ရမဿွာန် ၀ါဖြေပွဲအား အိုဘာမားမှ ဦးစီးကျင်းပပြီး အမေရိကန် မွတ်စ်လင်မ်များကို အလေးပြု
ဇူလိုင်-၂၆၊၂၀၁၃ M-Media ၀ါရှင်တန်။ ။ အမေရိကန်နိုင်ငံတည်ထောင်ရာ၌ စွန့်ဦးလုပ်ငန်းရှင်များ၊ နည်းပညာ ဆန်းသစ်သူများ၊ ဆေးပညာရပ်ဆိုင်ရာ ဦးဆောင်တီထွင်သူများအဖြစ် ပါဝင်ပေးဆပ်ခဲ့ကြသည့် အမေရိကန်မွတ်စ်လင်မ် လူ့အဖွဲ့အစည်းအား သမ္မတဘားရက်ခ်အိုဘားမား (Barack Obama) သည် ကြာသာပတေးနေ့က ကျေးဇူးတင်စွာ အလေးပြုခဲ့ပါသည်။ အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော အစ္စလာမ့်ဥပုသ်လ ရမဿွာန်အား ဂုဏ်ပြုသည့်ညစာစားပွဲ၌ အိုဘားမားက ၄င်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ နေ၀င်ချိန်အပြီးတွင် မွတ်စ်လင်မ် အသိုင်းအ၀ိုင်းများ နှင့် မိသားစုဝင်များသည် စားသောက်ပွဲ(သို့) ၀ါဖြေပွဲကို အတူတကွ စားသောက်ပါဝင်ခဲ့ကြသည်။ အိုဘားမားက “ ရမဿွာန် ဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ရတဲ့ အချိန်ကာလတစ်ခုပါ၊ ဘုရားဝတ်ပြုမှုများနှင့် ဥပုသ်စောင့်တည်မှုများအားဖြင့် ထာဝရဘုရားသခင်အပေါ် ကိုင်းရှိုင်းခြင်းကို ဖော်ပြရာရောက်တဲ့လဖြစ်ပါတယ်။ အလားတူစွာ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စည်းစည်းလုံးလုံးရှိရမယ့် အချိန်လည်း ဖြစ်ပါတယ်။ အိမ်ဖြူတော်မှာ … Continue reading ရမဿွာန် ၀ါဖြေပွဲအား အိုဘာမားမှ ဦးစီးကျင်းပပြီး အမေရိကန် မွတ်စ်လင်မ်များကို အလေးပြု
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed