ပင်လုံစာချုပ် လက်မှတ်ရေးထိုးပွဲကို ကိုယ်တိုင်မျက်မြင် တက်ရောက်သတင်းယူခဲ့တဲ့ သတင်းသမားဘဝ၊ ဝရမ်းပြေးဘဝနဲ့ လွှတ်တော်အမတ်ဘဝတွေကို ဖြတ်သန်းခဲ့ဖူးတဲ့ အသက် ၉၃ နှစ်အရွယ် သတင်းသမားတစ်ဦးရဲ့ စိတ်ဝင်စားဖွယ် ဘဝဇာတ်ကြောင်း ဉာဏ်လှိုင်လင်း ရေးသားသည်။ ဓာတ်ပုံ- တေဇလှိုင် ဈေးသူဈေးသားများလည်း ဆိုင်မဖွင့်ကြ၊ ရုံးသူရုံးသား၊ အလုပ်သမားများလည်း ရုံးမတက်ကြ၊ တောင်သူများလည်း ယာထဲမဆင်းကြ၊ ကျောင်းသူ ကျောင်းသားများလည်း ကျောင်းမသွားကြ၊ တောင်ကြီးမြို့ပေါ်ရပ်ကွက်များအပြင် ဟိုပုန်း၊ ညောင်ရွှေအစရှိသည့် မြို့များမှ လူထုပရိသတ်များကလည်း မော်တော်ယာဉ်အသီးသီးဖြင့် အအေးဒဏ်ကို အန်တုကာ တစ်ဖွဲဖွဲရောက်လာကြပြီ။ အချိန်ကား ရှမ်းပြည်နယ်အတွင်း အလွန်ချမ်းအေးလေ့ရှိသော ဇန်နဝါရီလ၏ နံနက် ၈ နာရီ၊ ၁၉၄၇ ခုနှစ်။ ထောင်နှင့်ချီသော အဆိုပါလူအုပ်ကြီးမှာ တောင်ကြီးမြို့ ဈေးအရှေ့ဘက်ကွင်း (ယခုညဈေးတန်း ဆောက်လုပ်ထားသောနေရာတွင်) သို့ စုရုံးရန် ရောက်ရှိလာခြင်းပင်။ … Continue reading ရာဇဝင်တွင်တဲ့ သတင်းလူသား
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed