မောင်သော်ကကိုထောင် အနှစ်(၂၀) ကျစေခဲ့တဲ့ တပ်မတော်ရေသို့ ပေးစာ (၁)စောင်

M-Media မောင်လူငယ် 5th August 88 ရန်ကုန် ဗိုလ်မှူးကြီး သန်းညွန့် ပထမဆုံး ကိုယ်ရှင်းပြလိုတာက ဒီလှုပ်ရှားမှုကြီးမှာ (ဒီမိုကရေစီလှုပ်ရှားမှု) ကိုယ်ပါဝင်လာရတဲ့အကြောင်းရင်းကတော့ (၁) ကျောင်းသားလူငယ်များ ပြည်သူအများ သွေးမြေကျ သေဆုံးရခြင်းကို မကြည့်ရက် မရှုရက်တော့လို့ (၂) ကိုယ်ချစ်တဲ့ မြတ်နိုးတဲ့ တပ်မတော်ကို တိုင်းပြည်က လူသတ်သမား မုဒိမ်းဒမြ အဖြစ် မြင်လာပြီး အစဉ်အလာကောင်းတဲ့ တပ်မတော်ရဲ့ ဂုဏ်အသရေကို မညှိုးနွမ်းစေလိုတဲ့ စေတနာဘဲဖြစ်တယ်။ ကိုယ်မှာ ဒီစေတနာဘဲရှိပါတယ်။ သေဒဏ်လည်း ရှိမှာဘဲ။ အဲဒီတော့ ကိုယ်ဘာလုပ်သလဲဆိုတော့  ကျောင်းသားတွေ ရှေ့မှာ စာပေအနုပညာရှင်တို့ရဲ့ မျက်နှာကိုပြစေမဲ့ ခလေးတွေ နောက်ထပ်မသေကြရအောင် တပ်လဲ မျက်နှာ မပျက်အောင် ကိုယ် ၀င်ရပ်ခဲ့ပါတယ်။ ကိုယ်ဟာ ကလေးတွေရဲ့ ကြားမှာ ကျောင်းသားနဲ့ … Continue reading မောင်သော်ကကိုထောင် အနှစ်(၂၀) ကျစေခဲ့တဲ့ တပ်မတော်ရေသို့ ပေးစာ (၁)စောင်