News @ M-Media
Author: M-Media
  • မော့ဆက် အပါအဝင် အစ္စရေး အစိုးရ ဝဘ်ဆိုဒ်များကို Anonymous ဟက်ကာအဖွဲ့ တိုက်ခိုက်
    မော့ဆက် အပါအဝင် အစ္စရေး အစိုးရ ဝဘ်ဆိုဒ်များကို Anonymous ဟက်ကာအဖွဲ့ တိုက်ခိုက်
    သြဂုတ် ၂ ၊ ၂၀၁၄
    M-Media
    ‘Anonymous’ downs Mossad website over Israel’s Gaza terror campaign
    – အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်၏ ၀ဘ်ဆိုက်အပါအ၀င် အစ္စရေးအစိုးရ ၀ဘ်ဆိုက်အများအပြား ပျက်ဆီးခဲ့ခြင်းမှာ မိမိတို့၏ တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ဂါဇာရှိ ပါလက်စတိုင်းပြည်သူများနှင့် တစ်သားတည်း ရှိကြောင်း ပြသခြင်းဖြစ်သည်ဟု Anonymous ဟက်ကာ အဖွဲ့က ပြောကြားလိုက်သည်။
    မော့ဆက်အဖွဲ့၏ ၀ဘ်ဆိုက် mossad.gov.il မှာ ဂရင်းနစ်စံတော်ချိန် ယနေ့ နံနက် အစောပိုင်း ၁၂ နာရီ မိနစ် ၄၀ မှ စ၍ ၀င်ရောက်၍ မရတော့ကြောင်း Russia Today သတင်းစာက ဖော်ပြခဲ့သော်လည်း Anonymous အဖွဲ့၏ Twitter စာမျက်နှာ @AnonymousGlobo တွင်မူ မော့ဆက်၏ ၀ဘ်ဆိုက်မှာ ထိုအချိန်ထက်စော၍ ဇူလိုင် ၂၇ ရက်နေ့ နံနက် ဂရင်းနစ်စံတော်ချိန် ၉ နာရီ မိနစ် ၅၀ ကတည်းက ပျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အဆိုပါ ၀ဘ်ဆိုက်မှာ ယနေ့နံနက် ၁၁ နာရီ ၄၂ မိနစ်အထိ ၀င်ရောက်ကြည့်ရှု၍ မရသေးပေ။
    အစ္စရေးစစ်တပ်၏ တရားဝင် ၀ဘ်ဆိုက်မှာလည်း ယနေ့နံနက် ၁၁ နာရီ ၄၈ မိနစ်မှ စတင်ကာ ၀င်ရောက်၍ မရတော့ဘဲ၊ Anonymous အဖွဲ့ကမူ ထိုဝဘ်ဆိုက်အား ယနေ့နံနက် ၆ နာရီ မိနစ် ၄၀ ကတည်းက တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ အစ္စရေး အစိုးရက မည်သည့်မှတ်ချက်မှ မပေးခဲ့ချေ။Anonymous_Take_Down_Mossad_Website_Over_Gaza_Conflict_-_2014-08-01_23.21.27
    ထိုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းမှာ မိမိတို့၏ အခွင့်အရေးအတွက် ရုန်းကန်နေရသည့် ပြည်သူများနှင့် တစ်သားတည်း ရှိနေကြောင်း ပြသသည့်ခြင်းဖြစ်သည်ဟု Twitter စာမျက်နှာတွင်ပင် Anonymous အဖွဲ့က ရေးသားခဲ့သည်။
    “သူတို့ရဲ့ အခြေခံအခွင့်အရေးအတွက် ငြိမ်းချမ်းစွာ ရုန်းကန်နေရတဲ့ ကမ္ဘာ့ပြည်သူတွေနဲ့ တစ်သားတည်းရှိနေကြောင်း ပြသခြင်းပါ။ ဘယ်တော့မှ မမေ့ဘူး။ ဘယ်တော့မှ ခွင့်မလွှတ်ဘူး ငါတို့ကို စောင့်မျှော်ပါ” ဟု ဖော်ပြထားသည်။
    တရားဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ ၀ဘ်ဆိုက်များအပါအ၀င် အစ္စရေးအစိုးရ ၀ဘ်ဆိုက်အများအပြားကိုလည်း ဇူလိုင် ၂၇ ရက်နေ့က တိုက်ခိုက်ခဲ့သည်ဟု Anonymous အဖွဲ့က အဆိုပါ Twitter စာမျက်နှာတွင် ထည့်သွင်းရေးသားခဲ့သည်။
    Anonymous အဖွဲ့နှင့် အနီးကပ်ဆက်သွယ်မှုရှိသည့် အဖွဲ့ဝင်ဖြစ်သူ တိုင်ယဘ် ရှီဟာဒါမှာ နာဘလုစ်မြို့အနီး ဟူဝါရာဒေသတွင် ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပွားခဲ့သော ဆန္ဒပြမှုအတွင်း ပစ်သတ်ခံခဲ့ရသည်ဟု Ma’an သတင်းအေဂျင်ဆီက ဖော်ပြခဲ့သည်။ ရှိဟာဒါမှာ ထိုအချိန်က Anonymous အဖွဲ့မှတ်အသားဖြစ်သော Guy Fawkes မျက်နှာဖုံကို ၀တ်ဆင်ထားသာည်။
    ၂၀၁၀ ခုနှစ် အစ္စရေးစစ်တပ်နှင့် ဟားမက်စ်တို့၏ တိုက်ခိုက်မှု ဖြစ်ပွားစဉ်ကလည်း Anonymous အဖွဲ့မှာ အစ္စရေးအစိုးရ၏ ၀ဘ်ဆိုက်များအား တိုက်ခိုက်ခဲ့သည်။
    အစ္စရေးအစိုးရမှ အင်တာနက်ပေါ်တွင် လွှင့်တင်ထားမှုများကို ဆက်လက်တိုက်ခိုက်ရန် အဖွဲ့ဝင်များအား တိုက်တွန်းထားသော ဗီဒီယိုကို Anonymous အဖွဲ့က ပြီးခဲ့သည့် သောကြာနေ့တွင် Youtube ၌ လွှင့်တင်ခဲ့သည်။
    “ကျွန်တော်တို့ရဲ့ ခရူးဆိတ်စစ်ပွဲနဲ့ အစ္စရေးကို တစ်ကျော့ပြန်တိုက်ခိုက်တဲ့ ဆိုက်ဘာစစ်ပွဲမှာ ပါဝင်ကြဖို့ Anonymous အဖွဲ့ဝင်တွေနဲ့ ဟက်ကာအဖွဲ့တွေကို တိုက်တွန်းလိုက်ပါတယ်။ ပါလက်စတိုင်းဟာ လွတ်မြောက်မှာဖြစ်ပြီး၊ အစ္စရေးရဲ့ လူမဆန်တဲ့ ရိုင်းစိုင်းကြမ်းကြုတ်တဲ့ အာဏာရှင်တွေ လက်အောက်မှာ ပါလက်စတိုင်းတွေ ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ ကြမ္မာအတိုင်းပဲ အစ္စရေးဟာ ပြန်လည်ခံစားရမှာပါ” ဟု အဆိုပါ ဗီဒီယိုတွင် ထည့်သွင်းပြောကြားထားသည်။
    Anonymous အဖွဲ့မှာ ဟက်ကာများနှင့် အွန်လိုင်း တက်ကြွလှုပ်ရှားသူများ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး ၎င်းတို့မနှစ်မြို့သည့် အစိုးရများ၊ အဖွဲ့များနှင့် ကုမ္ပဏီများ၏ ၀ဘ်ဆိုက်များကို အွန်လိုင်းမှ တိုက်ခိုက်လေ့ရှိသည်
    http://youtu.be/Qh3RaNkrJrw
  • PR စနစ်ကို အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ သြဂုတ်လ ၅ ရက်နေ့တွင် ကန့်ကွက် ဆန္ဒပြမည်။
    PR စနစ်ကို အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ သြဂုတ်လ ၅ ရက်နေ့တွင် ကန့်ကွက် ဆန္ဒပြမည်။
    သြဂုတ် ၁ ၊ ၂၀၁၄
    M-Media
    လမင်း
    ရန်ကုန်။ ။ လက်ရှိမြန်မာနိုင်ငံတွင် PR စနစ်အဆိုပြုတင်သွင်းလာမှု အပေါ်ကို ပြည်သူ့ လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ယက်နှင့် ဒီမိုကရေစီလိုလားသော ပြည်သူများ၊ အရပ်ဖက်လူမှု့ အဖွဲ့အစည်းများမှ ကန့်ကွက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
    ဖွဲ့စည်းပုံ ပြုပြင်ရေးများပြုလုပ်နေချိန်တွင် PR စနစ်ကို တင်သွင်းရခြင်းမှာ မရိုးသားသည့် လုပ်ရပ် တစ်ခုသာဖြစ်ကြောင်း၊ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်ပေါ်အောင် လုပ်နေတဲ့ဖြစ်ရပ်များဖြစ်နေသောကြောင့် ယခုကဲ့သို့ တက်ကြွ လှုပ်ရှားသူများမှ ကန့်ကွက် ရခြင်းဖြစ်ကြောင်းကို ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးမှ ဦးကြည်လင်းက ရှင်းလင်းပြောကြားခဲ့သည်။
    ယင်း PR စနစ်ကန့်ကွက် ဆန္ဒပြပွဲကို သြဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် တက်ကြွ လှုပ်ရှားသူများမှ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။
    “၂၀၁၀ တုန်းက အာဏာရလာခဲ့တဲ့ပါတီက ၂၀၁၅ မှာ နိုင်ခြေမရှိဘူးဆိုတာကိုသိနေတဲ့အတွက် PR စနစ်ကို ကျင့်သုံးမှာလို့ထင်ပါတယ်။
    ကျွန်တော်တို့တိုင်းပြည်ကိုချစ်ကြတဲ့လူတွေ ပူးပေါင်းပြီး ဆန့်ကျင်သွားကြမှာဖြစ်ပါတယ်” ဟု တက်ကြွလှုပ်ရှားသူ တစ်ဥိးဖြစ်သူ ကိုမြတ်ကျော် ကဆိုသည်။
    PR စနစ်တင်သွင်းခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူ ရည်တူပိုင်ခွင့်များကို ထိခိုက်သွားမည်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေးကို အဟန့်အတား၊ အနှောင့်အယှက်ဖြစ်နိုင်ပြီး အမျိုးသားသွေးစည်း ညီညွတ်ရေး ပြိုကွဲ ပျက်စီးသွားနိုင်သည်ဟု ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ယက်မှ သဘောထားကြေငြာချက် တစ်စောင် ထုတ်ပြန်ထားသည်။
  • ဦးရဲထွဋ်နှင့် ဒေါက်တာ သန်းအောင် ဝန်ကြီးဖြစ်ပြီ
    ဦးရဲထွဋ်နှင့် ဒေါက်တာ သန်းအောင် ဝန်ကြီးဖြစ်ပြီ
    သြဂုတ် ၁ ၊ ၂၀၁၄
    M-Media
    Ye Htut and Dr Than Aung
    ဦးရဲထွဋ်နှင့် ဒေါက်တာ သန်းအောင်တို့ အား ပြန်ကြားရေးနှင့် ကျန်းမာရေးဝန်ကြီး အဖြစ် နိုင်ငံတော် သမ္မတ၏ အဆိုပြုချက်ကို ပြည်ထောင်စု လွှတ်တော်တွင် ကန့်ကွက်သူမရှိ သဘောတူသဖြင့် ဝန်ကြီးအဖြစ်ခန့်အပ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းမှ ယနေ့ လွှတ်တော်အစည်းအဝေးတွင် ကြေညာသွားကြောင်း သိရပါတယ်။
    ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင် တို့၏ နှုတ်ထွက်ခွင့်ကို နိုင်ငံတော်သမ္မတ လက်ခံကြောင်း သတင်းထုတ်ပြီးနော်က ဒု-ဝန်ကြီးများ ဖြစ်ကြသည့် ဦးရဲထွဋ်နှင့် ဒေါက်တာသန်းအောင်တို့ကို ဝန်ကြီး အဖြစ် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
    ယခု ခန့်အပ်လိုက်သော ဝန်ကြီး ၂ ဦးစလုံးမှာ စစ်တပ်မှာ အနားယူထားသော တပ်မတော် အရာရှိကြီးများဖြစ်ကြပါတယ်။
    Ref: Hluttaw Channel
  • မန္တလေးရှိ မွတ်ဆလင်သုသာန် မီးရှို့ဖျက်ဆီးသူ ၁၅ ဦးကို တရားရုံးစွဲတင်
    မန္တလေးရှိ မွတ်ဆလင်သုသာန် မီးရှို့ဖျက်ဆီးသူ ၁၅ ဦးကို တရားရုံးစွဲတင်
    မန္တလေး၊ ဇူလိုင် ၃၁
    The Voice Weekly မှ ကူးယူဖော်ပြသည်။
    10425368_246586728873600_5806835068686254047_n
    မန္တလေးမြို့တော်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခတွင် သေဆုံးသူ ဦးထွန်းထွန်း နာရေးကို လိုက်လံပို့ဆောင်စဉ် မွတ်ဆလင် သုသာန်ကို မီးရှို့ဖျက်ဆီးခဲ့သူ ၁၅ ဦးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲတင်လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
    “တကယ်ဆိုရင် သင်္ချိုင်းဖျက်ဆီး မီးရှို့တဲ့သူကို အရေးယူမယ့်အစား လူအုပ်ကြီးနဲ့ ဆူပူမှု ဖြစ်ပွားလာအောင် သွေးထိုးလှုံ့ဆော်တဲ့သူကို အရေးယူရမှာပါ။ သူတို့လေးတွေက သွေးထိုး လှုံ့ဆော်ခံရတာ။ လှုံ့ဆော်စာတွေကပ်ပြီး လုပ်တဲ့သူတွေကို ဖမ်းရမယ်။ ဓာတ်ပုံ မှတ်တမ်းတွေလည်း ရှိပါတယ်။ အခု ၁၅ ဦးက ရုပ်သေးရုပ်တွေပါ။ ရုပ်သေးကို ကြိုးကိုင်တဲ့သူကို ဖမ်းရမှာပါ။ ၅၀၅ (ဂ) က လူထုစုဝေးမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်တာပါ။ ဒီပုဒ်မဆိုရင် ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ငွေဒဏ် အကန့်အသတ်မရှိ ကျခံရမှာ ဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။
    အဆိုပါ ကျူးလွန်သူ ၁၅ ဦးကို တရားရုံး စွဲတင်ရန်အတွက် ဥပဒေ အကြံပြုချက် တောင်းခံ ခဲ့ပြီး နှစ်ဦးကို ပြစ်မှု ပုဒ်မ ၄၃၆ အရ လည်းကောင်း၊ ၁၀ ဦးကို ပြစ်မှုပုဒ်မ ၂၉၅ အရ လည်းကောင်း၊ သုံးဦးကို ပြစ်မှုပုဒ်မ ၅၀၅ (ဂ) အရ လည်းကောင်း တရားစွဲတင်ပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။
    အဆိုပါ ပဋိပက္ခ ကာလအတွင်း အသတ်ခံခဲ့ရသည့် ဦးထွန်းထွန်း နာရေးကို ဇူလိုင်လ ၄ ရက်နေ့က လူသောင်းချီ လိုက်ပါ ပို့ဆောင်ခဲ့ပြီး အေးရိပ်ငြိမ် သုသာန်တွင် သဂြုင်္ိဟ်နေစဉ် လူတစ်စုက ဖျက်ဆီးခဲ့သည့် မွတ်စလင် ဘာသာဝင်များသာ မြှုပ်နှံသည့် အုတ်ဂူအချို့နှင့် ဇရပ်ကို အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ပြန်လည် ပြုပြင်နေပြီ ဖြစ်သည်။
    Link => https://www.facebook.com/thevoiceweekly/posts/792179167469011
  • ဟဂ်ျခွဲတမ်း ၂၈၀ အတွက် ဆော်ဒီ သံရုံး အသိအမှတ်ပြု ကုမ္ပဏီများကိုသာ တင်ဒါပေးမည်ဟု သိရ
    ဟဂ်ျခွဲတမ်း ၂၈၀ အတွက် ဆော်ဒီ သံရုံး အသိအမှတ်ပြု ကုမ္ပဏီများကိုသာ တင်ဒါပေးမည်ဟု သိရ
    သြဂုတ် ၁ ၊ ၂၀၁၄
    M-Media
    .သီဟ
    Hajj
    မြန်မာပြည်အတွက် ရရှိသည့် ဟဂ်ျခွဲတမ်း  ၂၈၀ အတွက် ဆော်ဒီသံရုံး အသိအမှတ်ပြု ကုမ္ပဏီ များကိုသာ တင်ဒါပေးမည်ဖြစ်ကြောင်း ဟဂ်ျကော်မတီ တာဝန်ရှိသူ တစ်ဦးထံမှ သိရပါတယ်။
    သာသနာရေး ၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဟဂ်ျကော်မတီက ဆော်ဒီသံရုံးက အသိအမှတ်ပြုထားတဲ့ အေးဂျင်း(၄၁)ခုကို တင်ဒါ ခေါ်ယူခဲ့ပါတယ်။ တင်ဒါဖွင့်မဲ့ရက်ကို (၃၁-၇-၂၀၁၄)လို့ ကြေညာခဲ့ကြောင်း၊ (၃၀-၇-၂၀၁၄)ရက်မှာ ဆော်ဒီသံရုံးက အသိအမှတ်ပြုထားတဲ့ အေးဂျင်း(၄၁)ခု မဟုတ်တဲ့ ကျန် ကုမ္ပဏီ များက ၄င်းတို့လည်း ပါဝင်နိုင်ဖို့ ဟဂ်ျကော်မတီကို အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး (၅) ဖွဲ့ ရုံးမှာ လာရောက်တောင်းဆိုခဲ့ကြောင်းသိရပါတယ်။
    သာသနာရေးဝန်ကြီးဌာနက (၃၁-၇-၂၀၁၄)ရက်စွဲပါ စာအမှတ်၃၁၃/အစ္စလာမ်-၁/သသန-၅သာဝိ ဖြင့် ဆော်ဒီသံရုံးမှ ၀န်ကြီးဌာနသို့ ပေးပို့ လာသော Authourized Hajj Travel Agencies 2014 စာရင်းပါ ကုမ္ပဏီ (၄၁)ခုအား သာလျှင် တင်ဒါခေါ်ယူရန် တရားဝင် ညွှန်ကြားခဲ့ကြောင်းကို သိရှိရပါတယ်။
    အဆိုပါ ကိစ္စကို (၅)ဖွဲ့ဟဂ်ျကော်မတီက (၃၁-၇-၂၀၁၄)ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။
    အဲဒီကြေညာချက်မှာ Authourized Hajj Travel Agencies 2014 စာရင်းပါ ကုမ္ပဏီ (၄၁)ခုအား (၅-၈-၂၀၁၄)ရက် နေ့လယ်(၂)နာရီ၊(၅)ဖွဲ့ရုံးမှာ တင်ဒါတင်သွင်းနိုင်ကြောင်း ဖော်ပြထားပါတယ်။ အဆိုပါနေ့မှာပဲ တင်ဒါဖွင့်ဖောက် ကြေညာမှာဖြစ်ကြောင်းကို သတင်းရရှိပါတယ်။
    မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ အတွက် ဆော်ဒီအာရေးဗီယားနိုင်ငံ မက္ကာမြို့သို့ နှစ်စဉ် ဟဂ်ျလုပ်ခွင့် ၂၈၀ ရရှိထားပြီး ယခင်အစဉ်အဆက် အဆိုပါ ခွဲတမ်းအား အစိုးရမှ တိုက်ရိုက်ကိုင်တွယ်ခဲ့ပါတယ်။
    ယခုနှစ်တွင် (၅) ဖွဲ့ ဟဂ်ျကော်မတီကို ပထမဆုံးသီးခြား ကိုင်တွယ်ခွင့်ပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။
    မဲ ခွဲတမ်းဖြင့် မဟုတ်ဘဲ ပြင်ပမှ မိမိအစီအစဉ်ဖြင့် အေးဂျင့်များဖြင့် ဟဂ်ျသွားသူ များ၏ ကုန်ကျစားရိတ်မှာ သိန်း ၅၀ မှ ၅၅ သိန်း အကြား ပေါက်ဈေးရှိကြောင်း ဟဂ်ျ ဝန်ဆောင်မှု ကုမ္ပဏီ များနှင့် နီးစပ်သူ တစ်ဥိးထံမှ သိရပါတယ်။
    ဟဂ်ျကျင့်စဉ်မှာ အစ္စလာမ်ဘာသာဝင်တို့ ၏ အဓိက မဏ္ဍိုင်ကြီး (၅) ခုတွင် တခု အပါအဝင်ဖြစ်ပြိး ငွေကြေးတတ်နိုင်သူများ အနေဖြင့် တသက်တွင် တခေါက် မပြုမနေပြုလုပ်ရန် သတ်မှတ်ထားသော ဘာသာရေး ကျင့်စဉ်တခု ဖြစ်ပါတယ်။