ယခုနှစ် ဟဂ်ျရာသီတွင် လူဦးရေ အင်မတန်မှ များပြားသည့်အတွက်  ဆော်ဒီအစိုးရ၏ Civil Defense(998) မှ ဟာဂျီများအား ဖုန်းများသို့ message  များပို့ခြင်းဖြင့် ဘေးရန်ကင်းရှင်းရေးကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။  ဆော်ဒီနိုင်ငံ၏ အဓိက ဖုန်းကုမ္ပဏီကြီးဖြစ်သော mobily ၏ hajj package  များကို ဝယ်ယူသော ဟာဂျီများသို့ ဖုန်းများဖြင့် တိုက်ရိုက် message  ပေးပို့ခြင်းဖြင့် ဘေးကင်းစေရန်ဆောင်ရွက်ခဲ့ရကြောင်းသိရသည်။ ထို့အပြင်  အခြားသော ကုမ္ပဏီကြီးများဖြစ်သည့် Zain, Go, STC ၏ package များသို့လည်း  ပေးပို့ခဲ့ကြောင်းသိရသည်။ ပထမဦးဆုံးသော သောကြာ စုပေါင်းဝတ်ပြုပွဲတွင်  လူအများဆုံး လာရောက်သော မက္ကာဟ်ဟရမ် ပရဝဏ်တွင် ဝတ်ပြုချိန်မတိုင်မီ ၂  နာရီခန့် ကတည်းကပင် နေရာပြည့်သွားသည့်အတွက် Civ-DEF အမည်ဖြင့် ‘Dear  pilgrim, Civil defense is warring that Makkah Holy Mosque (AlHaram) is  full. For your safety, please divert to another near mosque.’ ဖြင့်  စာပို့ပြီး အနီးစပ်ဆုံးသော ဝတ်ကျောင်းတော်များသို့ ပြောင်းလဲ  သွားရောက်စေခဲ့ပါသည်။

ထို့အပြင် ဟာဂ်ျ ၅ရက်၏  ၃ရက်မြောက်နေ့ဖြစ်သော တဝါးဖလ်ဇေယာရသ် နေ့တွင်လည်း ‘Dear pilgrim, Due to  heavy crowded, it may not be possible to reach the holy mosque  (alharam). For your safety, we advice to stay at your accommodation  place.’ ဟုရေးသားထားသော message ကိုလည်း haj package များသို့  တိုက်ရိုက်ပေးပို့ခြင်းဖြင့် ရှောင်ရှားစေခဲ့ပါသည်။
နောက်တစ်ရက်ဖြစ်သော ၄ရက်မြောက်နေ့တွင်လည်း သဲမုန်တိုင်းတိုက်ခြင်း၊  မိုးဆုတောင်းထားခြင်းကြောင့် မိုးရွာခြင်း အစရှိသည်တို့  ဖြစ်ပေါ်လာသည့်အတွက်လည်း ‘Civil defense is warning pilgrims for the  possibility of heavy rain. For your safety please take extra precaution  and avoid flooded areas and climbing mountains’ ဟုရေးသားကာ  ထပ်မံတားမြစ်ပြီး နေစေပါသည်။
ဆော်ဒီအစိုးရမှလည်း ယခုနှစ်တွင်  ဟာဂျီများ ဖုန်းလက်ခံမှု အဆင်ပြေ ချောမွေ့စေရန် တာဝါတိုင်ပေါင်း ၁၀၀၀  အားထပ်မံ တပ်ဆင်ပေးခဲ့ပြီးဖြစ်ကြောင်း အင်တာနက်မှ သတင်းများအရ သိရှိရသည်။  ထိုနည်းတူစွာ ယခုနှစ်လာရောက်ခဲ့သော ဟာဂျီများ၏ ပမာဏသည် ၁.၈ သန်းမှ ၂.၇  သန်းထိ တိုးတက်လာခဲ့သည်ဟု Saudi gazette မှ ဖော်ပြထားပါသည်။ သို့သော်  ယင်းပမာဏမှာ အစိုးရထံသို့ တရားဝင် ငွေသွင်း၍ ဝင်ရောက်လာခဲ့သော  ပမာဏဖြစ်သောကြောင့် အခြားသော ဝင်ရောက်မှုများကို အတိအကျမသိရှိနိုင်ပေ။  ယမန်နှစ် တွက်ချက်မှုများအရ လူပေါင်း ၃ သန်းကျော်ရှိရာ ယခုနှစ်တွင်  လူပေါင်း ၆ သန်းအထက်တွင်ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။