်နဲ့ ကာတာ တို့က အဓိက ၀ယ်ယူသူတွေ ဖြစ်လာပါတယ်။
      Ref: Aljazeera
  • ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (မတ် ၂၃)

    M-Media

    ဂါဇာရှိ ကင်ဆာဆေးရုံကို အစ္စရေးက ဖောက်ခွဲဖျက်ဆီး
    ——————–
    ဂါဇာက တစ်ခုတည်းသော ကင်ဆာအထူးကုဆေးရုံဖြစ်တဲ့ တူရကီ-ပါလက်စတိုင်း ချစ်ကြည်ရေးဆေးရုံကို အစ္စရေးက မတ်လ ၂၂ ရက်နေ့မှာ ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဒါဟာ “ရက်စက်ယုတ်မာတဲ့ ရာဇဝတ်မှု” လို့ ရှုတ်ချခဲ့ပြီး ကင်ဆာလူနာထောင်ပေါင်းများစွာ ကုသမှုမရတော့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးက ဒီဆေးရုံဟာ ဟားမတ်စ်ရဲ့ အမိန့်ပေးစင်တာလို့ ဆိုပေမယ့် သက်သေမပြနိုင်ပါဘူး။ ဒီတိုက်ခိုက်မှုဟာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်တယ်တာဖြစ်တယ်လို့ နိုင်ငံတကာက ဝေဖန်နေပါတယ်။

    အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှု ဆက်လုပ်
    ———————-
    ဂါဇာမှာ အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငါးဦး သေဆုံးခဲ့ပါတယ်။ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့နေရာကို ပစ်မှတ်ထားတိုက်ခိုက်တာပါ။ မတ်လ ၂၂ ရက် မနက်ပိုင်းကစပြီး အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီအပတ်အတွင်းမှာပဲ အစ္စရေးက ဂါဇာမှာ ကလေး ၂၀၀ ကျော်နဲ့ အမျိုးသမီး ၁၁၀ ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။

    ကျန်းမာရေးအကျပ်အတည်းတွေရှိနေ
    ————–
    ကင်ဆာဆေးရုံ ကိုအစ္စရေးက ဖောက်ခွဲဖျက်ဆီးလိုက်မှုဟာ ဂါဇာက ပြိုလဲနေတဲ့ ကျန်းမာရေးစနစ်ကို ပိုမိုဆိုးရွားစေပါတယ်။ ကုလနဲ့ ကမ္ဘာ့နိုင်ငံတွေက ဆေးရုံတိုက်ခိုက်မှုနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။

    Ref: Aljazeera

  • မတ်လ ၁၈ ရက်နေ့ နိုင်ငံတကာ သတင်းများ

    ဂါဇာမြင်ကွင်း

    M-Media

    ဂါဇာတွင် အကြီးအကျယ်သတ်ဖြတ်မှုများ အစ္စရေးက ပြန်လည်ပြုလုပ်

    အစ္စရေးဟာ ဂါဇာကမ်းမြှောင်တစ်၀ှမ်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ဒီကနေ့မနက်အစောပိုင်းက လေကြောင်းကနေ တိုက်ခိုက်မှု အကြီးအကျယ် ပြုလုပ်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၃၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က အစ္စရေးဟာ အပစ်ရပ်ရေးသဘောတူညီချက်ကို တတ်ဖတ်သတ်အဆုံးသတ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
    အစ္စရေးနဲ့ ဟားမက်စ်တို့ဟာ ဇန်န၀ါရီလ ၁၉ ရက်နေ့က စပြီး အပစ်ရပ်ရေးသဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။ အပစ်ရပ်ရေး ကာလအတွင်းမှာလည်း အစ္စရေးဟာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အနည်းဆုံး လူ ၁၀၀ နီးပါး သေးဆုံးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ပြီး ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၄၉၀၀၀ နီးပါး သေဆုံးထားပါတယ်။

    ဆီးရီးယား ပြန်လည်တည်ဆောက်ရေး ဥရောပနိုင်ငံများ ကူညီမည်

    ၁၄ နှစ်ကြာ ပြည်တွင်းစစ်ဒဏ်ကို ခံစားခဲ့ရတဲ့ ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် ကန်ဒေါ်လာ ၆ ဘီလီယံကျော် ကူညီဖို့ ဥပရောပနိုင်ငံတွေက ကတိပြုလိုက်ပါတယ်။ မနေ့က ဘလ်ဂျီယံနိုင်ငံမှာ ဥရောပသမဂ္ဂက ဆီးရီးယားအရေး ဆွေးနွေးခဲ့ကြပြီး ဆီးရီးယားကြားဖြတ်အစိုးရရဲ့ နိုင်ငံခြားရေး၀န်ကြီး အာဆတ် ဟာဆန် အလ်-ရှိုင်ဘာနီ တက်ရောက်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး လုပ်ဆောင်ဖို့လည်း ဥရောပနိုင်ငံတွေက တိုက်တွန်းခဲ့ပါတယ်။

    ဂါဇာတွင် သေဆုံးသူအရေအတွက် မြင့်တက်လာ

    ဒီကနေ့မနက် အစောပိုင်း ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၀၀ ကျော်လာခဲ့ပြီး အမျိုးသမီးနဲ့ ကလေးငယ်အမြောက်အများ ပါ၀င်ပါတယ်။ တိုက်ခိုက်မှုဟာ ဒုက္ခသည်စခန်းတွေကို ပစ်မှတ်ထား ပြုလုပ်တာဖြစ်ပါတယ်။ ဟားမက်စ်က တိုက်ခိုက်ဖို့ စီစဥ်နေတဲ့အတွက် ကြိုတင်လက်ဦးမှု ရယူတာလို့ အစ္စရေးက ထုတ်ပြန်ထားပြီး ဟားမက်စ်က ဒီပြောဆိုချက်ဟာ အကြောင်းပြချက်တစ်ခုသာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

    အစ္စရေးမီဒီယာတွေက တိုက်ခိုက်မှုလုပ်ဖို့ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့တစ်ပတ်က ချမှတ်ခဲ့တာဖြစ်တယ်လို့ အစ္စရေးအစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။ ဟားမက်စ်ဖမ်းဆီးထားတဲ့ ဓားစာခံတွေရဲ့ မိသားစု၀င်တွေက ၀န်ကြီးချုပ် နေတန်ယာဟုဟာ ဓားစာခံတွေကို ကယ်တင်ဖို့ ရည်ရွယ်မရှိဘူးလို့ ၀ေဖန်ခဲ့ပြီး ဂျေရုစလင်မှာ လူထုဆန္ဒပြပွဲတွေလုပ်ဖို့ တောင်းဆိုထားပါတယ်။

    Ref: Aljazeera