News @ M-Media

Author: M-Media

  • နေရပ်စွန့်ခွာ၍ တတိယနိုင်ငံများသို့ ထွက်ခွာနေကြသူများ အကြောင်း (စာတမ်း By Myo Myint)

    ဖေဖော်ဝါရီ ၂၄ ၊ ၂၀၁၃

    Paper About Rohingyas IDP By Myo Myint

    စာတမ်းပြုစုသူမှာ ဦးမျိုးမြင့်ဖြစ်ပြီး စာတမ်းမှာ ပါဝင်တဲ့ အခန်းအလိုက် ခေါင်းစဉ်များမှာ

    ၁။ ထိပ်တုံးခတ်ခံထားရသော ပြည်သူများ
    ၂။ တတိယနိုင်ငံသို့ ခိုးထွက်သည့် လမ်းကြောင်း(၈)ခု (အောက်လမ်းများ)

    (က) ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည်စခန်းသို့ ကုန်းလမ်းများမှနေရပ် စွန့်ထွက်ခွာခြင်း
    (ခ) ထိုင်းနိုင်ငံအတွင်းပိုင်းသို့ နေရပ်စွန့်ခွာခြင်း
    (ဂ) ထိုင်းနိုင်ငံသို့ ရေလမ်းဖြင့် နေရပ်စွန့်ခွာခြင်း
    (ဃ)မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် နေရပ်စွန့်ခွာခြင်း
    (င) မလေးရှားနိုင်ငံသို့ ရေလမ်းမှ စက်လှေဖြင့်နေရပ်စွန့်ခွာခြင်း
    (စ) ဂူအန်ကျွန်းသို့ ကုန်းလမ်းဖြင့် တတိယနိုင်ငံသို့ နေရပ်စွန့်ထွက်ခွာခြင်း
    (ဆ)အိန္ဒိယနိုင်ငံမှ ကုန်းလမ်းဖြင့် တတိယနိုင်ငံသို့ နေရပ်စွန့်ထွက်ခွာခြင်း
    (ဇ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းလမ်းမှတစ်ဆင့် တတိယနိုင်ငံများသို့ နေရပ်စွန့်ထွက်ခွာခြင်း

    ၃။ တတိယနိုင်ငံသွားခရီးစရိတ်များ
    ၄။ တိရစ္ဆာန်သန်းခေါင်းစာရင်း ကြားဖူးပါသလား
    ၅။ မတရားသော အမိန့်အာဏာဟူသမျှ တာဝန်အရတင်ပြကြ
    ၆။ မတရားဖမ်းဆီးချုပ်နှောင်မှု ဟုတ်မဟုတ်သုံးသပ်ပေးပါ
    ၇။ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သောရာဇဝတ်မှု ဟုတ်မဟုတ် သုံးသပ်ပေးပါ
    ၈။ လဝကအရာရှိများတွင် ဘယ်လူမျိုးရာခိုင်နုန်းအများဆုံးလဲ
    ၉။ ခွေးလူမျိုးဟုသာ ခေါ်ပါတော့
    ၁၀။ ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ လူသတ်၊ မီးရှို့ရန် အမိန့်ပေးဦးဆောင် နေသည့်အနေအထားမျိုးဖြစ်နေ
    ၁၁။ ယုတ်ညံ့၍ အဓိပ္ပာယ်မဲ့သော ဘွဲ့လက်မှတ်
    ၁၂။ အသေအပျောက်စာရင်း
    ၁၃။ နိုင်ငံတော်သမ္မတ၏ လူ့အခွင့်အရေးချိုးဖောက်မှုကော်မရှင်
    ၁၄။ သတ်ဖြတ်သူနှင့် အသတ်ခံရသူ ကွဲကွဲပြားပြား သိစေလိုပါသည်
    ၁၅။ အစ္စလာမ်ဘာသာဝင်များ၏ရွာများ၊ ရပ်ကွက်များ၊ အကြမ်းဖက်များ၏ အဝိုင်းခံရသည့်အခါတိုင်း အကူအညီတောင်းခံခဲ့သော်လည်း အကူအညီမရ
    ၁၆။ ဒေါက်ဖြုတ်ခံ ကော်မရှင်လူကြီးနှစ်ဦး
    ၁၇။ လှေစီးပြေး နေရပ်စွန့်ခွာဒုက္ခသည်များကို အပြစ်မယူတော့
    ၁၈။ ကျောင်းပိတ်၍အိမ်အပြန်လူငယ်ကျောင်းသားတစ်ဦးနယ်ကျော်မှုဖြင့် ထောင်နန်းစံနေရ
    ၁၉။ ၆ နှစ်နှင့် ၈ နှစ်အရွယ် ကလေးနှစ်ဦးအား အတင်းအဓမ္မရခိုင်သို့ ပို့ရန် ခြိမ်းခြောက်
    ၂၀။ အမိန့်ရမှလက်ထပ်ခွင့်ရ လက်ထပ်ခွင့်၊ ခွင့်ပြုမိန့်ပုံစံ
    နိဂုံး
    ပူးတွဲ (၁) ယုတ်ညံ့၍ အဓိပ္ပာယ်မဲ့သော ဘွဲ့လက်မှတ်
    ပူးတွဲ (၂) ရခိုင်ပြည်မှ အပြန်ခရီးသွားပုံစံ
    ပူးတွဲ (၃) ရခိုင်ဒေသတွင်းနေထိုင်သူများ နယ်ကျော်ခရီးထွက်ခွင့်ပုံစံ
    ပူးတွဲ (၄) အသေအပျောက်စာရင်း

    File DownLoad ယူရန်

    Paper About Rohingyas IDP by Myo Myint by Mmedia_Doc

    ** စာတမ်းပါ အကြောင်းအရာများမှာ M-Media ရဲ့အာဘော်မဟုတ်ဘဲ တင်ပြသူရဲ့တင်ပြချက်သာဖြစ်ပါသည်။

  • M-Media NewsLetter Vol-1 No-6

    M-Media NewsLetter Vol-1 No-6

    ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၃
    M-Media

    ဤစာစောင်ငယ်သည် အွန်လိုင်းလုံးဝ အသုံးမပြုနိုင်သူများ၊ အွန်လိုင်း အမြဲမသုံးနိုင်ဘဲ အချိန်အခက်အခဲရှိသူများအတွက် personal print ထုတ်ဖတ်နိုင်ရန် သတင်းနှင့်ဆောင်းပါးအချို့ ကို  ကန့် သတ်အနေဖြင့် စုစည်းပေးထားတဲ့ M-Media ရဲ့  Newsletter ဖြစ်ပါတယ်။ လက်တလောမှာ ၂ ပတ်ကို တကြိမ် ကြိုးစားပြီးတင်ဆက်ပေးသွားပါမယ်။

    M-Media ရဲ့ ခွင့်ပြုချက် မရှိဘဲ အခကြေးငွေ တစုံတရာဖြင့်  ဖြန့်ဝေရောင်းချခြင်း ခွင့်မပြုပါ။

    DownLink

    =>DropBox

    => Google Doc

    M Media NewsLetter Vol 1 No 6 by

    ယခင် အပတ်များမှ M-Media NewsLetter ဖတ်လိုလျှင်

  • သမိုင်းဟူသည်ဤသို့တည်-၉ (မွတ်စ်လင်မ်ဆိုတာ လူမျိုးလား- မြန်မာနိုင်ငံ နှင့် မွတ်စ်လင်မ်)

    M-Media
    ရဲရင့်သစ္စာ

    ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်

    Thamine-Hu-the

    မွတ်စ်လင်မ်ဆိုတာ လူမျိုးလား

    ဟိန္ဒူဆိုတာ လူမျိုးမဟုတ်သလို၊ မွတ်စ်လင်မ်ဆိုတာလည်း လူမျိုးမဟုတ်ပါ။ အိန္ဒိယ တိုက်ငယ်မှာနေထိုင်သူ အားလုံးကို ယေဘုယျအားဖြင့် ဟိန္ဒူ လို့ ခေါ် ဆိုနိုင်ပါတယ်။ အဲဒီအကြောင်းကိုအောက်တစ်နေရာမှာ ရေးပြပါဦးမယ်။   မွတ်စ်လင်မ်ဆိုတဲ့ အာရဗီဝေါဟာရ နဲ့ အစ္စလာမ်ဆိုတဲ့ အာရဗီဝေါဟာရနှစ်ခုစလုံး ဟာအာရဗီဝေါဟာရ အရင်းအမြစ် “စလမ” က နေ ဆင်းသက်လာတာပါ။ “စလမ” ဆိုတာ “ငြိမ်းချမ်းခြင်း” “နာခံခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။  ဒါကြောင့် မွတ်စ်လင်မ် ဆိုတာ အမိန့်နာခံသူ ၊ ငြိမ်းချမ်းသူ လို့ အနက်ရပါတယ်။ အစ္စလာမ် ဘာသာကို သက်ဝင်ယုံကြည်သူတိုင်းကို မွတ်စ်လင်မ်လို့ခေါ်ပါတယ်။ တရုတ် ဖြစ်ဖြစ်၊ ဂျပန်ဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ်၊ ကုလားဖြစ်ဖြစ်၊ ဂျူးဖြစ်ဖြစ်၊ လူဖြူဖြစ်ဖြစ်၊ လူမည်း ဖြစ်ဖြစ် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ရင် မွတ်စ်လင်မ်ပါပဲ။ အဲဒီ concept သညာကို နားမလည်သရွေ့သမိုင်းကို ကိုယ်တိုင်ရေးဖို့ နေနေသာသာ တစ်ပါးသူရေးထားတဲ့ သမိုင်းကို နားလည်ဖို့တောင်မလွယ် ပါဘူး။ မွတ်စ်လင်မ်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကွဲပြားရှင်းလင်းစွာ နားလည်သွား အောင် ကမ္ဘာကျော် ကျမ်းကြီးတွေရဲ့ အဖွင့်တွေ ကို လေ့လာကြည့်လိုက်ရ အောင်ခင်ဗျာ-

    Oxford Advanced Learner’s Dictionary of Current English, seventh edition, Oxford, Oxford University Press, 2006.

    “Muslim/’muzlim; ‘maz-;-ləm / noun a person whose religion is Islam” Merriam-Webster’s Advanced Learner’s English Dictionary, Springfield, U.S.A, Merriam-Webster, Incorporated, 2008.

    “Muslim/’mazləm/ noun, pl Muslims [count] : a person whose religion is Islam : a follower of Islam”

    မြန်မာအင်္ဂလိပ် အဘိဓာန်၊ မြန်မာစာအဖွဲ့။
    “မွတ်စလင် / mu hsalin / n Muslim; one who professes Islam. [Arab muslim]”

    အထက်ပါ အကိုးအကားတွေမြင်ရပြီးနောက် မွတ်စ်လင်မ်ဆိုတာ လူမျိုး မဟုတ် ကြောင်း အသေအချာ ကွဲပြားစွာ သိသွားကြမယ်လို့ ယုံကြည်ပါတယ်။

     မြန်မာနိုင်ငံ နှင့် မွတ်စ်လင်မ်

    စာအုပ်စာမျက်နှာ (၈၄)မှာ ရေးထားတာက-”မြန်မာနိုင်ငံထဲသို့ဝင်ရောက် လာသော အစ္စလမ်ဘာသာဝင် မွတ်ဆလင်များသည် အာရပ်လူမျိုးများမဟုတ်ပါ။ အစ္စလမ်ဘာသာအောက် သို့ သွတ်သွင်းခြင်းခံခဲ့ရသော ဘင်္ဂါလီလူမျိုးခေါတော ကုလားများဖြစ်သည်”     မြန်မာနိုင်ငံ ကို ဘယ် မွတ်စ်လင်မ်တွေက ဘယ်တုန်းက စဝင်ရောက်လာခဲ့ သလဲဆိုတာကို ပညာရှင်တွေ ပြုစုထားတဲ့ ကျမ်းကြီးတွေ က အထောက်အထားတွေ လေ့လာကြည့်ကြရအောင်။

    (က) အေဒီ (၆၈၀)လောက်မှာအစ္စလာမ်ဘာသာရဲ့စတုတ္ထ Caliph ဖြစ် သူအလီ အိဗ်နုအဗီသွာလိဗ် ရဲ့ သားတစ်ဦးဖြစ်တဲ့ မုဟမ္မဒ်အိဗ်နု အလ် ဟနဖွီ ယဟ်ဟာ ဘင်္ဂလား ပင်လယ်အော် ပင်လယ်ရေကြောင်းကတစ်ဆင့် ရခိုင် ကမ်း ရိုးတန်း၊ အဲဒီကတစ်ဆင့်မောင်တောမြို့ ကိုရောက်ရှိခဲ့တယ်၊ သူနဲ့ သူ့ဇနီးတို့ ရဲ့သင်္ချိုင်းဂူ ဟာ ယနေ့တိုင် မောင်တောတောင်ပေါ်မှာ ရှိပါတယ်လို့ Abul-Fazl Ezzati က The Spread of Islam စာမျက်နှာ ၃၀၁-၃၃၃ မှာရေးထားပါတယ်။

    (ခ) အနော်ရထာမင်းပုဂံမှာ ပထမမြန်မာနိုင်ငံတော် မတည်ခင်၊ အေဒီ (၉) ရာစုကတည်းက မွတ်စ်လင်မ်တွေဟာ ဧရာဝတီမြစ်ဝကျွန်းပေါ် ၊ တနင်္သာရီ ကမ်းရိုးတန်းနဲ့ ရခိုင် ကို ရောက်ရှိခဲ့တယ် လို့ Moshe Yegar ရဲ့ “The Muslims of Burma” A study of a minority Group စာမျက်နှာ (၂) မှာရေးထား ပါတယ်။

    (ဂ) မွတ်စ်လင်မ်တွေဟာ မြန်မာနိုင်ငံကိုကုန်သည်တွေ၊ စစ်အရာရှိတွေ၊ စစ်သုံ့ပန်းတွေ၊ ကျွန်တွေ အဖြစ် ရောက်ရှိလာ တာတွေဖြစ်ပြီး၊ ကနဦးရောက်လာ တဲ့ မွတ်စ်လင်မ်တွေဟာ တော်ဝင် အကြံပေး အရာရှိတွေ၊ တော်ဝင် အုပ်ချုပ်ရေး အရာရှိတွေ၊ ဆိပ်ကမ်းအာဏာပိုင်တွေ၊ မြို့တော်ဝန်တွေ၊ ရိုးရာဆေးပညာရှင် တွေ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြကြောင်း Moshe Yegar ရဲ့ “The Muslims of Burma” A study of a minority Group” မှာ ဖတ်ကြည့်နိုင်ပါတယ်။

    (ဃ)   အေဒီ (၈၆၀) ခန့်မှာ ပါရှန်းမွတ်စ်လင်မ်တွေဟာ တရုတ်ပြည်ယူနန် နယ်စပ် ကတစ်ဆင့်မြန်မာပြည်မြောက်ပိုင်း ကို ရောက်ခဲ့တယ်လို့ Sayyid Qudratullah Fatimi က “The role of China in the spread of Islam in South East Asia” စာမျက်နှာ (၉) မှာရေးသားထားပါတယ်။

    (င) အာရပ်ကုန်သည်တွေဟာ မုတ္တမနဲ့ မြိတ်တို့ကို ရောက်ရှိအခြေချ နေထိုင်မှုတွေရှိခဲ့ပြီး ယနေ့မြိတ်ကျွန်းစုတွေမှာ ဟိုစဉ်က အာရပ်အခြေချနေထိုင် မှုတွေရှိခဲ့တယ်လို့ မောရစ်ကောလစ်က သူ့ရဲ့ Into Hidden Burmaမှာ ရေး သားထားပါတယ်။

    (စ)        အင်းဝသိမ်းလောင်းကြက်မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ မြောက်ဦး မင်းဆက်ရဲ့ပထမဦးဆုံးဘုရင်ဖြစ်တဲ့ မင်းစောမွန် (နရမိတ်လှ)မင်းမြတ်နဲ့ အတူ ဘင်္ဂလားက ဘင်္ဂါလီ စစ်သည်တော်တွေဟာ အေဒီ ၁၄၃၀ မှာ မြောက်ဦးမြို့ကို ရောက်ရှိ အခြေချနေထိုင်ခဲ့တယ်လို့ မြန်မာရာဇဝင်ကျမ်းအများစု၊ ရခိုင်ရာဇဝင် ကျမ်း အများစု နဲ့နိုင်ငံရပ်ခြားပညာရှင်တွေပြုစုတဲ့ သမိုင်းကျမ်းအစောင်စောင်မှာ ပါရှိ ပါတယ်။ နမူနာ အနေနဲ့ G.E Harvey ရဲ့ History of Burma ကို လေ့လာ ကြည့်ပါ။

    (ဆ)        အိန္ဒိယမဂိုဘုရင်ဩရန်ဇစ်ရဲ့အကိုရှားဟ်ရှုဂျာဟာမဂိုနန်းတွင်း အရေးကြောင့် အိန္ဒိယကနေ ထွက်ပြေးတိမ်းရှောင်ရင်း ဒါကာမြို့ (ယခု ဘင်္ဂလား ဒေ့ရှ် နိုင်ငံ၏ မြို့တော်)ကတစ်ဆင့် အရကန် (ခ) ရခိုင်ကို ၁၆၆၀ ကရောက်ရှိခဲ့ပြီး ရခိုင် မြောက်ဦးဘုရင် စန္ဒသုဓမ္မ ရဲ့ ကတိပေးဖိတ်ခေါ်မှုကြောင့် သူ့ရဲ့ မိသားစု အခြွေအရံတို့နဲ့အတူ ရခိုင်ဘုရင်ရဲ့နန်းတွင်းကိုရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်က ရခိုင် (Arakan) ပြည်မှာ ပြည်သားတွေအဖြစ် မဂိုနဲ့ပထန်တွေ အပါအဝင် မွတ်စ်လင်မ် တွေ အခြေချနေ ထိုင်ခဲ့ကြကြောင်း Niccolao Manucci ရဲ့ Storia Do Mogor အတွဲ (၁) မှာ ပါရှိပါတယ်။  အဲဒီအချိန်က ရခိုင်ပြည်မှာ မဟာမေဒင် ဘာသာဝင် (မွတ်စ်လင်မ်) တွေ ရှိခဲ့ကြောင်း ဆာအာသာဖဲယာ (Sir Arthur P. Phayre) ကလည်း သူ့ရဲ့ History of Burma စာမျက်နှာ (၁၇၉) မှာဖော်ပြထား ပါသေးတယ်။

    အထက်ပါအကိုးအကားတွေက  နိုင်ငံရပ်ခြားပညာရှင်တွေရဲ့ ကျမ်းတွေ ထဲ ကပါ။ အခုဆက်လက်ပြီး မြန်မာနိုင်ငံသား ပညာရှင်တွေ ရေးသားထားတာတွေ ကို လေ့လာ ရအောင်ခင်ဗျာ။

    (ဇ)      ဆရာကြီး G.H Luce နဲ့ ဆရာကြီး ဦးဖေမောင်တင်တို့ English ဘာသာကို ပြန်ထားတဲ့ မှန်နန်းရာဇဝင် (The Glass Palace Chronicle of the Kings of Myanmar)  စာမျက်နှာ (၇၅) ၊ “Of the mighty men of valour, the Kala brothers” (စွမ်းပကားသတ္တိကြီးမားသော ကုလားညီနောင်များ) ခေါင်းစဉ် ငယ် အောက်မှာ- “ကုလားညီနောင်နှစ်ယောက်ဟာ သထုံအနီး သင်္ဘောပျက်ရာမှ ပျဉ်ပြားချပ်အား မှီတွယ်၍ သထုံသို့ရောက်ရှိခဲ့သည်။”

    အဲဒီကုလားညီနောင်ဟာအာရပ်မွတ်စ်လင်မ်တွေဖြစ်ကြောင်း၊ ဗျတ်ဝိနဲ့ဗျတ္တတို့ ဖြစ်ကြောင်း၊ သထုံမင်းဟာ အစ်ကိုကြီးကို ကွပ်မျက်ခဲ့ကြောင်း၊ ညီဟာ အနော်ရထာမင်းကြီးထံမှာ အမှုတော်ထမ်းခဲ့ကြောင်း၊ ပုပ္ပါးက အမျိုးသမီး တစ်ဦးနဲ့ အကြောင်းပါပြီး ရွှေဖျင်းကြီး၊ရွှေဖျင်းလေး အမည်ရတဲ့ သားနှစ်ယောက် ထွန်းကားခဲ့ကြောင်း အထွေအထူးကိုးကား ရှင်းပြနေစရာ လိုမယ် မထင်ပါဘူး။

    (ဈ)        မြန်မာသက္ကရာဇ် ၅၉၅ (အေဒီ ၁၂၃၅) မတိုင်ခင် မှာ ပုသိမ်မြို့ကို ကုလားပသီမင်းတွေအုပ်စိုးခဲ့ပြီး ၅၉၅ မှာတော့ ဂုဏ္ဏသာရ နဲ့ ဂုဏ္ဏသာရီ အမည် ရှိကြတဲ့ မွန်ညီနောင်နှစ်ပါးက ပသီမင်းကိုလုပ်ကြံပြီး အစဉ်အဆက် စိုးစံခဲ့ကြ တယ် လို့ မြန်မာ့စွယ်စုံကျမ်း အတွဲ (၆) ၊ စာမျက်နှာ (၃၅၀)၊ “ပုသိမ်” entry မှာ ပါရှိပါတယ်။

    (ည)        အင်းဝအိမ်ရှေ့မင်းသား မင်းဖြူ (ခ) မင်းရဲကျော်စွာဟာ  အေဒီ ၁၄၁၄ မှာ ပုသိမ်မြို့ကို ချီတက်လာတော့ ပုသိမ်မြို့နေ ကုလားပန်းသေးမြို့သား တွေက ရွှေငွေပုဆိုးကောင်း၊ ကတ္တီပါသက္ကလတ်၊ ပရပတ်နီပါး ဆက်သခဲ့တယ်လို့ မြန်မာ မင်းများ အရေးတော်ပုံကျမ်း၊ စာမျက်နှာ (၂၄၅) မှာ ပါရှိပါတယ်။

    (ဋ)     မင်းတရားရွှေထီးဟာ သုရှင်တကာရွတ်ပိရဲ့ ဟံသာဝတီကို တိုက် ဆင် ခြောက်ဆယ်၊ မြင်းရှစ်ရာ၊ စစ်သူရဲခြောက်သောင်းနဲ့ လုပ်ကြံတော့ ကုလား ပန်းသေးတွေက မြို့ထိပ်ကနေ စိန်ပြောင်း မြတပူ နဲ့ပစ်ခတ်တဲ့ အတွက် ဆက် လက်မတတ်နိုင်ဘဲ သုံးလအကြာမှာ ကေတုမတီမြို့ကို ပြန်တော်မူခဲ့ရကြောင်း မှန်နန်းရာဇဝင်- တောင်ငူမင်းဆက် (သီဟရတနာ ပုံနှိပ်တိုက် ၃ တွဲပေါင်းချုပ်) စာမျက်နှာ (၄၀၄) မှာ ပါရှိပါတယ်။

    (ဌ) မင်းတရားရွှေထီးဟာမုတ္တမကို အေဒီ ၁၅၄၀ ခန့်မှာကြည်းရေပေါင်း လုပ်ကြံတော့ကုလားပန်းသေးတွေ ဟာ သင်္ဘော ခုနှစ်စင်းထက်က အမြောက် ကြီး မြတပူနဲ့ပစ်တဲ့အတွက် မြို့ကိုဝင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ နောက်တော့ မီးရှူး ဖောင်တွေစီရင်ပြီး အဲဒီသင်္ဘောတွေကိုလုပ်ကြံခဲ့တဲ့ အတွက်သင်္ဘောသား တချို့ မီးလောင်သေပြီးသင်္ဘောသားတချို့ကို အရှင်ဖမ်းမိခဲ့ကြောင်း တွင်းသင်းတိုက် ဝန်မဟာ စည်သူဦးထွန်းညို ပြုစုတဲ့ မဟာရာဇဝင်သစ် (တောင်ငူဆက်) ဒုတိယ တွဲ စာမျက်နှာ (၃၅) နဲ့ (၃၇)မှာ မှတ်တမ်းတင် ထားတာတွေ့ရပါတယ်။

    (ဍ)မြန်မာသက္ကရာဇ် ၉၀၅ ခုမှာ မင်းတရားရွှေထီး ပြည်မြို့ကို ဒုတိယ အကြိမ် ချီတက်လုပ်ကြံရာမှာ ကုလားပန်းသေးတို့ကိုလည်း အထူးထူးသော ဦးရစ် ဘောင်းဘီတို့နဲ့ တန်ဆာဆင်ယင် စိန်ပြောင်း မြတပူကိုင်စွဲလျက် လိုက်စေတယ်လို့ ကထိကဦးစိန်လွင်လေး ဝိဇ္ဇာ(ဂုဏ်ထူး)၊ ဒီဂျေပြုစုတဲ့ မင်းတရားရွှေထီးနှင့် ဘုရင့်နောင် ကေတုမတီ တောင်ငူရာဇဝင် စာမျက်နှာ (၂၀၄) မှာပါရှိပါတယ်။

    (ဎ) အေဒီ (၁၆၁၃) မှာ သန်လျှင်မြို့စား ငဇင်ကာ ငှားရမ်းခဲ့တဲ့ကုလား ပသီ (၂၀၀၀) ကျော်ကို အနောက်ဘက်လွန်မင်းက ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ အဲဒီ ကုလားပသီတွေကိုရွှေဘိုမြို့မြောက်ဖက်နဲ့ အင်းဝမြို့မြောက်ဖက်တို့မှာ အစု ခွဲပြီးနေရာ ချထားခဲ့တယ်လို့ ဆရာမောင်ကျော်ရှင်းရဲ့ ၁၉၉၇ ခုနှစ်စာပေ ဗိမာန်စာမူဆုရ “မြေတူမြို့” စာအုပ် စာမျက်နှာ ၆၀-၆၁ တို့မှာ ရေးသား ထားပါတယ်။

    (ဏ)ညောင်ရမ်းခေတ်တွင်မြေတူမြို့၌ လုပ်မြေနေမြေပေး၍ချထားခြင်း ခံရသော ပသီကုလားများသည်လည်း မြန်မာ၊ ရှမ်း၊ကတူး စသောတိုင်းရင်းသား များနှင့် အတူလက်တွဲလျက် ပြည်တွင်းပြည်ပရန်သူ ဟူသမျှကိုသစ္စာ ရှိရှိတာဝန် သိသိ တိုက်ခိုက်ချေမှုန်းခဲ့ကြပါသည်။ မြေတူမြို့မှ ပသီကုလားများသည်လည်း အမြောက်တပ်များတွင် ပါဝင်ထမ်းဆောင်ခဲ့ကြောင်း ၊ မြေတူပသီများသည် မြင်း တပ်၊ သေနပ်ကိုင်တပ်စသောတပ်များတွင်လည်း သစ္စာရှိရှိတာဝန်သိသိ စစ်မှုထမ်းဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။ (ဆရာမောင်ကျော်ရှင်း၏ ၁၉၉၇ ခုနှစ် စာပေဗိမာန် စာမူဆုရ “မြေတူမြို့” စာအုပ် စာမျက်နှာ ၁၃၃)

    အထက်ပါအကိုးအကားတွေကတော့ မြန်မာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့တွေ တိုက်ခိုက် သိမ်းပိုက်ခြင်းမပြုခင်ကတည်းက တိုင်းတစ်ပါးက ကူးပြောင်းရောက်ရှိ လာ တဲ့ အာရပ်၊ ပါရှန်း၊ အိန္ဒိယအနွယ် မွတ်စ်လင်မ်တွေနဲ့ ဒေသခံတိုင်းရင်းသား မွတ်စ်လင်မ်တွေ ဟာရှိခဲ့ကြောင်းပြဆိုတဲ့ ခိုင်မာသော အထောက်အထားတွေပါ။ မြန်မာနိုင်ငံသမိုင်း တစ်လျှောက် ရခိုင်မင်းဆက်တွေ လက်ထက် အပြင်ပုဂံ မင်းဆက်၊ တောင်ငူမင်းဆက်၊ ညောင်ရမ်းမင်းဆက်၊ ကုန်းဘောင်မင်းဆက် ခေတ်တိုင်းမှာ မွတ်စ်လင်မ်တွေရှိခဲ့တဲ့ သမိုင်းကြောင်းတွေဟာ ရာဇဝင် အဖုံဖုံ၊ ကျမ်းအသွယ်သွယ်၊ စာအုပ်အမျိုးမျိုးမှာ ပါရှိနေပါတယ်။ သမိုင်းကိုအစွဲမပါဘဲ တကယ်သိချင်တယ်၊ တကယ်မ “အ” ချင်ဘူးဆိုရင် ကြိုးစားလေ့လာ ကြပါလို့ ရိုသေစွာ တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံ မွတ်စ်လင်မ်သမိုင်းသီးသန့် သိချင် ရင်တော့ မြန်မာနိုင်ငံ သမိုင်းကော်မရှင် အဖွဲ့ဝင်မြန်မာ့သမိုင်း ပညာရှင်ကြီး တစ်ဦးဖြစ်တဲ့ ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင် (ဗိုလ်မှူးဘရှင်) ရေးသားပြုစုခဲ့တဲ့ Coming of Islam to Burma down to 1700 A.D ကို ဖတ်ရှုလေ့လာပါ။

    ဆက်ရန်- သမိုင်းဟူသည်ဤသို့တည် [ဟိန္ဒူဆိုတာ လူမျိုးမဟုတ်ပါ-အိန္ဒိယ ရဲ့ နောက်ဆုံးဘုရင်]

  • မြန်မာ့မြေမှ မွတ်စလင်များ EBook (By Moshe Yegar)

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၃
    M-Media

    စာအုပ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ သမိုင်းသုတေသီ မိုရှေးယေဂရ်က ၄င်း၏ မဟာဝိဇ္ဖာဘွဲ့ ဟီဗရူးတက္ကသိုလ် သို့ တင်သွင်းခဲ့သည် “The Muslim of Burma” ကျမ်းကို စာရေးဆရာ ဝါးခယ်မ မောင်မင်းနိုင်မှ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

    muslim from myanmar land

    PDF Download ယူရန်

    Muslim From Myanmar Land by Mmedia_Doc

  • ရိုဟင်ဂျာများသည် တရားမ၀င် အခြေချသူများ မဟုတ် ဟု ကမ္ဘာ့နိုဗဲလ်ဆုရှင်များပြောကြား

    ဖေဖော်ဝါရီ၊ ၂၁၂၀၁၃၊
    M-Media

    Ref:Mizzima News

     ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၌ တရားမ၀င် အခြေချသူများ မဟုတ် ဟု ကမ္ဘာ့နိုဗဲလ်ဆုရှင်များက ပြောကြား

    ရိုဟင်ဂျာများကို မြန်မာနိုင်ငံသို့ တရားမ၀င်အခြေချသူများအဖြစ် သတ်မှတ်ခြင်းကိစ္စမှာ မမှန်ကန်ကြောင်း ၁၉၉၆ခုနှစ် နိုဗဲလ် ဆုရှင် Jose Ramos-Horta နှင့် ၂၀၀၆ခုနှစ် နိုဗဲလ် ဆုရှင် Muhammed Yunus တို့မှ ပြောကြားလိုက်သည်။

    lose-Ramos-Horta-and-Muhammed-Yunus.jpg.pagespeed
    ၁၉၉၆ခုနှစ် နိုဗဲလ် ဆုရှင် Jose Ramos-Horta နှင့် ၂၀၀၆ခုနှစ် နိုဗဲလ် ဆုရှင် Muhammed Yunus

    “ ကနေ့ ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံထဲ ၈ ရာစုနှစ်ကတည်းက ရောက်နေခဲ့တဲ့ အထောက်အထား အခိုင်အမာ ရှိနေပါတယ်။ ရခိုင်ပြည်နယ်အတွင်း ၁၅ ရာစုခေတ်ကတည်းက အတူယှဉ်တွေတည်ရှိလာခဲ့တဲ့ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းကြီးတစ်ရပ်ထဲ ကိုလိုနီခေတ်တစ်လျှောက်မှာ ရခိုင်ထဲပြောင်းရွှေ့အခြေချတဲ့ ဘင်္ဂလီမျိုးဆက်တွေနဲ့အတူ တိုးပွားလာခဲ့တယ်။ ဒါဟာ အကြောင်းရှာအငြင်းပွားဖွယ်ကိစ္စရပ် မဟုတ်ပါဘူး ” ဟု ၄င်းတို့မှ ထုတ်ဖော်ပြောကြားချက်ကို Huffington Post. မှ ရေးသားဖော်ပြသည်။

    မစ္စတာ Timor-Leste ၏အလျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော မစ္စတာ Ramos – Horta နှင့် လူထုအကျိုးဆောင် ပုဂ္ဂိုလ်တစ်ဖြစ်လဲ ဘင်္ဂလားဒေ့ရှ်၏ ဘဏ်လုပ်ငန်းရှင် မစ္စတာ Yunus တို့၏ မှတ်ချက် များသည် အပြင်းအထန်အပြိုင်အဆိုင် အငြင်းပွား လျက်ရှိသော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ လူ့အဖွဲ့အစည်း၏ သမိုင်းကြောင်း ဇစ်မြစ်များအတွက် မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။

    “ လက်ရှိ လအနည်းငယ်အတွင်းမှာဘဲ လူတစ်ထောင်ထက်မနည်း သတ်ဖြတ်ခံရခြင်း၊ သောင်းနဲ့ချီတဲ့ အိုးအိမ်တွေရွှေ့ပြောင်းခံရခြင်းနဲ့အတူ ရိုဟင်ဂျာမွတ်စ်လင်မ်လူနည်းစုတွေဟာ စကားလုံးမဲ့နှိပ်စက်ညှင်းပန်းမှုတွေ ခံစားနေကြရတယ်။ ဒီအဖြစ်မှာ လုံခြုံရေးတပ်ဖွဲ့တွေဝင်တွေက အကာအကွယ် မပေးတဲ့အပြင် ကြံရာပါတွေအဖြစ် ထင်ထင်ရှားရှား ရေနစ်သူကိုဝါးကူထိုးနေကြတယ် ” ဟု ၄င်းတို့မှ ရေးသားခဲ့ကြသည်။

    မစ္စတာ Ramos – Horta နှင့် မစ္စတာ Yunus တို့က – ရိုဟင်ဂျာများကို နိုင်ငံ၏ပြည်သူပြည်သူများအဖြစ် အသိအမှတ်ပြုရန်ပျက်ကွက်နေသော၊ ၄င်းပြင် အာဏာပိုင်မှ ရိုဟင်ဂျာများအား ခရီးသွားလာခွင့်၊ ထိမ်းမြားလက်ထပ်ခွင့် ပိတ်ပင်ထားခြင်းနှင့်အတူ အဓမ္မချုပ်ချယ်မှုများ ဆင့်ကဲပြုလုပ် လာစေသော မြန်မာနိုင်ငံ၏  ၁၉၈၂ နိုင်ငံသားဆိုင်ရာ ဥပဒေကိုလည်း ဝေဖန်လိုက်သည်။

    မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လူနည်းစု ရိုဟင်ဂျာမွတ်စ်လင်မ် လူ့အဖွဲ့အစည်းကိစ္စနှင့်စပ်လျဉ်း၍ တစ်လုံးတစ်ပါဒမျှ အားပေးပြောကြားခြင်း မရှိ၊ ယင်းအခြေအနေအတွင်း ပါဝင်ခြင်း မှလည်း အသံတိတ်လျက် လုံးလုံးလျားလျား လက်ရှောင်နေခဲ့သည်။

    တဖန် “ ရိုဟင်ဂျာလို့ ခေါ်ဆိုကြတဲ့ လူမျိုးစုဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူး ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက အဖြစ်မှန်နှင့်ဆန့်ကျင်သည့် အဆိုတစ်ရပ်အား ကြာသပတေးနေ့၊ နေပြည်တော် ပြည်သူ့လွှတ်တော် ၌ ပြောဆိုလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာများမှ တင်ပြလာသည်။