မွတ်စ်လင်မ် အမျိုးသမီးများ ဦးခေါင်းခြုံထည်ဆိုင်ရာ ညွှန်ကြားချက်မှာ မေတ္တာ ရပ်ခံချက်သာဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရပြော

ဇူလိုင်-၂၆၊၂၀၁၃ M-Media မနီလာ။        ။ မွတ်စ်လင်မ်ဆရာမများသည် စာသင်ခန်း၌ ဦးခေါင်းခြုံထည်မှ မျက်နှာကို ဖွင့်လှစ်ထားရန် ဖိလစ်ပိုင်အစိုးရ၏ ညွှန်ကြားချက်သည် မလုပ်မနေရအမိန့်တစ်ရပ် မဟုတ်ကြောင်း၊ သာသနာ၏အခွင့်ကို အလျှော့အတင်းပြုခြင်းလည်း မဟုတ်ကြောင်း ပညာရေးဝန်ကြီးမှ ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ မွတ်စ်လင်မ် အနည်းစုသာရှိကြသည့် ဖိလစ်ပိုင်တောင်ပိုင်းကို အဓိကရည်ရွယ်၍ ကျောင်းများအတွင်း နိကာ့ဗ်  ၀တ်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ပညာရေးဆိုင်ရာအတွင်းရေးမှူး အာမီးန် လူဝစ္စထရို (Armin Luistro)က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် စည်းမျဉ်းချမှတ်ခဲ့၏။ “ ပညာရေးဌာနကအမိန့်ဟာ မွတ်စ်လင်မ်ဆရာမများရဲ့ သာသနာ့အခွင့်ကို ထိခိုက်စေဖို့ရည်ရွယ်ခြင်း မဟုတ်ကြောင်း ကျွန်တော့်အနေနဲ့ ရှင်းလင်းစွာ သိရှိစေလိုပါတယ်။ အဲ့ဒီညွှန်ကြားချက်ဟာ မေတ္တာရပ်ခံမှုသာဖြစ်တယ်လို့ အထူးပြု ပြောကြားလိုပါတယ် ” ဟု လူဝစ္စထရိုမှ AFP သတင်းဌာနသို့ ရှင်းပြသည်။ ယင်းညွှန်ကြားချက်မှာ … Continue reading မွတ်စ်လင်မ် အမျိုးသမီးများ ဦးခေါင်းခြုံထည်ဆိုင်ရာ ညွှန်ကြားချက်မှာ မေတ္တာ ရပ်ခံချက်သာဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရပြော