သက်ရှိ ပင်လုံမှတ်တမ်း

7DayDaily မှ ကူးယူဖော်ပြသည်။ သေသပ်တိတ်ဆိတ်လှသော ခြံဝင်းထဲတွင် မီးခိုးရောင်နှစ်ထပ် တိုက်လေးက အေးချမ်းလှသည့် တောင်ပေါ်မြို့လေးနှင့် လိုက်ဖက်ညီစွာ ဣနြေ္ဒရလျက်။ အိမ်ဝင်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ရုပ်လုံးသွင်းထားသည့် ကျားရုပ်ကြီးကလည်း ခံ့ခံ့ထည်ထည်။ အိမ်၏မျက်နှာစာ ဧည့်ခန်းထဲတွင်တော့ ဗိုလ်ချုပ်အောင်ဆန်းကြိုးပမ်းခဲ့သည့် ပင်လုံစာချုပ်လက်မှတ်ရေးထိုးပွဲ မှတ်တမ်းဓာတ်ပုံများ၊ ပါလီမန်ဒီမိုကရေစီခေတ်ခေါင်းဆောင်များ၏ အဖြူ၊ အမည်းဓာတ်ပုံများကို စီစီရီရီချိတ်ဆွဲထားသည်။ မကြာမီပင် အနားယူသည့် အခန်းအတွင်းမှ အသက်ကိုးဆယ်ကျော် အဘိုးအိုတစ်ဦး တုတ်ကောက်အကူအညီမလို၊ လူတွဲစရာမလိုဘဲ ဖြေးဖြေးမှန်မှန် လမ်းလျှောက်ထွက်လာသည်။ အဘိုးအို၏အသက်ကို မှန်းဆလျှင် ကိုးဆယ်စွန်းစွန်းဟု ထင်ရသော်လည်း အမှန်က လာမည့် ၂၀၁၅ မတ်လတွင် အသက်တစ်ရာပြည့်မည် ဖြစ်သည်။ ထိုအဘိုးအိုကား ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်လက်မှတ်ရေးထိုးရန် ရှမ်းပြည်သို့ လာရောက်စဉ်က တောင်ကြီးမှ ပင်လုံ၊ ပင်လုံမှ တောင်ကြီးသို့ သူ့ကိုယ်ပိုင်ဂျစ်ကားဖြင့် အကြိုအပို့လုပ်ခဲ့သူ … Continue reading သက်ရှိ ပင်လုံမှတ်တမ်း